Pages

Subscribe:

Saturday, June 27, 2009

ကဗျာ တစ်ပုဒ်၏ နောက်ဆုံးထွက်သက်

ရှိခြင်း / မရှိခြင်း၏
အခြားတစ်ဖက်၌ မသေချာခြင်း
တစ်ခု ၊ ရှိနေ ..
သူ / (တစ်) လူ / ငါ / (တစ်) မင်း
ရေနစ်ပြီးမှ ကောက်ရိုးမျှင် လိုက်ရှာမနေနဲ့ ..
မသေချာ - ဘူး ..
မ / သေချာ - ဘူး ..
ငါ ဆိုတာ - ဆူးခက်မင်း လား
နစ်ရှေး လား
မာယာကော့စကီး လား
တာရာမင်းဝေ လား
သစ္စာနီ လား
မသေချာတာက .. ငါ ဟာ .. ငါ
မဟုတ် ..
မ / ဟုတ် ..
` ဒီလို မချစ်ဘူး မပြောပါနဲ့ .. မင်းလုပ်သမျှ အားလုံး ကိုယ်ကျေနပ်တယ် ´
ကိုဒိုးလုံး ..
ခင်ဗျားအတွက် ကောင်းကင်ဘုံမှာ သီချင်းသံတွေ လွင့်ပျံစေ ..
နွေရာသီက အေးစက်စက် ပြုံး .. လို့ ..
ဘီယာခွက်ထဲက အမြှုပ်တွေ တစီစီ ပေါက် ..
ငါ့ ညခင်းမှာ ဆိပ်ဖလူးပန်းတွေ မပွင့်တော့ဘူး ..

ငါ့ ရင်ဘတ်ကို ဓားနဲ့ထိုးတဲ့ ညဥ့် ..
မမေ့ဘူး ..
မ - မေ့ - ဘူး
ပန်းနဲ့ ပေါက်တာလည်း နာချင်တယ် ..
ငါက ပြန်ပြောလိုက်ပါတယ်
ပေါက်ပန်းပွင့်သုပ် စားချင်တယ်လို့ ..
Hi
Hi
Hi
Hi
သြ .. သြ .. သြ .. သြ ..
ဒါပဲ လာမှာပဲ မဟုတ်လား ...
ဒါဆိုရင်လည်း တစ်ခါတည်းသာ sign out လုပ်လိုက်တော့ ..
စကားလုံးတွေက ပြတိုက်ထဲကကို မထွက်ဘူး ..
ပြတိုက်ထဲက နေ့ / ပြတိုက်ထဲက ည
ပြတိုက်ထဲမှာ နေ / ပြတိုက်ထဲမှာ သေမလို့လား ..
ရိုးရှင်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့ ..
ဒါပေမယ့် ..
ရိုးရှင်းလွန်းတော့ ပျင်းစရာကောင်းတာပေါ့ ..
အရည်ပါ ထွက်တယ် ..

ပြောပြတာပါ ..
ဘာမှတော့ မဟုတ်ဘူး ..
အရူးပြောတာကို နားထောင်နေတာကိုက ..
ခင်ဗျား ရူးနေတာ ..
နားထောင်ပေးကြပါ ..
ကုသလ မင်းကြီးရဲ့ အိပ်မက် ၁၈ ချက် ..
အဲ့ထဲမှာ လေးဖြူရဲ့ အိပ်မက်ကဗျာလည်း ပါမှာပေါ့ ..
ငါကတော့ အိပ်မက်တွေ မက်ရင်း ..
ကဗျာတွေ ရေးရင်း ..

အထူးသတင်း ..

ဆူးခက်မင်း ဟူသည့် ကဗျာဆရာတစ်ဦးသည်
ကဗျာစာရွက်ပေါ် မျက်နှာအပ် ..
ကလောင်တစ်ချောင်း လက်က ကိုင်၍ ..
ကဗျာအိမ်တွင် .. ကဗျာ စားသုံးမှု လွန်ကဲခြင်းကြောင့် ..
ကဗျာအဆိပ်သင့်ကာ သေဆုံးသွားကြောင်း ...

ကောင်းကင် အလွန် ချိုင့်ဝှမ်း၏ တူးဆွခြင်း

ကောင်းကင် ..

sky ...

s = secrete
k = kite
y = yellow

လျှို့ဝှက်တတ်သော အ၀ါရောင် စွန် ..

ဖွင့်ဆိုချက်

` ငါ၏ အလွမ်းတို့သည် စွန်တစ်ကောင်အလား
ကောင်းကင်ထက် တိတ်တဆိတ် ၀ဲပျံကုန်၏ ။ ´


စီဒီ တစ်ချပ်စာ စကားလုံးတွေ မလိုအပ်
ဘူး .. ။
ဖောင်း .. ပွ .. တယ် ..
ဖောင်း / ပွ / တယ် ...
လိုနေတာ ... ဘာ ... လဲ ?
ကာရန် လား / ကာဗျ လား /
နစ်ရှေး လား / သစ္စာနီ လား /
မာယာကော့စကီး လား / တာရာမင်းဝေ လား
သူတို့ ၊ သူ / တို့ - တွေ ... ပါလည်း / မပါလည်း
ငါ / နင့်ကို / နင် / ငါ့ကို / လွမ်းတယ် ( ထင်တယ် ) ... ။


လွမ်းတယ် ..
သေလောက်အောင် .. လွမ်း - တယ် ..

` တောက် ´

နတ်ဆိုးမ ..
ဘာလို့ .. ပလ္လင်တော်ထက် ခစားနေလဲ ..
ဆင်း ......... ခဲ့ ...
တကယ် တော့ ........
နင်ဆိုတာ ၊ ငါ့ လက်ခုပ်ထဲက နတ်ဆိုး ..


ခိုးနမ်းခွင့် မရှိတဲ့ ကောင်းကင် ..
သက်ဆင်းခွင့် မရှိတဲ့ ချိုင့်ဝှမ်း
ကောင်မလေး ..
နင် / ငါ / ထိုမည်သော ကောင်းကင်တော်ထက်
ချိုင့်ဝှမ်းတစ်ပြင် တူးဆွကြစို့ရဲ့ ..
အိပ်မက်တွေ သွန်ဆင်း ..
ခရမ်းနုရောင် တိမ်တိုက်တွေ ဖြန့်ခင်း ..
ကိုယ့်ရင်ဘတ်ပေါ် ကိုယ်ပြန်ရပ် လို့ ..
နင် / ငါ / တစ်ခန်းရပ် နိတ္ထိတံ ခဲ့ ပေါ့ ....

ကွာရှင်း ပြတ်စဲ ပြီးစီးခြင်း

Adam loves eve .

Certainly , even if he isn’t

Manly or handsome , he will love her indeed.

ရေ သောက်မြစ် မရှိသော အချစ်သစ်ပင် .. .. ..


မင်း မပါတဲ့ ၊ ငါ့ နေ့စွဲတွေ

ကြောင့် ကြ ခြင်း တို့ .. ပြည့် နှက်

ငါ တစ်ယောက်တည်း

ရူး သွပ် ခြင်း လမ်းမပေါ် ၊ လျှောက် လျှောက် လျှောက်

နေ ။ သေလိုက်တော့ ... ငါ ( တကယ် ) ရူး နေ

ပြီ ( လား ) .. ငါ့ ကိုယ် ငါ တောင် ပြန် မ မေး ရဲ ..


