Pages

Subscribe:

Thursday, September 24, 2009

မေး ။ ။ မိုးရွာသော နေ့တစ်နေ့  အကြောင်း စာစီကုံးပါ ... ။

ဖြေ ။ ။

မိုးရွာသော နေ့တစ်နေ့


Photobucket

Wednesday, September 23, 2009

စကားလုံးများ ပြန့် ကျဲနေသည် ..

ပါးစပ်ထဲက ဒေါင်လိုက်ထွက်ကျလာတဲ့
စကားလုံးတွေ ... လုံးကားစ စကားလုံးတွေ ..
လေထုထဲ .. ဆောက်တည်ရာမဲ့ ..
လွင့် / ထွက် ..
ထွက်လွင့်ဖို့  တည်ဆောက်နေကြ ..



အယောင်ယောင် အမှားမှားနဲ့ ကောက်စွပ်လိုက်တဲ့
အဓိပ္ပာယ်တွေကလည်း အဓိပ္ပာယ်သက်သက်ပဲ


မိမွန် ...
နင် ထားရစ်ခဲ့တဲ့ .. တိမ်တိုက်တွေ ..
တိုက် / တိုက် / တိုက် ရင်း ..
အလဲလဲ အပြိုပြို နဲ့  ..
ပြို ပြို ပြီး လဲ ခဲ့ ..


ဒီလိုဆို ငါ့မှာ
ကိုယ်ပိုင် ဆိုတာ ဘာဖြစ်နိုင်လဲ
ဖြစ်နိုင်တာကတော့ င့ါကိုယ်ပိုင်ဆိုတာ
ဒီလိုပဲ


ကိုယ်ကိုယ်တိုင် ပိုင်နိုင်ပြီ ထင်ခဲ့ ..
သို့ သော် ..
ငါ ပိုင်ဆိုင်တာ ဆိုလို့  ..
ငါ ပိုင်ပစ္စည်းတောင် မရှိခဲ့ ..
ရှိ / မရှိ / မသေချာ ..
ထို့  အတူ ..
ငါ့ကိုယ်ငါလည်း မသေချာ ...

မသေချာခြင်းသာသေချာခဲ့တော့
ဝေးရတာပဲကောင်းသလိုလိုနဲ့ လိုအပ်ချက်တွေများလာခဲ့

လိုနေတဲ့ အပ်တစ်ချောင်းကို ..
ကောက်ရိုးပုံထဲ .. မီးထွန်းရှာ ..
ငါ ဆိုတာ .. အနေအထိုင် မတတ်တဲ့ .. ကောင် ..

လို့ လူပြောသူပြောများလာပေမဲ့
လူပြောသူပြောထဲမှာ လူးလူးလိမ့်လိမ့်နဲ့ 
လိမ်ဖယ်လိမ်ဖယ် ဖြစ်ရပြီ

ငါက လိမ်လို့  ..
ငါ့ကို ဖယ်ကြတာလား ..
ငါက ဖယ်ထားလိုက်လို့  ..
ငါ့ကို လိမ်နေကြတာလား ..
မသဲကွဲ ..
မသဲမကွဲနဲ့ပဲ .. ဆက်လိမ်လိုက်တယ် ..
မသဲမကွဲနဲ့ပဲ .. ဆက်ဖယ်လိုက်တယ် ..

နောက်ဆုံး …
သဲကွဲသွားတာက ..
အိပ်မက်မြစ်ရဲ့  တစ်ဖက်ကမ်းက ..
ပြေလျော့လျော့ ကမ်းပါးစွန်း တစ်ခုပေါ့ ..

( သုဏော်စိုင်း နှင့် ပေါင်းစပ်ရေးသားသည် )

သားငယ် သို့  အိတ်ဖွင့်ပေးစာ

သား ..

သားအတွက် ..
အဖေ့အတွက် .. ညဥ့်နက်တွေ ထုပ်ပိုးထားတယ် ..
အလိုက်သင့်ပဲ .. ကောက်ဆွဲ .. ထွက်သွားနိုင်ရဲ့  ..
ဒီလိုပါပဲ ..
ဘ၀က .. မလှမပ .. ခါးသက် ..

မင်းအတွက် .. အဖေ က ..
ဓားးတစ်လက် ဖြစ်နိုင်တယ် ..
ကော်ဇောတစ်ချပ် ဖြစ်နိုင်တယ် ..
လှေကားတစ်စင်း ဖြစ်နိုင်တယ် ..
ဓူဝံကြယ် ဖြစ်နိုင်တယ် ..

အဖေ ဆိုတဲ့ ..
ဓားကို ကိုင်ဆွဲ ၊ ဘ၀ တိုက်ပွဲ
တွေ ၊ နွှဲလိုက် သားငယ် ။

အဖေဆိုတဲ့ ကော်ဇော တစ်ချပ်
ကို ၊ ချ / ခင်း ။
ခရောင်းလမ်းတွေ နင်းလျှောက်
လိုက် ၊ သားငယ် ။

အဖေ ဆိုတဲ့
လှေကား တစ်စင်းကို ၊ ဖြတ် / နင်း ။
မင်း ဘ၀ / မြင့်မားအောင်
နင်းဖြတ် လိုက် ၊ သားငယ် ။

အဖေ ဆိုတဲ့ ဓူဝံကြယ် အားကိုး
နဲ့ ၊ ညနက်တွေ
ထဲ ၊ မကြောက်မရွံ့  ၊ ဖြတ်သန်း
လိုက် ၊ သားငယ် ။

ဒီလိုပါပဲ ..
ပုခုံးတွေ အသားမာ တက်
တဲ့ အထိ ၊ မင်းကို ထမ်း / ပိုး ။

အချိန်တန်တော့လည်း ..
ရင်ခွင်ကို စုံကန်
ပြီး ၊ ပျံသန်း သွားလိုက်ပါ့ သားငယ် ။

နောက်ဆုံးတော့ ။
လှေကားရင်း မှာ
ကော်ဇောစုတ် တစ်ချပ် ၊ ခင်း ။
ဓားတစ်လက် ဖက်တွယ်
ပြီး ၊ ဓူဝံကြယ် ကို မော့ / ကြည့်
အဖေ တစ်ယောက်တည်း ၊ ဆေးလိပ်
ထိုင် ဖွာ နေ မိ ။

ဟော ...
အခန်းထဲက ချောင်းဆိုးသံ
သဲ့ / သဲ့ / သံ ။

အမေကြီး ရေ ...
ဒီ လကုန်တော့ ၊
မင်း သားငယ် ၊ အလည် တစ်ခေါက်
ရောက်နိုင်ကောင်းရဲ့ ကွယ် ။

Friday, September 18, 2009

ငါးမျှားထွက်ခြင်း

ကျွန်တော် ..

မြစ်ကမ်းနံဘေး ..

ငါးမျှားချိတ် ...

ဘ၀ ...

...........................

Monday, September 14, 2009

အရာရာဟာ အရင်လို မဟုတ်တော့



၂၀ . ၁ . ၂၀၀၈


( ၁ ) နှင်းဆီနီ

( ၂ ) အပြာနုရောင် တိမ်တိုက်

( ၃ ) ချုပ်ရိုးမဲ့ တေးသွား

( ၄ ) ဗီးနပ်စ် ၀တ်လဲတော်

( ၅ ) ပန်းနု လေပြည်

( ၆ ) တွင်းနက်ထဲမှ အစိမ်းရောင် စက္ကူတချို့ 

( ၇ ) ကြမ်းပြင်ထက်မှ ကြိုးတစ်ချောင်းတပ် အင်္ကျီ



၂၀ . ၁ . ၂၀၀၉



( ၁ ) ဖြူလွှလွှ ဟမ်းလော့ခ် ပန်း တစ်ပွင့်

( ၂ ) တိမ် ဟု သတ်မှတ်နိုင်သော ညိုညစ်ညစ် အစိုင်အခဲများ

( ၃ ) တစ္ဆေည ပွဲတော်သံ

( ၄ ) အိတ်ကပ်မဲ့ အင်္ကျီဟောင်းတစ်ထည်

( ၅ ) လေနီကြမ်းကြားမှ အေးစက်စက် ၀ိုင်တစ်ခွက်

( ၆ ) ထိုတွင်းနက်ထဲ လဲပြိုသွားသော ကျွန်တော်

( ၇ ) အနားတွင် ဗလာဆိုသည့် အရာသာ ရှိနေသည် ...

