စားပွဲပေါ်မှာ ခရီးသွားသလိုလို သက်ရောက်စေမယ့် ငြိမ်သက်မှုကလည်း စောင့်မျှော်နေခဲ့တယ် သေတ္တာဟောင်းတစ်လုံးရဲ့  အိုမင်းမှုဟာ ဆံဖြူတွေ အထွေးလိုက် ခရီးထွက်ခွာသွားသော ငြိမ်သက်ဆိတ်ငြိမ်ခြင်းများ အဲ့သည့်မှာရောက်လာတဲ့ အနွေးငွေ့  ငြိမ်သက်ခြင်းတွေ ကွာကျလာတော့ မနက်ဖြန်ဆိုတာ ရုပ်လုံးမပေါ်တော့ဘူး ခန္ဓာကိုယ်ဟာ ပူနွေးလာတယ် နေခြည်များ ဖြာကျနေလို့လား ငြိမ်သက်ခြင်းတွေများ ကွာကျနေလို့လား ရုပ်လုံးမပေါ်တော့သော မနက်ဖြန်များထဲ နေသားတကျ ကြမ်းကြမ်းရမ်းရမ်း မုန်တိုင်းရဲ့ ဗဟိုချက်မဟာ ဘယ်ကိုဦးတည်တော့မယ်ဆိုတာ ဘယ်သူသိမလဲ လွတ်လွတ်လပ်လပ် သေပစ်လိုက်ဖို့ အစွဲတွေအားလုံးကို လက်လွှတ်ပစ်လိုက်သလိုမျိုး နေသားမကျခြင်းများထဲ နေသားတကျပျော်ဝင် မိတ်ဟောင်းဆွေဟောင်းတချို့ နဲ့ တိုင်ပင် လက်လွှတ်ပစ်လိုက်သလိုမျိုး နေသားမကျခြင်းကို ရင်ဘတ်ထဲနောက်ပြန်ပစ်ထည့်လိုက်တော့ ငါနေသားတကျမပျော်ဝင်နိုင်တော့ဘူး မြင်မြင်သမျှဟာ ANO ရဲ့ ပန်းချီကားထဲကလို ခရမ်းရောင် စိတ္တဇအပူ မီးဟာ ပူပြင်းလို့မဆုံးနိုင်တော့ဘူး သိမှုဗေဒရဲ့ ခရမ်းရောင် စိတ္တဇအပူ မီးဟာ ပူပြင်းလို့ ခပ်အေးအေး နေဝင်တာကိုငါမျှော်ကြည့်ချင်နေတော့ ရယ်ရပါတယ် သိပ်ကိုရယ်ရလွန်းပါတယ် အဲ့ဒီလိုပဲ ငါ ပြောပြောပြီး ရယ်ပစ်လိုက်ချင်တယ် ဟားတိုက်ပြီး တဟားဟားနဲ့ မဟားဒယား ရယ်ပစ်လိုက်ချင်တယ် ရစ်လိုက်ချင်ပါရဲ့  ဇာတ်လမ်းတစ်ပုဒ်လို ကွေးနေအောင်ကပြီး နင့်မသမာတဲ့ စိတ်အဆုံးထိ ငါက အရင်လိုပဲ ရမ်းကားတယ် ငါက အရင်လိုပဲ လမ်းသလားတယ် ငါက အရင်လိုပဲ အရမ်းများတယ် တော်ရုံတန်ရုံပဲကောင်းတယ် နင့်မျက်လုံးရဲ့ အနောက်မြောက်ထောင့်က ငှက်ဆိုးတွေကို မောင်းထုတ်ပစ်လိုက်တော့ မမြင်ရတဲ့ နေရာကတစ်ယောက်ယောက်စောင့်ကြည့်နေသလိုမျိးငါ့ကိုငါ မလုံဘူးဆိုတော့ ငါမမြင်ရတဲ့အကွယ်မှာ ဘာတွေရှိနေတာလဲ
ဆူး ခ က် မ င်း ၊ေ အာ င် ချ မ်း ငဲ
ဖေဖော်ဝါရီ ၊ ၂၀၁၂ ။
0 မှတ်ချက်များ:
Post a Comment