က ဗျာ တွေ မရှိတဲ့ ၊ ဒိုင်ယာရီ

လေး တောင် ၊ တိတ်တဆိတ်

ရာ ဇ ဒဏ် သင့် ၊ ရာ-ဇ-ဒဏ်-သင့် ။



အ တိတ် ကို တူးဆွ ၊ အတိတ်တွေသာ ယောင်

ရမ်း ထွက်လာတယ် ။

ချစ် ခြင်း ဖွဲ့ ကဗျာတွေ ၊ ထပ်မစပ်ချင်တော့ ။ မော ၊ မော ၊ မော

တယ် ။ နင့်ကြောင့် ၊ ငါ ၊ ကဗျာတွေနဲ့

ကွာ ရှင်း ပြတ် စဲ ခဲ့ ပေါ့ ... ... ...

ဆယ့်တစ်ပါးမြောက် ပါရမီ

ကဗျာ မည်သော ကဗျာ ..
ငါ့ နှလုံးသားတွင် စူး ၊ နစ် ၊ စိုက် ၊ ၀င် ၏ ။
စုတ်ချက်လွဲ ပန်းချီ / ပန်းနုရောင် တိမ်တိုက် /
စိတ်ဖြစ်စဉ် ၃၄ ရပ် / ပြဌာန်းချက်မဲ့ ရက်ရာဇာ
တိမ်မြူတို့အလား လွင့် ၊ စင် ၊ ပျောက် ၊ ကွယ်
ကွယ်ရာမဲ့ တမ်းချင်း
တစ်ယောက်တည်း ဆို / ညည်း
ငါ ၊ ငါ ၊ ငါ လေတစ်ယောက်တည်း အထီးကျန်
မင်း မသိဘူးလို့ ငါ မစွပ်စွဲဘူး ..
ဒါပေမယ့်
ငါသိသလောက် မင်းမသိဘူး ..
ဝန်ခံလိုက် ..

ကဗျာပြူတင်း ..
တိတ်တဆိတ် ချိုးဖျက်
ကာရန်တွေ သိမ်းဝှက်
ငါ့ မနက်ခင်းတို့ ညည်းညူကြကုန် …
ဝေတေစိမ်းနက် .. ဥသြငှက် တို့ ..
ငါ့ မနက်ခင်းတွင် တေးသီကြကုန် ..
ကွင်းပြင် .. ငါ ၏ ကွင်းပြင်တွင် ..
ရော်ရွက်ဝါတို့ .. နိတ္ထိတံ သည် .. ။
ကြည့် … မဆုံးသော ကွင်းပြင် ..
အရင်အတိုင်းတော့ မလျှောက်ဘူး ..
ပုံစံ ပြောင်းလျှောက်ကြတာပေါ့ ..
နော့ .. ကောင်မလေး ..
နင် / ငါ / လက်တွေ
တွဲယှက် ..
လေပြည်တွေ တစိမ့်စိမ့် တိုက်ခတ် ..
ကောင်းကင်မှာ တိမ်တွေ အဆုပ်လိုက် မည်းနေတုန်း ..
တွဲယှက် ..
နင် / ငါ / လက်တွေ ..
လူသူမနီးတဲ့ လူတွေကြားမှာ ..
လူလိုပဲ ကျင့်သုံးလိုက်ကြပါစို့ ..

လာခဲ့ ..
ပေး ..
နင့် လက် တွေ ..
တစ်ထပ်တည်း ကျအောင် ငါ ပေါင်းစပ်မယ် …
လက်တွေ / နင် / ငါ ..
ဘာရယ် မဟုတ် ..
အဲသည့် ကောင်းကင်တော်မှာ ..
ငါတို့အတွက် ထာဝရ လင်းလက်ခြင်းတွေ ရှိရဲ့ ..
သွားလိုက်ကြ ..
စို့ …
အပြန်လမ်း မသေချာပေမယ့် ..
နင့် ဖြစ်စဉ်တိုင်းအတွက် ..
ငါ့ ခန္ဓာ ကို လမ်းခင်းပေးထားတယ် …

ကဗျာမမည်သော အပိုင်းအစများ

အပိုင်းအစ (၁)