Friday, September 4, 2009

The Softer Side - Avril Lavigne

01 – When You’re Gone
02 – Naked
03 – Don’t Tell Me
04 – Fall To Pieces
05 – Nobody’s Home
06 – Innocence
07 – Mobile
08 – I’m With You
09 – Who Knows
10 – Keep Holding On
11 – Slipped Away
12 – Knockin’ On Heavens Door (live)
13 – I Will Be
14 – The Scientist – (Originally by Coldplay)
15 – Why?
16 – Things I’ll Never Say (live)



Download

part - 1

part - 2

part - 3



Shared By MMA

.

Thursday, September 3, 2009

CITY FM 7th ANNIVERSARY

၀၁ အချစ်ရှုံးသမား ဒဿဂီရိ – အကော်ဒီယံအုန်းကျော် ၊ သားစိုး ၊ Jenny
၀၂ မင်းဆန္ဒ – အာဇာနည်
၀၃ အမြဲတမ်းယုံ – စိုင်းစိုင်းခမ်းလှိုင် ၊ သီရိဆွေ
၀၄ Where you going- သံသာဝင်း ၊ ဂျောက်ဂျက်
၀၅ ယုံရဲ့ လား – L ဆိုင်းဇီ
၀၆ နည်းနည်းလေးပဲ – ဟဲလေး ၊ ရဲလေး
၀၇ အရင်လိုပဲ အရင်အတိုင်းပဲ – ရေဗက္က၀င်း
၀၈ှ့သတ ပွဲ – ကြက်ဖ ၊ G Tone
၀၉ သူစိမ်းတစ်ယောက်လို – Jelli၊ ဆုပွင့်ဦး+သဲထက်ဦး
၁၀ မိန်းမယူရင် စဉ်းစားဖို့ လိုမယ် – အနဂ္ဂ ၊ ဖြိုးကြီး
၁၁ အချစ်ဖေါ်ကောင် – L လွန်းဝါ ၊ မယ်လိုဒီ
၁၂ လက်ဆောင် – ခွန်းဆင့်နေခြည် ၊ ယုန်လေး
၁၃ အသက်မဲ့နေ့ ညတွေ – Jenny ၊ စိုးရန်အောင်
၁၄ လက်ရှိ – ဆုန်သင်းပါရ် ၊ ဆုပန်ထွာ


Shared By MMA


Download ရယူရန်

သမားရိုးကျ မဟုတ်သော .. သမားရိုးကျများ

စိမ်းစိုနေတဲ့မျက်ဝန်းတစ်စုံ

ခဏလောက်ငှားရမ်းပါလား

ဟောဒီ..ရင်ဘတ်စုတ်ထဲမှာ

မီးထွန်းထားချင်လို့ ။



စိမ်းစိုနေတဲ့မျက်ဝန်းတစ်စုံ

ခဏလောက်ငှားရမ်းပါလား

ဟောဒီ..ရင်ဘတ်စုတ်ထဲမှာ

မီးထွန်းထားချင်လို့ ။




မလင်းပေမယ့် ... ငါ ဆိုတဲ့ အမှောင်ထုမှာ ..

တလဲ့လဲ့ .. မလဲ့တလဲ့ ..

ထွန်းချင်မိ ..



သိပ်မတွေးနဲ့

နာကျင်စရာတွေများလာရင်

နာကျင်ခြင်းတွေဟာသူ့အလိုလိုလျော့ပါးသွားမှာပါ ။




ဟင့်အင်း ..

ငါ ဆိုတာ .. အတွေးတွေ .. အိတ်ကပ်ထဲ ထည့် ..

မတော်တဆ .. တိုက်ဆိုင်ရင်း ..

လမ်းပျောက်နေသူပေါ့ ..




ဒီလိုထင်ရင်မှားသွားမှာပေါ့ကွယ် ။

ငြိမ်သက်နေတာကမှပိုကောင်းမယ်ဆိုရင်

စိတ်ကိုအတတ်နိုင်ဆုံးလျော့ချ

ပိုနေတဲ့လေကို

အားပါးတရ ထုတ်

ငါ ဆိုတဲ့ကောင်က

သွေးနွေးသတ္တ၀ါလား

သွေးအေးသတ္တ၀ါလား

ငါ့ ကိုယ် ငါ မေးခွန်းပြန်ထုတ်

နူးညံ့ပျော့ပြောင်းစွာ

ရီမောချင်ပါသေးတယ်




ငါးတွေက သွေးအေးတယ် ..

နင် ပြောသလိုဆို .. ငါက သွေးဆူလွယ်တဲ့ ငါးတစ်ကောင် ..

နင် / ငါ / ငါး တစ်ကောင်ရဲ့  သွေးအေးမှု ..

တစ်ရစ်ချင်း ... လှိုက်စား ခဲ့ ..




ဒါတွေဟာ

စကားလုံးများသက်သက်မဟုတ်ကြောင်း

ဝိ၀ါဒကွဲလွဲမှုရှိကြောင်း

အနာပေါ်တုတ်ကျသွားတဲ့

တစ်ခန်းရပ်ပြဇာတ်မဟုတ်ကြောင်း

မျက်မြင်သက်သေခိုင်လုံစွာ

Replay ပြန်ပြဖို့လိုပါလိမ့်မယ် ။

တစ်ကပြန်စချင်တိုင်း

ဇာတ်သိမ်းခန်းကိုဖြစ်သလိုဖန်တီးလို့မရ




နောက်ဆုံးတော့ ...

သမားရိုးကျ ပါပဲ ..

ပါးစပ်ထဲက သွေးတွေထွက်တယ် ..

မင်း အမေဆိုတဲ့ အန်တီကြီးက .. နှလုံးရောဂါရှိတယ် ..

ငါ ဆိုတဲ့ ကောင်က .. လမ်းဘေးက အညတြ တစ်ယောက် ..

အားလုံး သမားရိုးကျပါပဲ ..




သမားရိုးကျနေ့ရက်တွေထဲက

နေထိုင်မှုသမားရိုးကျများစွာဟာ

သမားရိုးကျဖြတ်သန်းရမှုတွေနဲ့

နေ့တိုင်းထိတွေ့နေရတဲ့သမားရိုးကျအတွေ့အကြုံကိုသာ

ပိုင်ဆိုင်ခွင့်ရရှိစေခဲ့ပြီး

သမားရိုးကျဘ၀ကိုသာ

သေတစ်ပန်သက်တစ်ဆုံးပေါင်းသင်းခဲ့ကြရတယ်

ရာသီတွေသမားရိုးကျကူးခုန်

ပြီးတော့...

သမားရိုးကျနေထိုင်စားသောက်အသက်ရှင်

ပြီးတော့..

သမားရိုးကျရှင်သန်မှုတွေနဲ့

သေခြင်းကလဲသမားရိုးကျသစ္စာရှိလှပါလား...........




ဒီလိုနဲ့ ..

ငါတို့တွေ မဆုံးနိုင်သော ..

သမားရိုးကျတွေထဲ ..

မယောင်မလည် …

ဆန်းသစ် … သစ်ဆန်း ..

မဆန်းမသစ် .. မသစ်မဆန်း နဲ့ ..

သမားရိုးကျထဲမှာ .. မဖောက်ထွက်နိုင်တော့ ..

မ - ဖောက် - ထွက် - နိုင် - တော့ ….




သိပ်မတွေးနဲ့

နာကျင်စရာတွေများလာရင်

နာကျင်ခြင်းတွေဟာသူ့အလိုလိုလျော့ပါးသွားမှာပါ ။


+++++++++++++++++++++++++++++++++++++++

အမည်မဲ့

ဆူးခက်မင်း

.