Pages

Subscribe:

Thursday, March 29, 2012

နေမပူ ၊ ရင်ပူ ၊ မြေပဲတစ်စိ ၊ ပြောင်းတစ်စိ

*NAY*

မပြစ်မှားဘဲ ဆုတောင်းနေခဲ့ .... ရာသီဆာ(စာ)

ဆားမပါတဲ့ညက ပြူတစ်ပြူတစ်

ဝေလငါးတစ်ချို့ / တစ်ကောင် / တစ်လုံး

ကြက်ဖခွပ်တမ်း ကစားနေသော မနက်၌

"ငါသည် သူတလူ ငါတမင်း ကာဗျအား ရွတ်/ရှလွတ်"

ညီနောင်တို့ ..... သခင်မျိုးဟေ့ ဒို့ဗမာ / မြန် .... မာ

ငါ့အလှည့်ရောက်ပြီး ငါ ဆိုတဲ့ ပြဌာန်းချက်

သိဒ္ဓိတင်ဖို့ မေ့ခဲ့ပြီး ..... Don't Stop, Go On !



*LPA*

ဈေးနှုန်းအမှန် ဘယ်လောက်လဲ ဆိုတာ ကြည့်သင့်တယ်

တိမ်တွေကို မျှောချထားတဲ့အရောင်

ငါမင်းကိုပြောမယ့် အရာ ဆိုတာ

အဲ့ဒါကို ငါတို့ကြိုက်တာ

Pillow Talk ခေါ် ခေါင်းအုံးပေါ်က စကားများ

မဟုတ် ။



*TSW*

ဆူညံညံအသံများထဲ လွှမ်းအောင် အော်အော်ပြောရ

ပယင်းရောင်လွှမ်းတဲ့ခွက် ကိုယ်စီ ကိုယ်စီ

တူတစ်စုံနဲ့ အတင်းကော်ရတဲ့ မြေပဲတစ်စိ ပြောင်းတစ်စိ

ပြောကြည့်စမ်း မင်းနားထောင်ချင်တဲ့စကား

စိန်ခေါ်ရာ အတင်း ပြေးလိုက်မယ် တိမ်ပေါ်မဟုတ်

Side Road မှာရှိတဲ့ သုခဆိုင်ထဲ



*KTM*

ညောင်းညာ / ကိုက်ခဲ / ထုံကျင်

ဒါတွေအားလုံး "အမှု"တွေ "ပြဿနာ"တွေ

“အနိစ္စ” ကွယ်ပျောက်ခြင်းသဘော

“အနတ္တ” မတည်မြဲခြင်းသဘော

သို့လော .. သို့လော

“မိုး” ရွာနေ ၊ “နေ” မပူ ၊ “ရင်” မပူ

ဘေးမှာ ချစ်သူ

“ကြောင့်” ၊ “မဟုတ်” ၊

“ကြောင့်” ၊ “ဟုတ်”

“၏” သည် “ယမကာ”

“မိုး” ရွာ၏ ။

“စိတ်” ရွှင်၏ ။

“ကြွေး” “ကြော်” ၏ ။

အိုဘယ့် …..

“ယမထာ ရွှေကြိမ်လုံးရယ်နဲ့

ထွန်တုံးကိုတဲ့ ….

နောက်တစ်နေ့အတွက်

ပျိုး ရ ဦး မယ် …. ”



*MTO*

ဝိညာဉ်မဲ့တဲ့ လက်တစ်ဖက်

မှိတ်တုပ်တုပ် လတစ်ခြမ်း

မရောက်တော့တဲ့ ပြဇာတ်

မကျက်တကျက် အလွမ်းတွေထဲ

အားလုံးဟာ စိတ်နဲ့ထိတွေ့  ခံစား သိမြင် ပျော်ရွှင် ခံစား ကြေကွဲ

…………… ဒိတ်ခနဲ ပျော်ဝင်နေပါတယ် ………….



*ZYL*

ဘ၀တွေ လိုအပ်မယ် ထင်လို့

ဘ၀တွေ ၀ယ်ဝယ်စုခဲ့တာ များပြီ

ဘ၀ကို မဟာဘုတ်တိုင်ထူကာ

စပိဘုတ်ကိုစီးကာ ထွက်ခဲ့ပြီ

ဖွတ်ချက် ဖွတ်ချက် ဖွတ်ချက်

အခု သွားနေတုန်း လာမယ့်ဘေး

ဘေး ခဏ ဖယ်

တံဆိပ်ကပ်ထားတဲ့ ဈေးနှုန်းတွေ

ခွာကြည့်မယ်ဆိုရင်

ဘ၀ဟာ သုညတစ်လုံးပဲလွဲတယ်



*-Z*

လွဲ၏ အကြိမ်တစ်ထောင်တစ်သောင်း ( ဒီ့ထက်ပိုမယ် )

