Pages

Subscribe:

Friday, July 31, 2009

အရက်သောက် / ည / အဖြစ် / အပျက်

လွန်ခဲ့တဲ့ မိနစ် ၂၆၀၀ လောက်က ..
Alcohol တွေ ... ငါ့ ပါးစပ်ထဲ စိမ့်ဝင်တယ် ..




လွန်ခဲ့တဲ့ မိနစ် ၂၆၀၀ လောက်က ..
Alcohol တွေ .. ငါ့ ပါးစပ်ထဲ စိမ့်ဝင်တယ် ..

ဘာရယ်မဟုတ်ဘူး ..
ဘာမှ မဟုတ်ပဲ .. ဘာတွေ ဖြစ်မှန်းမသိဘူး ..

အိုင်းစတိုင်းက ဆံပင်ကောက်တယ် ..
ကောင်မလေးတွေက ဆံပင် ဘာလို့ လိုက်ကောက်တာလဲ ..

ငါ မသိဘူး ..
အသေအချာပဲ ..

ရေခဲ တစ်တုံး ထည့်လိုက်တယ် ..
ပြင်းအားတွေ အနည်းငယ် လျော့ ..

လျော့ ၊ လျော့ ၊ လျော့ ။
လျော့ ရင်း ၊ လျော့ရင်း ...
လုံးပါး ပါးကုန်တယ် ..

ပရုတ်လုံးလို ၊ ငါက မဖြူစင်ပေမယ့် ...
ပရုတ်လုံးလို ၊ လုံးပါးပါးတယ် ..

အဖြူရောင် ကောင်မလေး ..
ကို ၊ ငါ ၊ အရောင်ဆိုးမိသလား ...
မသေချာဘူး ..

မသေချာတာထဲက သေချာတာက ..
ငါ ...
ငါ ဆိုတဲ့ ငါ ..
ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ...
ကိုယ့်လမ်းကိုယ်လျှောက်တယ် ..

ငါ့ လမ်းထဲ ၊ ၀င်ရောက်လာသူ ..
မင်း / ကောင်မလေး
ငါ့ လက်ဖမိုးထက်က မှဲ့တစ်လုံးလို
မသိလိုက် မသိဘာသာ
မေ့ပျောက်
ပျောက်မေ့
မေ့ ၊ မေ့ ၊ မေ့ ၊ မေ့ ၊
ပျောက် ၊ ပျောက် ၊ ပျောက် ၊ ပျောက်
ခဲ့ ....
ခဲ့ ..
ပေါ့ ..............

Wednesday, July 29, 2009

အဲဗားဂေါ်လီ - စိုင်းစိုင်းခမ်းလှိုင်

၀၁။ ကောင်းကင်ပေါ်
၀၂။ အဲဗားဂေါ်လီ
၀၃။ ဝိရောဓိ
၀၄။ လူပျိုတွေပဲ
၀၅။ ဂွတ်ဒ်ဘိုင်
၀၆။ ပုထုဇဉ်
၀၇။ မလွမ်းလောက်ပါဘူး
၀၈။ ဂိုး
၀၉။ ခင်ကြီးကျယ်
၁၀။ မိုင်တွေဝေး
၁၁။ အတုနဲ့အပြစ်
၁၂။ ဒယ်ဒီ
၁၃။ ယောက္ခမက Rockstar
၁၄။ အမုန်းသမား
၁၅။ မလွမ်းလောက်ပါဘူး (Rock Version)

Download

Mediafire

Shared By MMA

မငြင်းပါနဲ့ - No !

၀၁ မဆုံနိုင်တော့မှ
၀၂ ဘယ်သောအခါမှ
၀၃ ငါ့ကိုချစ်ရင်
၀၄ မငြင်းပါနဲ့ 
၀၅ ပြော
၀၆ နှုတ်မဆက်နဲ
၀၇ ဝေးသွားပြီ
၀၈ စနေနေ့ ည
၀၉ အလွဲ
၁၀ မလိုချင်တာတွေ
၁၁ အိပ်မက်ထဲမှာ
၁၂ အဆုံးမဲ့
၁၃ သိခဲ့ချိန်

Download

Mediafire

Zshare

Sharbee

Ref: Shared By MMA

TELEPUNK - Big Bag

၀၁. တယ်လီပန့်ခ်
၀၂. လက်ခံထားဆဲ
၀၃. ကင်ဆာ
၀၄. ခွင့်လွှတ်ပေးရမယ်ပေါ့
၀၅. ကြုံရင်ပြောပေးပါ
၀၆. ခုနစ်လွှာ
၀၇. ၂ကတ်ထဲပါသောရုပ်ရှင်
၀၈. ဟိုလိုင်္ဒီလို
၀၉. ဘီလူးတုသ်
၁၀. See Green
၁၁. ကျွန်ုပ်ဧ။်အခြားတစ်ဝက်
၁၂. မေ့ထားလိုက်
၁၃. Song (2)
၁၄. မသိမရှိ

Download

Mediafire

ifile

Ref: Shared By MMA

မက်လောက်စရာ - ၀ိုင်းစုခိုင်သိန်း

မက်လောက်စရာ
ပြန်တော့ကွယ်
လိုက်ဖက်တဲ့ဘဝ(feat:အာဇာနည်)
ကမ်းခြေ
ချစ်ခဲ့တာလား၊ ရူးခဲ့တာလား
လမ်းမကြီးရဲ့ဘေး
အလွမ်းဆုလာဘ်
ခုရှုပ်မှနောင်ရှင်း (feat:စန္ဒီမြင့်လွင်)
ချစ်ခဲ့ဘူးလား…ဖြေပါ
ပြန်ခေါ်ချင်တယ် (feat:အယ်လွန်းဝါ)
မိန်းကလေး
မှားပြီနော်
ချစ်နေတော့လည်း
ဆုံချင်တယ်

Download

Mediafire

Rapidshare


Ref: Shared By MMA

ဆရာကောင်း

>
>
> မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
> ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
> ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
> အားနည်းချက်လို့  ဆိုရမလားပဲ…။
>
> ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
> ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
> ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
> ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
>့ …။
>
> အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
> ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။
>
> “ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”
>
> ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
> လေးလေးပင်ပင်နဲ့ …
>
> “ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
> ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”
>
> ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
>့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
>့ ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။
>
> “အီးးးးးးး”
> “အူးးးးးးး”
> “အိုးးးးးးး”
>
> ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
> အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …
>
> “ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
> ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”
>
> မယုံမရှိကြပါနဲ့ ။
>
> ‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
> စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
> မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။
>
> လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
> စုပ်…။
>
> ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။
>
> အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
> တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။
>
> “ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
> မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
> ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”
>
> “အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
> လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
> ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
> ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”
>
> “တိန်…”
>

Tuesday, July 28, 2009

အိပ်ဆေး / ပြင်ပ / ထို တစ်ည

ထိုည ။
အိပ်မပျော်လို့ အိပ်ဆေးတစ်ခွက် သောက်လိုက်
တယ် ။ ဤခရီး နီးသလား ။
မဝေးလောက်တော့ဘူး .. ။ ရှေ့ မှာ တံခါးနီ
တစ်ချပ် ။ ရောက်အောင်တော့ သွားရမှာပဲ ။
မနေ့တုန်းက ဘေလီတံတားထိပ် ရောက်တယ် ။
ရေတွေ ၊ ရေတွေ ။ ငါ့ ပါးစပ်ထဲ အလျားလိုက် စီးဝင်
အားးးးးးးးးးးးးးးးးးးးးးးး
ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြင်ပ ပါးပြင်ပေါ် ပိတ်ပစ်ပေါ့ ။
မီးသတ်ကား တစ်စီး ၊ ရေတွေ ရောင်းတယ် ။
ငါ့ အိမ်ဘေးက ကောင်မလေး ၊ ဆတ်ကော့လတ်ကော့ လမ်းလျှောက်တယ် ။
သြော် ဒါနဲ့ ... ၊ ရွှေ ဘယ်ဈေးပေါက်လဲ ။
အပေါက်မပါတဲ့ ဈေးထဲ ၊ ဘယ်လိုဝင်ဖို့ စဉ်းစား
ထားလို့လဲ ။ ပြောစမ်းပါဦး ။
ကောင်းရော .. ။
ဒီလိုနဲ့
အိပ်ဆေးတစ်ခွက် သောက်လိုက်လို့ အိပ်ပျော်သွားသော ထိုည ... ။

Monday, July 27, 2009

အပိုဒ်ခွဲ ( ၅ )

ငါ မပါတဲ့ နေ့ရက်တချို့ မှာ ..
လိမ္မော်ရောင် နံနက်ခင်းတွေ ..
တိတ်တဆိတ် ပျော်ရွှင်ကြတယ် ..

နွေ မိုး ဆောင်း
စောင်းငဲ့ကြည့်တော့ ..
လက်ဖ၀ါးပြင်တစ်ခု ..

ဂြိုလ်ဆိုး နက္ခတ်တွေ ၀န်းရံ ..
ပြဿဒါးတွေသာ လှောင်ပိတ်မိခဲ့ ..
ငါဆိုတာ .. အဆိုးဆုံးတွေနဲ့ ဆိုးယုတ်နေခဲ့သူပေါ့ ..

မာရီယာ နှုတ်ဆက်သွားတဲ့
မိုးတိမ်တချို့  ..
ဗန်ဂိုး ဖူးပွင့်ခဲ့တဲ့ နေကြာခင်းတွေ ..
ငါ့ နံဘေးမှာ လဲပြိုနေတုန်းပဲ ..

အရုပ်မလေး ရေ ..
ငါ့အတွက် နံနက်ခင်းစာ ..
လရောင်တွေ ဆွတ်ဖျန်းပြီး ..
ပို့ပေးစမ်းပါ ..

Thursday, July 23, 2009

အစားမထိုးခဲ့ ( နိုင် ) သော

ချစ်တယ် ကလေးရယ် ..
ငါ သွားခွင့်မပြုနိုင်ဘူး ..
ဒါပေမယ့် ..
ငါ့ မျက်လုံးထဲက လူဟာ ဘယ်သူဆိုတာ ..
မင်း သိသင့်တယ် ..
အချစ်တွေ ၊ အချစ်တွေ
ငါတို့ လုပ်နိုင်တာပေါ့ .. ဘယ်တော့မှ မမှားအောင်လေ ..
ကတိတစ်ခု ပေးလိုက်မယ် ..
ကောင်မလေး ..
မင်း နေရာမှာ ငါ ဘယ်တော့မှ အစားမထိုးဘူး ..
စိတ်ချ ..


ချစ်တယ် ..
သေချာတာပေါ့ ..
ငါ ချစ်တယ် ..
မင်း လိုအပ်နေသရွေ့  .. မင်းနားမှာ ရှိနေမယ် ..
ငါ့ဘ၀ ရဲ့  အဆုံးတစ်နေ့ထိ ..
စတွေ့ ကတည်းက သိခဲ့သားပဲ ..
ငါတို့ တစ်သားတည်း ဆိုတာကိုပေါ့ ..
ခု ထပ်သိသွားခဲ့ ..
ငါ မင်းနဲ့ အမြဲတမ်း ရှိချင်ခဲ့ ..

လက်ထပ်ခွင့်ရချင်တယ် ..
ငါတို့ ရဲ့  အနာဂတ်သစ်တွေ အတွက် ..
ဘယ်တော့မှ မပြီးဆုံးမယ့် အနမ်းတွေအကြောင်းတွေးနေတုန်း ..
ငါ အမှန်တကယ် ပျော်ရွှင်မိရင်း
ချီတုံချတုံ နဲ့ ငါ သေသွားခဲ့ရင်တောင် ..
သံသယ ဆိုတာ စိုးစဉ်းမျှ ဖြစ်မှာ မဟုတ် ..
ဒါပေမယ့် ..
မင်း ငါ့နားမှာ အမြဲ ရှိနေခြင်းဟာ ..
ငါ့ကို နောင်တတွေ နဲ့ ရစ်နှောင်စေတယ် ..
မင်းကို ခွဲရမယ့် တစ်နေ့ဆိုတာ ..
ရောက် .... ခဲ့ ... ရင် ..
တစုံတခု ကို မင်းသိမှာ သေချာသလောက်ပဲ ..
ငါ့ရဲ့  အရာတိုင်းကို မင်းအတွက် ကုန်လွန်စေခဲ့တယ် ..

ငါ လွမ်းနေမှာပါ ..
ငါ ...
လွမ်း နေ မှာ ပါ ..
ဘာလို့လဲ ဆိုတော့ ..
မင်းကို ပိုင်ဆိုင်ခွင့်ရပြီး ..
ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တချို့ ကြောင့်လေ ..


( 1st lady ၏ Never Be Replaced သီချင်းကို ကဗျာအဖြစ် အသက်သွင်းသည် ။ )

သရ / အက္ခရာ တို့ ခုန်ပေါက်မြူးထူးရာ ကဗျာ

သော့ခတ်သိမ်းထားတဲ့ အက္ခရာ
ဖွင့်ကြည့်မိတော့
ဂ ဃ န ဏ .. မကွဲပြား
သေချာ ထပ်ကြည့်တော့
ဒ ဓ လ ဠ .. မကွဲပြား ( ပြန် )
အားးးးးးးးးးးးးးးးးးးးး
ရူး ချင် တယ် ...
( ခ ) လို ခပ်ကွေးကွေးလေး အိပ်
နေတာပဲ ကောင်းတယ် ။
( လ ) တစ်လုံး နဲ့ အိပ်မက်မြစ်
ထဲ ( စ ) တွေ မျှားလို့ .... ပေါ့ ..



ဂ ဃ န ဏ အက္ခရာ ဟာ
လေးလုံးစပ်လား ၊ ကာရန်လား ၊ နစ်ရှေးလား ၊
ကလီယိုပတ်ထရာလား ၊ ရောမမြို့လား ၊

a e i o u
အိပ် အိမ် အ အိုး ယိုင်
တန်း င်္ကျီ ပေါ်
တက် မ
နေ ပါ
သော သော

အာ ................... သောက်ကမြင်းမ
နင် ပြောပြောနေတဲ့ သရ က
အထီးလား ၊ အမ လား
ကဲ .... ခု ပြော လေ ...



a = apple
e = escape
i = I.Q
o = opinion
u = universal

a , e , i , o , u
ပန်းသီးတစ်လုံး၏
လွတ်မြောက်ရာ
ဥာဏ်ရည် ဥာဏ်သွေးကို
ထင်မြင်ယူဆသော
စကြ၀ဠာ ။

" ထို စကြ၀ဠာ၏ ထင်မြင်ယူဆချက်သည် ထိုပန်းသီး၏ ဥာဏ်ရည်ဥာဏ်သွေးကို လွတ်မြောက်စေရာတည်း "



အို ... အေ့ .. အေ့ .. အေ .. အေ .. အေ့ .. အို
အိမ်အိုအုတ်အောက် အော့အန် ၊ အန်ချင် အန်လိုက်
ထိုပန်းသီးကို တစ်နေကုန် ထိုင်ပြီး ကြည့်လို့
နင်သိထားတဲ့ သရတွေ ဖိတ်လျှံကျလာပါ့မလား
ငါ ပြော ပြ မယ် ..
လျှာခင်နှစ်ခုပါတဲ့ လျှာခင်ကို လျှာခင်တစ်ခု
အပိုစု ပေးလိုက်မယ် ။ အာသီးမှ ရှတတ အန်ဖတ်တွေ
ကပ်ငြိကုန်ပြီ ။ သရတွေ တဖြုတ်ဖြုတ် ကြွေနေပြီ
ဂ ဃ န ဏ .. ကို ... ဂ ဃ န ဏ သိလိုက်ပြီ
သောက်ကမြင်းမ
နင်မသိတာ သရတွေ ခုန်ပေါက်မြူးထူးနေသော
လွတ်မြောက်ခြင်း စကြ၀ဠာ ပဲ .... ။ ။



ဆူးခက်မင်း နှင့် ဏီအဲY ပေါင်းစပ် ရေးဖွဲ့သည် ။

Wednesday, July 22, 2009

တစုံတခုကို မလွမ်းချင်သော

မင်းရဲ့  အသက်ရှူသံတွေ မပါတဲ့ တစ်နံနက်ခင်းမှာ ..
ငါ နိုးထလာတယ် ..
မင်း အိပ်နေစဉ် ပြုံးတဲ့အပြုံးကို စောင့်ကြည့်ပါရစေ ..
ကြည့်နေရင်း .. ကြည့်နေရင်း ..
မင်း အိပ်မက်တွေနဲ့ .. ဝေး .... ဝေး သွား တယ် ..
တစ်ဘ၀စာ .. ချိုမြိန်စွာ လက်နက်ချလိုက်ရဲ့  ..
အမြဲတမ်း ရှုံးနေနိုင်ပါတယ် ..
အဲသည့် အချိန်တွေကို ..
အမြတ်တနိုး ကုန်လွန်ရင်းနဲ့ ပေါ့ ...

ငါ့မျက်လုံးတွေကို မမှိတ်လိုက်နဲ့ ..
မမှိတ်လိုက်ပါနဲ့ ..
ငါ မအိပ်ဘူး .. မအိပ်ချင်ဘူး .. မအိပ်ချင်သေးဘူး ..
လွမ်းနေပါရစေ ကလေးရေ ..
တစုံတခုကိုတော့ မလွမ်းချင်ဘူး ..
ဘာမှန်းမသိတဲ့ တစုံတခုကိုပေါ့ ..
အဲသည့် တစုံတခုကို ..
မင်းအကြောင်း အိပ်မက်နေရင်းတောင် မလွမ်းချင်ဘူး ..
အိပ်မက်တွေ ခါးကုန်လိမ့်မယ် ..
တစုံတခုကို မလွမ်းချင်ပေမယ့် ..
ငါ မင်းကို လွမ်းနေတုန်းပဲ ကလေးရေ ..

မင်း ရင်ခုန်သံတွေနဲ့ ..
အနီးကပ်ဆုံး လှဲလျောင်း ..
ငါဆိုတာ .. မင်း အိပ်မက်နေတာကို အံ့သြငေးမောနေမိတဲ့ကောင်ပေါ့ ..
မင်းကို ကြည့်နေရင်းနဲ့ .. ပို ပို အံ့သြလာတယ် ..
ငါ့ အနမ်းတွေ မင်းမျက်ဝန်းထက် ခိုနားရဲ့  ..
ကျေးဇူးပါ ဘုရားသခင် ..
အတူရှိနေခွင့် ပေးတဲ့အတွက် ..
သူနဲ့ အတူ နေခွင့်ရရုံလေးအတွက် ..

ဒီအချိန်လေး ..
အမြဲတမ်း .. ထာဝရ ..

( I don't want to miss a thing ကို ကဗျာအဖြစ် အသက်သွင်းသည် )

Sunday, July 19, 2009

ကျွန်တော်နှင့် အရုပ်မလေး

ကျွန်တော် ငယ်ငယ်က ဖြစ်သည် ။ ကျွန်တော့်တွင် အရုပ်ကလေးတစ်ရုပ် ရှိပါသည် ။ ထိုအရုပ်ကလေးကို ဘယ်သူဝယ်ပေးမှန်း မမှတ်မိတော့ ။ သို့သော် ကျွန်တော် မှတ်မိသည်က ကျွန်တော့်တွင် အရုပ်ကလေးတစ်ရုပ် ရှိခဲ့ဖူးသည် ။


ထိုအရုပ်ကလေးတွင် အတ္တ မရှိပါ ။ မာန မရှိပါ ။ အချစ် ၊ အမုန်း ၊ ဒေါသ ၊ မောဟ ၊ ဘာဆိုဘာမှ မရှိပါ ။ သို့သော် ထို အရုပ်ကလေးသည် ကျွန်တော့်အတွက် ကမ္ဘာငယ် တစ်ခု ဖြစ်သည် ။ ထိုအရုပ်ကလေးနှင့် အတူ ကျွန်တော် နံနက်ခင်းများစွာ နိုးထသည် ။ ထိုအရုပ်ကလေးနှင့် အတူ ကျွန်တော် ညပေါင်းများစွာ ကုန်လွန်သည် ။ ထိုအရုပ်ကလေးနှင့်အတူ ကျွန်တော် နေ့ရက်များကို ကျော်ဖြတ်ခဲ့သည် ။


ကျွန်တော် မသိလိုက်မိသည်က ကျွန်တော်၏ အချိန်တချို့ ကို သူ့ အတွက် မသိမသာ ပေးခဲ့မိသည်ကိုပင် ။ ကျွန်တော်ကိုယ်တိုင် ကျေနပ်စွာဖြင့်ပေါ့ ။


သည်လိုနဲ့ ကျွန်တော် ကြီးပြင်းလာသည် ။ နစ်ရှေး၏ ၀ါဒ တချို့ ကို ခုံမင်လာသည် ။ မာယာကော့စကီး၏ ဘောင်းဘီဝတ် မိုးတိမ်များကို နမ်းရှိုက်တတ်လာသည် ။ မန်ချက်စတာယူနိုက်တက် အသင်းကို အားပေးတတ်လာသည် ။ လမ်းထိပ် အုတ်ခုံတွင် သူငယ်ချင်းများနှင့် ဂစ်တာတီးတတ်လာသည် ။ တခါတလေ ကွယ်လွန်သွားသော အမေ့ကို သတိတရ ရှိတတ်လာသည် ။ အွန်လိုင်းကွန်ယက်ပေါ်တွင် မိန်းကလေးများနှင့် ချစ်တမ်း ကစားတတ်လာသည် ။ ဟိုက္ကူကဗျာတချို့ ကို နံနက်ခင်းစာအဖြစ် စားသုံးတတ်လာသည် ။


ကျွန်တော့် ဘ၀ထဲတွင် အရုပ်ကလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်လာသည် ။ သူ ဘယ်မှာလဲ ကျွန်တော် မသိတော့ ။ သူ ဘယ်ရောက်နေလဲ ကျွန်တော် စိတ်မ၀င်စားမိတော့ ။ အခုလက်ရှိတွင် ကျွန်တော့်အတွက် အရေးကြီးသည်က ( _____ ) သာ ဖြစ်သည် ။ ထို့ကြောင့် အရုပ်ကလေးကို ကျွန်တော့် စိတ်အာရုံထဲတွင်ပါ မရှိတော့အောင် မေ့ထားခဲ့သည် ။ သူ့ အလိုလို မေ့သွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။


ကျွန်တော်၏ အရုပ်ကလေးသည် ဘိုမရုပ် လှလှလေး တစ်ရုပ်သာ ဖြစ်ချေသည် ။ မျက်တောင်ကော့လေးများ ၊ အပြာရောင် မျက်ဝန်းလေး နှင့် ချစ်စဖွယ် ဆံနွယ် ရွှေအိုရောင် ကောက်ကောက်လေးများကို ပိုင်ဆိုင်သည် ။



တစ်နေ့ ...................

................................
................................



ထိုတစ်နေ့သည် ပိုးနှံကောင်တစ်ကောင်၏ ခြေခင်းလက်သာ နေ့တစ်နေ့ ဖြစ်နိုင်သည် ။ သို့တည်းမဟုတ် ဘုရားသခင် ပျောက်ကွယ်သွားသော နေ့တစ်နေ့လည်း ဖြစ်နိုင်သည် ။ သို့တည်းမဟုတ် နယူတန်ကို မွေးဖွားခဲ့သော နေ့တစ်နေ့လည်း ဖြစ်နိုင်သည် ။ မည်သို့ပင်ဖြစ်စေ .. ထို တစ်နေ့သို့ ကျွန်တော် ရောက်ရှိလာသည် ။ တမင်တကာ ရည်ရွယ်ပြီး ရောက်ရှိလာခြင်း မဟုတ်သော်လည်း ထိုတစ်နေ့သို့ ကျွန်တော် ရောက်ရှိလာသည် ။


ထိုနေ့တွင် ကျွန်တော့်ဘေး၌ ကောင်မလေးတစ်ယောက်ရှိသည် ။ ကျွန်တော့်ကောင်မလေး ဟု သတ်မှတ်လျှင်ရနိုင်သော်လည်း ကျွန်တော်ကတော့ ကျွန်တော့်ကောင်မလေးဟု မသတ်မှတ်ပါ ။ ဘာကြောင့်ရယ် ဟု အကြောင်းပြချက် ပေးခိုင်းလျှင်လည်း ပေးရန် အကြောင်းပြချက် မရှိပါ ။ ထိုနေ့တွင် ကျွန်တော့်ဘေး၌ ကောင်မလေးတစ်ယောက်ရှိသည် ။ သူမက ကျွန်တော့် ရင်ခွင်ထဲတွင် မှီတွဲလျှက် တစုံတခုကို တီးတို ပြောဆိုနေလေသည် ။ သူမ ဘာပြောသည်ကို ကျွန်တော် မကြားမိ ။ ကျွန်တော် တွေးနေသည်က တစုံတခုသာ ဖြစ်သည် ။ ( ဘာလဲတော့ ကျွန်တော်လည်း မသိ ) ။ ထိုကောင်မလေးက ကျွန်တော့်အား တစ်ခုခု မေးလိုက်ဟန် ရှိသည် ။ ကျွန်တော့်ထံမှ အဖြေကို မျှော်လင့်နေဟန်ဖြင့် ကျွန်တော့်အား စိတ်ဝင်တစား မော့ကြည့်နေသည် ။ ကျွန်တော် ဘာမှ ပြန်မဖြေမိ ။ မဖြေချင်၍ သော်လည်းကောင်း ၊ အဖြေမရှိ၍ သော်လည်းကောင်း ၊ ဘာဖြေရမှန်း မသိ၍သော်လည်းကောင်း ဖြစ်နိုင်သည် ။


ထိုစဉ် ..........


အရုပ်ကလေး ...


ကျွန်တော်၏ အရုပ်ကလေးကို တွေ့ ရှိလိုက်သည် ။ သက်မဲ့အရုပ်တော့ မဟုတ် ။ သက်ရှိအရုပ်ဖြစ်သည် ။ ကျွန်တော့် အရုပ်ကလေးက တယ်ရီယာခွေးလေးတစ်ကောင်ကို ကြိုးဖြင့်ဆွဲ၍ ကျွန်တော်တို့ ရှေ့ မှ ဖြတ်လျှောက်သွားခြင်း ဖြစ်သည် ။ ကျွန်တော် တခဏ အိုင်ဖဲလ် မျှော်စင်ပေါ် ရောက်သွားသည် ။ စစ်အေးတိုက်ပွဲ ( Cold Wars ) များ အကြား ရောက်သွားသည် ။ ကျွန်တော်တို့ လမ်းထိပ်မှ အကြော်တဲလေးဆီ ရောက်သွားသည် ။ အမည်နာမ ဖော်ညွှန်း၍ မရနိုင်သော တစ်နေရာဆီသို့ ရောက်သွားသည် ။ ကျွန်တော့် မျက်လုံးထဲတွင် ၊ ကျွန်တော့် အမြင်ထဲတွင် ဘာမှ မရှိတော့ ။ ကျွန်တော့် ရင်ခွင်ကို မှီတွဲထားသော ကောင်မလေးလည်း မရှိတော့ ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ ခုံတန်းလျားလေးလည်း မရှိတော့ ။ ဘာဆိုဘာမှ မရှိတော့ ။


အပြာနုရောင် ဂါဝန်လေးကို ၀တ်ထားသော မျက်ဝန်းပြာပိုင်ရှင် အရုပ်မလေးသည် မိုးကောင်းကင် ပြာပြာအောင်တွင် အနှိုင်းမဲ့ လှ၍နေသည် ။ ရွှေအိုရောင် ဆံနွယ်စတို့က လေအဝှေ့ တွင် မနာလိုချင်စရာကောင်းလောက်အောင် လူးလွန့်နေသည် ။ ဂါဝန် အနားစတို့ လှုပ်ခတ်သွားသည်ကပင် ချစ်စရာကောင်းနေသည် ။


ကျွန်တော့်စိတ်တို့ကို ထိန်းချုပ်ထားသည့် ကြားကပင် လွတ်ထွက်သွားသည် ။


ကျွန်တော့် ရင်ခွင်တွင်းမှ ကောင်မလေးကို တွန်းချပစ်ခဲ့မိသည် ( ထင်သည် ) ။


ထို့နောက် ..


ထို့ ........ နောက် ...


ကျွန်တော် အရုပ်မလေးဆီသို့ သတိလက်လွတ် ပြေးထွက်သွားမိတော့သည် ။


..........................................................................................................
..........................................................................................................
..........................................................................................................
..........................................................................................................
..........................................................................................................
..........................................................................................................



........................................ အ ..................................................................
................................................. ရုပ် ........................................................
.......................................................... မ .................................................
................................................................ လေး ......................................
........................................................................... ရေ ..............................
................................................................................................................
......... ငါ့ ..................................................................................................
................. ဆီ .........................................................................................
......................... ပြန် ...............................................................................
.................................. လာ .....................................................................
............................................ ခဲ့ ..............................................................
................................................... ပါ .......................................................
.......................................................... ကွာ .............................................
...............................................................................................................
...............................................................................................................
...............................................................................................................
...............................................................................................................
...............................................................................................................

Saturday, July 18, 2009

` မ ´ ... သို့ ...

တချိန်က ... မ ..

ပျော်ရွှင်မယ်ထင်လို့ ..
မြိုသိပ်ထားခဲ့တယ် ..
ပျော်ရွှင်စေမယ်ထင်လို့ ..
မြိုသိပ်ပေးနေတုန်းပဲ ..
အချိန်ရယ် .. ဒီရေ ရယ် .. ကျွန်တော့်ကို တိုက်စား ..
ဖယောင်းမဟုတ်ပဲ .. လုံးပါးပါးခဲ့ပေါ့ ..

မိုးတွေ ရွာနေတယ် ..
အရင်လိုပဲ ..
အတိတ်က အိပ်မက်ကို ခြစားနေတုန်း ..
အရင်လိုပဲ ..
မိုးတွေ ရွာနေတယ် ..

ကျွန်တော် ပျော်ရွှင်အောင် ထားနိုင်မယ်
မထင်လို့ ..
ပျော်အောင် ထားနိုင်မယ် ထင်တဲ့လူနဲ့
ကြည်ဖြူခဲ့တယ် ..
နောက်ဆုံးတော့ ..
သည်ကောင် ရင်ကွဲတာပဲ အဖတ်တင်ပေါ့ ..

စတွေ့ တဲ့နေ့က ..
ရိုးရာ ချည်ထည်လေးကို ..
လွမ်းတယ် ..
` မ ´ ပေးခဲ့ဖူးတဲ့ .. ကြယ်တွေ ထိုင်ကြည့်ရင်း ..
လွမ်းတယ် ..
လှည်းတန်းရောက်တိုင်း ..
လွမ်းတယ် ..
အကုန်လုံးဟာ ကျွန်တော့်အတွက် ..
လွမ်းစရာတွေချည်းပဲ ..
လွမ်းစရာ ရှိရင် နာစရာနဲ့ ဖြေ ... တဲ့ ..
` မ ´ နဲ့ ပတ်သက်ပြီး နာစရာ မရှိတဲ့ ကျွန်တော် ..
ဘာနဲ့ ဖြေရမလဲ ..


......................... ဘာ .................
....................နဲ့ ...........................
.............ဖြေ ...............................
........ ရ ......................................
.............. မ ................................
.................... လဲ ........................
..................................................
..................................................
..................................................
..................... မ .........................
.................... ရယ် ......................
...................................................
...................................................

Friday, July 17, 2009

အွန်လိုင်းပုံပြင်

အဲ့သည့်နေ့က ကျနော့်ရင်ဘတ်တို့ ဖြူလွှလွှ နံနက်ခင်းအောက် စွတ်စိုစွာ လန်းပွင့်လျက်။ ယခင်က ဟောင်းနွမ်းခဲ့သော ရော်ရွက်ဝါတို့သည်ပင် အိနြေ္ဒရှိစွာ လှဲလျောင်းနေသယောင်။ လေပြည်တစ်သုတ်က ဘာရယ်မဟုတ်။ ကျနော့် နဖူးစပ်ကို ရှပ်တိုက်သည်။ ဘာမှ မထူးခြားသော သာမန်နံနက်ခင်းတစ်ခုသည် ထူးခြားစွာ လှပနေ၏ ။

ကျနော့်အတွက် အဲ့သည့်နေ့သည် ဗန်ဂိုး၏ နားရွက်တစ်ဘက်ဖြစ်သည်။ ကျနော့်အတွက် အဲ့သည့်နေ့သည် နီရိုးဘုရင်၏ တယောသံဖြစ်သည်။ ကျနော့်အတွက် အဲ့သည့်နေ့သည် အီဖဲလ်မျှော်စင်ထက်မှ ပန်းတစ်ပွင့်ဖြစ်သည်။ ကျနော့်အတွက် အဲ့သည့်နေ့သည် ချစ်သူထံမှ အဖြေရမည့်နေ့ဖြစ်သည်။ ကျနော်ချစ်သော မိန်းမပျိုက ကျနော့်အတွက် ချစ်အဖြေပေးမည့်နေ့။ ထိုနေ့သည် ကျနော်နှင့် သူမတို့ အတူလျှောက်လှမ်းမည့် ဘ၀ခရီး၏ ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။ ထို့ကြောင့် ကျနော့်စိတ်အစဉ်တို့ သူမနှင့် စတွေ့ခဲ့သည့် ညတစ်ညဆီ ပြန်လည်လွင့်မျောနေမိသည်။

ထိုညက သူမနှင့် ကျနော် စတင်တွေ့ခဲ့သည်။ မျက်နှာချင်းဆိုင် ဆုံတွေ့ခဲ့ခြင်းတော့ မဟုတ်။ အင်တာနက် အွန်လိုင်းကွန်ယက်မှ တဆင့် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။ ကျနော်က ညဘက် သိပ်မအိပ်တတ်။ အွန်လိုင်းတက်ပြီး Chatting ၀င်လျှင်ဝင် ၊ ဖိုရမ်မှာ ဟိုရေးဒီရေး ရေး ၊ ဒါမှမဟုတ် ဂိမ်းဆော့ချင် ဆော့နေတတ်သူ။

ထိုညက ကျနော့် Gtalk Account သို့ Invitation တစ်ခုဝင်လာသည်။ နာမည်ကြည့်လိုက်တော့ loveghost@gmail.com ။ ကျနော့်အကျင့်က သိသိ မသိသိ ၊ ကိုယ့်ကို Invite လုပ်လျှင် Accept လုပ်တတ်သည်။ ထုံးစံအတိုင်း Yes ကို ရွေးပြီး Click ပေးလိုက်သည်။ ထိုညက မှတ်မှတ်ရရ ဇန်န၀ါရီ လေးရက် ( လွတ်လပ်ရေးနေ့ ) ။ အချိန်က ည ၁၁း၃၀ ခန့် ။ Monitor Screen ပေါ်တွင် Chat Box တစ်ခုဝင်လာသည်။ နာမည်ကြည့်တော့ loveghost@ ။

*love: Hi !
*me: Hi !
*love: asl plz
*me: 23 m ygn, n u ?
*love: 25 f ygn
*me: aww … I see … btw , Can u type in MM font ?
*love: Yeah !
*me: Ok … နာမည်သိပါရစေဗျ ..
*love: မိုး လို့ပဲ မှတ်ထားပေါ့ .. ယူ့နာမည်ကရော ..
*me: ဆူးခက်မင်း ပါ ..
*love: Wow !!! မိုက်တယ် .. ယူ့နာမည်က ..
*me: thz ပါ ..
*love: မုန့်ကျွေးလေ .. ဒီလောက် မြှောက်ပြောထားတာကို ..
*me:း) .. နောက်ကြုံရင်ပေါ့ ..
*love: OK .. ကတိနော် ..
*me: ကတိပါဗျာ ..
*love: မိုး အိပ်တော့မယ် .. နောက်နေ့မှ တွေ့တာပေါ့ .. ညပိုင်း ရှိတယ် ဟုတ် ..
*me: ရှိပါ့ဗျား ..
*love: OK .. see ya .. bye
*me: bye .. good night !
***** loveghost@gmail.com is offline.


( ၅.၁.၂၀၀၉ )

ထိုညက မိုးချို ၊ သဲမိုး ၊ ဗလာ ၊ ရုပ်သေး ဟူသည့် ကျနော့်သူငယ်ချင်းများနှင့် ကဗျာအကြောင်း ဆွေးနွေးရင်း ငြင်းခုံရင်း ညဉ့်အတော်နက်သွားသည်။ အိမ်ပြန်ရောက်တော့ အရင်ဆုံးလုပ်မိတာက ကော်ဖီတစ်ခွက်ဖျော်ပြီး Computer ရှေ့ ထိုင်ခြင်းဖြစ်သည်။ Gtalk ၀င်လိုက်တော့ Chat Box တစ်ခုက ပွင့်လာသည်။ Offline Message ပို့ထားခြင်းဖြစ်သည်။

*love: ဟိတ် .. လာမယ်ပြောပြီး ဘာလို့မလာတာလဲ .. ကတိမတည်ဘူး
*me:း) .. ကတိမတည်တာမဟုတ်ပါဘူးဗျာ .. သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ စကားကောင်းနေလို့ပါ ..
*love: မသိဘူး .. စိတ်ဆိုးတယ် .. တကယ် .. မိုး စောင့်နေတာကြာလှပြီ ..
*me: ဘာလုပ်ဖို့ မိုးစောင့်နေတာလဲ .. ပျိုးကြဲဖို့လား ..းP
*love: ဟား .. တော်ပြီကွာ .. မခေါ်တော့ဘူး ..
*me: ရော် .. စတာပါဗျာ .. စိတ်ကလည်း ကြီးပါ့ ..
*love: မသိဘူး .. စိတ်ဆိုးပြေအောင် ပြန်ချော့ .. ဒါပဲ ..
*me:း) .. ဟုတ်ပါပြီဗျာ .. ဘယ်လိုချော့ရမှာလဲ .. ပြော
*love: ဒီညက စပြီး တစ်ညကို သီချင်းတစ်ပုဒ် ပို့ပေးရမယ် ..
*me: အိုကေ .. စိတ်ချ .. ပို့ပေးမယ် .. ညတိုင်း ပို့ပေးမယ် .. စိတ်မဆိုးနဲ့တော့နော် ..
*love: ကတိမဖျက်ကြေးနော် ..
*me: အင်းပါ ..း)

ထိုသို့ဖြင့် သူမက စိတ်ဆိုး၍ ကျနော်က ချော့ခဲ့ရသည်။ ထိုသို့ဖြင့် သူမထံ ညစဉ် သီချင်းတစ်ပုဒ်ကျ ရွှေနားတော်သွင်းခဲ့ရသည်။ ထိုသို့ဖြင့် သူမနှင့် ကျနော် ညလုံးပေါက် voice call ဖြင့် စကားပြောခဲ့ကြသည်။ ထိုသို့ဖြင့် သူမနှင့် ကျနော် ဓာတ်ပုံများ အပြန်အလှန် ပို့ခဲ့ကြသည်။ ထိုသို့ဖြင့် သူမကို ချစ်သည့်အကြောင်း ဖွင့်ပြောခဲ့သည်။ သူမက ကျနော့်မွေးနေ့တွင် အဖြေပေးမည်ဟု ကတိပြုခဲ့သည်။ ထိုသို့ဖြင့် ……. ။

(၂၀.၁.၂၀၀၉ )

ထိုနေ့သည် ကျနော့်မွေးနေ့ဖြစ်သည်။ ထို့အတူ သူမထံမှ အဖြေရမည့်နေ့လည်း ဖြစ်သည်။ သူမနှင့် ချိန်းဆိုထားရာ လှည်းတန်း ကားမှတ်တိုင်တွင် ရပ်စောင့်နေစဉ်လည်း ဖြစ်သည်။ နာရီလက်တံတို့က နှေးကွေးလွန်းသယောင်။ စိတ်တို့က ရင်ခုန်နှုန်းနှင့် စည်းချက်လိုက်၍ ကစင့်ကလျား ။ စီးကရက်သောက်ရန် နှုတ်ခမ်းတွင် အတေ့ ၊ ကျနော့် ဘယ်ဘက်ရင်အုံတွင်းမှ ဒိတ် ခနဲ တစ်ချက်ခုန်၏ ။ ဟိုဘက်ကားလမ်း ပလက်ဖောင်းတွင် ကျနော့်ကို လက်လှမ်းပြနေသော သူမ။ တနည်းဆိုရလျှင် ကျနော်ချစ်သော မိန်းမပျို။ ခရမ်းနုရောင် ပါတိတ်ဝမ်းဆက်ဖြင့် ကျနော့် နတ်သမီး။ ဖြူလွှလွှ နံနက်ခင်းတွင် အရာအားလုံး ပြီးပြည့်စုံ၏။ နှုတ်ခမ်းတွင် တေ့ထားသော စီးကရက်ကို မီးမညှိတော့ပဲ သူမထံသွားရန် ခြေအလှမ်း ၊ မထင်မှတ်သော ဖြစ်ရပ်က ဆီးကြိုသည်။ သူမနှင့် ကျနော့်ကြား ကားလမ်း အလယ်ရှိ ကလေးတစ်ယောက်က သူမရှိရာ ပလက်ဖောင်းဆီဘက် လှမ်းအပြေး ။ အရှိန်ဖြင့် မောင်းလာသည့် ကားတစ်စီးက ကလေးကို မတိုက်မိစေရန် စတီယာရင်ကို ဆွဲအကွေ့။ အရှိန်မထိန်းနိုင်သော ကား၏ ဦးတည်ရာက ကျနော်ချစ်သော မိန်းမပျိုဆီသို့ တည့်မတ်စွာ။ ကျနော့် မျက်လုံးအစုံတို့ ပြာဝေသွားသည်။ ကျနော့် ဖြူလွှလွှ နံနက်ခင်းကို အနီရောင် သွေးစွက်တို့ စွန်းထင်းစေ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ။ ကျနော် ဥဒဟို သွားလာနေသော ကားများကို ဂရုမစိုက်ပဲ သူမရှိရာဆီ အားကုန်ပြေးသည်။ သွေးအိုင်ထဲတွင် လဲကျနေသော သူမအနားတွင် ဒူးထောက်၊ နာကျင်မှု အရှိန်ဖြင့် လဲကျနေသော သူမကို ပွေ့ထူမိတော့ သူမ၏ ဆံနွယ်စရှိ ပျစ်ချွဲချွဲ သွေးရည်တို့က ကျနော့် ဘယ်ဘက်လက်မောင်းတွင် စွန်းပေသည်။ သူမ၏ ရင်ညွန့်ရှိ အသည်းကွဲပုံ လော့ကက်သီးလေး သွေးတစ်စက်စက်ကျနေပုံမှာ သူမ၏ နှလုံးသွေးဟု ထင်မှတ်မှားစဖွယ်။

` မိုး ´

ကျနော် အသံကုန် အော်မိသည်။ သူမက ကျနော့် မျက်ရည်စများကို သုတ်ပေးရင်း ပြုံးပြသည်။ ကျနော့် မျက်ရည်စများနှင့် သူမ၏ သွေးစက်တို့ မကွဲပြားတော့။ သူမက အောက်နှုတ်ခမ်းကို ကိုက်၍ အားယူရင်း စကားတစ်ခွန်းကို မပီဝိုးတ၀ါးပြောသည်။

` မောင် .. အ … မောင့်ကို … မောင့် ……. ကို .. ´

စကားပင် မဆုံးလိုက်။ သူမ မျက်နှာက ကျနော့် ဘယ်ဘက်ရင်အုံသို့လာအပ်သည်။ သွားပြီ ။ ကျနော့် တိမ်တိုက်တို့ ပြိုကွဲကုန်ပြီ။ မျှော်လင့်ခြင်း အိပ်မက်တို့ တစ်စစီ။ အောက်နှုတ်ခမ်း ပြတ်ထွက်လုမတတ် အံကြိတ်ရင်း သူမ၏ နဖူးပြင်ကို ငုံ့နမ်းမိသည်။ ကံတရားရယ် … မင်း ငါ့အတွက် ရည်စူးခဲ့တဲ့ မွေးနေ့လက်ဆောင်က အမှတ်တရပါပဲကွာ ..။ တစ်ဘ၀လုံးစာ မမေ့နိုင်လောက်ရဲ့ ..။ ငါ့ ရင်ဘတ် တစ်ခုလုံးနဲ့ ရင်းပြီး ရတဲ့ လက်ဆောင် .. ။ ငါ အမြတ်တနိုး သိမ်းထားပါ့မယ်ကွာ.. ။

ထိုနေ့က ကျနော့်နံနက်ခင်းတွင် အနီရင့်ရောင် အနိဌာရုံ တချို့ ဖုံးလွှမ်း၏။

( တစ်ပတ်ခန့် အကြာ )

ထိုဖြစ်ရပ်များ ဖြစ်ပြီး တစ်ပတ်လုံးလုံး ကျနော် Computer ရှေ့ မထိုင်ဖြစ်။ အွန်လိုင်း မတက်ဖြစ်။ သူမကို လွမ်းသည့်စိတ် ၊ ကံတရားကို မုန်းတီးသော စိတ်ဖြင့် ကျနော့် နေ့စွဲများကို တိတိတဆိတ် ဆုတ်ဖြဲခဲ့သည်။

ယနေ့ညတော့ ကျနော့် စိတ်အစုံက Computer ဖွင့်ရန် အမိန့်ပေးနေသည်။ သတိလက်လွတ်သူလို Computer ရှေ့တွင် ထိုင်ရင်း သီချင်းဖွင့် နားထောင်နေမိသည်။ သီချင်းက ကျနော့်မွေးနေ့မတိုင်ခင် သူမထံ နောက်ဆုံးပို့ပေးခဲ့သော မျိုးကြီး၏ တစ္ဆေ သီချင်း။ သူမ၏ ဓာတ်ပုံကို Desktop Background အဖြစ်သုံးထားသော Monitor Screen ကို စိုက်ကြည့်ရင်း Mail မစစ်ဖြစ်တာ ကြာပြီပဲ ဟု သတိရကာ Gmail Account တွင်းသို့ ၀င်လိုက်သည်။ Inbox တွင် မြင်လိုက်ရသည်က loveghost@gmail.com နာမည်ဖြင့် ပို့ထားသော mail များ ။ ဇန်န၀ါရီ ၂၀ ရက်နေ့မှ စပြီး ၂၆ ရက် ( မနေ့ည ) အထိ ပို့ထားသော စာများ။ ယနေ့က ၂၇ ရက်နေ့ဖြစ်သည်။ စာများ အားလုံးတွင် တူညီသော အချက်က စာတစ်ကြောင်းတည်းသာ ပါရှိခြင်းနှင့် စာပို့သော အချိန် တူညီခြင်းတို့ဖြစ်သည်။ မောင့်ကို အရမ်းချစ်တယ် ဆိုသော စာတစ်ကြောင်းတည်းကို ညစဉ် ၁၂ နာရီ အချိန်တွင် ပေးပို့ထားခြင်းဖြစ်သည်။ ဒီစာကို ဘယ်သူပို့တာလဲ ။ မိုး လား ။ ဟင့်အင်း ..။ မိုးက သေပြီလေ .. ။ ငါ့မျက်စိရှေ့တင် သေခဲ့တာပဲ ..။ မိုး မဖြစ်နိုင်ဘူး .. ။ ဒါဆို မိုး password ကို သိတဲ့ တခြားတစ်ယောက်လား .. ။ ဟာ .. ဘာတွေလဲကွာ ..။ ပို့တဲ့ အချိန်ကလဲ ည ၁၂ နာရီ ..။ ဒါဆို ၁၂ နာရီမှာ မိုး account အွန်လိုင်းမှာ ရှိနေမှာလား .. ။ နာရီ ကြည့်မိသည်။ ဘရားရေ .. ၁၁း ၅၈ တောင် ရှိနေပါရောလား ..။ အလျင်အမြန်ပင် Gtalk ဖွင့်မိသည်။ Online list တွင် loveghost@ ဆိုသည့် နာမည် လိုက်ရှာကြည့်သည်။ မတွေ့ ..။ ဟင့်အင်း .. ငါ စိတ်ထင်တာ ဖြစ်မှာပါ .. ငါ့ စိတ်က ကယောင်ခြောက်ခြားတွေ မြင်နေတာပါ ..။ စိတ်လှုပ်ရှားလွန်းသဖြင့် လက်က နံဘေးရှိ ကော်ဖီခွက်ကို တိုက်မိသည်။ ကော်ဖီခွက်ကို ပြန်ကုန်းကောက်စဉ် ဖွင့်ထားသော ပြူတင်းပေါက်မှ တဆင့် သံချောင်းခေါက်သံ သဲ့သဲ့ ကြားရသည်။ ကော်ဖီခွက်ကို ပြန်ကောက်တင်ရင်း ပြုံးမိသည်။ ကဲ .. ၁၂ နာရီလဲ ထိုးပြီ .. ဘာမှလဲ မထူးခြားသေးပါလား .. ငါ စိတ်စွဲပြီး ထင်ရာမြင်ရာတွေ လျှောက်မြင်နေတာပါ .. ။ ကိုယ့်အဖြစ်ကိုယ် သဘောကျရင်း Computer ကို Shut down ချရန် mouse ဆီသို့ လက်အလှမ်း … Chat Box တစ်ခု တက်လာသည်။ ဘုရားရေ .. loveghost@gmail.com တဲ့ ..။ ရေးထားတဲ့ စာက .. မောင့်ကို အရမ်းချစ်တယ် .. အခုက စပြီး မောင်နဲ့မိုး မခွဲတော့ဘူးနော် .. တဲ့ .. ။ ဒါတကယ်ပဲလား .. ဟင့်အင်း .. မဖြစ်နိုင်ဘူး .. ငါ အိပ်ပျော်သွားတာထင်တယ် .. ဒါ အိပ်မက်မက်နေတာဖြစ်မယ် .. ။ သေချာ ကွဲကွဲပြားပြား သိရအောင် နံဘေးရှိ ကော်ဖီခွက်ကို နံရံဆီ ပိတ်ပေါက်လိုက်သည်။ နံရံနှင့် ကော်ဖီခွက်တို့ ထိမှန်သံက ညဥ့်လယ်တွင် တဆိတ် ကျယ်လောင်လွန်းသည်။ ဒါ တကယ့် အဖြစ် အပျက်ပဲ .. ။ ကြမ်းပြင်ပေါ်ရှိ ကော်ဖီခွက်ကို စိုက်ကြည့်ရင်း တွေဝေနေမိသည်။

ထိုစဉ် လေပြင်းတစ်ချက် တိုက်ခတ်မှုနှင့်အတူ လျှပ်စစ်မီး ပြတ်တောက်သွားသည်။ ကျနော် ကျောပေးကာ ထိုင်ထားသည့် အခန်းတံခါးက စေ့ထားရာမျ တကျွီကျွီ အသံပေးလျက် ပွင့်လာ၏။ ခန်းဆီးစတို့ကလည်း ကူကယ်ရာမဲ့ လှုပ်ခါသည်။ UPS Battery ကြောင့် မပိတ်သေးသော Computer Screen ၏ ၀ိုးတ၀ါး အလင်းရောင်ကို အားကိုးပြီး အခန်းတံခါးပိတ်ရန် ထလာခဲ့သည်။ အခန်းဝသို့ မရောက်ခင် ခြေဖ၀ါးဆီမှ တစုံတခုကို နင်းမိသည့် အထိအတွေ့ခံစားရသည်။ ကြမ်းပြင်တွင် ဒူးထောက်ထိုင်လိုက်ပြီး နင်းမိသည့် အရာကို ကောက်ယူလိုက်တော့ ဆွဲကြိုးတစ်ကုံးဖြစ်နေသည်။ ဘုရားရေ .. အသည်းကွဲပုံ လော့ကက်သီးနှင့် ဆွဲကြိုးလေးပါလား .. ။ ဒါ … ဒါ .. မိုးရဲ့ ဆွဲကြိုးပဲ .. ဘယ်ကနေဘယ်လို .. ငါ့ အခန်းထဲ ရောက်နေတာလဲ .. ။ ထိုစဉ် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် Computer ဆီ နောက်ပြန်လှည့်အကြည့် … မြင်လိုက်ရသည်က Desktop Background အဖြစ် သုံးထားသော မိုးဓာတ်ပုံတွင် မျက်နှာတစ်ပြင်လုံး သွေးများ ရွှဲနစ်နေသည်ကို တွေ့လိုက်ရလေတော့သည်။

` အား ´

နောက်ဆက်တွဲသတင်း

ထိုဖြစ်ရပ်များပြီးနောက် အွန်လိုင်းလောကတွင် sue.khat.min@gmail.com နှင့် loveghost@gmail.com ဆိုသော Account နှစ်ခု အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။

Tuesday, July 14, 2009

မေးခွန်းနံပတ် (၂) => ဗလာကောင်းကင် = ?



(၁)
လူထဲကလူ
ထိုလူသားသည် ရမ္မက်ပုံထက်မှ
ခြွေချသွားတဲ့ အာရုံစက်ဝိုင်းတွေလို
တနုံ့နုံ့ နဲ့ ထိုင်ကြည့်ခဲ့ ..
ဒါ ……. ပဒေသရာဇ် စနစ် လူတန်းစားတော့
မဟုတ်တာ …. သေ ချာ
သိလား ……….. မင်း သိလား …. နင်သိလား …
ရမ္မက် ……. ဘ၀င်ခိုက်လောက်အောင် ရင့်ရော်နေတဲ့ ရမ္မက်
တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်
မျိုးတူ ပုံရိပ်တွေ လေဟာနယ်ထက်
ပဲ့တင်သံကြားရ …
တကယ်ဆို …
မိုးဟေကိုလဲ လူသား
မင်းလဲ လူသား
လူသား … လူသား … လူသား …
သား … သား … သား … သား … သား … သား …
လူလေး … ရွှေသွေး … မိုးသောက်ပန်း … တွတ်ပီ …
ပီ ပီ ပီ ပီ ပီ ပီ … ပီကယ်လား … ဟား ဟား ဟား …
နင် နားမလည်ပါဘူး …
လူဆိုတာ ………………
မာတိကာကနေ စလှန်လိုက်တာနဲ့ တွေ့ ရမယ့် …
ဗလာ …..

(၂)
မစ္ဆရိယ ကောင်းကင်
ဗလာတွေနဲ့ … အုပ် ….. မိုး …..
တိတ်တဆိတ် … ရယ် ….. ပြုံး …..
အိုဇုန်းလွှာကို အပြစ်ပုံချ သတဲ့ ..
မေးခွန်း နံပတ် (၁)
အိုဇုန်း ( Ozone ) တွေနဲ့ ဖွဲ့စည်းထားတဲ့ အလွှာလား ?
မေးခွန်း နံပတ် (၂)
(အို) … ပြီး … သေ … (ဆုံး) … သွားတဲ့ အလွှာလား ?
ငါကိုယ်တိုင်လည်း မသေချာဘူး ..
လိုက်ရယ်မှာ ပေါ့ … ( သူများတွေလို )
မသိပေမယ့် .. ဟန်ဆောင် ………….. ပြုံး
ပြုံးတာလား … ထေ့တာလား …
မင်းပါးစပ်မှာ မထေမဲ့မြင်မှုတွေ ပါနေသလိုပဲ …
တဲ့ …..
ဟင့်အင်း …
တကယ်တော့ ..
ကိုယ့်လိပ်ပြာ ကိုယ်ပြန်သန့်ဖို့ ကြိုးစားရုံ .. သက် သက် ..

(၃)
တချို့ ကတော့ ပြောကြတာပဲ
မြေကြီးနဲ့ ကောင်းကင် အရမ်းဝေးလွန်းတယ် .. တဲ့
အရူးတွေ …
ငါ အဲ့ဒီလို အကျယ်ကြီး အော်လိုက်တယ် ..
မြေကြီးနဲ့ ကောင်းကင်လောက် နီးစပ်တဲ့ အရာ မရှိဘူးလို့ ..
ငါ ထင်လို့ပါ ..
တွေ့ လား … ?
မထင်ပါဘူး .. ဒါပေမယ့် ..
အဲ့ဒီ လှုပ်ရှားနေတဲ့ ပုံသေကားချပ်ကို ငါ ကြည့်ပါရစေ ..
ပြောပြချင်တယ် .. တစ်ခုခုပေါ့ …
ဒါပေမယ့် .. ငါပြောမှာကို ငါ့ကိုယ်ငါပဲ ပြန်ပြောလိုက်တယ် …
မရဲခဲ့လို့ …
ဘယ်သူမှ မသိဘူးတဲ့ .. ငါသိတယ်လေ ..
ဘယ်သူမှ မသိဘူးလေ … ရော် .. ခက်ပါလား ..
ငါသိပါတယ် … ဆို ..
ဘာတွေလဲ …. ကွာ …..
ဘယ်သိမှာလဲ ..
အာ ……………………… တော်ပြီ ..
အေးကွာ …. စားတယ် …..

( ၁ ) ဏီအဲ Y
( ၂ ) ဆူးခက်မင်း
( ၃ ) YoshI

Monday, July 13, 2009

မကြည့်ဖြစ်လိုက်သော ရုပ်ရှင်တစ်ကား

ထုံးစံအတိုင်းပဲ ..
ပိတ်ကား ဖွင့်တယ် ..
ပရိသတ်တွေ လက်ခုပ်တီးကြ ..
နေကြာစေ့တွေ တဖြောက်ဖြောက်ကိုက် ..
အတွဲတချို့  မျက်နှာချင်း အပ်ကြရဲ့  ..

ဟော ..
မင်းသားနဲ့ မင်းသမီး ..
ပန်းခြံထဲ ပတ်ပြေးကြတယ် ..
သစ်ရွက်တွေလည်း ကြွေလို့ ..
ထုံးစံအတိုင်းပဲပေါ့ ..

အဒေါ်ကြီးတစ်ယောက် နှလုံးရောဂါ ရှိတယ် ..
ဦးလေးကြီးတစ်ယောက် နောက်မိန်းမယူတယ် ..
ကောင်မလေးက ချမ်းသာတယ် ..
ကောင်လေးက ဆင်းရဲတယ် ..
ကောင်လေးက ချမ်းသာတယ် ..
ကောင်မလေးက ဆင်းရဲတယ် ..
ကောင်မလေးက မာနကြီးတယ် ..
ကောင်လေးက ရည်းစားရှုပ်တယ် ..
ကောင်လေးက ( အသက်ကြီးလည်း ) ကျောင်းတက်တယ် ..
ကောင်မလေးက ( မိတ်ကပ်အဖွေးသားနဲ့ ) လမ်းဘေးမှာ ဈေးရောင်းတယ် ..
ကောင်မလေးက နောက်ဆုံးပေါ် အ၀တ်တွေ ၀တ်တယ် ..
ကောင်လေးက ကားအကောင်းစားကြီး စီးတယ် ..
ထုံးစံအတိုင်းပဲပေါ့ ..

မီးတွေ လင်းလာပြီ ..
အတွဲတချို့  ရှက်ကိုးရှက်ကန်း ဖြစ် ..
နေကြာစေ့ခွံတွေ လှောင်ပြုံးကြ ..
ငါလည်း ဖုတ်ဖက်ခါပြီး ထွက်ခဲ့တယ် ..
ထုံးစံအတိုင်းပေါ့ ..

` ရုပ်ရှင်လို မဟုတ်ဘူး ..
အဖြစ်မှန်နဲ့ မတူဘူး ..
ဘ၀ဆိုတာ ပန်းခင်းလမ်းချည်း မဖြစ်နိုင်ဘူး ´


Thursday, July 9, 2009

မျက်မမြင်ငါးဦးနှင့် ကွန်ပြူတာ

တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …
သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …

တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ …
လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး ..

တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ … ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့ ..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …
" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "
ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …
ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့
သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့

ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့
ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..
" ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့
ကိုကြီးကျော် သဘောကျ သွားသပေါ့ …
ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့
" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "

နောက်တစ်ယောက် ၀င်သွားပါသတဲ့ …
သူလဲ ..ပြန်ထွက်လာပြီး …
" အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့
" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့
" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "
" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား ….ဟားဟား …"

နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..
သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..
" ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင် ခွက်ဝင်သွားတယ်နော် …" တဲ့
" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "
ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..
ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ

နောက်တစ်ယောက်လဲ ထွက်လာပြီး ..
" အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "
" အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "

နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …
သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး ပြေးထွက်ရင်း ပြောသတဲ့
" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..
ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက …မိန်းကလေးတစ်ဦးထွက်လာပြီး
" ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ ..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့် အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..

" ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …" တဲ့လေ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အလွဲလေးများ

မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို
ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး
သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက
မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့
အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက
လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်
ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး
မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့
မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ
့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက
ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို့
့ပါတဲ့လေ။

“ကျွန်တော်နာမည်ကလည်း မှားပြီး ရ ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”

“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို
တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
အမြဲတမ်းသွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့
သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး
ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ
တမုဟုတ်ချင်းငြိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုတ်ဖို့ အတွက်
ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”

သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။ သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေးရင် ကောင်းမလဲလို့ အသည်းအသန်စဉ်းစားရပါတော့တယ်။ သူ့အချစ်လည်း ပေါ်လွင်ရမယ် သူမအတွက်လည်း အသုံးဝင်ရမယ်။ အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။ ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ ၀ယ်ဖို့ ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်၊ ဆယ်ကျော်သက် လှလှလေးပါပဲ။ ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။ ချစ်သူ့ညီမလေးက
အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။ ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့ အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက လက်အိတ်ရသွားတယ်။ သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီး
စာတိုက်က ပို့လိုက်တယ်။
စာကတော့

အသည်းလေး


ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။ မင့်ညီမက ချွတ်လို့စွတ်လို့ လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။ ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။ အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင် ၀တ်ပြချွတ်ပြသေးတယ်။ အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း
ရေဆေးရုံနဲ့ ပြောင်ကြောင်း အာမခံတယ်လေ။

ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ နမ်းပစ်မိမှာပဲ။ သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသည်းလေးရဲ့

ကိုကို

ဒါနဲ့ ..စကားမစပ် .. နောက်ဆုံးပေါ်ကတော့ နှုတ်ခမ်းပန်းနားမှာ အမွှေးတွေ ထိုးထိုးထောင်ထောင် တပ်ထားတယ်။ သည်းလေး ယားမှာ စိုးလို့...ပြီးတော့ ... ဈေးလည်းကြီးလို့။

Ref: MCO

ကိန်းဂဏန်းများဖြင့် .. ခလုတ်တိုက် / ည


ထိုညက လ မသာပါ ။ သို့သော် ကျနော့်လွင်ပြင် မှောင်အတိကျ၏ ။ ည .. ။ ထိုည … ။ နီရိုး၏ တယောသံတို့ ပျံ့လွင့်သော ည ။ ဆိပ်ဖလူးပန်း ရနံ့တို့က ည၏

အလှနှင့်ရောယှက်ကာ စိမ့်ထွေးသက်ဝင်သည် ။ ဘုံကြိုးပြတ် ကမ်းပါး ၊ အသူရာမျှော်စင်ထက်မှ တခမ်းတနား လွင့် – ကြွေ …. ။

ထိုညက ကျနော့် အိပ်မက်တို့ တစ်ပင်လုံးဝေ၍ တစ်တောလုံး ကြွေသည် ။

မိခေတ်နွေ ။ နင့်ရဲ့ ပူလောင်မှုတွေနဲ့ ငါ့ရင်ကို အေးမြစေခဲ့တယ် ။

မိ – ခေတ် – နွေ ။ နင့်ရဲ့ အေးမြမှုတွေနဲ့ ငါ့ရင်ကို ပူလောင်စေခဲ့တယ် ။

နွေ ၊ နွေ ၊ နွေ ၊ နွေ ၊ နွေ … ။ လောင်မြိုက်နေပြီ ခုထိ … ဘ၀ .. ကန္တာရများ မဆုံးနိုင်သေးလို့ .. ။

………………………… ……………………… …………………….

` တော် …. ´

ခင်ဗျားတို့ ချစ်တဲ့နွေကို ကျုပ် မုန်းတယ် ။

ကျုပ်

မုန်း

တယ်

….. …. …. …. ….. …. …. …. …. …. … … … …
….. …. …. …. ….. …. …. …. …. …. … … …
….. …. …. …. ….. …. …. …. …. …. … …

ရော်ရွက်ဝါ တစ်ခက် ကယောင်ခြောက်ချား ကြွေတယ် ။

… … …
… …

အပိုင်း ( ၁ )

ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ လိပ်ပြာလေး အတောင်တစ်ဖက် ခတ်ခြင်းက အစပြုသတဲ့လား ။ ကစင့်ကလျား သီအိုရီ ။ ထပ်ညွှန်းကိန်းတွေ တင် ၊ သုံးချက်

( ဟင့်အင်း .. မဟုတ်ဘူး .. ကျုပ်က သူများထက်သာမှ ကျေနပ်တာ ) လေးချက် တွက်နည်းနဲ့ အဖြေရှာကြည့်တော့ အကြွင်းက ကောင်းကင်ဘုံဂဏန်း ။

၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉
၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉
၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉
၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉
၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉
၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉
၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉
၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉ ၁ ၃ ၄ ၂ ၅ ၅ ၆ ၄ ၂ ၃ ၄ ၁ ၉

………………… ………………. ……………… ……………… …………….. …………..

ဘာမှတော့ မဟုတ်ဘူး ။ ကျနော်တို့ သချာင်္တွက်နေကြတာ ။

ကျနော် တို့

ကျနော်

သူမ

ကျနော် မဟုတ်သော သူမ

သူမ မဟုတ်သော ကျနော်

ကျနော် မဟုတ်သော ကျနော်

သူမ မဟုတ်သော သူမ

ကျနော် နှင့် သူမ မဟုတ်သော သူမ နှင့် ကျနော်

သူမ နှင့် ကျနော် မဟုတ်သော ကျနော်နှင့် သူမ

……………… …………….. …………….. ……………..

ရှုပ်သွားလား မိတ်ဆွေ ။ လူ့ဘ၀ ဆိုတာ ရှုပ်ထွေးမှုတွေနဲ့ တည်ဆောက်ထားတာပဲလေ ။ သပွတ်အူ ဆိုတဲ့ ပြတိုက်ထဲက စကားလုံးကို ကျနော် မသုံးဘူး ။

ဒါပေမယ့် လူ့ဘ၀ ဆိုတာ ရှုပ်တယ် ။

လူ့

ဆို

တာ

ရှုပ် တယ် ။

………. ……… ………. ……….. …………. ………… ………
အပိုင်း ( ၂ )

ကျနော် သူမရဲ့ အနက်ရောင် ကျောပိုးအိတ်လေးထဲ ခရမ်းနုရောင် တိမ်တိုက်တချို့ စွန့်ခြွေပြီး ပြန်ခဲ့တယ် ။ အပြန်လမ်းမှာ ဘူတာရုံအိုလေးက မှောင်မိုက်ကွဲအက် လို့ ။

` အ ´

ခလုတ်တိုက်မိတယ် ။ မီးတွေတော့ လင်းမလာဘူး ။ မီးခလုတ်မှ မဟုတ်ပဲလေ ။ အမှောင်ထဲမှာ ( ထပ်ရှင်းပြရရင် ) ခလုတ်တိုက်မိတယ် ။ အမိ တော့ မ `တ´ မိဘူး။

တမလွန်က အမေ့ကို အား-နာ-လို့ ။ အဲ့လိုနဲ့ ကျနော် ဘာဖြစ်တာပါလိမ့် ။ သြော် … ခလုတ်တိုက်မိတယ် ။

ငုံ့ကြည့်မိတော့ ခပ်ကွေးကွေး အရာတစ်ခု ။

သိချင်စိတ်နဲ့ မေးလိုက်တယ် ။

` ခင်ဗျားက ဘာလဲ .. ` ၁ ´ လား … ` င ´ လား … ` ပ ´ လား … ဒါမှမဟုတ် ` ဂ ´ လား … ´

` တစ်ခုမှ မဟုတ်ဘူး … ကျုပ်က အနေအထိုင် မတတ်တဲ့ ကောင် .. ´

( တောင်းဆိုချက် ။ ။ အရာဝတ္ထုများအား `သူ´ ဟု သုံးစွဲခွင့် ပြုပါရန် )

သူက ခပ်ကွေးကွေးလေး ပြုံးတယ် ။

ကျနော် ရယ်ချင်သွားတယ် ။

` အင်း .. ဟုတ်မယ် .. ဒါကြောင့် ခင်ဗျား ခါးကုန်းနေတာ ´

အဲသည့် အနေအထိုင် မတတ်သူကို ထားခဲ့ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာခဲ့တယ် ။ သူများလမ်းတော့ မလျှောက်ချင်ဘူး ။ သူများ ဆိုကတည်းက

ကိုယ်မှ မဟုတ်တာလေ ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ် ခပ်တည်တည် ဆက်လျှောက်လာလိုက်တယ် ။

————- —————- ————— ————– —————- ————- ——–

ဘူတာရုံ လှေကားထစ်မှာ ထိုင်နေတဲ့ တစုံတခု ။

ကိုယ်တောင် မမေးရသေးဘူး ။ သူက သူ့ပါးစပ်နဲ့ သူ လှမ်းပြောတယ် ။

` ကျုပ်က မနာလိုတတ်သူ ဗျ ´

ကျနော်လည်း ကိုယ့်ပါးစပ်နဲ့ကိုယ် ပြန်ပြောရတော့တာပေါ့ ။

` ခင်ဗျားက ၂ (နှစ်) မဟုတ်ဘူးလား ´

` ဘယ်ကလာ .. ကျုပ်က J (ဂျေ) .. ´

` သြ .. သြော် .. ခင်ဗျားက မိုးပြိုမှာ ကြောက်တဲ့ တစ်တီတူး လိုပဲ .. ´

ပြောပြီး ထွက်လာခဲ့တယ် ။ ဟုတ်တယ်လေ ။ အားအားယားယား ခြေထောက် မိုးပေါ်ထောင်ထားတာကိုး ။

သီချင်းလေး ညည်းရင်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာတယ် ။ သီချင်းကတော့ ကိုယ့်သီချင်းမဟုတ်ဘူး ။

ဒါပေမယ့် သီချင်းလေး ညည်းရင်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာတယ် ။

——————— ———————– ————————– ————————

ဟော .. ထပ်တွေ့ပြန်ပြီ .. ။ နောက်ထပ် တစုံတခု ။

ကဲ ပြောစမ်းပါဦး .. ။ ခင်ဗျားကရော .. ? .. ။

` ကျုပ်နာမည်က ၃ (သုံး) .. ။ ခင်ဗျား ပထမဆုံးတွေ့ခဲ့တာ ကျုပ်အစ်ကို ။ သြော် .. ကြုံလို့ ဖောက်သည်ချရဦးမယ် ။

အဲသည့် ကျုပ်အစ်ကိုဆိုတဲ့ကောင်က အောက် – ခြေ – လွတ် နေတာဗျ .. ။ သိလား … ´

ကျနော် မှတ်ချက် ပေးလိုက်တယ် ။

` အင်း .. ခင်ဗျားကတော့ အောက်ခြေမလွတ်ပါဘူး … အောက်ခြေလေး စောင်းနေတာ တစ်ခုပဲ .. ´


အောက်ခြေလွတ်ခြင်း
အောက်ခြေစောင်းခြင်း

…………… ……………… ……………… ……………. …………. …………. ………. ……….