အစိမ်းနုရောင် ကော်ဖီခွက် / ၀ါကျင့်ကျင့် ကောင်းကင် / ၀ိနည်းလွတ် မိုးသား /
လန်ဒန် တစ်လိပ် / me 23 / ပတ်ကြားအက် ရင်ဘတ်

ထိုနေ့က ကျနော့် နှလုံးအိမ်တွင် မြူခိုးတို့ ဝေ၏ ။


အပိုင်းအစ (၂)

ပန်းခေတ်က လမင်း / ကျနော်နှင့် နမ်မီးဆစ် / ဘတ်သီးအော်ပရေးရှင်း
နင့်ကြောင့်လား – ငါ့ကြောင့်လား – အပြင်မှာ မိုးတွေ ရွာနေတယ် /
ဗလာတစ်ခု၏ အသံကွဲများ / ခေတ်တစ်ခေတ်၏ လရောင်ပန်သောနှင်းဆီ /
ကော်ဖီလက်ချောင်း / ငါ့ရင်ခွင် ဟင်းလင်းပြင်ထဲက ညနတ်သမီး

အခုတလော ကျနော့် အရိုးတွေ တဖြည်းဖြည်း ရင့်လာတယ် ။


အပိုင်းအစ (၃)

ပြာလဲ့လဲ့ မီးရောင် / မေ့လျော့ခံ ချစ်ခြင်း / ရနံ့ပြယ် နှောင်ကြိုး /
မှိန်ဖျော့ဖျော့ မြို့ပြ / သောက်လက်စ ၀ိုင်တစ်ခွက် / ရမ္မက်ဖွဲ့ မေတ္တာ /
မိုးစက် မွေးဖွားရာ တိမ်တိုက်

ကျနော့် မြေနီလမ်းတွင် ရှင်သန်ခြင်း သစ်ရွက်ပျိုတို့ ခမ်းနားစွာ ကြွေ – ကျ … ။


အပိုင်းအစ (၄)

(ခေတ္တ) လမ်းခွဲ ညနေ / လှည်းတန်း မီးပွိုင့် / ကျနော် – သူမ – ကျနော်နှင့် သူမ မဟုတ်သော တခြားတစ်ယောက် /
ပါရမီ (၁၇၄) / လှေကား နှစ်ထပ် / နှုတ်ဆက် အပြုံး / မှိုင်းညို့ မျက်ဝန်း / ကြိုးမိန့်ချ ကားဘီး /
( အ၀ါရောင် ဗီးနပ် စ် ) သူမ – ကျနော် မဟုတ်သော တခြားတစ်ယောက်

ထိုညနေက မျက်ဝန်းတစ်စုံ ၏ ညှို့ငင်မှုက ကျနော့်ရင်ကို အပြီးတိုင် လှုပ်ကိုင်၏ ။

( တနည်း )

ကျနော့် နှလုံးသားကို ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော ညနေ … ။



အပိုင်းအစ နိဂုံး

ထို အပိုင်းအစများဖြင့် တည်ဆောက်အပ်သော တံတား ကျနော်နှင့် သူမကြား ဖြစ်ထွန်းစေ …..