လောင်း၍ ။ ပြောရဲသည်/ဟောရဲသည်

စိတ်နဲ့ခန္ဓာကြားက စကားသံ / စကားပြော

အက္ခရာ ။ နေ့နဲ့နေ့ကြား ပေါ်လာ ၊

ယနေ့နဲ့ ယနေ့ခြင်းထပ်တဲ့ကြားက

အဖော်ဆိုတာ ပေါ်လာ / Aphaw ဆိုတာ ပေါ်လာ

ဒီထက် ပြောဆိုခြင်း စိတ်မှတ်အသိများလာ

ထင်တစ်လုံးစိတ်နဲ့ တိုင်းတာတာတွေ / ရိုင်းလာ

တာတွေ ။ သိပြီ ။ အသိအားကွန့်သော စကားလုံး

တွေ / တွေဝေ ၊ မှိုင်းမိ ၊ မှိန်းမော ၊ မူးမော ၊

မိုက်မာ ၊ မာန်မဲ ၊ မေ့မိ ။ ဟုတ်တယ် မေ့မိ

မလိုနဲ့ အမေ့တရားအား သတိထားရတာတွေ /

သိထားရတာတွေ ။



*SKM*

သုညတစ်လုံးဟာ ကြားခံနယ်ထဲမှာ ပိတ်မိနေ

ဖွင့်မိနေ // တဲ့ // တံခါးတစ်ချပ်ဟာ တစ်ချက်ချက်

မြည်နေသော နာရီအိုတစ်လုံး အချိန်မှန်ခြင်း

မမှန်ခြင်းဟာ ပညတ် ၊ အဖြစ်အပျက်တွေ အားလုံးကို

လေဟာနယ်ထဲ လွှင့်တင် လွှတ် ပစ် လိုက် တယ်

ကမ္ဘာကြီးဟာ ဘယ်နှစ်ဒီဂရီ တိမ်းစောင်းခဲ့

ကျွန်တော်တို့ အမှား ဘယ်နှစ်လက်မစာ ကျူးလွန်ခဲ့

ချစ်ခြင်းမေတ္တာနဲ့ ယေဘုယျတရားကြားမှာ

ဆင်းရဲမွဲတေခြင်းဟာ ဓားစာခံဖြစ်သွား ။

ကျွန်တော်တို့ ဘယ်လောက်သောက်ခဲ့ကြတယ် ။

ကျွန်တော်တို့ ဘယ်လောက် ပလပ်ကျွတ်ကြမယ် ။

ရူးသွပ်ခြင်းဟာ လက်တစ်ကမ်းမှာ ။

ကဲ ……. ပန်းကုံး ထ စွပ် လိုက် ပါ ။





*ACN*

မပြောတော့ပါဘူး ဆိုလိုတာက

နာမည်တစ်ခုကို တိုးလိုတိုး ကျယ်လိုကျယ်

နားဖျားတွေကို လျှာဖျားတွေကို အကြိမ်ကြိမ်

မိုးရွာသလား နေပူသလား အလျားရှည်သလား

သုညကိုသိသလား အားလုံးကောင်းပါတယ်

အခုသောက်တဲ့ ရမ်လည်း ကောင်းပါတယ်

နေကောင်းပါတယ် / နေလို့ကောင်းပါတယ်

နေ၍ကောင်းပါတယ်

နဖားကြိုးထိုး၍ အရာအားလုံး အခု ခဏထား

ဆားနဲ့သကြားပါလည်း (၆) နာရီ

မပါလည်း အဲ့သည့်ဆီက (၆) နာရီ

ရွှေဗဟိုရ်စည်သံများကိုလ မကြားရ ကြာချေပြီ ..

ယ ခု ရာ သီ …. ။



*PTG*

ကျွန်တော် ဒီလမ်းမှာ ထပ်ပြီးစောင့်လိုက်ဦးမယ်

မင်းထက်ရေ .. ငါစောင့်လိုက်မယ်

နေမိုးဝေရေ .. ငါ စောင့်လိုက်တော့မယ်

ဒီသုံးရာသီမကုန်ခင် ငါ စောင့်လိုက်တော့မယ်

တခါက ဒီလမ်းမှာ ပန်းတွေ ပွင့်

FTSOL တို့ရေ … ငါ စောင့် လိုက် တော့ မယ်

မနေ့ကအထိ ၊ ဒီနေ့အထိ

ဘ၀ကို လော့ခ်မချခင်အထိ

သော့မပိတ်ခင်အထိ

သူငယ်ချင်းတို့ ရေ ……..

ဆရာအောင်ချိမ့် ပြောသလိုပဲ

ငါေ စာ င့် လို က်ေ တာ့ မ ယ် ။



ဏီအဲY ၊ လင်းပျိုးအိမ် ၊ သဲစုဝေ ၊ ကျော်သူမြင့် ၊ မောင်သက်အိုး ၊ ဇော်ရဲလေး ၊ -ဇော် ၊ ဆူးခက်မင်း ၊ အောင်ချမ်းငဲ ၊ ဖိုးသင်္ကြန်



FTSOL



၁၉/၈/၂၀၁၁/သောကြာနေ့ ။



PS. ဆရာသစ္စာနီ A.F ၌ “ပြင်သစ်မော်ဒန်ကဗျာနိဒါန်း” ဟောပြောပွဲ အမှတ်တရ

0 မှတ်ချက်များ:

Post a Comment