Pages

Subscribe:

Thursday, March 29, 2012

စိမ်းနေတဲ့ ကဗျာနဲ့ မစိမ်းတော့တဲ့ ကမ္ဘာ (၂)

အစိမ်းဟာ အစိမ်းအတိုင်းပဲ ကောင်းတယ်။

သူ့ဟာသူ စိမ်းနေပါစေ ။

ကမ္ဘာကြီး စိမ်းနေပါစေ ။

အစိမ်းဟာ အစိမ်းသက်သက်ပဲ ကောင်းတယ် ။

အနီနဲ့မရောနဲ့ ။ နီလာရင် မကောင်းဘူး ။

အီလာရင် မကောင်းဘူး ။

ချို ချဉ် ငန် စပ် ခါး တစ်လှည့်စီဖြစ်နေပါစေ ။

ရာသီဥတုဟာ တစ်လှည့်စီ ဖောက်ပြန်နေတယ် ။

လေထုဟာ မွန်းကြပ်နေတယ် ။

တွန်းထွက်ချင်နေတဲ့ ဓာတ်ငွေ့ဆိုးတွေက

အိုဇုန်းလွှာမှာ ကပ်ပြီး မိုးပျံပူဖောင်းတွေလို

ရုန်းကန်နေတယ် ။

Green Land တစ်ခုတည်း ကွက်ပြီး စိမ်းလန်းနေတာ

အလကားပဲ ။

ဟေ့ ဒီမှာ . . .

အလကားနေရင်း စိမ်းလန်းစိုပြည် သွားနေတဲ့ အတွဲတွေ

နားထောင်ကြ ။

ကမ္ဘာကြီးတစ်ခုလုံး Green Land ဖြစ်ဖို့လိုတယ် ။

ကမ္ဘာကြီးတစ်ခုလုံး စိမ်းလန်းစိုပြည်ဖို့ လိုတယ် ။

ဘာ . . . ကျုပ် ပြောတာ မကြားရဘူး ဟုတ်လား ။

ဘာ . . . နားစည်ဝမှာ ကာဗွန်မိုနော့ဆိုဒ်တွေ ပိတ်နေတယ် ဟုတ်လား ။

ဒါဆို အဲယားကွန်းတွေ ပိတ်လိုက် ။ ကားတွေ စက်သတ်လိုက် ။

ခေါက်ရိုးကျိုးနေတဲ့ သောက်ချိုးမျိုးတွေ

ဒီနေ့ကစပြီး ပြင်လိုက် ။

သက်ဆိုးရှည်ချင်ရင် သစ်ပင်စိုက် ။

ကျန်တာတွေ ရောင်းချင်ရောင်း ၊ သစ်ပင်တွေတော့ ခုတ်မရောင်းနဲ့ ။

ဗျို့ . . . ပန်းချီဆရာ ၊ အနုပဲဖြစ်ဖြစ် အရင့်ပဲဖြစ်ဖြစ်

အစိမ်းဟာ စိမ်းနေဖို့လိုတယ် ။



ဆူး ခ က် မ င်း



Faces Magazine, January 2012

0 မှတ်ချက်များ:

Post a Comment