Monday, June 22, 2009

တစ္ဆေည ပွဲတော်

နေ့ရက် ။ ။ ၁၃ . ၁၃ . ၂၀၁၃

အချိန် ။ ။ မွန်းတည့်အလွန် ၁၂ နာရီ

နေရာ ။ ။ အ၀ါရောင် တစပြင်


ခုန်ပေါက်ကြရဲ့ ၊ မြူးထူးကြရဲ့

ဒါဟာ ငါတို့ အားလုံးရဲ့ ပွဲတော်

ဆာလောင် မွတ်သိပ်ခြင်း တွေ

ငိုရှိုက် ငြီးတွားသံတွေ နဲ့

ဘီလူးတစ်ပိုင်း သံစဉ် ကို

သီဆိုကြ ၊ ဟစ်ကြွေးကြ

သွေးသံရဲရဲ ၊ ညှီနံ့တစ်ထောင်းထောင်း

စားသောက်ဖွယ်ရာတွေ

တည်ခင်းကြ ၊ ဧည့်ခံကြ

မြိန်ရည်ယှက်ရည် သုံးဆောင်လိုက်ကြ ။

ဝတ်ရုံနက်တွေ လွှမ်းခြုံ

အစွယ် ဖွေးဖွေး နဲ့

အုတ်ဂူဖြူတွေ ၊ အုတ်ဂူညိုညစ်ညစ်တွေပေါ်

ကခုန်လိုက်ကြ

ကျက်သရေ အလျဉ်းမဲ့တဲ့

အ , မင်္ဂလာ ပွဲတော်မှာ

ခုန်ပေါက်လိုက်ကြ ၊ မြူးထူးလိုက်ကြ

ဒါဟာ ငါတို့အားလုံးရဲ့ ပွဲတော် ..


ရုတ်တရက် ..

တိတ် / ဆိတ်

ဆိတ် / ငြိမ်

ငြိမ် / သက်

သက္ရွိတေစ ၦ ၊ သက္မဲ့တေစ ၦ

အားလုံး ၊ အားလုံး ရဲ့ .. ဖြူရော်ရော် ခန္ဓာကိုယ်

အေးစက် / တောင့်တင်း

အကြည့်တွေက တစ်နေရာတည်းသို့

စုပြုံ / ဦးတည်

မင်သက် / မိန်းမော


တိတ်ဆိတ်မှုက ပုပ်အဲ့အဲ့ တစပြင်ကို

ပိုမို မှောင်အက်စေတယ် ..


ငါတို့အားလုံး

ရင်သပ် ရှုမောမဆုံး

တစပြင်ရဲ့ နောက်ဘက်ကျကျ ( မကျတကျ )

ကြတ်ကုန်းပေါ်မှာ

တခမ်းတနား အရိပ်မည်း တစ်ခု

ညဥ့်လေက အားကောင်းမောင်းသန် တိုက်/ခတ်

သူ ( သူမ ) ရဲ့ ၀တ်ရုံစတွေ

လေထဲ တဖျတ်ဖျတ် လူး … လွန့်


ထို့နောက်

ထို့ …. နောက် ..

( စုန်းတောက်သံ သဲ့သဲ့ ကြားရပြီးနောက် )

သူ ( သူမ ) ရဲ့ ၀တ်ရုံမည်းကို

တဖြည်းချင်း

( တမုဟုတ်ချင်း )

ခွာ ချ လိုက် တယ် ..

ခွာ …. ချ ….. လိုက် ….. တယ် ….


ဟေး … ခနဲ

( ငါတို့ ) အားလုံး အော်လိုက်ကြ

တချို့ကလည်း .. ရိရွဲရွဲ ပါးစပ်ပေါက်ထဲ

အရိုးတငေါငေါ လက်တွေထည့်

တပျော်တပါး လက်ခေါက်မှုတ်ကြ

ပွဲတော်ရဲ့ အရှင်သခင် ( သွေးစုတ်ဖုတ်ကောင်မလေး ) အား ..

တခမ်း တနား .. ကြို ဆို ကြ ..



‘ အို ..

တစ္ဆေ ၊ ပြိတ္တာ ၊ စုန်း ၊ မင်စာ

အစ ရှိသော နာနာဘာဝ အပေါင်းတို့

ယခုညသည် .. လူသားတို့အတွက်

ကပ်ကြီးဆိုက်သော ည ဖြစ်ချေသည် ..

လူသားအပေါင်းတို့၏ လည်ချောင်းသွေးတို့ဖြင့်

ဤတစပြင်အား ဆေးကြော၍

တစ္ဆေည ပွဲတော် အား ..

အောင်

မြင်

စွာ

ပြီး

ဆုံး

စေ

အံ့ … ’



ဆူးခက်မင်း
19th June , 2009