Pages

Subscribe:

Thursday, March 29, 2012

သူမက ကျုံးနံဘေးမှာ မျှော်လင့်ခြင်းစက္ကူစွန်ကို လွှတ်တင်နေတယ် ၊ ကိုယ်က ယဉ်ကျေးမှုပြတင်းပေါက်မှာ ကြိုးဆွဲချ သတ်သေမိတယ်

ကိုယ်ဟာ ကြယ်ငေးသူတစ်ယောက် ၊

အလင်းနှစ် သန်းပေါင်းများစွာ စောင့်ခဲ့ပြီးနောက်

သူမ ကြွေ ကျ မ လာ ခဲ့ ဘူး ... ။

သူမရဲ့ လက်ဖမိုးပေါ်မှာ ကြယ်တစ်စင်းရှိတယ်

ကိုယ် ခပ်ဖွဖွ နမ်းလိုက်ချင်ရဲ့ ... ။

သူမဟာ ဘယ်တော့မှ ကြွေကျမလာခဲ့ဘူး ။

သူမက သက်တန့်တစ်စင်းဖြစ်တယ် ၊

ကိုယ်က ခရမ်းရောင်သက်သက် ။

မိုးကုပ်စက်ဝိုင်းတစ်ခုလုံးကို အပိုင်ဝယ်ပစ်လိုက်တဲ့ညက .. ၊

သူမ ကြွေ ကျ မ လာ ခဲ့ ဘူး ... ။

သူမ ထွန်း လင်း ၀င့် ထယ် နေလေရဲ့

ကြယ်တစ်စင်းလို ၊ သက်တန့်တစ်စင်းလို ။

သူမရဲ့ လက်ဖမိုးကို နမ်းရှိုက်ပစ်လိုက်တယ် ။

မြက်ခင်းစိမ်းစိမ်းတွေရယ် ၊ ကြယ်တွေရယ် ၊ သက်တန့်တွေရယ် ၊

သဘာဝတရားဟာ သိပ်ကို လှပလွန်းနေခဲ့ကြောင်း ။

ကောင်းကင်ပြာနဲ့ ယဉ်ကျေးမှုပြတင်းပေါက်နဲ့ သစ်တောစိမ်းတွေနဲ့

ကိုယ်က သူမရဲ့လက်ခုပ်ထဲက ပင်လယ် ၊ ပြီးတော့ မိန်းမစီးဖိနပ်တစ်ရံ ၊

ဂါဝန်ဖြူအနားစလေးဟာ လေထဲမှာ ၀ဲ လို့ လွင့် လို့ ၊

လိပ်ပြာအတောင်ပံခတ်သံတွေဟာ လူး လွန့် လွင့် လေ ။

တိမ်တွေ ပြုံးပြီး ကြည့် နေတယ် ၊ မိဆိုး ရေ .... ။

သူမရဲ့ ယဉ်ကျေးမှုပြတင်းပေါက်မှာမှ ကိုယ်က

ကြိုးဆွဲချသတ်သေမိတဲ့ လိပ်ပြာတစ်ကောင် ။



ဆူး ခ က် မ င်း

28082011

0 မှတ်ချက်များ:

Post a Comment