Pages

Subscribe:

Thursday, March 29, 2012

လူပြောသူပြောများနေတဲ့ ဧရာဝတီ အကြောင်း

ကိုယ်က မြစ်ဝကျွန်းပေါ်သားလည်းမဟုတ်ဘဲ ၊ ဧရာဝတီအကြောင်း

လက်ခမောင်း ထခတ်တော့ ၊ ရာသီစာလိုလို ၊ အုတ်တစ်ချပ် သဲတစ်ပွင့်

လိုလို ၊ ဧရာဝတီဟာ ကိုယ့်အတွက်တော့ ကျောင်းသုံးစာအုပ် ၀ါဖန့်ဖန့်

ထဲက စာလုံးမည်းမည်း/ဖျော့ဖျော့ တွေ ၊ ကိုငှက်ရဲ့ သီချင်းထဲကလို

ရာဇ၀င်များရဲ့ သတို့သမီး ၊ အောက်ပါကုန်ပစ္စည်းအား

နိုင်ငံတော်အာဏာဖြင့် ဖျက်သိမ်းလိုက်သည် ၊



Ayeyarwaddy 2 In 1 Instant Coffeemix

Ingredients => MayKha + Malikha



စပါးကျီပြိုတော့ ကြွက်တွေပျော်ကြ ၊ ၂၀၁၁ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ

အတွက် ရေပန်းအစားဆုံးဇာတ်ကားမှာ "ရေကာတာကြီး ဆောက်ကြမယ်" ဟု

အမည်ရပြီး ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို

"ကျွန်တော်လည်း ဧရာဝတီကို ချစ်တာပါပဲဗျာ" ဟု မျက်ရည်လည်ရွဲ

ငိုယိုပြောဆိုခဲ့သော နိုင်ငံကျော်မင်းသားချော ... ၊



"မင်းသားလေးလို့ မှတ်ထင်ထားပါတယ် ××

လိမ်တယ်ညာတယ် ရေကာတာဆောက်တယ် ××"



"ဧရာဝတီ ×× ရာဇ၀င်များရဲ့ သတို့သမီး ×× ငါတို့ရဲ့ ၀ိညာဉ် ××"



ကိုယ်တို့လည်း လိုက်ပါငိုကြွေးကြမယ် ၊ ကိုယ်တို့လည်း လိုက်ပါပူဆွေးကြမယ် ၊

ဧရာဝတီရဲ့ ဈာပနကို လိုက်မပို့ပါရစေနဲ့ ၊ စပါးကျီ ၊ အသက်သွေးကြော ၊

ရာဇ၀င်ထဲက သတို့သမီး ၊ ဧရာဝတီ ကျန်းမာပါစေ ၊

ဒီကဗျာက ဒေါ်ကြည်ကြည်လွင် တိုက်တွန်းလို့ ရေးဖြစ်တဲ့ ဧရာဝတီအကြောင်း ။



ဆူး ခ က် မ င်း

29082011

0 မှတ်ချက်များ:

Post a Comment