( ကဲ .. သူတို့တွေရဲ့ ခြားနားချက်ကို နှိုင်းယှဉ်ကြည့်ပြီး ခင်ဗျားကိုယ် ခင်ဗျား ပြန်တွေးပါ မိတ်ဆွေ ။ မိမိဟာ အောက်ခြေလွတ်နေသူလား ။ ဒါမှ မဟုတ်

အောက်ခြေစောင်းနေသူလား ဆိုတာကို … )

….

..
.

——————– ———————– ——————— —————— —————
အပိုင်း ( ၁ ) + ( ၂ )

အမျိုးအမည် မသိတဲ့ ဗိုင်းရပ်စ်တစ်ကောင် ကျနော့်နားစည်ကို ကိုက်တယ် ။ ဗိုင်းရပ်စ် ဆိုသည့် Subject သည် ကိုက်ခြင်း

ဆိုသည့် Verb ကို ကျနော်ဆိုသည့် Object အား ပြုလုပ်သည် ။ ဒါက Active Voice ။

မျက်စိရှင်းအောင် Passive Voice နဲ့ ပြန်ရေးကြည့်မယ် ။ ကျနော့်အား ဗိုင်းရပ်စ်က ကိုက်သည် ။

ကျနော့်ကိုယ် ကျနော်ထပ်ပြီး Identify လုပ်မယ် ။

ကျနော်သည် ဗိုင်းရပ်စ် အကိုက်ခံရသူ ဖြစ်သည် ။

…………. ………….. …………….. ……………….. ………………. ………..

အထက်ပါ စာပိုဒ်အား ( သေချာစွာ ) ဖတ်ရှု၍ အောက်ပါ မေးခွန်းများကို ( စဉ်းစားပြီး ) ဖြေဆိုပါ ။

မေးခွန်းနံပတ် ( ၁ )

ကျနော်သည် အနေအထိုင် မတတ်သောကြောင့် ဗိုင်းရပ်စ်က ကိုက်သည် ။

( မှန် ) (မှား)

မေးခွန်းနံပတ် ( ၂ )

ကျနော့်အား မနာလိုသဖြင့် ဗိုင်းရပ်စ်က ကိုက်သည် ။

( မှန် ) (မှား)

မေးခွန်းနံပတ် ( ၃ )

ကျနော်သည် အောက်ခြေစောင်းနေသောသူ ဖြစ်သည် ။ ထို့ကြောင့် ဗိုင်းရပ်စ် ကိုက်ခြင်း ခံရသည် ။

( မှန် ) (မှား)

………………. ………………… ……………… ……………… …………… ……………

အထက်ပါ မေးခွန်းသုံးခုကို ဖြေဆိုကြည့်ပါ ။

သင်သည် အနည်းဆုံးတော့လူ့အသိုင်းအ၀ိုင်းတွင်အနေအထိုင်တတ်လာမည် ။

ထို့ထက်ပိုလျှင် မနာလို ၀န်တိုခြင်း ကင်းလာမည် ။

ထိုမှတဖန် လွန်မြောက်လျှင် သင်သည် သင့်ဘ၀၏ အောက်ခြေထောက်တိုင်ကို အောင်မြင်စွာ တည့်မတ်နိုင်သူ တစ်ဦး ဖြစ်လာပေလိမ့်မည် ။

………………… …………. …………….. …………… …………. ………… ……….. ……….

ကျွန်တော်နှင့် ကယောင်ကတမ်း ၀တ္ထုတိုများ ( ၂ )

ကယောင်ကတမ်း ( ၂ )

အဲသည့်နေ့က နွေခေါင်ခေါင် မိုးရွာတယ် ။ အဲသည့်နေ့က မာယာကော့စကီး ရဲ့ မိုးတိမ်တွေ ဘောင်းဘီချွတ်ထားကြတယ် ။ အဲသည့်နေ့က ကျနော့်ရင်တွေ တော်တော်ခုန်တယ် ။ ( အရင်နေ့တွေကလည်း ခုန်တာပါပဲ ။ ဒါပေမယ့် အဲသည့်နေ့က ပိုပြီးတော့ကို ခုန်တာ ) .. ။ အဲသည့်နေ့က ကျနော် ( တို့ ) အရူးမ ဆိုင် မှာ ice coffee သောက် ( ကြ ) တယ် ။ ကျနော့်ဘေးမှာ လူ ( သို့တည်း မဟုတ် ) အသက်ရှူတဲ့ သတ္တ၀ါ ၊ တစ်ယောက် ( သို့တည်း မဟုတ် ) တစ်ကောင် ရှိတယ် ။ အဲ့ထက် ပိုရင်လည်း ပိုမှာပေါ့ ။ ဒါပေမယ့် ကျနော့် ဘေးမှာ ဘယ်သူမှ ရှိမနေဘူး ။ ကျနော့်ဘေးမှာ ကျနော်တစ်ယောက်တည်း ထိုင်နေတယ် ။ ရုတ်တရက် ကြည့်ရင် ကျနော် တစ်ယောက်တည်း ထိုင်နေတယ် လို့ ထင်ရပေမယ့် တကယ်တော့ ကျနော့်ဘေးမှာ ကျနော် ရှိတယ် ။ ထို့အတူ ကျနော့်ချစ်သူ ( ကျနော်က ချစ်သော ) ကောင်မလေးလည်း ရှိတယ် ။

ကျနော်တို့ ထိုင်နေကြတယ် ။ ဘာအလုပ်မှ မလုပ်ပေမယ့် ထိုင်ခြင်းဆိုတဲ့ အလုပ်ကို လုပ်နေကြတယ် ။ အဲသည့်လို ထိုင်နေတုန်း ဆာတန် ရောက်လာတယ် ။ ` မောဟ တွေ နဲ့ စိုက်ပျိုးထားတဲ့ သစ်ပင် တစ်ပင် လိုချင်လို့ .. ´ တဲ့ .. ။ ကျနော်လည်း ကူညီလိုက်ပါတယ် ။ တတ်နိုင်သလောက် ။ နီးနီးနားနား Junction-8 ကို လက်ညှိုးထိုးပေးလိုက်တယ် ။ အဲသည့်ထဲမှာ ရှိမယ်ထင်တယ် လို့ .. ပေါ့ ။ ဆာတန်က ဘယ်ကြည့် ၊ ညာကြည့် ၊ ဘယ်ပြန်ကြည့် ၊ ညာပြန်ကြည့်ပြီး ကားလမ်းကူးသွားတယ် .. ။ ပြီးတော့ Junction-8 ထဲ ၀င်သွားလေရဲ့ ။ ခဏကြာတော့ သူ့ဆံပင်တွေ ( ဆာတန်မှာ ဆံပင်တော့ ရှိနိုင်ကောင်းရဲ့ ) ကို ထိုးဖွရင်း ပြန်ထွက်လာတယ် ။ ပြီးတော့ Taxi တစ်စီးငှား ၊ သူ့ ခန္ဓာကိုယ်ကို အလျားလိုက် ထိုးသွင်းပြီး ထွက်သွားလေရဲ့ ။ သူထွက်သွားပြီးမှ ကျနော် သတိရလိုက်တယ် ။ ရန်ကုန်လမ်းညွှန်တစ်အုပ်လောက် ၀ယ်ပေးလိုက်ဖို့ကို ပေါ့ ။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ထဲမှာ ရှိတယ်လေ ။

အဲသည့်လိုနဲ့ ကျနော်တို့ ( ကျနော်နဲ့ သူမ ) မာယာကော့စကီး ရဲ့ မိုးတိမ်တွေကို ဘောင်းဘီပြန်ဝတ်ပေးလိုက်ကြတယ် ။ ပြီးတော့ သူမနဲ့ ကျနော် အတူဆက်ထိုင်နေကြတယ် ။ ခုံတစ်လုံးတည်းကို ကပ်သီးကပ်သတ် မျှထိုင်တာမျိုးတော့ မဟုတ် ။ တစ်ယောက် ခုံတစ်လုံးစီနဲ့ ။ ကျနော်တို့ နှစ်ယောက် ထိုင်နေကြတယ် ။ ကျနော်က သူမကို သဘာဝတရားရဲ့ ဖြစ်တည်မှု အကြောင်း ပြောပြတယ် ။ သူမက မန်ယူ-အဲဗာတန် ပွဲမှာ ပယ်နယ်တီနဲ့ ကပ်ရှုံးရတဲ့ အကြောင်း မချင့်မရဲ ပြန်ပြောတယ် ။ ကျနော်က နစ်ရှေးရဲ့ ၀ါဒ တချို့ကို ပြောပြတယ် ။ သူမက ပြည်မြို့က ကောင်မလေးတစ်ယောက်ကို ကြည့်မရတဲ့ အကြောင်း ပြန်ပြောပြတယ် ။ သည်လိုနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခဲ့ကြပေါ့ ။

ညနေစောင်းတော့ ကျနော်တို့ မိုးတိမ်တွေကို ဘောင်းဘီဆွဲချွတ်ခဲ့ပြန်တယ် ။ မာယာကော့စကီးတော့ ဆွေ့ ဆွေ့ ခုန်နေလောက်ရဲ့ ။ မတတ်နိုင်ဘူးလေ ။ တခြား လုပ်စရာမှ မရှိတာ ။ ကြောင်တော့ ရေမချိုးပေးနိုင်ဘူး ။ ကိုယ့်ဟာကိုယ်တောင် အရေပြားအဟောင်းနဲ့ အနိုင်နိုင်ရယ် ။ ကျနော် စကားတစ်ခွန်း ဖွဖွ ရွတ်မိတယ် ။ ` နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာ မိုးတွေ ရွာနေတယ် ´ .. ။ သူမက ၀င်ငြင်းလေ ရဲ့ ။ သမီးကြောင့် မဟုတ်ဘူး .. တဲ့ ။ သူမကြောင့် မဟုတ်သလို ကျနော့်ကြောင့်လည်း မဟုတ်ပြန်ဘူး ။ တကယ်တော့ ကျနော့်သူငယ်ချင်း ဏီအဲY ကြောင့် ။ ကျနော် ထပ်ရွတ်တယ် ။ ` လွမ်းတော်မူလို့ စာကိုစီတယ် ´ ။ ဘာစာတွေလဲ .. တဲ့ ။ သူမက မေးတယ် ။ ဘာစာမှ မဟုတ် ။ နှလုံးသွေးတွေနဲ့ သွန်းလုပ်ထားတဲ့ အသည်းပုံ လက်ဗွေရာ နှစ်ခု ။ ဆရာ ဆူးရစ်နွယ်ရဲ့ ဖန်တီးမှု အနုပညာ ။ သူမ မျက်မှောင်ကြုံ့ ပြီး ကျနော့်ကို ကြည့်တယ် ။သူမ ရဲ့ ဆံပင်တွေကို ကျနော် လက်နဲ့ ဖွပစ်လိုက်တယ် ။ လေပြည်တစ်သုတ်က ကျနော့်ဆံပင်တွေကို ပြန်ဖွပြီး သူမအတွက် လက်စားချေတယ် ။ ကျနော်တို့ နှစ်ယောက် မိုးတိမ်တွေအောက် ဆက်ထိုင်ကြတယ် ။

သည်လိုနဲ့ သူမ ပြန်ရမယ့် အချိန်ရောက်ခဲ့ပြန်ပေါ့ ။ မိုးတိမ်တွေလည်း မရှိတော့ဘူး ။ အိပ်တန်းတက်ကုန်ပြီထင်ရဲ့ ။ အိပ်တန်းတက် တိမ်တစ်မျှင် အကြောင်း ကဗျာရေးဖို့ တေးထားလိုက်တယ် ။ သူမ Taxi Driver တစ်ယောက်နဲ့ စကားပြောနေတယ် ။

( ………. ) ကို ဘယ်လောက်လဲ ။

နှစ်ထောင်ပဲ ပေးပါ ။

အာ .. လျှော့ပါဦး .. သွားနေကြပဲဟာ .. ။

ထောင့်ရှစ်ရာတော့ ပေး ။

လုပ်မနေနဲ့ .. ထောင့်ငါးရာ ထားလိုက် ။

ကားသမား ခေါင်းညိတ်ပြတယ် ။ ကျနော် အတ္တကြီးစွာ ( ကလေးဆန်စွာ ) ၀င်ကန့်ကွက်လိုက်တယ် ။ တစ်ထောင်တန်တစ်ရွက် ၊ နှစ်ရာတန် သုံးရွက်ကို ထိုပုဂ္ဂိုလ်ထံ ကမ်းပေးလိုက်တယ် ။ ပြန်အမ်းငွေကို မယူတော့ ။ ဟုတ်တယ်လေ ။ တစ်ထောင့်ခြောက်ရာတန် ခရီးစဉ်တစ်ခု ဖြစ်အောင် တမင်ဖန်တီးလိုက်တာ ။ သူမက နှုတ်ဆက်တယ် ။ ကျနော် ပြန်နှုတ်ဆက်လိုက်မိသလား ။ ဟင့်အင်း .. မသေချာဘူး ။ သူမကတော့ ကျနော့်အနား မရှိတော့ဘူး ။ ကျနော့်ရင်ဘတ်ထဲက နှလုံးသား တစ်စုံလည်း မရှိတော့ဘူး ။ ထုံးစံအတိုင်း သူမ ရဲ့ အနက်ရောင် ကျောပိုးအိတ်လေးထဲ ပါသွားလေရဲ့ ။

ကောင်းကင်ကို မော့ကြည့်မိတော့ ကြယ်တစ်ပွင့် မပြောမဆို ကြွေတယ် ။ နားထဲမှာ ကြားယောင်မိတာ ဟန်ထွန်းသီချင်း တပိုင်းတစ … ။

` အပြာရောင် မိုးကောင်းကင်
ကြယ်ပွင့်လေးတွေ ကြွေသွားတိုင်း
မပျော်နိုင်ဘူး ကလေးရေ
မငိုနဲ့ မျက်ရည်တွေ သုတ်လိုက်
ဘယ်လိုဝေးသွားလည်းပဲ အဆုံးသတ်တဲ့ထိ ချစ်နေမှာ
ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘ၀လေးရဲ့ ဟိုးအဝေးမှာ ´

ကျွန်တော်နှင့် ကယောင်ကတမ်း ၀တ္ထုတိုများ ( ၁ )

ကယောင်ကတမ်း ( ၁ )

ကဗျာရေးမလို့ ။ ဘောပင်သွားရာကို စာရွက်က လိုက်တယ် ။ ဘာရေးရမလဲ ? ။ စဉ်းစားနေတုန်း ။ မျက်စောင်းထိုးအိမ်က မီးနှစ်ချက် လင်းတယ် ။ မီး (တစ်ချက်) / မီး (နှစ်ချက်) ။ ဘယ်မှာလောင်တာလဲ ။ သုဝဏ္ဏဘက်မှာ ။ ၀င်းအောင် ၊ ၀င်းအောင် ။ ကျစ် .. ဘယ်မှာလဲ မီး .. ။ ၀တ္တရား နှောင့်ယှက်တာလား ။ ဟင့်အင်း .. မဟုတ်ပါဘူး .. ။ ဒီမှာ တကယ်လောင်နေတာ ။ ( ဒီမှာ = ဘယ်ဘက် ရင်အုံ ) ။ သြ … နောက် အကူအညီလိုလည်း ခေါ်လိုက်လေ ။ ကြုံတုန်း ရေလေးတော့ ပက်သွားဦးမှ ။

( အဲ့ မီးသတ်ပိုက်နဲ့ တွေ့မှ ငါ့ ရင်ဘတ် တကယ် စုတ်ပြဲ ….. ခဲ့ ……… တာ )

အင်း ရင်ဘတ်လိုက်ငှားဦးမှ ။ Online ဆိုတာကို ခွစီးပြီး Internet နဲ့ စီးချင်းထိုးလိုက်တယ် ။

C-h-a-t-t-i-n-g …..

` Asl ! .. .ရှစ်ထောင့် သုံးရာ ကိုးဆယ့် ငါးရက် ( ၂၃ နှစ် ) ကျော်ကျော် ၊ မနုဿ ၊ ကိလေသာ မကုန်ခမ်းတဲ့ လူတွေကြား ´

` ရည်းစားတော့ မရှိဘူး .. ငါ့ ရင်ဘတ်ကို ဆွဲထုတ်သွားတဲ့ ကောင်မလေးတစ်ယောက်တော့ ရှိဖူးတယ် … ´

` သြ .. သြ … သြ … အင်း .. အင်း .. ဒါပေါ့ … အင်း … သြ … သြ … အင်း .. ´

` သြ .. ငါလား .. ရုပ်တော့ မချောဘူး .. ဒါနဲ့ .. ရုပ်မချောရင်ကော .. လူ့ အသိုင်းအ၀ိုင်းမှာ အရာမ၀င်တော့ဘူးလား .. ဒါဆိုလည်း စည်းခြားပြီး နေမှာပေါ့ ကွာ .. ´

ဟူး …. တော်ပြီ .. ။ ဘာကောင်မှလည်း မဟုတ်ပဲနဲ့ .. သူတို့ မေးသမျှ ဖြေနေရတယ် .. ။ Chatting ဆိုတာ မေးခွန်းတွေ မြှုပ်နှံထားတဲ့ အုတ်ဂူတစ်ခု ။ Internet ဆိုတာ စူးစမ်းခြင်း ( စပ်စုခြင်း ) တွေ စိုက်ပျိုးထားတဲ့ လွင်ပြင် ။ အချိန်တန်တော့လည်း ကိုယ့်အိပ်မက် ကိုယ်ပြန်နမ်းရုံ ။

လေတစ်ချက် အဝှေ့ ။ အဲသည့် အုတ်ဂူထဲက ဆံနွယ်တစ်ချို့ ယိမ်းနွဲ့ လာတယ် ။ အင်း … ဒီဆံနွယ်တွေကိုတော့ ချစ်ပါရဲ့ ။ ငါ့ နားစည်ကို လောင်စေတဲ့ မင်းနှုတ်ခမ်းတွေကိုတော့ မုန်းတယ် ။ သွား …. လစ်လိုက်တော့ .. ။ ငါ့ကိုချစ်ရင် လျှာခင် ဖြတ်ပြီးမှ ပြန်လာခဲ့ ။

ဒါနဲ့ ဟစ်တလာ ကို Homosexual လို့ ဘယ်သူ ပြောတာလဲ ။ မင်း ၊ ငါ ၊ ငါ ၊ နင် ၊ နင် ၊ မင်း ၊ ငါ ။ တစ်ယောက်ယောက်ပဲ ။ ဘယ်သူလဲ ဆိုတာက ထားဦး ။ ဘာလို့ ပြောတာလဲ ။ မြင်တာလား ၊ ကြားတာလား ၊ အကြားအမြင် ရနေတာလား ။ သူများပြောလို့ လိုက်ယောင်တာလား ။ ကိုယ်တွေ့ ကြုံတာလား ။ သြော် .. အထူးသတင်း ။ အိုဘားမားကို Best-T က ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းလိုက်ပြီဆိုပဲ ။ မှိုချိုးမှာလား / မျှစ်ချိုးမှာလား ။ ချိုးချင်ရာချိုး ။ ငါ့ စိတ်ဓာတ်တွေကို လာရိုက်မချိုးရင် ပြီးတာပဲ ။

အင်း .. တော်ပြီကွာ .. ဒီလောက်ပဲ ..
ဘောပင် မင်ကုန်သွားလို့ … ။

Sunday, July 5, 2009

ရင်ဘတ်နှစ်ခု စီးချင်းထိုးသံ

ငါ့စိတ်ထဲ ဘယ်သူမှ မရှိဘူး ... ။
ငါ့စိတ်ထဲ သူမ မရှိဘူး ... ။
ငါ့စိတ်ထဲ သူမ ရှိတယ် ။

ထို့နောက် အလွမ်းဟုသာ ခေါ်သည် ... ။
ထို့နောက် အိပ်မက်ဟုသာခေါ်သည် .... ။
ထို့နောက် ထို့နောက် ထို့နောက် ... ။

စစ်မ၀င်ခင် ငါ့ခွာသံတွေ ငြီးငြူကုန်ပြီ ..
ဘယ်လိုလဲ ..
ဘယ်လိုလဲ ..
ငါ ဆိုတာ မြှားမပါတဲ့ လေးတစ်လက်နဲ့ ..
စစ်ထွက်ခဲ့တဲ့ကောင် ..

ငါ့ကိုကယ်ပါ ...
ငါဟာ စကားတွေ နင်နေတဲ့ ကောင်
ငါဟာ တိတ်တဆိတ် သေဖို့ ပြင်နေတဲ့ ကောင်
ငါဟာ နင့်နားမှာ ငါ့ကို ကယ်ပါ ...

မ ... ပြော ... ဖြစ်...လိုက် ... သော .. တနင်္ဂနွေနေ့မှာ ....
ငါ က ... မွစာကြဲနေတဲ့ ... ကံဆိုးကောင် ...

ထိုထိုသော ညနေခင်းတွေထဲ ..
ငါ ... ငါ့ ... ဆည်းဆာတွေ ..
နင် နင်းခြေခဲ့ ..

ခွာရာမကျန်တာမဟုတ်ဘူး ...
ငါသုတ်သင်ခဲ့တာ ...
ငါ့ ရင်ဘတ်တစ်ခြမ်းတောင် .. မှိုနံ့တွေ စွဲရော ...

တိုးကျတိုးဆိတ် လွန်းပါတယ် ...
အဲ့ဒီလို ဆွဲလှန်ချလိုက်တော့ ...
တိမ်ပေါ်က ...
ဗီးနပ်စ် ပျောက်သွားတဲ့ လက်တဖက်ကို တွေ့လိုက်ရ ...

အို ... ဗီးနပ်စ် နတ်သမီးရေ ..
သင့် လက်တော်ထဲ ..
ငါ့ ၀ိညာဉ်တို့ ခိုလှုံခွင့် ပေးလော့ ..

သူမ
ငါ ချစ်သော သူမ
KNIGHT သူရဲကောင်း တစ်ယောက်လို ရဲရင့်ချင်ပေမယ့် .. သူမ က ငါ့ကို ဒူးထောက်စေချင်ခဲ့တယ်လေ ..
လဲပြိုရုံပေါ့ ..
ဒီ့အပြင် ဘာများ တတ်နိုင်မလဲ ..

သူမ ...
သူမ ...
ငါ့နားမှာ ပျောက်ဆုံးသွားတာ ...
ဒါဟာ ... ပြသာဒါးမဖြစ်ပါစေနဲ့

မကျေနပ်လို့ ကခုန်လိုက်မှ ..
ကြယ်တွေတောင် အဆုပ်လိုက် ကြွေကုန်တယ် ..
သွား ရော ....
ကမ္ဘာတစ်ဝက် အစိမ်းလိုက် ပျက်တယ် ..

ဘီလူးမရေ ..
စောင်းညင်းသံနဲ့မအပ်စပ်တဲ့
နင့်ရဲ့တေးကို ငါဘယ်လို တီးရပါ့

သွေးတစ်ခွက် ... အရိုးတစ်ဆုပ် နဲ့ .. ငါ ပူဇော်လိုက်တယ် ..
ပလ္လင်တော်ထက်က မဆင်းတဲ့ သူမ ..
ငါ့ ခန္ဓာ ကို .. မရွံ့မရဲ ကြည့်ရဲ့

အတောင်ပံတွေ အဆင့်သင့်ဖြစ်ပါပြီ သခင်မ

ပျံသန်းခြင်းသည်သာ လွတ်မြောက်ရာဆိုရင် ..
ကောင်းကင် တစ်ခွင် .. ငါ့ အတောင်ပံတွေ အဆုံးစွန် ဖြန့်ကျက်ပြီးခဲ့ပေါ့ ..

ရေမပြည့်ပေမယ့် ဘောင်ဘင်မခတ်တဲ့ အိုးအပေါ် .. သရတွေ ယိုင်ကျ ..
ငါ ဆိုတာ .. နင်မပါလို့ မဖြစ်တဲ့ ဆောင်းရာသီ ..

ဟော .. ဟော ..
ငါ့ရာသီထဲ ပတ်ပျိုးတွေလုံးလို့ ..
က ချိုးတွေ ချိုးလို့ ..
ငါ့ကို ရှာနေတာ ... မကောင်းဆိုးဝါးတွေပဲဖြစ်မယ်

သွားးးးးးးးးးးးးးးးးးးး
ထွက်သွားးးးးးးးးးးးးးးးးးးးးး
ငါ့ ဗိမာန်တော်ထဲ .. ၀င်မလာစေနဲ့ ..
ပြဿာဒ်ထက်က တမာန်တော်ကို အမိန့်ပေးလိုက်တယ် ..

အလံဖြူ မထောင်လိုက်နဲ့ ..
လက်ရည်တူ တိုက်ခိုက်တဲ့ ပွဲမှာ ..
အရှုံးဆိုတာ ဘေးထွက်ဆိုးကျိုး တစ်ခု သက်သက် ..


ရုပ်သေး နှင့် ဆူးခက်မင်း ပေါင်းစပ်ရေးဖွဲ့ သည် ။

ကျွန်တော် ဆုတ်ဖြဲခဲ့သော မိုးည

.......... မိုး ..............................................
.............................................................
..................... တ ...................................

...... ချိန် .................................................
.................... က ....................................
.................................. အ ......................
............... တိ .........................................
................................................ ဿ ......
................................ ယ ........................
.... မိုး .....................................................
................... ရေ ....................................
................................................ စက် .....
................................ များ ......................
..............................................................
..........................................................
................................................
..........................................
...............................
......................
.............
.......
...
.


ဝုန်း ...


ရွာချလိုက်တယ် ..
ထို မိုးစက်တွေ
ဖွဲ ၊ ဖွဲ ၊ ဖွဲ ၊ ဖွဲ
ရာမှ ၊ ရုတ်ခြည်း
ညိုမှောင် / မည်းနက်
ဒေါသတကြီး ရွာချလိုက်တယ် ....


အပြင်မှာ မိုးတွေ ရွာနေတယ် ..
ကျွန်တော့် အပြင်လား ?
သူမ ရဲ့ အပြင်လား ?
ကျွန်တော်တို့ နှစ်ယောက်နဲ့ မသက်ဆိုင်တဲ့
အပြင် တစ်ဖက်ဆီမှာလား ?
မ - သဲ - ကွဲ ...


မသဲမကွဲနဲ့ပဲ
ဆုတ်ဖြဲခဲ့တယ် ...
အဲသည့် မိုးညတွေကို ..
တစစီ ၊ တ .... စ ... စီ
လေ .............. ထု ............. ထဲ ....
.......... မျော .............. လွင့် ...............
... မျော ... မျော ... မျော .......... မျော ..
ကသောကမျော နဲ့ ...
လွင့် .......... စင် ...... ပျောက် .......... ပျက် ....


တခါတလေတော့ ..
မိုးတစ်ညမှာ ...
ကိုယ့်ကိုယ်ကိုယ် ဆုတ်ဖြဲ
ကဗျာစာရွက်ပေါ် ..
မျက်ရည်တစ်စက် ..
ခြွေ ချ ချင် ရဲ့ ..
ကြွေ .............. ကျ .......... ချင် ....... ရဲ့ .....

4th July , 09

Friday, July 3, 2009

စနှင့် စ၍ ၊ ဆ နှင့် ဆုံးသော

တိမ်ညိုတွေ မရှိတော့တဲ့ ၊ ညဥ့်ယံ
မှာ ၊ ( ငါ ) တစ်ယောက်
တည်း ၊ လင်း - တောက်
ကာရန် မ/ရှိ တဲ့ ရစ်သမ်ကို
လွမ်း …….. တယ် …
အပြာရောင်လေးကြိုး ၊ ရထားတစ်စင်း
လို ၊ တအူအူ မြည်သံပေး ..
ငါ့ နံနက်ခင်းထဲက ( နေ ) ၊ တိတ် ( တ ) ဆိတ်
ထွက်ခွာ / ခွာထွက် …… သွား …

“ လ နှစ်စင်း အပြိုင်ခတဲ့ နန်းတော်မှာ
နင့် သွေးစက်တွေ ၊ ဝိုးတဝါး စစ်ကြေငြာခဲ့ပေါ့ ”

ပျင်းလို့ ရုပ်ရှင်ဝင်ကြည့်ပါတယ် ..
ပိတ်ကားပြင်က သမ်းပြနေလေရဲ့
စိတ် - လေ - တယ် ။
“ ရုပ်ရှင်လို မဟုတ်ဘူး ၊ အဖြစ်မှန်နဲ့ မတူဘူး..
ဘဝဆိုတာ ပန်းခင်းလမ်းအတိုင်း မဖြစ်နိုင်ဘူး .. ”
မဖြစ်နိုင်မှန်း သိရက် ၊ ကြည့်နေမိ
တဲ့ ၊ ငါက ( ရော ) ၊
ရုပ်ရှင်တစ်ကားလား ? ? ?
ရင်အရှုပ်ခံပြီးတော့ ရုပ်ရှင်မဖြစ်ချင်ရဲ့ ။
ပြဇာတ်လောက်ဆို ၊ မအူမလည် ဝင်ကလိုက်မယ် ။
သြော် ၊ ဘာလိုလို နဲ့ ..
နေကြာစေ့ အခွံတွေတောင် ပက်လက်လန်( ကုန် ) ရော ။

ရော ၊ ရော ၊ ရော ၊ ရော
မနေ့ည ၊ ကြယ်တစ်ပွင့်
အုတ်ရောရော ၊ ဖွဲရောရောနဲ့
ပြုံး - တယ် ။
မဆီမဆိုင် ၊ နင် ၊ နင့် ၊ သွားတက်လေး
သတိရမိပေါ့ …
ချစ်ရပါသော ( __________ )

“ အို … ချစ်သော ဒရက်ကူလာမလေးရေ ..
ကိုက်ဖြတ်လော့ ၊ ဖောက်ထုတ်လော့ ..
ငါ့ လည်မြိုမှတဆင့် ၊ ငါ့ ခန္ဓာတွင်းမှ သွေးတို့အား
စုပ်ယူစားသုံးလော့ ..
ငါ ဆိုတာ ၊ နင် ရှင်သန်ဖို့
သွေးစက်တို့ ၊ စုဆောင်းရာ
သိုလှောင်ရုံ သက်သက် ”

အတောင်မစုံခင် ရိုင်းစိုင်းခဲ့တဲ့နောက်
ငါ ဆိုတာ ၊ နင် မပါလို့ မဖြစ်တဲ့
ယဉ်ကျေးမှုဆိုင်ရာ ဘာသာဗေဒ တစ်ရပ်
အငြင်းပွားမှုတွေ ၊ နေသားတကျ ရှိနေတဲ့ မြို့တော်
မှာ ၊ ငါ တစ်ယောက်တည်း
သဘောတူညီခြင်းတွေ ၊ ပျော်ဝင်နေမိ
ဝင် - ပျော် - နေ - မိ …

ဝိုင်တစ်ခွက်လောက်တောင် ၊ တန်ဖိုး မရှိတဲ့
ငါ့ သွေးသား ( သွေး / သား ) ထဲ
အရိုင်းဆန်ဆန် ဗီဇတွေ ကဆုန်ပေါက်နေရဲ့ …
( စကားမစပ် .. ကဆုန်လမှာ ပေါက်တာ .. ဘာပန်းပါလိမ့် .. )

“ ချိုးဖျက်ခွင့် ကင်းတဲ့ ငါ့ ဂီတအတွက်
ငါ့ တေးသွား .. ပန်းတစ်ပွင့် ဖြစ်စေ ”


သွေးနဲ့ ပျိုးတဲ့ပန်း
နင့် ပြဿာဒ်ထက် ၊ တလွင့်လွင့်
လွင့် ၊ လွင့် ၊ လွင့် ၊ လွင့် ၊ ပွင့်
ပွင့် ၊ ကြွေ
သြော်.. ဘာလိုလိုနဲ့
သည်တစ်နွေတောင် ကိုယ်ပူရှိန်မကျတော့ ..

မိခေတ်နွေ ..
နင့်ရဲ့ ပူလောင်ခြင်းတွေနဲ့ အေးမြစေခဲ့
မိ - ခေတ် - နွေ
နင့်ရဲ့ အေးမြခြင်းတွေနဲ့ ပူလောင်စေခဲ့
မျက်စိတမှိတ် ၊ ငါ့ ရင်တစ်ခြမ်း
ကျော / ဘက် / ကပ်
နောက်ကျောဘက်က ရင်ငွေ့
ရင် / ငွေ့ ၊ အလျှံငြီးရဲ့ ..

တွင်းဆုံးမကျသေးတဲံ ၊ ငါ့ မာန
နင့် ပန်းနုရောင် လက်သည်းခွံနဲ့ တွေ့
မှ ၊ ခြေသုတ်ပုဆိုး ( ကို ) ဖြစ်ရော ။
ကြယ်ရောင်ပျောက်တဲ့ နေ့
ရင်ငွေ့ခမ်းတဲ့ လိပ်ပြာ
ထယ်ဝါမှုတို့ ဆိတ်သုဉ်းရာ နန်းတော်
ထိုထိုသော ကျဆုံးခြင်း ( များ ) ထဲ
ငါ ၊ ငါ့ ၊ အိပ်မက်ဆိုးတို့
တစ်ခါပြန် ၊ နိုး ထ
နိုး-ထ / နိုး …………… ထ …

“ အသင်လောက ..
ထိုအိပ်မက်တို့ ကျဆုံးစေရန် အလို့ငှာ
ချစ်ခြင်းတရားတို့ဖြင့် သီကျူးအပ်သော
တေးတစ်ပုဒ် ပွင့်ထွန်းစေလော့ .. ”

“ တောက် …. ”
သေခြင်းဆိုးမလေး ..
နင်ခိုးယူသွားတဲ့ ငါ့ရင်ငွေ့တွေ ..
ပေး ၊ ပြန်ပေး
ပြန်ပေး ၊ ပေး ၊ ပေးစမ်းကွာ ..

ကြည့်စမ်း ..
လမင်းက တစစီ ပဲ့ကြွေနေလိုက်တာ
ဘုရားကျောင်းက ၊ ခေါင်းလောင်းအိုတောင်
သူ့ကြိုးနဲ့သူ ၊ ကြိုးဆွဲချရဲ့ ..
ခေါင်းလောင်းသံ ( ၁၂ ) ချက် ..
ကတုန်ကယင် ၊ ထွက်သက်

“ ဗင်းဆင့် ဗန်ဂိုး ရေ ..
ခင်ဗျား နားရွက်တစ်ဖက်တောင်
ပင်လယ်ကဗွီးပင်တွေကြား
စမ်းတဝါးဝါး ပြုံးနေပြီ .. ”

ကပ်ဆိုက်နေတဲ့ ၊ ငါ့ နှုတ်ခမ်းတွေ
အတွက် ၊ ဆေးတစ်ခွက်
ပေး ပါ .. ။
ခပ်ရင့်ရင့် ခြွေချခံလိုက်ရ
သော ၊ စီးကရက်ပြာ
မအူမလည် ၊ အူလည်လည်
လေနဲ့ အတူ ၊ လွင့် ၊ လွင့် ၊ လွင့် ၊ သွား ။




လူသေတစ်ယောက် ( ကောင် ) ရဲ့
အေးစက်ခြင်းမျိုးနဲ့
နင်ထားရစ်ခဲ့တဲ့ လွင်ပြင်ကျယ်ထဲ
ပိတ်လှောင်မွန်းနစ် ခဲ့ .. ။

အဝါရောင် မိုးစက်
အင်းလျားကန် တေးသွား
အိပ်တန်းမဲ့ နှလုံးသား
မှောင်အက်အက် ဘူတာရုံ
ကားလမ်းမထက်မှ ခေါက်ရိုးကျိုး လက်ကိုင်ပုဝါ
( နင့် ) သွားတက်ကြားမှ ၊ ( ငါ့ ) ပန်းနုရောင်
ကိုငှက်ကြီး ရဲ့ ကြယ်တွေ စုံတဲ့ည
လွမ်း ၊ လွမ်း ၊ လွမ်း ၊ လွမ်းတယ် ။
ငါ ဆိုတာ ၊ နင့် ပြက္ခဒိန်ထဲက ပြဿဒါးတစ်ရက် ။

ဘာမှ မလုပ်ဘူး ..
ငါ ၊ ဘာမှ မလုပ်ဘူး ..
“ ဘာမှ မလုပ်သူသည် သူတောင်းစား လုပ်ရသည် ။ ”
တဲ့ .. ။
ငါ ဘာမှ မလုပ်ချင်ဘူး ..
( သူတောင်းစားလည်း မလုပ်ချင်ဘူး .. )
ဒီတော့ ..
မင်းကို ချစ်တဲ့ အလုပ်လုပ်မယ် ..
( သူတောင်းစား မလုပ်ချင်လို့ ချစ်တာမဟုတ် ..
ချစ်နေချင်လို့ .. သူတောင်းစား မလုပ်တာ .. )

မိုး ၊ မိုး ၊ မိုး
နွေယောင်ဆောင်တဲ့ မိုး
ရှစ်မိုင်တဝိုက် စီးမျောသွားတဲ့ မိုးစက်တွေ
ထဲ ၊ ငါ့ မျက်ရည်တွေ ရော / နှော
အရောရော / အနှောနှော
အဲသည့် ငြင်းဆိုခြင်း ဖိတ်စာပေါ်
သက္ကလပ်ပန်း အနက်ရောင် ၊ တံဆိပ်ကပ်
တစ်ယောက်တည်း ငိုနေလိုက်တယ် ..။
ညဥ့်ငှက်တွေတောင် တိတ် / ဆိတ် .. ။

“ မျှော်လင့်ခြင်း ကွင်းပြင်
မှောင်ရီပတ်ကြားအက်
ငါတစ်ယောက်တည်း ၊ လင်းတယ် ”

မျှော်ရုံသက်သက် ၊ လွမ်းခဲ့တာဆို
လင့်စင်ထိုးပြီး ၊ တခမ်းတနား လွမ်းမယ်
ခြင်းကြားနဲ့ ခပ်တဲ့ရေ ၊ တစ်ပေါက်စီ
ရှောင်ကွင်းပြီး ၊ စိမ့် ၊ စိမ့် ၊ စိမ့် ၊ စိမ့် တယ် .. ။
ပြင်ဆင်မရတော့တဲ့ ဒုက္ခတွေ ၊ တနင့်တပိုး .. ။

မှောင်လွန်းမက ၊ အမှောင်
ရီဝေဝေနဲ့ ကို ၊ မှောင်တယ် ..
ပတ်သက်မှု ရှိ/ မရှိ ၊ မ / သေချာ
ကြားလိုက်ရတဲ့ အသံတချို့
အက်ကွဲစ ညနေခင်းတောင် .. ပြေး / ထွက် / လွင့် / သက် ။

ငါ မပါတဲ့ ..
တစ်ခုတည်းသော ဆောင်းရာသီ
ယောက်ယက်ခတ် နံနက်ခင်းတွေ
တည်းခိုစရာ ကမ်းပါး လိုက်ရှာ ကြ
လင်းလဲ့လဲ့ မြူခိုးက ၊ ပြုံးတယ် ..
လဲ / ပြို ခဲ့သော ထိုတစ်ဆောင်းအတွက် .. ။



‘ တမာန်တော် မသိလိုက်တဲ့
ငါ့ ရင်ဘတ်
အချိန်မတိုင်မီ ရိတ်သိမ်းခဲ့တယ် ။ ’

တချို့တလေက ပြောရဲ့
မာန်မာန ကင်းတဲ့ ပင်လယ်မှာ
တော်လဲသံ မပေးဘဲ
မ - ပေး - ဘဲ
သိရက်နဲ့ ကူးတယ် .. တဲ့
လိုက်လို့ကို မမီတော့ဘူး
တဲ့ ( ဒဲ့ ) တိုး ( ဒိုး ) သာ ပြော
ငါ့ ပင်လယ် - ဟာ / ဆိုတာ
ရင်ခွင် ပုတ်ပြီး
ဘတ် / ဘတ် / ဘတ် / ဘက် / ဘက်မလိုက်ဘူး .. ။

အစွန်းရောက်ဝါဒီ
ချိန်ခွင်လျှာတောင် တဖက်စောင်းနင်းကို ဖြစ်ရော
မဖြစ် ၊ ဖြစ် ၊ ဖြစ် ၊ ဖြစ်ဖြစ် မဖြစ်ဖြစ်
တိုင်ကပ်နာရီကြားမှ ထိုးထွက်လာသော
မီလုမီခင် ငှက်တစ်ကောင် ။

ရိတ်သိမ်းထားခဲ့
သိမ်းဆည်းထားခဲ့
ခဲ့ ၊ ခဲ့ ၊ ခဲ့တယ် ။
နွေ ….. နင်ဟာလေ ..
တယ်လည်း အလိုက်မသိတဲ့ နတ်ဆိုးတစ်ပါးလိုပဲ ..

‘ အသည်းကွဲ ညနေရီ
ရှိုက်သံတစ်ဝက် ဆည်းဆာနဲ့
နင်မပါတဲ့ ထိုတစ်ညနေ ’

အစိုးမရတဲ့ မိုး
သည်းမိုက်မိုက် ရွာ ..
ကွဲအက်စပြုနေတဲ့
ညနက် ဂစ်တာ
နေနှစ်စင်းနဲ့ လင်းတဲ့ ကောင်းကင်
ရီဝေေ၀ ကျိန်စာသံကြားမှ
ရှိုက်တနင့်နင့် ၊ ငို ၊ ငို ၊ ငို ၊ မိ
သံသေတာတောင် ပြဒါးမဖြစ်တဲ့ ကောင်
တစ်ကောင်တည်းနေ ၊ တစ်ကောင်တည်း သေ လိုက်တော့ ..
ဝက်သစ်ချပင်အောက်က
ဆည်းလည်းသံ အီနွဲ့နွဲ့
ဆာလောင် မွတ်သိပ်ခြင်းတွေ .. အပြည့်
နဲ့ ၊ ငါ့ နောက်ကျော ဓားနဲ့ထိုးလား ( ထိုးရဲ့ )
နင် / ငါ / နောက်ကျောဘက်က ဓားတစ်စင်း
မဖြစ်တော့ ၊ မ … ဖြစ် … တော့ …
ပါရမီဆယ်ပါး မဖြည့်နိုင်တော့
တဲ့ ၊ ငါ့ ခန္ဓာ ပုပ်အဲ့အဲ့
ထိုထိုသော ညနေခင်းတွင်
တစ်ဘ၀စာ လဲမှောင်ခဲ့
ညအလင်းနဲ့ ထင်းတဲ့ ကောင်းကင်
နေမထွက်လည်း လင်းတောက်ကျော့ရှင်းခဲ့ …

“ ငါ ပျော်မွေ့ရာ အစုတို့သည်
ထို စစ်ပွဲအတွက် ဓားတစ်စင်း ဖြစ်စေ ”






ငါ မည်သော ငါ ၏
ပျော်စံရာ ကောင်းကင်တော်၌
မွေ့ယာထက်မှ ၊ မျက်ရည်တစ်စက်
ရာထောင်ချီ ၊ နင့် ကိုယ်သင်းနံ့
အပြစ်မဲ့ ရင်ဘတ် တစ်စုံ ( နှစ်ခု )
စု ၊ စု ၊ စုတေကုန်၏ ။
တို့ထိ၍ မရနိုင်သော ထိုကိုယ်သင်းနံ့
သည်တစ်ညတော့ ဆွတ်ပျံ့ဦးမယ် ။
ထို တစ်ညခင်းတွင်
စစ်ကြေငြာသံ ကြားမိ ၊ မိ ၊ မိ ၊ မိ ။
ပွဲတော်တစ်ရပ် ကျင်းပ ( ကြ ) စို့
အသူရာကမ်းပါးထက်မှာလေ ။
တွက်ချက်စရာ မလိုဘူး ။
ဓားသွားထက်က မျက်ရည်စက် …
တစ်ဆို့ ကြေကွဲနေမှာ ( အမှန် ) ပဲ ။
စင်းလုံးချော အရုဏ်ဦးတွင် ..
ဖြစ်တည်မှု ၀ါဒီတို့ ..
စေညွှန်းဖွဲ့သီ ၊ ဆောင်းငွေ့ဝေသည် ။

“ အဆိပ်ခွက်ထဲက လမင်း
ပြာနှမ်းနှမ်း လင်းတယ် ”

အဆုံးမဲ့ မျှော်လင့်ချက်တွေ
ဆိပ်ကမ်းနဲ့ ၀င်တိုက် / ၀င် - တိုက်
ခွက်ထိုးခွက်လဲ ပျက်သုဉ်းတယ် ။
ထဲထဲဝင်ဝင် ကြည့်မိတော့ ..
ကကြိုးဗိမာန်ထက် က ..
လ တစ်စင်း အဆိပ်မိနေရဲ့ ။
မင်း ၊ မင်း ၊ မင်း ခတ်လိုက်တဲ့ အဆိပ် …
ပြာရီဝေစူး ၊ စူး ၊ စူး ခဲ့ ပေါ့ .. ။
နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ရင်
နှမ်းနှစ်စေ့နဲ့လည်း သိပ်မထူးလောက်ပါဘူး .. ။
လင်းလင်းရှင်းရှင်းနဲ့ကို ၊ အဆိပ်မိ
တယ် ။ အဲသည့် အပြာရောင် လမင်းပေါ့ … ။

“ ဘယ်ဘက်က ချစ်သူရဲ့ လက်
ညာဘက်က ၀ိုင်တစ်ခွက်နဲ့
အိပ်မက်ဆိုးတွေကို သုတ်သင်မယ် ”

ဘယ်ခြေ စလှမ်းတော့
ဘက်မညီတဲ့ အစွန်းတစ်ဖက် ပြိုကျတယ် .. ။
ကသောကမျောပါပဲ ..
ချစ်ခြင်းရဲ့ ကုန်းမြေပေါ် လှမ်းတက် ..
သူမ သွားတက်လေးတွေ
ရဲ့ ၊ လျှို့ဝှက်ချက် ..
လက်တွေ့ကျကျ တူးဖော်မိပေါ့ .. ။
ညာခြေ ထပ်လှမ်းတော့
ဘက်မညီတဲ့ အစွန်းတစ်ဖက် ထပ်ပြိုတယ် … ။
ကသောကမျောပါပဲ ..
ဝိုင်ခွက်ထဲက ဘယ်ရီသီးကို
တစ်တစ်ခွခွ ဆဲပေးလိုက်တယ် .. ။
ခွက်လေးက ရှုံ့ / မဲ့
နဲ့ နေ တဲ့ သူ့မာနကို
အိပ်ယာထက်မှာ ချိုးဖဲ့နေတာ တွေ့ မိ .. ။
မက်လောက်စရာ မရှိပါဘူး .. ။
ဆိုးသွမ်းမှုတွေနဲ့ လှနေတဲ့ လောက ..
တွေဝေစရာ မလိုဘဲ နင်းလျှောက်နိုင်တယ် .. ။
ကိုအမည်မဲ့ ရေ … ခင်ဗျားရဲ့ ကစင့်ကလျား က
သုတ်ခြေတင်နေတဲ့ ကျုပ်အတ္တတွေ ..
သင်ပုန်းကြေစေတယ် .. ။
မယ်မယ်ရရ မရှိတဲ့ ဇာတ်သိမ်းတစ်ပုဒ်လို … ။

“ ငါးတွေက သွေးအေးတယ်
နင်ပြောသလိုဆို
ငါက သွေးဆူလွယ်တဲ့ ငါးတစ်ကောင် ”

ငါးဆိုတဲ့ သတ္တ၀ါ
တွေဝေ / မိန်းမော
ကစင့်ကလျား / ကူးခတ်
သွေးသားထဲ ဗီဇတွေ ရောယှက်
အေးစက်စက်နဲ့ ပြုံး
တယ် ။ ငါလည်း ငါးတစ်ကောင် ။
နင် / ငါ / ငါးတစ်ကောင်ရဲ့ သွေးအေးမှု ..
ပြောလိုက်စမ်းပါ … ။
သဘာဝ မကျတဲ့ သဘာဝ ဆိုတာကြီးကို ..
လိုအပ်ချက်တွေ ပြည့်နေတဲ့
ဆိုလိုတစ်ပိုဒ်လို
ငါ ဆိုတဲ့ ကောင်က တစ်ဝက်တစ်ပျက်
ကကြိုးဆင်ဖို့ ကြိုးစားနေတုန်း ..
သွေးစိမ့်ယိုအက်နေတဲ့ ဂစ်တာတစ်လက်
ဆူလွယ်နပ်လွယ် ရင်ဘတ်အဟောင်းနဲ့
လွယ်လင့်တကူ တီးခတ်
တဲ့ ၊ မည်ကာမတ္တ တေးသွား
ကောင်မလေး ….. နင် ဟာ ငါ့ တေးသွားရဲ့ ဆိုလိုတစ်ပိုဒ် … ။

“ လှိုင်းမရှိတဲ့ ပင်လယ်
ကမ်းဝေးလှောင်အိမ်
နင်မပါတဲ့ ငါ
အထီးကျန်နေတုန်းပဲ ”

လှိုင်းလုံးတွေ တလိမ့်လိမ့်
မလိမ့်တပတ်နဲ့ ၊ ကမ်းစပ်ကို ရိုက်ခတ်
ရှိပြီးသား သံယောဇဉ်တွေထဲ … နင် .. မပါ
တဲ့ .. ပြဇာတ်တစ်ပုဒ် ကမယ် .. ။
ပင်ပန်းတယ်ကွာ .. ။
လယ်မထွန်လို့ နွားမမေ့ဘူး ။
ကမ်းစပ်မြင်တိုင်း နင်ဆိုတဲ့ လှိုင်းကို လွမ်းတယ် ။
ဝေးနေရတဲ့ အချိန်တွေ
လှောင်ပိတ်မူးနင့် နေတဲ့ ညတွေ
အိမ်ပြန်ချိန်တောင် ယိုင်ထိုးခဲ့ပေါ့ … ။
နင်နဲ့ တွေ့တိုင်း ..
မထိန်းချုပ်နိုင်တဲ့ ခံစားချက်တွေ
ပါဝင်မှုမဲ့ ၊ ကန့်သတ်မှုမဲ့
တဲ့ ၊ ကိန်းဂဏန်းတချို့
ငါလေ ၊ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ် တွက်မိတယ် ။
အမြဲတမ်း ရှုံးတတ်တဲ့ ကောင်
ထီးတစ်လက်လို ၊ နင့်ကို မိုးပေးချင်ခဲ့တာ ( နင် သိလား )
ကျန်ရစ်သူတစ်ယောက်ရဲ့ ရင်ဘတ်ထဲ
နေကြည့်စမ်းပါ ။ ငါ .. ကြယ်တွေ ရေနေ
တုန်း ၊ အ၀ါရောင်ဗီးနပ်စ် က နှစ်သိမ့်တယ် ။
ပဲကြီးရည် မသောက်ချင်နဲ့ တဲ့ … ။ ( ငါက အဲ့လိုကောင်လေ )




“ ငါကိုက အမှတ်မရှိတာ
နောက်ကျောကို နှစ်ကြိမ်
ဓားထိုးခံရတာတောင် မသေနိုင်ဘူး ”




ငါ သေသင့်တာ ကြာပြီလေ ..
ကိုသဲမိုးရေ … ခင်ဗျားရဲ့ နတ်ပျိုမ
ကကြိုးဆန်းတွေ မထွင်ခိုင်းနဲ့တော့ .. ။
အသစ်တဖန် မဖြစ်တည်နိုင်တော့တဲ့
မှတ်ဥာဏ်မဲ့ ဦးခေါင်းခွံတစ်လုံး
မရှိ ၊ မရှိ ၊ မရှိခဲ့
ရှိ / မရှိ ၊ မသေချာပေမယ့်
တာထွက်ကတည်းက
နောက်ကျကျန်ခဲ့တာလေ … ( ငါက အဲ့လိုကောင်ပေါ့ )
ကျောဘက်က ဒဏ်ရာစမ်းမိမှ
ကိုရုပ်သေးရဲ့ ကော်ဖီလက်ချောင်းလို
နှစ်ဘ၀စာ ၊ ပြုတ်ထွက်ကုန်တယ် … ။
ကြိမ်နှုန်းမဲ့ လေဖိအားအောက်
ဓားသွားထက်က ကျောရိုးဆစ်တွေ
ထိုးထွင်းသိမြင်ခဲ့ပေါ့ … ။
ခံရပါ များတော့လည်း
ရထားအိုဆီက ဥသြဆွဲသံလို
တာရာ မလင်းတဲ့ ကောင်းကင်ထက်
တောင်တန်းတစ်ဆုပ် ၊ ဖွဖွအုပ်ချင်ရဲ့
မဆက်ဝံ့တဲ့ ဖုန်းနံပတ်ကို
သေအောင်ထိုင်ကြည့် .. ။
နိုင်ထက်စီးနင်း ကံကြမ္မာကို
ဘူးကွယ်ငြင်းပြီး .. ကန်ကျောက်လိုက်တယ် … ။

“ မြင်းရိုင်းတစ်ကောင်
ဆူးပန်းတစ်ခက်နဲ့
( ငါ ) မင်းဆီလာမယ် ချစ်သူ ”

ဆုတ်ချည် / မြုပ်ချည်
လက်တစ်ဖျစ်စာ အင်အားနဲ့
ငါ … ထွက်ခဲ့တယ် ။
ထွက်သက်နဲ့ ၀င်သက်
စုန်ဆန် တိုးညှင်း ..
အဲသည့် တိမ်ညွန့်တွေ တောက်လင်းခဲ့ .. ။
ဒဏ္ဍာရီထဲက နိုက် ( KNIGHT ) သူရဲကောင်းလို
ငါ့ လည်ပင်းသွေး ၊ မြေခ
တစစီ ပြန့်ကျဲ / ကျဲပြန့်
မမီမကမ်း ပြိုလဲသွားတဲ့ ခွန်အားတွေ
ဓားရိုးထက် မှေးထောက်ထားခဲ့ရ .. ။
ဒီလိုနဲ့ …..
ငါ့ အင်ပါယာ နေ၀င်ခဲ့ပေါ့ ….

“ ဖီးနစ်ငှက်လို နုပျိုဖို့
ငါ မီးပုံထဲ ခုန်ဆင်းခဲ့တယ် ”

ဖီးနစ်ငှက်ရဲ့ ဒဏ္ဍာရီ
နစ်ရှေးရဲ့ ၀ါဒ
ငှက်တစ်ကောင် အသွင်ပြောင်
လိုရမည်ရ မီးဖိုထားတယ် .. ။
နုနယ်တဲ့ မီးညွန့်တွေ
ပျိုရွယ်စင် မီးတောက်တွေ
ဖို့သတ်ချင်စရာ နတ်ဘီလူးမလေး
ငါလေ ၊ မျက်စိစုံမှိတ် .. ခုန် - ဆင်း
မီးသင့်သွားသော .. ထိုကြမ်းပြင်ထက်
ပုံလဲ ၊ ကျွမ်းလောင်
ထဲထဲဝင်ဝင် ၊ လောင်ကျွမ်း ၊ လဲပုံခဲ့
ခုန်ဆင်းခဲ့သော … ဆင်းသက်ခဲ့သော
ခဲ့ ၊ ခဲ့ ၊ ခဲ့သော … ငါသည် .. အစိမ်းလိုက် မီးသင့်ခဲ့
တယ် ။
ဖီးနစ်ငှက်မလေး ရေ ..
ငါ ပြန်လည်နုပျိုလာပြီလေ ..
လာလော့
နုပျိုသစ်လွင်သော ငါ၏
ရင်ခွင်ဟောင်းအတွင်း
ပြန်လည် ခိုဝင်လှည့်လော့ ….

ရေသောက်မြစ် မပါသော သစ်ပင်
မသေချာ ၊ သေသေချာချာ
ရှိနေရဲ့ …
ခွေ ၊ ခေါက် ၊ ပြို ၊ လဲ
ခွက်လွတ်တစ်လုံး … ကြည့်နေရုံနဲ့
ရေငတ်မပြေနိုင်
လေပြည်ရယ် .. မင်းချည်တဲ့ကြိုး
ငါ့လည်ပင်းမှာ ရစ်ပတ်နွယ်ငင်
နယ်ရုပ်တစ်ရုပ်လို .. လွယ်လင့်တကူ အစားခံလိုက်ရတယ် .. ။
ဖြည့်ဆည်းလို့ မရသော ကွက်လပ်
ထားရစ် / မေ့လျော့ - ခံ ၊ နယ်ရုပ်
ဒီတစ်ပွဲလည်း ..
အဖြူအမည်း မသဲကွဲဘဲ ၊ ကျရှုံးပြန်ပြီ …. ။

အခုရေးတဲ့ ကဗျာ
အရင် ကဗျာတွေလိုပဲ
အချစ်နဲ့ စ ၊ အလွမ်းနဲ့ ဆုံး
အလွမ်းနဲ့ စ ၊ အချစ်နဲ့ ဆုံး
အချစ် ၊ အလွမ်း ၊ ချစ် ချစ် ချစ် ၊ လွမ်း လွမ်း လွမ်း
ဓာတ်ပြားသံ တဂျစ်ဂျစ် မြည်တယ် .. ။
ရေးရင်း ၊ ရေးရင်း ၊ ရေးရင်း
ငါ့ကဗျာတွေ ၊ ငါ့ ၀ါဒတွေ ၊ ငါ့ သရတွေ ၊ ငါ့ ဖြစ်တည်မှုတွေ
ငါ၌ မရှိသော နင့် သွားတက်လေးတွေ
ငါ မပိုင်ဆိုင်သော နင့် ကိုယ်သင်းနံ့တွေ
ငါ ဆွဲခဲ့ဖူးသော နင့် နားရွက်လေး ..
အားလုံး ..
အား …………. လုံး …
ထစ်
ထစ်
ထစ်
ထစ် - နေ - လို့ …
လေတယ် …
စလုံးနဲ့ စတဲ့ ကဗျာ
ဆလိမ် နဲ့ ဆုံးမယ် ..

“ ဤကဗျာကို မကြိုက်လျှင်
ကျွန်တော့်ကို ဆဲပါ ..
( မတော်တဆ )
ကြိုက်မိသွားလျှင်
ခင်ဗျားကိုယ် ခင်ဗျား ပြန်ဆဲပါ .. ”

ပြဌာန်းချက်မဲ့ ရက်ရာဇာ ( သို့ ) ဗလာဖြစ်တည်မှု

မဖြစ်သင့်တဲ့ အရာတစ်ခုကို ..
( ငါ ... )
ဘာလို့ ရင်ခုန်နေမှာလဲ .. ?
သဘာဝ တရားက ဖြစ်တည်မှုကို ဦးစားပေးထားတယ် ..
ဒြပ်မဲ့ ဖြစ်တည်ခြင်း ..
ငါ .......... တိမ်းမူးတယ် ..
ဘာလို့လဲ .. ? ... မမေးနဲ့ ..
ငါ့မှာ ရပ်တည်မှု မရှိဘူး ..

ငါ .. ရင်ခုန်သံထက် .. မောဟ က ..
ညအခါ .. လသာသာ ..
ငယ်ငယ်တုန်းက ကလေးဘ၀ကို ..
ပြန်တောင့်တသလို ..
ငါဟာ လူမှန်းသိမှ .. လူဆိုတဲ့ မောဟကို ..
ဝါး မျို ရင်း ..
နေ့ ၊ ည ၊ ကာလသုံးပါးကို ..
ပုခက်ဆင် နင်းခဲ့ ..
နင်မသိတဲ့ နေ့ကို စောင့်မျှော်နေတာ ..
တရားလား ? မတရားလား ?
သေချာမသိ ..
သေချာတယ် ..
ဒါ .............
အချစ်တစ်ခု ........... တဲ့ ...

အေး ..
ငါချစ်တယ် .. ( ညီမလေး ... )
မရေရာပေမယ့် သေချာတဲ့ အချစ်တစ်ခုနဲ့ ...
( ငါ ... ) ... နင့်ကို ချစ်တယ် ..
ကြယ်တွေစုံတဲ့ည ..
ငါ နင့်ကို အိပ်မက်မက်တယ် ..
အဖြူရောင် သက်သက် ..
ဘာမှ မပါဘူး ..
ဒါပေမယ့် ...
ကူကယ်ရာမဲ့ မြစ်တစ်စင်းလို ..
နင့်ကို .... ငါ ................... ချစ်တယ် ...

ချစ်တယ် .. ချစ်တယ် .. ချစ်တယ် ...
အချစ်ကို ဖြူစင်စွာ စားသုံးလို့ ..
နင်မသိတဲ့ အ၀ါရောင် ကို .. ငါ .. ကြောက်ရွံ့ ခဲ့ ..
သိလား .. သိလား .. နင်ဆိုတာ ပကတိဖြူစင်တဲ့ အပြာရောင် ..
ထို့အတူ ..
အပြာရောင်ချင်း ပေါင်းစပ်လို့ ..
ပြာလဲ့လဲ့ ကိုယ်သင်းနံ့တွေ ... နင် ... ငါ .. ရမယ်ဆိုရင် ..
နင် ... ငါ .. ရက်ရာဇာနေ့ ..
ဆိုက်ရောက်မယ် ... စိတ်ချ ... ပြောရဲတယ် ..
သေချာခြင်း မက .. သေချာတဲ့ .. ရပ်တည်မှု ..
ဒါ ..............................
အချစ် ပေါ့ .........................................

သေချာပြီလား ? ? ? ? ?
နင့်စိတ်နင် ပြန်တွေး ..
ငါ မြင်တာတော့ အစိမ်းနုရောင် စက္ကူတစ်ရွက် ပဲ ..
ဗလာ ............
ဘာမှ မရှိဘူး ...........
သေချာတာတော့ .. အဲ့သည့် စာရွက်မှာ ...
ငါ့ ချစ်ခြင်းတွေ ရှိနေမှာပဲ ..
တစ်ခွက် .......... နှစ်ခွက် ................ သုံးခွက် ..
ဟော .. ပုလင်းတွေတောင် သိမ်ငယ်လို့ ............
ကာရန်မဲ့ ကဗျာတစ်ပုဒ်ကို ရေးစပ်ရင်း ..
( ငါ ........ ) နင့်ကို ........... လွမ်းတယ် ....

ဗလာ ..
နင်မရှိတဲ့ ဗလာ .. ၊ ငါမပါတဲ့ ထိုဗလာ ..
ဗလာကပွဲ၌ ဗလာတွေ ကပြ .. လို့ ..
ငါ ... ဆိုတာ ....
ဟိုး ... ဟိုး ..... ဟိုး ......... အဝေးက
သစ်ရွက်သေ တစ်ရွက်လို .. နင့်ကို .... တမ်း ......... တ ..
ရင်း ...............
နင်မပါတဲ့ နေ့စွဲအသေတွေ ..
နင်ဆိုတဲ့ ပြဒါးတိုင်အောက်၌ ..
ပြားပြားဝပ်သွားခဲ့တာ ..
ဒီနေ့ ...
၎ ရက် ၊ ၆ လ ၊ ၂၄ ရက် .. လေ ..
နင် သိဖို့က ..
ငါ ... ဆိုတာ ...
ပြဌာန်းချက်ထဲမပါတဲ့ ..
ရက် ... ရာ ... ဇာ ...

ဏီအဲ Y နှင့် ဆူးခက်မင်း ပေါင်းစပ် ရေးဖွဲ့သည် ။

Thursday, July 2, 2009

ကမ်းမြင်သွားသော ကာလတချို့မှာ ...

တကယ်ဆို ငါဟာ
ငါပဲ
မင်းသိပါလေစ
မင်းဟာလေ ငါဆိုတဲ့ မနက်ဖြန်တိုင်းကို အစိုးရစွာ
နင်းခြေခဲ့၊ ဘာငြင်းမလဲ ၊ မငြင်းနဲ့
မင်းရှိမှ ငါဆိုတာကလည်း ဖြစ်လာလေတော့
ငါ့ကိုယ်ငါပဲ ငါအသစ်တဖန် မွေးဖွားလိုက်ပြီ ..

ငါ့ကိုယ်ငါ ပြန်လည် မွေးဖွားခြင်းတွေထဲ ..
နင် ဆိုတဲ့ .. Reborn of Venus ပါလေစ ..
မသိ ... မသိ .. ငါ မသိ ..
ထိုထိုသော .. နတ်သမီးတစ်ပါးကို ..
ပြန်လည် သန့်စင်ရန် ...
ငါ့ကိုယ်ငါ ချေးချွတ် .. တောက်ပြောင်စေ၏ ။

ငါဟာလေ လောကဓံကြား
နင်ရဲ့ ရှင်ပြန်ထမြောက်ခြင်း လက်ဖ၀ါးတွေနဲ့
ထလာခဲ့ပြီ၊
သေချာတာကို ပြောပါဆို
ငါပြောမယ်
နင့်ရဲ့လာရာလမ်းလေးကို မျှော်လင့်နေရတာကိုက
ကျေနပ်စွာထွက်ပေါ်လာသော နိုးထခြင်း
နင်သိလား၊ နင်သိလား၊ နင်သိလား၊
မာနေးမမြင်တဲ့ အရောင်ကို ငါမြင်လိုက်တယ်
ကမ်းမြင်သွားသော ကာလတစ်ချို့မှာပေါ့

ပင်လယ်ကဗွီးပင်များကြားမှ ၀ိညာဉ်တစ်စုံ

ငါ့ကို ပြန်လည်သေဆုံးဖို့ လက်ယပ်ခေါ်နေကြ

သွားးးးးးးးးးးးး

ထွက်သွားးးးးးး

နင် မပါလည်း .. ငါ ဆက် ရှင်သန်လို့ ဖြစ်တယ် ..

နင် မရှိလည်း .. ငါ ဆက် ရုန်းကန်လို့ ဖြစ်တယ် ..

နင် ဆိုတာ .. ငါ့ အဘိဓာန်ထဲ မပါတဲ့ အီဒီယမ် တစ်ခု ..


ဏီအဲ Y နှင့် ဆူးခက်မင်း ပေါင်းစပ်ရေးဖွဲ့သည် ။

အနှိုင်းမဲ့ မေတ္တာတော်ရှင် (အမေ)

အမေ ..
အဲ့သည့် နာမတစ်ခုဟာ ..
ကျနော့်ဘ၀မှာ အမြင့်မြတ်ဆုံးပါ ..
အမေ ..
အမေ မရှိတော့တဲ့နောက် ..
ရေနည်းငါး ဖြစ်ခဲ့တဲ့ ကျနော် ..
ကျနော့် အိပ်မက်တွေ မခမ်းနားတော့ဘူး .. အမေ ..
ကျနော့် ဘ၀ရဲ့ ပဲ့ကိုင်ရှင်မှ မရှိတော့ပဲလေ ..
လွတ်လပ်မှုကို မြတ်နိုးတဲ့ ကျနော်နဲ့ ..
အစိုးရိမ်ကြီးတတ်တဲ့ အမေတို့ အကြား ..
လွန်ဆွဲပွဲတွေကို တမ်းတနေမိတယ် အမေ ..
( ပြန်မရနိုင်တော့ပေမယ့် .. )

ခွင့်လွှတ်ပါ အမေ ..
ကျနော် ငြူစူမိခဲ့သမျှတွေအတွက် ..
ဘာရယ်မဟုတ်တဲ့ ကလေးစိတ်နဲ့ ..
ကျနော် စော်ကားမိခဲ့သမျှတွေ အတွက် ..
ကျနော်ဟာ နွေရာသီရောက်မှ ဆောင်းမနက်ခင်းကို လွမ်းမောတတ်သူလား ..
ကျနော် အမေ့ရဲ့ ချုပ်ခြယ်မှုတွေကို ငံ့လင့်နေမိတယ် အမေ ..
လွတ်လပ်ခြင်းရဲ့ အရသာကို ကျနော် မမက်မောတော့ဘူး ..
ကျနော်လိုအပ်နေတာ အမေ့ရဲ့ ရင်ခွင်ပဲ ..
ဖြစ်နိုင်မယ်ဆိုရင် ပြန်လာခဲ့ပါဗျာ ..
ကျနော့် ဘ၀မှာ အလိုအပ်ဆုံး အရာတစ်ခုပါ ..

အမေ ...
အမေ .......
အမေ ...............
အော်ခေါ်နေမိတယ် ..
အမေ မကြားနိုင်မှန်းသိနေပေမယ့် ..
ကျနော့်အတ္တရဲ့ အလွမ်းပြေ ..
အိပ်မက်ထဲကို တစ်ခေါက်လောက် အလည်လာခဲ့ပါ အမေရာ ..
ကျနော်ဆုံးရှုံးခဲ့ဖူးတဲ့ အရာတစ်ခု ...
ဘာလဲဆိုတော့ ..
အမေ့ကို ကျနော့် ချွေးနည်းစာနဲ့ မကန်တော့ရသေးဘူး အမေ ..
ပြန်လာခဲ့ပါဗျာ ..
ကျေးဇူးပြုပြီး ..
ကျနော့် အိပ်မက်မှာ မှန်အိမ်ငယ်လေး ထွန်းညှိပြီး ကြိုဆိုနေမယ် အမေ ..

( ၁၃.၄.၂၀၀၇ ) တွင် ကွယ်လွန်ခဲ့သော မေမေ့ကို ရည်စူးလျက်