အမေ့သွေးက ချိုသလောက်
ကျွန်တော်သောက်နေတဲ့ အရက်က ခါး တယ် ။
သား .. နင် ဒီအရည်တွေ သောက်လာရင်
ငါ့ အိမ်ရိပ် မ နင်း နဲ့ ။
နင်တို့အဖေ အရက်သောက်တာ နင့်တစ်သက် ကျော် ပြီ ။
နင်သောက်လာရင် အိမ်ပေါ်လေးဘက်ကုန်းပြီး မတက်ခဲ့နဲ့ ။
လမ်း ၄၀ ထိပ်မှာ ၊ ပိတောက်ရိပ်မှာ
အမေ မရှိတော့တဲ့ အမေ့အိမ်မှာ
ကျွန်တော်သောက်နေတာ အမေကျခဲ့တဲ့ မျက် ရည် တွေ ။
တခါတခါ လွမ်းလာရင် သတိရလာရင်
သားမျက်ရည်တွေက မြေ မ ခ ။
စိတ်မှာ ငိုနေတာ ဘယ်သူသိလဲ ။
အမေမရှိတော့တဲ့လမ်းက မှောင် ၊ လူကလည်း နဂိုက ခပ်ကြောင်ကြောင် ၊
အမေ့အတွက်တော့ သား သတ္တိရှိချင်ယောင် ဆောင် နေ လိုက် တယ် ။
မျက်ရည်ကတော့ သက် သေ ပေါ့ ။
ကျွန်တော်က အမေ မစားသွားတဲ့ သစ် သီး ။
ဒိုင်ယာရီ လှန်လိုက်မိတိုင်း အတိတ်ဟာ
အမြန်ရထားတစ်စင်းလို ဆိုက် ရောက် လာ တယ် ။
အမေသုံးနေကျပစ္စည်းတွေ -
အရက်ပျံမီးခွက် ၊ သွေး/ဆီးချိုတိုင်း ကိရိယာ ၊
အေးစက်နေတဲ့လက်က အမေလား ၊ ကျွန်တော်လား ။
Hypo ရတိုင်း အမေသောက်တဲ့ စပါကလင် ၊
အစာမစားဘဲသောက်တဲ့ အလွန်အကျွံ မက်ဖော်မင် ၊
အမေ ပြန်မလာပေမဲ့ သား မျှော် နေ သေး တယ် ။
အမေ မကြိုက်တဲ့အရက် သား သောက်နေတယ် ။
အမေ မကြိုက်တဲ့ ကဗျာလမ်း သား လျှောက်နေတယ် ။
ကဗျာဆရာတိုင်း အရက်မသောက်သလို ၊
အရက်သမားတိုင်း ကဗျာမရေးဘူး မေမေ ။
သောကြာကြယ်တွေနဲ့ မိုး ထား တဲ့ သားတို့အိမ်လေးမှာ
သနပ်ခါးရနံ့တွေ မရတာ ကြာ ပြီ ။
အမေ့ရဲ့ ဒုက္ခအိုးလေးတွေပေါ့ ၊
သားမှာရောင်းစရာ ဂုဏ်သိက္ခာ မ ရှိ ဘူး ။
သားရဲ့ ဂုဏ်သိက္ခာက အမေပဲ ။
သားရဲ့ စိတ်စုဗူးထဲ အမေဟာ နေ့ စဉ် ရက် ဆက် ၊
လွင့် ပျံ့ လာ တုန်း ။
အမေမပါတဲ့ ဘွဲ့နှင်းသဘင် ၊ စာသင်ဖို့သွားတဲ့ လေဆိပ် ၊
အမေ့ဆန္ဒတွေ ဖြစ်လာတဲ့ အ ချိန် ၊
သားရဲ့ ချုပ်တည်းနိုင်မှုမှာ ဂဏှာမငြိမ်နိုင်ဘူး ။
သားဘ၀ကိုက ရေနည်းတော့မှ ကူးခတ်နိုင်ခဲ့မိတာ ။
ကျွန်တော့်ကို ပေါင် ၁၀၀ ကျော်တဲ့ထိ အမေ ကျွေး ခဲ့ တယ် ၊
အမေ့ရဲ့ ပေါင် ၄၀၀ ကျော် ရုပ်အလောင်းကို မ ပြီး ၊
ကျွန်တော် ပြေး ခဲ့ တယ် ။
ကျွန်တော့် ညာဘက်လက်ဖျံမှာ ၊ အမေ့ရဲ့ ထွက်သက်တွေ
ေ ႏြ း ေ ထြ း ေ န တု န်း ပဲ ။
ဘ၀မှာ ကောင်းမွန်စွာနေဖို့ မြေဘယ်နှဧက လိုသလဲ ။
ကျွန်တော့်အတွက် ခြေနှစ်ဖက်စာ ၊
အမေ့အတွက် မြေတစ်ကွက်စာ ၊
ရေချိုးပြီး သန့်စင်ချိန် ရုပ်ခန္ဓာ ။
ငြိ မ်းေ အး စွာ အိ ပ် ပါေ လာ့ ။
ဘုရား ၊ တရား ၊ သံဃာရှိလည်း အမေ့လောက် သူတို့ မနွေးထွေးဘူး ။
ဘ၀ ဆိုတာ ဆေးလိပ်မီးခိုးတွေလို ခ ဏ ။
ပြန်မရတာက ပျော်နေခဲ့တဲ့ အ ခိုက် အ တန့် ။
အမေရေ ......... ပျော်သည်ဖြစ်စေ ၊ မပျော်သည်ဖြစ်စေ ၊
သား နေတတ်အောင် နေ ပါ့ မယ် ။
ဆူး ခ က် မ င်း / ဖိုး သ င်္ကြ န် /ေ မာ င် သ က် အိုး
F T S O L
၂ ၂ ၀ ၈ ၂ ၀ ၁ ၁
PS: ဆူးခက်မင်းရယ် ဖိုးသင်္ကြန်ရယ် မောင်သက်အိုးရယ် လမ်း ၄၀ ထိပ်က
ပိတောက်ရိပ် ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ သောက်ဖြစ်ကြတယ် ။
သုံးယောက်လုံးက အမေ မရှိတော့ဘူး ။ သုံးယောက်လုံးရဲ့ အမေတွေက
ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ပျက်ပြီး ဆုံးသွားခဲ့ပြီ ။
သုံးယောက်လုံးမှာ အစ်ကိုတစ်ယောက် အစ်မတစ်ယောက်ရှိတယ် ။
သုံးယောက်လုံးက တော်တော် တိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေ ။
သုံးယောက်လုံးပေါင်းပြီး နာကျင်နေတဲ့ ရင်ဘတ်တွေနဲ့ ရေးထားတဲ့ကဗျာ ။
ခင်ဗျားတို့ ဖတ်ကြည့်ပြီး သဘောပေါက်မှာပါ ။
Thursday, March 29, 2012
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment