Pages

Subscribe:

Thursday, March 22, 2012

Poetry Surfing လုပ်တာ Poet တွေပဲ တွေ့နေရတယ်

ပင်လယ်ရေမျက်နှာပြင် ဘယ်လောက်အမြင့်မှာ ထိုင်နေမိလဲ ထလျက်သား ဖြစ်ဖြစ်နေတယ် ဒီကလေး ပြောရဆိုရ တယ်ကျပ်ပါလား ဟိုဘက်နည်းနည်းတိုးစမ်း ပြောရဆိုရတာ မလွတ်မလပ်နဲ့ လွတ်လပ်ပါစေ ပျော်ရွှင်ပါစေ စိမ်းလန်းပါစေ ပါစေ ပါစေ ပါစေ ၀မ်းနှုတ်ဆေးစားပြီး ရွတ်ရန်ဂါထာ ပါစေ ပါစေ ဘာညာကွိကွ ဥုံဥင် ဆိုတော့ မန္တန်လိုလို ဘာလိုလို မဟုတ်လား အမှန်တော့ ဖားအော်သံကို လူရှိန်အောင် ရေးထားတာ လူရှိန်အောင် ဆိုတာ အမည်နာမတစ်ခုမဟုတ်မှန်း ရှင်းပြနေဖို့ မလိုဘူး မဟုတ်လား Loading 10% ကဗျာဆိုတာလည်း အမည်နာမတစ်ခု မဟုတ်တဲ့အတွက် ရှင်းပြနေဖို့ မလိုကြောင်း Loading 24% သူရဿတီမယ်တော် ရှိတယ်ဆိုတဲ့အထောက်အထား ဘယ်ကျမ်းဂန် ဘယ်စာအုပ် (အထူကြီး) မှာမှ မတွေ့ရကြောင်း Loading 32% ကဗျာဆရာ သူရဿဝါ နောက်ပိုင်းကောင်းလာကြောင်း Loading 40% သူရဿဝါ ရှေ့ မှာ ရေးခဲ့တာတွေနဲ့စာရင် နောက်ပိုင်းရေးတာတွေက ပိုကောင်းလာသည်ဟု ဆိုလိုခြင်းဖြစ်ပြီး ၄င်း၏ ခန္ဓာကိုယ်နောက်ပိုင်းကို ရည်ရွယ်၍ မှတ်ချက်ပေးခြင်း မဟုတ်ကြောင်း ( ရည်ရွယ်၍ ဆိုသည်မှာ ရည်ရွယ်ယွေး မဟုတ်ကြောင်း - ဤကား စကားချပ် ) Loading 48% တကယ်မရှိဟု ဆိုသည့် သူရဿတီ နှင့် နောက်ပိုင်းကောင်းလာသည်ဟု ဆိုသော သူရဿဝါတို့ မည်သို့မျှ သွေးသားတော်စပ်ခြင်း မရှိကြောင်း Loading 56% ခြင်ထောင်ဆိုသည်မှာ ခြင်ကို ထောင်ဖမ်းရန် မဟုတ်ကြောင်း Loading 61% ထောင်ထဲတွင် ခြင်အရမ်းကိုက်သည်ဟု (ထောင်သက်တမ်း) ၀ါရင့် ကဗျာဆရာ ကျေးတော်မျိုးမှ ပြောကြားကြောင်း Loading 65% ကဗျာဆရာ စစ်နိုင်နှင့် ပုခုံးပေါ် ကြယ်ပွင့်များ တင်ထားသော စစ်နိုင်တို့ Oral Exam တစ်ခုတွင် ထိပ်တိုက်တွေ့ခဲ့ကြောင်း Loading 74% စစ်နိုင် နှစ်ဦးစလုံး စစ်ရှုံးသွားပြီး ထိပ်တိုက်တွေ့ဆုံမှုရလဒ်အဖြစ် ထိပ်ပေါက်နဖူးကွဲ ဖြစ်ကုန်ကြောင်း Loading 77% ကဗျာဆရာ ညီစိမ်းမှာ မိန်းမများကဲ့သို့ တင်သားများကြီးထွားနေပြီး ထိုဖြစ်ရပ်အပေါ် တလွဲဆံပင်ကောင်းနေကြောင်း Loading 80% ကဗျာဆရာ နေ့သစ်သည် ကျောင်းလည်းမတက် Study Guide လည်း မသင်ဘဲ အွန်လိုင်းတွင် တွေ့ကရာ မိန်းမကို လိုက်ခွီးနေကြောင်း Loading 82% ကဗျာဆရာ ရုပ်သေး ခြေသလုံး ပုလွေရိုးဖြင့် တစ်နေ့လုံး ရေချိုးနေကြောင်း ( နောက်ဆက်တွဲ - အဖျားကြီးနေကြောင်း ) Loading 86% ကဗျာဆရာ မောင်မိုးချို၏ မွေးနေ့တွင် ရရှိသော လက်ဆောင်များအနက် 101 ဆံပင်ပေါက်ဆေးတစ်ဘူး ၀မ်းမြောက်ဖွယ်ပါဝင်လာကြောင်း Loading 92% ကဗျာဆရာများအနက် အနုပညာဝမ်းစာပြည့်သူ နှစ်ဦးသာ ရှိကြောင်း Loading 95% စိုးမင်းအောင်နှင့် ဆူးခက်မင်းတို့ ဖြစ်ကြောင်း Loading 97% ၄င်းတို့၏ စူဖောင်းနေသော ဗိုက်များကို ကြည့်ခြင်းအားဖြင့် အနုပညာဝမ်းစာ ပြည့် မပြည့်ကို သိရှိနိုင်ကြောင်း Loading 99% ကဗျာဆရာတစ်ဦးမှ သူ၏ ကိုယ်ပိုင်ဘလော့ဂ်တွင် ကဗျာတင်ရန်အတွက် www.blogger.com ဟု ရိုက်ထည့်၍ Enter ခေါက်လိုက်ကြောင်း Loading 99% > > > > > >

Access has been denied.

(စာကြွင်း ။ ။ ထိုကဗျာဆရာသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရ၏။ )

ဆူးခက်မင်း
2 1 J A N 2 0 1 1

*အမှားပြင်ဆင်ချက်*
အထက်ပါကဗျာ၏ စာကြွင်းနေရာတွင် ပါရှိသော မြန်မာနိုင်ငံ ရန်ကုန်မြို့ ဟူသည့် စာသားအစား မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ဟု ပြောင်းလဲပြင်ဆင် ဖတ်ရှုပေးပါရန် ။

0 မှတ်ချက်များ:

Post a Comment