ငါ့အရေပြားပေါ်မှာ တစုံတခု တွားသွားနေတယ် အဲ့ဒီ ထိခိုက်မှုတွေကို မကုစားပေးနိုင်ဘူး
ကြောက်ရွံ့ခြင်းမှာ ဘယ်လိုကျဆုံးသွားလဲ စိတ်ရှုပ်ထွေးခြင်းဟာ အမှန်တရားပဲ
ငါ့အရေပြားမျက်နှာပြင်ကို တွန်းထုတ်နေတဲ့အရာဟာ ငါ့ကိုယ်တွင်းမှာပဲ ရှိတယ်
ကုန်နေတယ် စိတ်ရှုပ်နေတယ် ကိုယ်ပိုင် ထိန်းချုပ်နိုင်မှုစွမ်း မဲ့နေတယ်
ဘယ်တော့မှ အဆုံးသတ်မသွားမှာကို ကြောက်နေတယ် ထိန်းချုပ်နိုင်ခြင်းကို
ငါ မမြင်နိုင်ဘူး ကြောက်နေတယ် ငါ့ကိုယ်ငါ ပြန်ရှာဖို့ ပြန်တွေ့ရှိဖို့
ငါ့နံရံတွေဟာ ငါ့ကို ပြန်ပိတ်ထားတယ် ငါတစ်ယောက်တည်း အခန်းကျဉ်းလေးထဲမှာ
ပိတ်မိနေတယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ ဘယ်လိုရပ်တည်ရမလဲ
ငါမသိဘူး ငါ လက်ခံယုံကြည်ခဲ့တယ်ဆိုတာက သိပ်မများလွန်းတဲ့
ဖိအားတွေကို စိတ်ရှိလက်ရှိ စားသုံးပစ်လိုက်ဖို့သက်သက်ပဲ
အဲ့ဒီလိုပဲ ငါ စောစောစီးစီး လဲပြိုသွားခဲ့တယ် အဲ့ဒီလိုပဲ ဘ၀ဟာ
မမြဲသော တရား ဖြစ်ခဲ့တယ် သက်တောင့်သက်သာ မရှိတဲ့
အဆုံးသတ်မဲ့ခြင်းက သူ့ကိုယ်သူ ဆွဲယူတယ် ပြီးတော့ ငါ့ကို ဆွဲယူတယ်
တုံ့ပြန်မှုတွေကို အာရုံပြောင်းပစ်လိုက်တယ် သူတို့ဘယ်နေရာမှာ
သွားသေကြမှာလဲ သေလိုက်စမ်း သေ သေ သေပစ်လိုက်စမ်း
ငါ့လိုအင်ဆန္ဒတွေနဲ့ ဆန့်ကျင်ဘက်တစ်နေရာမှာ ငါရပ်နေတယ်
ငါ့ဘေးမှာ ငါ့ကို အလင်းပြန်ရာမှ ဖြစ်တည်လာတဲ့ ပုံရိပ်တစ်ခုရှိနေတယ်
ငါမမြင်ရတဲ့အရာကို မရှိတရားက ငါ့ကိုပြန်ပြီး ခြောက်လှန့်နေတယ် ။
ဆူး ခ က် မ င်း
200920110920PM
Thursday, March 29, 2012
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment