Pages

Subscribe:

Thursday, March 29, 2012

အစိမ်းကြေ

ဖန်ခွက်ကွဲစတွေ ကိုယ့်မျက်စိနှစ်ပါးစလုံးကို ခွဲချလိုက်သလိုမျိုး အကွဲစတွေ အက်ကွဲစတွေဆိုတာ မြင်မကောင်းရှုမကောင်းအောင် ဘာမှမကောင်းတော့သလိုမျိုး လာစိုက်နေတာ မျက်စိကို သူ/သား ငယ်အိမ်ကို လာစိုက်နေတော့ ဘာကိုမှ ကြည်ကြည်လင်လင် မရှိတော့သလိုမျိုး ဟိုဟာလုပ် လုပ်ပြန်ပြီ ဒီဟာလုပ် လုပ်ပြန်ပြီ ဘုရားစူးကျမ်းစူး ဖြစ်နေသလိုမျိုး ကွဲလိုက်ရှလိုက် ဘာမှကို ရစရာမရှိတော့အောင် ကွဲကြေနေတယ် ဆိုတာက တကယ်ကြီးကို ကွဲကြေနေလို့ ယောင်ယမ်းပြီး အား ခနဲ အော်ဟစ်ပစ်လိုက်မိတယ် ဆိုတာ ခင်ဗျားသိသလို ကျွန်တော်လည်း မသိဘူးဖြစ်နေတော့ ကျွန်တော်သိတာတွေကိုရော ခင်ဗျားမသိဘူးမဟုတ်လားလို့ မေးလိုက်ရင် မျက်စိထဲ ၀င်စိုက်နေတဲ့ ဖန်ကွဲစတွေက ဆစ်ခနဲ ထထကိုက်တော့ ကိုယ့်မှာ အကျယ်ကြီးပဲ ကြေကွဲမြည်တမ်းလိုက်ရတော့မလိုလို ရူးကြောင်ကြောင်နဲ့ တာမွေအ၀ိုင်းထိပ်သွားပြီး ကောက်ညင်းအရက်ပဲ သောက်လိုက်ရတော့မလိုလိုကို ဖြစ်ရော ဆိုတော့ အဲ့ဒါတွေကို ကိုယ်နာနာကျည်းကျည်း ချစ်နေမိတဲ့ မိန်းမတစ်ယောက် မသိပါစေနဲ့လို့ ဆုတောင်းမယ်ဆိုရင် ဆုတောင်းပြည့်ပါ့မလား ဆိုတာ ကိုယ်လည်းမသိဘူး ပုဇွန်တောင်က ကောင်မလေးလည်း မသိဘူး ကိုယ့်သူငယ်ချင်း ဇာတိလည်း မသိဘူး တာချီလိတ်က မာနရူးမလည်း မသိဘူး စုန်းတွေလား ကဝေတွေလား နတ်သမီးတွေလား အဲ့ဒါ ဘယ်လိုကောင်မမျိုးတွေလဲ ကိုယ့်အာရုံထဲမှာပဲ တ၀ဲလည်လည် ဘာကိုလိုချင်လို့ ၀ဲနေမှန်းကိုမသိ ကိုယ်လည်း မထွေးမဟုတ်တော့ ခက်တယ် ခင်ဗျားလိုချင်တဲ့အရာ ကိုယ့်ဆီမှာမရှိပါဘူးလို့ ထပ်တလဲလဲ/လည်း ပြောနေရတာပဲ ကိုယ်ကြေကွဲရတယ် ကိုယ်လဲကျသွားရတယ် လုံးဝ နာလန်မထူနိုင်တဲ့နေ့တွေမှာ ကိုယ်လဲကျသွားတာ သူမရဲ့ နာမည်အဟောင်းအနွမ်းလေးပေါ်ဖြစ်တယ် ဆိုတာ သတိထားမိလိုက်တိုင်း သူမရဲ့ ရနံ့တွေ အိပ်မက်ထဲ ပါလာတာတောင် ကိုယ့်မှာ အရမ်းကို နာကျင်ရပါတယ် ကိုယ်နာကျင်ရပါတယ် ဆိုတာက ကိုယ်တကယ်ကြီးကို နာကျင်နေရလို့ဆိုတဲ့အကြောင်း ကိုယ်လည်း မသိဘူး ဆိုတော့ ဘာဆက်လုပ်ရမလဲ ကိုယ်နာကျင်ရပါတယ် ။



ဆူး ခ က် မ င်း

09082011

နေရောင်ခြည်နဲ့အတူ ရှင်သန်ပါ နာ နာ နာ နာကျင်မှုတွေ

ရှင်သန်မှုဟာ ကြည့်လို့ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပဲ ၊ ကောင်းကင်ဟာ ၁၀၉ ကြိမ်မြောက် ပြိုကျလာတယ် ၊ မင်း ဒီမှာလား ၊ ငါနဲ့ အတူတူပဲလား ၊ ကိုယ့်ရှင်သန်မှုကို သိမ်းဆည်းထားပါ ၊ ယဉ်ကျေးမှုစနစ်အမှားအယွင်းကြီးထဲ ခင်ဗျားနာမည်က အမှိုက်တစ်ခုဖြစ်နေတာ ၊ ကိစ္စမရှိဘူး ၊ အရေးကြီးကိစ္စစီစဉ်ထားတာ မရှိဘူး ၊ ဘုရားသခင် ပြန်လည်မွေးဖွားလာကြောင်း ခပ်ကျယ်ကျယ် အော်ဟစ်ပြောလိုက်စမ်းပါ ၊ ဒီတစ်ခုက ခင်ဗျားအတွက်ပဲ ၊ လိမ့်ဆင်းကျလာတဲ့ ကျောက်တုံးကျောက်ခဲတွေအတွက်ပဲ ၊ ရှင်သန်မှုမှာ တွန်းတိုက်မိသွားတဲ့ နတ်သမီးတွေ ၊ ယန္တရားစနစ်နဲ့ လည်ပတ်နေတဲ့ မိန်းမပျိုတွေ ၊ ကျေးဇူးပြုပြီး နားထောင်ပေးပါ ၊ အနာဂတ်ဟာ အာမခံစနစ် ထားရှိတဲ့ ကျည်ဆံတစ်တောင့်ပဲ ၊ ရူးသွပ်မှုတွေ ပျောက်သွားတဲ့တစ်နေ့ ၊ ခင်ဗျား ခပ်ကျယ်ကျယ်လေး အော်ပစ်လိုက်ဖို့ အချိန်ကောင်းပဲ ၊ ပျော်ရွှင်မှုတွေကို သတ်ပါ ၊ ဒီ့ထက်ပိုပြီး ဆူဆူညံညံလေး အော် ပစ် လိုက် စမ်း ပါ ၊ ကျွန်တော် မူးယစ်ဆေးတွေ မလိုပေမယ့် ၊ ခင်ဗျားလိုအပ်မယ်ဆိုရင်

စိတ်ကျရောဂါ ရောင်းပေးဖို့အဆင်သင့်ပဲ ၊ နံရံဟာ ခြေထောက်ရှစ်ချောင်းနဲ့ သတ္တ၀ါဆန်းတစ်ကောင် ၊ ဓာတ်ငွေ့ တွေ လွှတ်လိုက်တာနဲ့ ၊ သူတို့အားလုံး သေဆုံးသွားကြမယ် ၊ ကျွန်တော်တို့ လေးဘက်ထောက်ပြီး တွားသွားကြမယ်၊ ချစ်ခြင်းမေတ္တာကို လွယ်အိတ်ထဲ ဘေးတစ်စောင်း ထိုး ထည့် ၊ ကြမ်းပြင်နဲ့ တည့်တည့် X ၀င်ရိုး နေရာလောက်မှာ ပစ်ချထားလိုက်တယ် ၊ ပါးစပ် ပိတ်ထားပါ ၊ သီချင်းဆိုပါ ၊ နာ နာ နာ နာ နာကျင်မှုတွေဟာ ခင်ဗျားရဲ့  လုံခြုံရေးစနစ်ကို ချိုးဖျက်ဝင်လာမှာ ၊ အသေအချာပဲ ၊ ရန်သူတော်ကြီးတစ်ယောက်က ပလတ်စတစ်ဆာဂျရီ လုပ်ထားတဲ့ မျက်နှာအတုကြီးနဲ့ မိတ်ဆွေအယောင်ဆောင်လာတယ် ၊ ၀မ်းနည်းစရာကောင်းတာတစ်ခု ပြောပြမယ် ၊ ခင်ဗျားရဲ့  လက်ထဲမှာ ဂျပ်ဇ်ဂီတရှိကြောင်း ခင်ဗျား သိရဲ့ လား ၊ ခင်ဗျား ရူးသွားပြီ လို့ တခါတလေများ တွေးကြည့်မိဖူးသလား ၊ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကို နမ်းကြည့်မိဖူးသလား ၊ သတင်းအချက်အလက်တွေ လောင်ကျွမ်းပြာကျသွားပြီ ၊ အမှန်တရားဟာ ဒီမှာ ၊ အခုလက်ရှိဟာ အမှန်တရားပဲ ၊ ဒီ့ထက်သေချာတာ ကလေးငယ်တွေနဲ့ ကောင်းကင်ဘုံပဲ ရှိတယ် ၊ နီယွန်မီးရောင်အောက်မှာ ရပ်နေတဲ့ နတ်သမီးကို မေးပါ ၊ သူမဟာ ကမ္ဘာကြီးကို ပြောင်းလဲချင်နေတယ် ၊ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲချင်နေတယ် ၊ ဘယ်သူမှတော့ ပစ်စလက်ခတ် မသေချင်ကြပါဘူး ၊ တောင်းပန်မှုကို ငြင်းဆန်တယ် ၊ သေခြင်းတရားဟာ ပန်းတိုင်ပဲ ၊ ငယ်ရွယ်မှုတွေကို သယ်ဆောင်မလာခင် ကျည်ဆံအခွံတစ်ခုလို လွှင့်ပစ်လိုက်ပါ ၊ ဆဲလ်အသေတွေကို ၀တ်ဆင်ပါ ၊ ပိုကောင်းမယ့် ငရဲကို သွားလိုက်ပါ ၊ မောင်းခလုတ်ကို ဆွဲညှစ်လိုက် ၊ ကမ္ဘာကြီးနဲ့အတူ ခင်ဗျားလည်း လွင့်စင်ပေါက်ကွဲထွက်သွား ။



ဆူး ခ က် မ င်း

100820110826PM

ကဗျာဆရာ မဟုတ်သူ ရေးသည့် မဟုတ်တမ်းတရား ကဗျာ

ရွာဖို့ ရွယ်မှ ၊ မိုးက

ပြိုတယ် ။ ပျိုရွယ်စင် ရနံ့ တစ်ခု

နှာခေါင်းထဲ ၊ အလဲလဲ အပြိုပြို ။

တိုး / ၀င် ။

ဝင်တိုးလိုက် ၊ ၀င်တိုးလိုက် ။

ခင်ဗျားတော်ရင် ၊ ခင်ဗျားဖို့ ပဲ ။

တစ်ဘို့ တည်းတော့ ၊ မကြည့်နဲ့  ။

မြစ်ဆိုတာ အစုန်ရော အဆန်ပါ စီးတယ် ။

ပြောကြစတမ်းဆို ၊ ဒီတစ်ပတ်

၈၉ % ကံဆိုးတယ် ။

ဟုတ်တယ် ။ ခွေးစုတ်မလေးရဲ့  ။

ငါက ခဲတံ ။ မင်း စာတတ်ဖို့ 

ငါ့အား ၊ တစ်လွှာချင်း လွှာသွားလိုက် ။

နှစ်လွှာပေါင်းမှ တစ်ရွက်

လို့  ၊ ဘယ်သူပြောလဲ ။

စွယ်တော်တစ်ခြမ်းပဲ့မှာလည်း ၊ သူ့  မာနနဲ့

သူ ၊ တစ်ဝက်တိတိ ခမ်းနားတယ် ။

` အခမ်းအနား စတင် ဖွင့်လှစ်ကြောင်း ......... ´

လှစ်ခနဲ ပွင့်လာတဲ့ တံခါးတစ်ချပ်

လှစ်ခနဲ ဆွဲဖွင့်ကြည့်တော့

လှစ်ခနဲ မြင်လိုက်ရတဲ့ အရိပ်တချို့ 

လှစ်ခနဲ ပျောက်သွားတယ် ။

လှစ်မပြတော့ဘူး ။ သွေးနွေးရုံ ၊

အာစွတ်ရုံ ၊ နှစ်ပက်လောက် သောက် ။

နှစ်ပတ်လောက် မူး ။

` အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ .... ´

နေ့ တွေများတယ် ။ များလာတဲ့

နေ့ တွေမှာ ၊ များလာတဲ့ အမှားတွေ

များများလာပြီး ၊ အမှားတွေ များတယ် ။

အမှားများတာတွေ များတယ် ။

အမှားများတဲ့နေ့တွေ များတယ် ။

များများလာတဲ့ အမှားတွေ ။

မှားမှားလာတဲ့ အများကြားမှာ

ငါကပဲ အမှားများတာလား ။

အများကပဲ ငါ့ကို မှားအောင် လုပ်တာလား ။

အများက မှန်တယ် ဆိုပါစို့  ။

အများမှန်ရင် ၊ အမြန်မှားတတ်လား ။

အမြန်မှားရင် ၊ အမှားမြန်တတ်လား ။

အမှားမြန်ရင် ၊ အမှန်များတတ်လား ။

( အမှားမြန်လို့ ၊ အမှန်များတာ ဖြစ်မယ် ။ )

ဟုတ်ကဲ့ ။

ဖျက်ရာ ပြင်ရာ မပါတဲ့ နေ့တစ်နေ့

ကို ၊ လျှောက်လှမ်းဖို့ 

ခင်ဗျား အိတ်ကပ်ထဲက ခဲဖျက်ကို

လွှင့်ပစ်ထားခဲ့ ။

ဖက်ကြမ်းတစ်လိပ် ၊ ဘီအီးတစ်စိတ်

လွယ်အိတ်တစ်အိတ် ၊ မျက်စိတစ်မှိတ်

` ဟပ်ချလောင်း ... ´

ကဗျာဆရာလို့  ၊ ပညတ်ထားတာ

အဲ့ဒါတွေကြောင့်လား ။

ဗီးဂတ်စ် သောက်တယ် ။ ဂရမ်း နဲ့

မှောက်တယ် ။ ကျောပိုးအိတ်

ကောက်လွယ် ။ သေချာတာပေါ့ ။

` ငါ .... ကဗျာဆရာ မဟုတ်ဘူး ... ´



ဆူးခက်မင်း

နှုတ်ဆက်ပါတယ် ချစ်ခြင်းမေတ္တာနဲ့ သေခြင်းတရား … သို့

ကမ္ဘာ့ ဆွဲအားက ငါ့အတွက် ပုံမှန်ထက် ပိုပြီး မများလွန်းဘူးလို့ ထင်ရတာပဲ ငါက ဘာလဲ ဘယ်သူ့အတွက် ဘယ်သူက ဖန်ဆင်းပေးလိုက်တာလဲ ပြေးစမ်း ခပ်ဝေးဝေးကို ပြေးစမ်း ဒါက မနေ့ကနဲ့ ခပ်ဆင်ဆင်တူနေတယ် တကယ်တမ်းကျ ဒါဟာ မနက်ဖြန်စစ်စစ်ဖြစ်တယ် ငါတို့သာ ခပ်မြန်မြန်ပြေးနိုင်မယ်ဆိုရင် ဒီနေရာကနေ ခပ်ဝေးဝေးတစ်နေရာအထိ ခပ်ကောင်းကောင်း ပြေးနိုင်မယ် ငါ့ရင်ဘတ်မှာ ကျည်ကာနှလုံးသားတပ်ထားတယ် ဟင်းလင်းပွင့်နေတဲ့ အပြုံးတစ်ခုနဲ့ မင်းနဲ့ ငါနဲ့ ဒီနေရာကနေ ပြေးထွက်သွားကြမယ် ဓာတ်ပုံဆန်တဲ့ အိပ်မက်တွေနဲ့ အိပ်မက်ဆန်တဲ့ ဓာတ်ပုံတွေကို မိုင်ပေါင်းများစွာ အဝေးမှာ ပစ်ချထားခဲ့ကြမယ် ဒီမြို့ထဲမှာ တွင်းတစ်ခု တူးခဲ့ကြမယ် စကားလုံးပေါင်း မြောက်များစွာနဲ့ ဘလိတ်ဓားပေါင်း မြောက်များစွာကို မြှုပ်နှံထားခဲ့ကြမယ် ကျည်ဆံတွေကို ပွေ့ ဖက်ထားတဲ့ အဲ့ဒီမြို့ ကို ငါတို့ ပစ်ချထားခဲ့ကြမယ် အဲ့ဒါတွေကို ငါတို့ ထပ်တလဲလဲ လုပ်ဆောင်ကြမယ် သူတို့ ဘာများပြောနိုင်ကြမှာလဲ သူတို့ ဘယ်တော့များမှ အိမ်ပြန်လာနိုင်ကြမှာလဲ လူတိုင်းက မင်းပြန်မလာနိုင်တော့ဘူးဆိုတာ သိနေကြတာပဲ တစ်ယောက်ယောက်ကို ကယ်ဆယ်ဖို့ ငါ့ကို ခွင့်ပြုပါ ငါ့အခန်းတစ်ခုလုံးကို ကျည်ဆန်ရာဗရပွနဲ့ အလှဆင်ထားတယ် ငါ့ကို တရားချမနေနဲ့တော့ ဘာလို့လဲဆိုတော့ ငါ ဘာလုပ်နေတယ်ဆိုတာ ငါကိုယ်တိုင် ဂရုမစိုက်လို့ဖြစ်တယ် ငါ့ရဲ့ သိမှုထဲကနေ လွတ်ထွက်နေတာ ငါကိုယ်တိုင်ပဲဖြစ်တယ် အဆင်သင့်ဖြစ်ပြီလား ငါတို့ အသစ်တဖန် ပြန်လည်ဖြစ်တည်တဲ့ထိ စောင့်နေဦးမှာလား စာရွက်တွေက ပြောတဲ့စကားထဲမှာ မင်းဘယ်တော့ အိမ်ပြန်လာမလဲဆိုတာ အဓိကအချက်အလက် မင်းတကယ်ရော အိမ်ပြန်လာဦးမှာလား ဖွင့်ထားတဲ့တံခါးတွေက မင်းအတွက် အလဟဿပဲလား အမှန်တရားကို ဘယ်သူမှ မသိနိုင်ဘူး ဘုရားသခင် မင်းကို စောင့်ရှောက်ပါလိမ့်မယ် ငါ မင်းကို အရမ်းမုန်းတယ် ဆိုတဲ့စကားကို ဖြတ်နင်းသွားလိုက်ပါ မင်းက ငါ့ကို ကယ်ဆယ်မယ့်ထဲက တစ်ယောက် ဖြစ်ကောင်းဖြစ်လိမ့်မယ် အနက်ရောင်ကို မျှော်လင့်နေခြင်းဟာ တကယ်ကြီးကို အဆုံးသတ်တော့မယ် မင်းရဲ့  နှလုံးသားကို အမှောင်ထုထဲ ပစ်ချထားရစ်ခဲ့ပါ မင်းရဲ့ သွေးကြောမျှင်တွေကို အဆင့်အတန်းနိမ့်ကျစေလိမ့်မယ် ထားရစ်ခဲ့လိမ့်မယ် ဘ၀ကြီးတစ်ခုလုံးစာ မှားယွင်းမှုတွေထဲ ဖြစ်တည်မှုတွေကို ထားရစ်ခဲ့ကြရအောင် ငါတို့ ဘာများတတ်နိုင်ခဲ့လို့လဲ ကမ္ဘာ့ဆွဲအားဟာ မနေ့ကလိုပဲလား ငါတို့ ဆက်ပြေးနေကြတုန်းပဲလား ဘယ်အချိန်ထိ ဆက်ပြေးရမယ်ဆိုတာရယ် ပန်းတိုင်က ဘယ်တော့ရောက်မယ်ဆိုတာရယ် မသိဘဲ ငါတို့ ဆက်ပြေးနေကြတုန်းပဲလား ငါတို့ ရင်ဘတ်မှာ ၀တ်ဆင်ထားတဲ့ ကျည်ကာနှလုံးသားဟာ ဘယ်နှရာစုအထိ တည်မြဲမယ် ဆိုတာ … ။





ဆူး ခ က် မ င်း

110820111015PM

ဒီကဗျာမှာ လိင် ဆိုတဲ့ စကားလုံး တော်တော်သုံးထားတယ် ၊ ဖတ်ရမှာကြောက်ရင် ကျော်သွားလိုက်ပါ

၂၁ရာစုဖြစ်ပေါ်တိုးတက်မှုဟာ လိင်အရေးအသားကို စောင်း/ဇောင်းပေးတိုးတက်လာခဲ့ခြင်းဖြစ်မယ်ဆိုရင် လိင်အရေးအသားဟာ နေဖို့ညစာရှာတဲ့ လူမှုထုတ်ကုန်တစ်ခု သို့မဟုတ် မြီးကောင်ပေါက်မလေးရဲ့ ဂါဝန်စပေါ်က အနီရောင်သွေးကွက် .. လိင်အရေးအသားကို လူကြားကောင်းအောင်ထုတ်ထုတ်ပြောတဲ့ သူလည်း မီးမှောင်မှောင်မှာ လိင်အရေးအသားတွေစားတယ် လိင်အရေးအသားမှ သည် လိင်အရေးအသားသို့တိုင်အောင် လိမ်လည်လှည့်ဖြားကြ ..

လိင်အရေးအသားဆိုတဲ့အရာကို ယဉ်ကျေးမှုဆိုင်ရာ စကားလုံးတစ်ရပ်အဖြစ် ကျွန်တော်တို့ မိုက်မိုက်ရိုင်းရိုင်း သုံးစွဲကြပါစို့ ခင်ဗျားရဲ့  လိင်အရေးအသားဟာ မိန်းမပျိုတစ်ယောက်ရဲ့  တပ်မက်ဖွယ်ရာ လိင်အရေးအသားကို တွေ့ ရှိလိုက်တာနဲ့ တပြိုင်နက်တည်း လိင်အရေးအသားဖြစ်သွားတယ် ဆိုကြပါစို့ ကျွန်တော်တို့ လိင်အရေးအသားကို ဘယ်လို သတ်မှတ်ကြမလဲ ဘယ်လို တံဆိပ်ကပ်ကြမလဲ ပွင့်လင်းခြင်းလား ရိုင်းစိုင်းခြင်းလား လိင်အရေးအသားလား လိင်ဆက်ဆံမှုကို ပြုလုပ်ကြတဲ့ လူသားများဟာ စက်ဆုပ်ရွံရှာဖွယ် ဖြစ်သွားလား ခင်ဗျားတို့ရဲ့  လိင်အရေးအသားများရော မထကြွကြဘူးလား ဒါဆို လိင်အရေးအသားဟာ လူတိုင်းနဲ့ ဆက်ဆံပတ်သက်နေတယ်ဆိုတာ ခင်ဗျားဝန်ခံဖို့ လွယ်ကူသွားပြီမဟုတ်လား လိင်အရေးအသားမှာ လိင်အရေးအထားထကြွခြင်း လူငယ်ဆန်ဆန် လိင်အရေးအသားကို ပစ်ထုတ်လိုက်တဲ့အခါ လိင်အရေးအသား နှင့်ရေးထားထားသော လိမ်အရေးအသားများ လိင်အရေးအသားတည်ဆောက်ပုံအရ လိင်အရေးအသားပေါ်ရူးသွပ်တပ်မက်ခြင်း နှင့် လိင်အရေးအသားများပြုလုပ်ရာမှ လူနေမှုပတ်ဝန်းကျင် လူနေမှု ယန္တရားအပြင် လူတန်းစားခွဲခြားမှု ထို့ကြောင့် လိင်အရေးအသားဟာ လူတန်းစားဖြစ်ထွန်းအောင်မြင်မှု၏ အဓိကအပိုင်းဖြစ်လာသလို လိင်အရေးအသားပြုလုပ်ရာမှ သူရဲကောင်းများစွာမွေးထုတ်နိုင်သလို လိင်အရေးအသားမှ ကမ္ဘာကျော်ကဗျာဆရာ/မကြီးများစွာမှ အွန်လိုင်းကဗျာဆရာ/မများတိုင်အောင် မွေးထုတ်ပေးလိုက်သဖြင့် ထိုမှ ဒီမှ ထိုသူများကြားသို့ လိင်အရေးအသားများစွား စီးဝင်လာခြင်းကို လိင်အရေးအသားများစွာဖြင့် လိမ်လည်ကာကွယ်ကြရမည်မဟုတ်လား ဒီကဗျာမှာ လိင်ဆိုတဲ့ စကားလုံး ထပ်ခါတလဲလဲ ပါနေပြီလား အစောကြီးကတည်းက လိင်နဲ့ပတ်သက်ပြီး လိင်အရေးအသားတွေ ရေးမယ်ဆိုတာ ကြိုသိခဲ့ရင် / လိင်ကိစ္စကို အရှက်အကြောက်ကြီးမယ်ဆိုရင် ဖတ်ဖြစ်ခဲ့မှာမဟုတ်ဘူးလို့ နောင်တရနေပြီထင်တယ် ဒီလိုပြောလိုက်လို့ လိင်အရေးအသားဟာ လိင်အရေးအသားကို လိင်အရေးအသားဖြစ်လိုက်ရင် လိင်အရေးအသားပေါင်းမြောက်မြားစွာ ပေါ်ထွန်းထွက်ပေါ်လာမယ်လို့ ခင်ဗျားထင်ရင် မှားမှာပေါ့ ခင်ဗျားရဲ့  ချစ်သူဟာ ခင်ဗျားရဲ့  လိင်အရေးအသားကို ထိတွေ့ မယ် ဆိုပါစို့ ခင်ဗျားရဲ့ လိင်အရေးအသားမှာ လိင်အရေးအသားတွေ ထွက်လာမှာအသေအချာပဲမဟုတ်လား ဒါကို ခင်ဗျားက ခင်ဗျားရဲ့  လိင်အရေးအသားမှာ လိင်အရေးအသားတွေ ထွက်မလာပါဘူးလို့ ညာမယ်ဆိုရင် ခင်ဗျားကိုယ်တိုင်ကို ညာတာဖြစ်သလို လိင်အရေးအသားကို စိတ်ဝင်တစားဖတ်နေတဲ့ လူထုတစ်ရပ်လုံးကို လိမ်ညာပစ်လိုက်ခြင်းပဲဖြစ်လိမ့်မယ် လိင်အရေးအသားကို လိင်မှုကိစ္စမှ နောက်လိင်မှုကိစ္စသို့ အသွင်ပြောင်းလဲလိုက်ရာ လိင်အရေးအသားသည် ပိုမိုကြီးကျယ်ခမ်းနားသော လိင်အရေးအသားအဖြစ် ပြောင်းလဲလာသည် ခင်ဗျားရဲ့ လိင်အရေးအသားဟာ ခင်ဗျားနှင့်သက်ဆိုင်သော လိင်အရေးအသားတော်တော်များများဆီကို လိင်အရေးအသားအဖြစ်ရောက်ရှိသွားတဲ့အခါ လိင်နေမှုအဆင့်အတန်း လိင်နေမှုအထားအသို လိင်နေမှုအလွှာ လိင်ငတ်မွတ်ခေါင်းပါးမှု ထို့အတူ လိင်ကူညီမှုများပေါ်ပေါက်လာရန်ရှိသဖြင့် ခင်ဗျားရဲ့ လိင်အရေးအသားကို လိင်အရေးအသားမဖြစ်ပေါ်စေရန် သို့မဟုတ် မိမိတစ်ကိုယ်တည်း လိင်အရေးအသားအဖြစ်သို့ ပြောင်းလဲအသုံးပြုနိုင်စေရန် လိင်အရေးအသားများစွာ ၀ယ်ယူအသုံးပြုခြင်းဖြင့် ခင်ဗျားရဲ့ လိင်အရေးအသားမှာ ကျုပ်ပြောခဲ့သလို လိင်နေမှုအဆင့်အတန်းခွဲခြားမှု ပပျောက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာရောက်ပါလိမ့်မယ် ။



ဆူး ခ က် မ င်း ၊ေ မာ င် မိုး ချို

140820111230AM

နေမပူ ၊ ရင်ပူ ၊ မြေပဲတစ်စိ ၊ ပြောင်းတစ်စိ

*NAY*

မပြစ်မှားဘဲ ဆုတောင်းနေခဲ့ .... ရာသီဆာ(စာ)

ဆားမပါတဲ့ညက ပြူတစ်ပြူတစ်

ဝေလငါးတစ်ချို့ / တစ်ကောင် / တစ်လုံး

ကြက်ဖခွပ်တမ်း ကစားနေသော မနက်၌

"ငါသည် သူတလူ ငါတမင်း ကာဗျအား ရွတ်/ရှလွတ်"

ညီနောင်တို့ ..... သခင်မျိုးဟေ့ ဒို့ဗမာ / မြန် .... မာ

ငါ့အလှည့်ရောက်ပြီး ငါ ဆိုတဲ့ ပြဌာန်းချက်

သိဒ္ဓိတင်ဖို့ မေ့ခဲ့ပြီး ..... Don't Stop, Go On !



*LPA*

ဈေးနှုန်းအမှန် ဘယ်လောက်လဲ ဆိုတာ ကြည့်သင့်တယ်

တိမ်တွေကို မျှောချထားတဲ့အရောင်

ငါမင်းကိုပြောမယ့် အရာ ဆိုတာ

အဲ့ဒါကို ငါတို့ကြိုက်တာ

Pillow Talk ခေါ် ခေါင်းအုံးပေါ်က စကားများ

မဟုတ် ။



*TSW*

ဆူညံညံအသံများထဲ လွှမ်းအောင် အော်အော်ပြောရ

ပယင်းရောင်လွှမ်းတဲ့ခွက် ကိုယ်စီ ကိုယ်စီ

တူတစ်စုံနဲ့ အတင်းကော်ရတဲ့ မြေပဲတစ်စိ ပြောင်းတစ်စိ

ပြောကြည့်စမ်း မင်းနားထောင်ချင်တဲ့စကား

စိန်ခေါ်ရာ အတင်း ပြေးလိုက်မယ် တိမ်ပေါ်မဟုတ်

Side Road မှာရှိတဲ့ သုခဆိုင်ထဲ



*KTM*

ညောင်းညာ / ကိုက်ခဲ / ထုံကျင်

ဒါတွေအားလုံး "အမှု"တွေ "ပြဿနာ"တွေ

“အနိစ္စ” ကွယ်ပျောက်ခြင်းသဘော

“အနတ္တ” မတည်မြဲခြင်းသဘော

သို့လော .. သို့လော

“မိုး” ရွာနေ ၊ “နေ” မပူ ၊ “ရင်” မပူ

ဘေးမှာ ချစ်သူ

“ကြောင့်” ၊ “မဟုတ်” ၊

“ကြောင့်” ၊ “ဟုတ်”

“၏” သည် “ယမကာ”

“မိုး” ရွာ၏ ။

“စိတ်” ရွှင်၏ ။

“ကြွေး” “ကြော်” ၏ ။

အိုဘယ့် …..

“ယမထာ ရွှေကြိမ်လုံးရယ်နဲ့

ထွန်တုံးကိုတဲ့ ….

နောက်တစ်နေ့အတွက်

ပျိုး ရ ဦး မယ် …. ”



*MTO*

ဝိညာဉ်မဲ့တဲ့ လက်တစ်ဖက်

မှိတ်တုပ်တုပ် လတစ်ခြမ်း

မရောက်တော့တဲ့ ပြဇာတ်

မကျက်တကျက် အလွမ်းတွေထဲ

အားလုံးဟာ စိတ်နဲ့ထိတွေ့  ခံစား သိမြင် ပျော်ရွှင် ခံစား ကြေကွဲ

…………… ဒိတ်ခနဲ ပျော်ဝင်နေပါတယ် ………….



*ZYL*

ဘ၀တွေ လိုအပ်မယ် ထင်လို့

ဘ၀တွေ ၀ယ်ဝယ်စုခဲ့တာ များပြီ

ဘ၀ကို မဟာဘုတ်တိုင်ထူကာ

စပိဘုတ်ကိုစီးကာ ထွက်ခဲ့ပြီ

ဖွတ်ချက် ဖွတ်ချက် ဖွတ်ချက်

အခု သွားနေတုန်း လာမယ့်ဘေး

ဘေး ခဏ ဖယ်

တံဆိပ်ကပ်ထားတဲ့ ဈေးနှုန်းတွေ

ခွာကြည့်မယ်ဆိုရင်

ဘ၀ဟာ သုညတစ်လုံးပဲလွဲတယ်



*-Z*

လွဲ၏ အကြိမ်တစ်ထောင်တစ်သောင်း ( ဒီ့ထက်ပိုမယ် )

လောင်း၍ ။ ပြောရဲသည်/ဟောရဲသည်

စိတ်နဲ့ခန္ဓာကြားက စကားသံ / စကားပြော

အက္ခရာ ။ နေ့နဲ့နေ့ကြား ပေါ်လာ ၊

ယနေ့နဲ့ ယနေ့ခြင်းထပ်တဲ့ကြားက

အဖော်ဆိုတာ ပေါ်လာ / Aphaw ဆိုတာ ပေါ်လာ

ဒီထက် ပြောဆိုခြင်း စိတ်မှတ်အသိများလာ

ထင်တစ်လုံးစိတ်နဲ့ တိုင်းတာတာတွေ / ရိုင်းလာ

တာတွေ ။ သိပြီ ။ အသိအားကွန့်သော စကားလုံး

တွေ / တွေဝေ ၊ မှိုင်းမိ ၊ မှိန်းမော ၊ မူးမော ၊

မိုက်မာ ၊ မာန်မဲ ၊ မေ့မိ ။ ဟုတ်တယ် မေ့မိ

မလိုနဲ့ အမေ့တရားအား သတိထားရတာတွေ /

သိထားရတာတွေ ။



*SKM*

သုညတစ်လုံးဟာ ကြားခံနယ်ထဲမှာ ပိတ်မိနေ

ဖွင့်မိနေ // တဲ့ // တံခါးတစ်ချပ်ဟာ တစ်ချက်ချက်

မြည်နေသော နာရီအိုတစ်လုံး အချိန်မှန်ခြင်း

မမှန်ခြင်းဟာ ပညတ် ၊ အဖြစ်အပျက်တွေ အားလုံးကို

လေဟာနယ်ထဲ လွှင့်တင် လွှတ် ပစ် လိုက် တယ်

ကမ္ဘာကြီးဟာ ဘယ်နှစ်ဒီဂရီ တိမ်းစောင်းခဲ့

ကျွန်တော်တို့ အမှား ဘယ်နှစ်လက်မစာ ကျူးလွန်ခဲ့

ချစ်ခြင်းမေတ္တာနဲ့ ယေဘုယျတရားကြားမှာ

ဆင်းရဲမွဲတေခြင်းဟာ ဓားစာခံဖြစ်သွား ။

ကျွန်တော်တို့ ဘယ်လောက်သောက်ခဲ့ကြတယ် ။

ကျွန်တော်တို့ ဘယ်လောက် ပလပ်ကျွတ်ကြမယ် ။

ရူးသွပ်ခြင်းဟာ လက်တစ်ကမ်းမှာ ။

ကဲ ……. ပန်းကုံး ထ စွပ် လိုက် ပါ ။





*ACN*

မပြောတော့ပါဘူး ဆိုလိုတာက

နာမည်တစ်ခုကို တိုးလိုတိုး ကျယ်လိုကျယ်

နားဖျားတွေကို လျှာဖျားတွေကို အကြိမ်ကြိမ်

မိုးရွာသလား နေပူသလား အလျားရှည်သလား

သုညကိုသိသလား အားလုံးကောင်းပါတယ်

အခုသောက်တဲ့ ရမ်လည်း ကောင်းပါတယ်

နေကောင်းပါတယ် / နေလို့ကောင်းပါတယ်

နေ၍ကောင်းပါတယ်

နဖားကြိုးထိုး၍ အရာအားလုံး အခု ခဏထား

ဆားနဲ့သကြားပါလည်း (၆) နာရီ

မပါလည်း အဲ့သည့်ဆီက (၆) နာရီ

ရွှေဗဟိုရ်စည်သံများကိုလ မကြားရ ကြာချေပြီ ..

ယ ခု ရာ သီ …. ။



*PTG*

ကျွန်တော် ဒီလမ်းမှာ ထပ်ပြီးစောင့်လိုက်ဦးမယ်

မင်းထက်ရေ .. ငါစောင့်လိုက်မယ်

နေမိုးဝေရေ .. ငါ စောင့်လိုက်တော့မယ်

ဒီသုံးရာသီမကုန်ခင် ငါ စောင့်လိုက်တော့မယ်

တခါက ဒီလမ်းမှာ ပန်းတွေ ပွင့်

FTSOL တို့ရေ … ငါ စောင့် လိုက် တော့ မယ်

မနေ့ကအထိ ၊ ဒီနေ့အထိ

ဘ၀ကို လော့ခ်မချခင်အထိ

သော့မပိတ်ခင်အထိ

သူငယ်ချင်းတို့ ရေ ……..

ဆရာအောင်ချိမ့် ပြောသလိုပဲ

ငါေ စာ င့် လို က်ေ တာ့ မ ယ် ။



ဏီအဲY ၊ လင်းပျိုးအိမ် ၊ သဲစုဝေ ၊ ကျော်သူမြင့် ၊ မောင်သက်အိုး ၊ ဇော်ရဲလေး ၊ -ဇော် ၊ ဆူးခက်မင်း ၊ အောင်ချမ်းငဲ ၊ ဖိုးသင်္ကြန်



FTSOL



၁၉/၈/၂၀၁၁/သောကြာနေ့ ။



PS. ဆရာသစ္စာနီ A.F ၌ “ပြင်သစ်မော်ဒန်ကဗျာနိဒါန်း” ဟောပြောပွဲ အမှတ်တရ

လူမိုက်သုံးဦး ၊ ရေနည်းငါး သုံးကောင် နှင့် အရည်ပျော်သွားသော အိပ်မက်များ

အမေ့သွေးက ချိုသလောက်

ကျွန်တော်သောက်နေတဲ့ အရက်က ခါး တယ် ။

သား .. နင် ဒီအရည်တွေ သောက်လာရင်

ငါ့ အိမ်ရိပ် မ နင်း နဲ့ ။

နင်တို့အဖေ အရက်သောက်တာ နင့်တစ်သက် ကျော် ပြီ ။

နင်သောက်လာရင် အိမ်ပေါ်လေးဘက်ကုန်းပြီး မတက်ခဲ့နဲ့ ။

လမ်း ၄၀ ထိပ်မှာ ၊ ပိတောက်ရိပ်မှာ

အမေ မရှိတော့တဲ့ အမေ့အိမ်မှာ

ကျွန်တော်သောက်နေတာ အမေကျခဲ့တဲ့ မျက် ရည် တွေ ။

တခါတခါ လွမ်းလာရင် သတိရလာရင်

သားမျက်ရည်တွေက မြေ မ ခ ။

စိတ်မှာ ငိုနေတာ ဘယ်သူသိလဲ ။

အမေမရှိတော့တဲ့လမ်းက မှောင် ၊ လူကလည်း နဂိုက ခပ်ကြောင်ကြောင် ၊

အမေ့အတွက်တော့ သား သတ္တိရှိချင်ယောင် ဆောင် နေ လိုက် တယ် ။

မျက်ရည်ကတော့ သက် သေ ပေါ့ ။

ကျွန်တော်က အမေ မစားသွားတဲ့ သစ် သီး ။

ဒိုင်ယာရီ လှန်လိုက်မိတိုင်း အတိတ်ဟာ

အမြန်ရထားတစ်စင်းလို ဆိုက် ရောက် လာ တယ် ။

အမေသုံးနေကျပစ္စည်းတွေ -

အရက်ပျံမီးခွက် ၊ သွေး/ဆီးချိုတိုင်း ကိရိယာ ၊

အေးစက်နေတဲ့လက်က အမေလား ၊ ကျွန်တော်လား ။

Hypo ရတိုင်း အမေသောက်တဲ့ စပါကလင် ၊

အစာမစားဘဲသောက်တဲ့ အလွန်အကျွံ မက်ဖော်မင် ၊

အမေ ပြန်မလာပေမဲ့ သား မျှော် နေ သေး တယ် ။

အမေ မကြိုက်တဲ့အရက် သား သောက်နေတယ် ။

အမေ မကြိုက်တဲ့ ကဗျာလမ်း သား လျှောက်နေတယ် ။

ကဗျာဆရာတိုင်း အရက်မသောက်သလို ၊

အရက်သမားတိုင်း ကဗျာမရေးဘူး မေမေ ။

သောကြာကြယ်တွေနဲ့ မိုး ထား တဲ့ သားတို့အိမ်လေးမှာ

သနပ်ခါးရနံ့တွေ မရတာ ကြာ ပြီ ။

အမေ့ရဲ့ ဒုက္ခအိုးလေးတွေပေါ့ ၊

သားမှာရောင်းစရာ ဂုဏ်သိက္ခာ မ ရှိ ဘူး ။

သားရဲ့ ဂုဏ်သိက္ခာက အမေပဲ ။

သားရဲ့ စိတ်စုဗူးထဲ အမေဟာ နေ့ စဉ် ရက် ဆက် ၊

လွင့် ပျံ့ လာ တုန်း ။

အမေမပါတဲ့ ဘွဲ့နှင်းသဘင် ၊ စာသင်ဖို့သွားတဲ့ လေဆိပ် ၊

အမေ့ဆန္ဒတွေ ဖြစ်လာတဲ့ အ ချိန် ၊

သားရဲ့ ချုပ်တည်းနိုင်မှုမှာ ဂဏှာမငြိမ်နိုင်ဘူး ။

သားဘ၀ကိုက ရေနည်းတော့မှ ကူးခတ်နိုင်ခဲ့မိတာ ။

ကျွန်တော့်ကို ပေါင် ၁၀၀ ကျော်တဲ့ထိ အမေ ကျွေး ခဲ့ တယ် ၊

အမေ့ရဲ့ ပေါင် ၄၀၀ ကျော် ရုပ်အလောင်းကို မ ပြီး ၊

ကျွန်တော် ပြေး ခဲ့ တယ် ။

ကျွန်တော့် ညာဘက်လက်ဖျံမှာ ၊ အမေ့ရဲ့ ထွက်သက်တွေ

ေ ႏြ း ေ ထြ း ေ န တု န်း ပဲ ။

ဘ၀မှာ ကောင်းမွန်စွာနေဖို့ မြေဘယ်နှဧက လိုသလဲ ။

ကျွန်တော့်အတွက် ခြေနှစ်ဖက်စာ ၊

အမေ့အတွက် မြေတစ်ကွက်စာ ၊

ရေချိုးပြီး သန့်စင်ချိန် ရုပ်ခန္ဓာ ။

ငြိ မ်းေ အး စွာ အိ ပ် ပါေ လာ့ ။

ဘုရား ၊ တရား ၊ သံဃာရှိလည်း အမေ့လောက် သူတို့ မနွေးထွေးဘူး ။

ဘ၀ ဆိုတာ ဆေးလိပ်မီးခိုးတွေလို ခ ဏ ။

ပြန်မရတာက ပျော်နေခဲ့တဲ့ အ ခိုက် အ တန့် ။

အမေရေ ......... ပျော်သည်ဖြစ်စေ ၊ မပျော်သည်ဖြစ်စေ ၊

သား နေတတ်အောင် နေ ပါ့ မယ် ။



ဆူး ခ က် မ င်း / ဖိုး သ င်္ကြ န် /ေ မာ င် သ က် အိုး

F T S O L

၂ ၂ ၀ ၈ ၂ ၀ ၁ ၁



PS: ဆူးခက်မင်းရယ် ဖိုးသင်္ကြန်ရယ် မောင်သက်အိုးရယ် လမ်း ၄၀ ထိပ်က

ပိတောက်ရိပ် ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ သောက်ဖြစ်ကြတယ် ။

သုံးယောက်လုံးက အမေ မရှိတော့ဘူး ။ သုံးယောက်လုံးရဲ့ အမေတွေက

ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ပျက်ပြီး ဆုံးသွားခဲ့ပြီ ။

သုံးယောက်လုံးမှာ အစ်ကိုတစ်ယောက် အစ်မတစ်ယောက်ရှိတယ် ။

သုံးယောက်လုံးက တော်တော် တိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေ ။

သုံးယောက်လုံးပေါင်းပြီး နာကျင်နေတဲ့ ရင်ဘတ်တွေနဲ့ ရေးထားတဲ့ကဗျာ ။

ခင်ဗျားတို့ ဖတ်ကြည့်ပြီး သဘောပေါက်မှာပါ ။

နေညိုချိန်အသွေးအသား ၀တ်မှုန်ကူး နင်းခဲ့တဲ့ ခြေရာ

အရိပ်တွေ လွှမ်း လာ တုန်း ၊

ဝရုန်းသုန်းကား စိတ် တွေ ၊ တခါတခါ လွင့် တာ ။

ညနက်ချိန် ကျွန်တော် အိပ်မရတာ ကြာ ပြီ ၊

အမရေ ...

ရေစီးတိမ်ပြို နေညိုချိန်ဆို ၊ ကျွန်တော့် သိစိတ်ထဲမှာ

သောင်မတင် ရေမကျ ။

ကျွန်တော်တစ်ယောက်တည်း ၊ အလွမ်းထဲ နိမ့်နိမ့်လာရင်

တစ်ယောက်တည်း တမ်းတမိတာ ၊ အမ တစ်ယောက်ပဲ ။



မခင်မိရဲ့ အသွေးအသားတွေထဲမှာ ..

ကျွန်တော် ဘယ်နှရာခိုင်နှုန်း ဆူ ပွက် ခွင့် ရ ခဲ့ သ လဲ ။

နီယွန်မီးရောင်ပြာလဲ့လဲ့ ဖြာ ကျ နေ တဲ့

ကတ္တရာလမ်း မည်းမည်းတွေပေါ်မှာ

မခင်မိရဲ့ လက်ဖဝါးတွေ ချွေးစို့နေတဲ့ အ ထိ အ တွေ့  ။

မလွမ်းဘူး ..... ဆိုပေမယ့် ၊ လွမ်းရပါတယ် မ ခင် မိ ။

မခင်မိရဲ့ ချွေးနံ့လေးတွေကအစ ၊

ကျွန်တော့်အတွက် မွှေး ပျံ့ တယ် ။

အလွမ်းဆိုတာ လူကြားလို့မကောင်းတဲ့ ဘာ သာ စ ကား ပဲ ။



သက်ရေ .... ခါးနေပေမယ့် ချိုတယ် .... ချစ် တယ် ။

ဘ၀ကို မူးယစ်နေနိုင်တာက မင်းနဲ့ W-H-I-S-K-Y ..

မပီပြင်တာက အ နာ ဂတ်

အပျက်ပျက်နဲ့ နှာခေါင်းသွေးတော့ မထွက်ချင်

ရင်ဘတ်ထဲ ၀င်ကြည့်ရင် အချစ်တွေချည်းပါပဲ

မင်း နင်းခဲ့တဲံ ခြေရာတွေချည်းပဲပေါ့ .....

တစ်နေ့လုံး တစ်ညလုံးဟာ သက်အတွက်နဲ့ပဲ

လှုပ် ခါ ရမ်း ခဲ့ ပေါ့ .... ။ ။

ငါ့ဘ၀ကို မင်းပဲ ခေါင်း စဉ် တပ် ခဲ့ တာ ... ။ ။



မ ....... မထင်မြင်သော ည မဟုတ်တဲ့ အကာလအခါ

မှာ မမြင်ဘဲ ဆုံ တယ် ။

"မောင်လေး .. ကလေးအတွေးတွေက တစ်ခါတစ်ခါ

လှပသလိုပဲ လို့ .. တွေးမိတယ်ကွယ်"

သူမသုံးနေကျ "ကွယ်" ၊ သူမပြောနေကျ "ကွယ်"

အခု .... ၊ အခုည .... ၊ အခုမြည်သံမြဲနေတဲ့ ည မှာ

သက်ရှိချစ်သူ ဖုန်းမက်ဆေ့ခ်ျက ရောက် လာ ခဲ့ ၊

မ ရေ ....

ပန်းတွေ ၀တ်မှုန်ကူးခဲ့ ၊ ခ အက္ခရာတစ်စု တော်သလင်း

မရောက်ဘဲ ကူးလူး ဆက် ဆံ ကြ

ကျွန်တော်တို့ အတိတ်မှာ ၀တ်မှုန် / တော်သလင်း

မရောက်ခဲ့ဘူး (ကွယ်) ။





ဖိုး သ င်္ကြ န် / ဆူး ခ က် မ င်း /ေ မာ င် သ က် အိုး / ဏီ အဲ Y

F T S O L

2 2 0 8 2 0 1 1

p a d a u k y e i k

Status Poetry

ငါ မငိုတော့ဘူး မင်းလည်း မသွားနဲ့ ဆုလာဘ်ကလေးရယ် တစ်ခါပြန် အသစ်ကစမယ်

ငါ ရှင်သန်နေသမျှ တစ်သက်မှာ တစ်ခေါက်သာ ရနိုင်မယ့်အချစ်ကို ငါတန်ဖိုးထားပါ့မယ်

ကျွန်တော့်အနုပညာကို ခင်ဗျားတို့ စော်ကားပါ

http://www.kawkanyaw.blogspot.com/ gaming cant reply ~ ;)

ပန်းပွင့်ချည်းသက်သက် ဘုရားမှာတင်ထားတယ် အနမ်းတွေစုစည်းပြီး သီချင်းတစ်ပုဒ်

စပ်လိုက်ရမလား လေထုထဲမှာ ကံဆိုးမှုရနံ့တွေ ပျံ့လွင့်နေ ကိုယ်က ကံဆိုးရာသီ

ဘယ်လိုနက္ခတ်နဲ့မှ ရှောင်လွှဲလို့မရတော့ဘူး Be A Lady... Not A Bitch

ကျုပ် တိုးတိုးတိတ်တိတ်လေးနဲ့ပဲ ပျောက်ကွယ်ပေးသွားမှာပါ art for sake

အလင်းရောင်တွေ ၀င်လာဖို့သက်သက်နဲ့ ပြတင်းတံခါးကို ဖွင့်ထားလိုက်တယ်

sick :( sick :( sick :( ချစ်သူကောင်မလေးရေ လွမ်းရဲမှ.......လမ်းခွဲပါနော်.......

တော်ကြာခံစားနေရဦးမယ်.... http://www.elyrics.net/song/n/nirvana-lyrics.html

Do you like music? Listen at http://www.mixmuzit.com

အပေါစား အနမ်းတွေ ထပ်ပြီး အပေါစား ကတိတွေ ထပ်ပြီး အပေါစား ဘဝ ကို

ငါ ထပ်ပြီးတော့မရချင်ဘူး....အပေါစား အနမ်းတွေ ထပ်ပြီး အပေါစား ကတိတွေ

ထပ်ပြီး အပေါစား မင်းကို မင်းကို မင်းကို ........... တော်ပြီ... Art For Sex

ဒီမှာ....မင်းလိုရာသုံး...မင်းအမုန်းကိုခံ...မင်းလိုအပ်မှပြန်လာခိုင်းတာလား...

ဆောရီးပဲ....တစ်မြို့လုံးစားတဲ့ပန်းကန်ငါတစ်ယောက်တည်းမဆေးနိုင်ဘူး..အိုကေ

achit so tar ma kg bu naw လွတ်လပ်မှုသုဉ်း အခွင့်အရေးသုဉ်း ပျော်ရွှင်မှုသုဉ်း

သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ် သုဉ်းသည့်ခေတ်တွင် ဖြစ်လာရလေ

တို့နည်းပညာကျောင်းသားတတွေမှာ သေသော်မှတည့် သြော်ကောင်း၏.......

ဆုံဆည်းနိုင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတာ သိရက်နဲ့များ ရင်ထဲမွန်းကြပ်အောင်

တမ်းတနေမိတာ ရူးသွပ်ခြင်းပဲလား...။

~~Oh na na...what's my name.... နာကျင်မှုတွေရောစပ်ထားတဲ့ ငါ့မျက်ရည်တွေကို

နင်သောက်သုံးဖို့အတွက် ငါ့ပါးပြင်ပေါ်စီးဆင်းလိုက်မယ်

အမုန်းသောက်စမ်းကွာ သောက်ပြီးရင်အငန်ဓာတ်မိပြီး သွေးတိုးရောဂါဖြစ်ပါစေ

There is no true love without jealousy(သ၀န်တိုမှုမ၇ှိလျှင် အချစ်စစ်ဟု မမည်နိုင်)

ဟူးးးး ငါ့ဘ၀ က တစိမ့်စိမ့်ကြည့်စရာဆိုလို့ Monitor ရယ် တယုတယကိုင်စရာဆိုလို့

Keyboard ရယ်.. လက်ဆုပ်လက်ကိုင် ပြစရာဆိုလို့ Mouse ရယ်.. တီတီတာတာလေးဆိုလို့

မီးပျက်ရင်အော်တဲ့ UPS ... ပဲရှိတော့တယ်

Please ! Don't spend my times , every minute counts for me !

ယောင်္ကျားတစ်ယောက်စိတ်ညစ်ခြင်းအစက မိန်းမတစ်ယောက်ကို စပြီးချစ်မိတဲ့အခါပဲ

The beautiful word is ALLAH. Most beautiful song is AZAN. BEST exercise is NAMAZ.

World perfect book is QURAN. And you are so lucky if your are a MUSALMAN.:)

ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့ ကျွန်တော်လည်း တောက်လျှောက်ကြီး ကောင်းမပြနိုင်ဘူးပေါ့..

ဘဝဆိုတာ ၂ နာရီစာ ကောင်းကွက်ချည်းရွေးပြနေတာ မှမဟုတ်တာ...

How can I spell S_CCESS without "U"? I can't even have F_N or any good L_CK without "U".

Look like I just can't S_RVIVE without "U".

♥ I̶ ̶c̶a̶n̶'̶t̶ ̶l̶i̶v̶e̶ w̶i̶t̶h̶o̶u̶t̶ y̶o̶u̶. Sorry I Can !!!

ဝမ်းနည်းတယ်... ကြေကွဲတယ်... နာကျင်တယ် ... အထီးကျန်စွာနဲ့...အားငယ်ရင်း ငါ ရိုးသားဆဲပါပဲ....

ma shi bu ငါ ဒီ မှာ . . မ င်း နဲ့ နီး ဖို့ ကြိုး စားေ န တ ယ် i think i should forget everything about u..

Too tired.. heeee

ကိုရီးယားကြည့်နေပါတယ် An honest man will never tell a lie

http://www.youtube.com/watch?v=sf9dUaATAxY&feature=fvst

အဟမ်း ဟမ်း ကိုလွင်ပြင် လာပါ လာပါ ဟွန်းဟွန်း ငါ့ ဝက်ဆိုက် ကိုပါ လုပ်သွားတယ် ဝါး ဝါး ဝါး ငိုပြီ

blogger ပြန်ပွင့်လို့ www.hallinhtay.com ပြန်ရပြီ Almost everything that is great has been

done by youth. အကျယ်ပြန့်ဆုံးသော နေရာသည် ထောင့်ချိုးများ မရှိ…။

ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ထောင့်ချိုးများသည်… ကျွန်တော့် မကျယ်ပြန့်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မည်။

I risk my life .. to feel ... အစိုးရအပေါ် ဝေဖန်ရှုတ်ချ၊ တိုက်ခိုက်ထိုးနှက်၊ မကောင်းပြောတာတွေကို

ကျနော်တို့ နည်းနည်းတော့ လျှော့ဖို့သင့်နေပြီ။ တွားချင်ဘူး ခီညားတို့ညက်နှာဒွေလဲ ကြည့်ချင်ဘူး

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး



ဆူး ခ က် မ င်း



- ကျွန်တော့် Gtalk Friend(s) များ၏ Gtalk Status များကို စုစည်းတင်ပြထားခြင်းမျှသာ -

သူမက ကျုံးနံဘေးမှာ မျှော်လင့်ခြင်းစက္ကူစွန်ကို လွှတ်တင်နေတယ် ၊ ကိုယ်က ယဉ်ကျေးမှုပြတင်းပေါက်မှာ ကြိုးဆွဲချ သတ်သေမိတယ်

ကိုယ်ဟာ ကြယ်ငေးသူတစ်ယောက် ၊

အလင်းနှစ် သန်းပေါင်းများစွာ စောင့်ခဲ့ပြီးနောက်

သူမ ကြွေ ကျ မ လာ ခဲ့ ဘူး ... ။

သူမရဲ့ လက်ဖမိုးပေါ်မှာ ကြယ်တစ်စင်းရှိတယ်

ကိုယ် ခပ်ဖွဖွ နမ်းလိုက်ချင်ရဲ့ ... ။

သူမဟာ ဘယ်တော့မှ ကြွေကျမလာခဲ့ဘူး ။

သူမက သက်တန့်တစ်စင်းဖြစ်တယ် ၊

ကိုယ်က ခရမ်းရောင်သက်သက် ။

မိုးကုပ်စက်ဝိုင်းတစ်ခုလုံးကို အပိုင်ဝယ်ပစ်လိုက်တဲ့ညက .. ၊

သူမ ကြွေ ကျ မ လာ ခဲ့ ဘူး ... ။

သူမ ထွန်း လင်း ၀င့် ထယ် နေလေရဲ့

ကြယ်တစ်စင်းလို ၊ သက်တန့်တစ်စင်းလို ။

သူမရဲ့ လက်ဖမိုးကို နမ်းရှိုက်ပစ်လိုက်တယ် ။

မြက်ခင်းစိမ်းစိမ်းတွေရယ် ၊ ကြယ်တွေရယ် ၊ သက်တန့်တွေရယ် ၊

သဘာဝတရားဟာ သိပ်ကို လှပလွန်းနေခဲ့ကြောင်း ။

ကောင်းကင်ပြာနဲ့ ယဉ်ကျေးမှုပြတင်းပေါက်နဲ့ သစ်တောစိမ်းတွေနဲ့

ကိုယ်က သူမရဲ့လက်ခုပ်ထဲက ပင်လယ် ၊ ပြီးတော့ မိန်းမစီးဖိနပ်တစ်ရံ ၊

ဂါဝန်ဖြူအနားစလေးဟာ လေထဲမှာ ၀ဲ လို့ လွင့် လို့ ၊

လိပ်ပြာအတောင်ပံခတ်သံတွေဟာ လူး လွန့် လွင့် လေ ။

တိမ်တွေ ပြုံးပြီး ကြည့် နေတယ် ၊ မိဆိုး ရေ .... ။

သူမရဲ့ ယဉ်ကျေးမှုပြတင်းပေါက်မှာမှ ကိုယ်က

ကြိုးဆွဲချသတ်သေမိတဲ့ လိပ်ပြာတစ်ကောင် ။



ဆူး ခ က် မ င်း

28082011

လူပြောသူပြောများနေတဲ့ ဧရာဝတီ အကြောင်း

ကိုယ်က မြစ်ဝကျွန်းပေါ်သားလည်းမဟုတ်ဘဲ ၊ ဧရာဝတီအကြောင်း

လက်ခမောင်း ထခတ်တော့ ၊ ရာသီစာလိုလို ၊ အုတ်တစ်ချပ် သဲတစ်ပွင့်

လိုလို ၊ ဧရာဝတီဟာ ကိုယ့်အတွက်တော့ ကျောင်းသုံးစာအုပ် ၀ါဖန့်ဖန့်

ထဲက စာလုံးမည်းမည်း/ဖျော့ဖျော့ တွေ ၊ ကိုငှက်ရဲ့ သီချင်းထဲကလို

ရာဇ၀င်များရဲ့ သတို့သမီး ၊ အောက်ပါကုန်ပစ္စည်းအား

နိုင်ငံတော်အာဏာဖြင့် ဖျက်သိမ်းလိုက်သည် ၊



Ayeyarwaddy 2 In 1 Instant Coffeemix

Ingredients => MayKha + Malikha



စပါးကျီပြိုတော့ ကြွက်တွေပျော်ကြ ၊ ၂၀၁၁ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ

အတွက် ရေပန်းအစားဆုံးဇာတ်ကားမှာ "ရေကာတာကြီး ဆောက်ကြမယ်" ဟု

အမည်ရပြီး ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို

"ကျွန်တော်လည်း ဧရာဝတီကို ချစ်တာပါပဲဗျာ" ဟု မျက်ရည်လည်ရွဲ

ငိုယိုပြောဆိုခဲ့သော နိုင်ငံကျော်မင်းသားချော ... ၊



"မင်းသားလေးလို့ မှတ်ထင်ထားပါတယ် ××

လိမ်တယ်ညာတယ် ရေကာတာဆောက်တယ် ××"



"ဧရာဝတီ ×× ရာဇ၀င်များရဲ့ သတို့သမီး ×× ငါတို့ရဲ့ ၀ိညာဉ် ××"



ကိုယ်တို့လည်း လိုက်ပါငိုကြွေးကြမယ် ၊ ကိုယ်တို့လည်း လိုက်ပါပူဆွေးကြမယ် ၊

ဧရာဝတီရဲ့ ဈာပနကို လိုက်မပို့ပါရစေနဲ့ ၊ စပါးကျီ ၊ အသက်သွေးကြော ၊

ရာဇ၀င်ထဲက သတို့သမီး ၊ ဧရာဝတီ ကျန်းမာပါစေ ၊

ဒီကဗျာက ဒေါ်ကြည်ကြည်လွင် တိုက်တွန်းလို့ ရေးဖြစ်တဲ့ ဧရာဝတီအကြောင်း ။



ဆူး ခ က် မ င်း

29082011

ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက်

ကမ္ဘာကြီးက သူ့အလိုလို လည်ပတ်နေတယ် ၊ ကျွန်တော်တို့က ချစ်ခြင်းမေတ္တာနောက် ကောက်ကောက်ပါအောင် ဘာကြောင့် လိုက်နေကြတာလဲ ။ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲသိတဲ့တနေ့ အဲဒီမေးခွန်းကို ဖြေပါ့မယ် ..။ ဖြေခြင်း မဖြေခြင်း အဖြေရှိခြင်း မရှိခြင်း အကြောင်းခြင်းရာများစွာထဲ ကျွန်တော်တို့ ပိတ်မိနေကြတယ် ။ ထွက်ပေါက်တွေကို ရှာဖွေဖို့ မျက်လုံးပါမလာဘူး ။ ပိတ်မိခြင်းထဲ ပိတ်မိနေတဲ့အတိုင်း ကိုယ့်ကိုကိုယ်ပြန်ပိတ်ထားလိုက်တယ် ။ အလုံပိတ် အခန်းထဲမှာ ၊ အလုံပိတ် အတွေးတွေနဲ့ ၊ ကိုယ့်ကိုယ်ကို အလုံပိတ်ထားကြတယ် ။ ကျွန်တော်တို့ ဘယ်တော့များမှ လွတ်မြောက်ခြင်းလေသန့်ကို ရှူရှိုက်နိုင်မယ် ။ ကြိုတင်ကြံစည်မှုဟာ အနောက်ဖက်ဧရိယာတ၀ိုက်မှာ ။ ပျံနှံနေတုန်းပဲ ။ ရှင်သန်ခြင်း ၊ လွတ်မြောက်ခြင်း ၊ ရှူရှိုက်ခြင်း ၊ ကြိယာပုဒ်ပေါင်းများစွာထဲက အနှေးရုပ်ရှင်ပြကွက် တစ်ခုဟာ ။ လေထုထဲ ။ ပျံနှံ့နေတုန်းပဲ ။ လို့ ယူဆထားလိုက်ရုံပါ ။ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ ၊ ခင်ဗျား ဆိုလိုတစ်အုပ်လောက် ထုတ်ချင်နေတာလား ။ ခင်ဗျားရဲ့ ဆိုလိုချက်တွေကို ခင်ဗျားရဲ့ ဆိုလိုစာအုပ်ထဲ ထည့်ရေးမှာလား ။ ရယ်ရပါတယ် ၊ သိပ်ကိုရယ်ရပါတယ် ။ လောကကြီးက ကိုယ်တွေနဲ့ အဆင်မပြေဘူး ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ တဖြည်းဖြည်းနှေးကွေးလာတဲ့ တစ်ကိုယ်ရည်ကမ္ဘာထဲ ။ ခင်ဗျားမှာ ကျည်ဆံတွေရှိတယ် ။ ကျွန်တော့်မှာ ရယ်သံတွေရှိတယ် ။ ဘယ်သူပြိုင်လို့ လှနိုင်မလဲ ။ ဆိုတာ ခင်ဗျားရဲ့ ရွှေ့ကွက်တွေထဲ အသံထွက်မှားကောင်း ။ မှားနေနိုင်တယ် ။ စာလုံးပေါင်းသတ်ပုံတွေကို စွန့်ပစ်လိုက်ကြမယ် ။ ကျွန်တော်တို့ သတ်ပုံတွေ မှားယွင်းကောင်း မှားယွင်းနေကြလိမ့်မယ် ။ ဖြည်းညင်းစွာ သတ်ပါ ။ တစ်ခါတည်း အသေသတ်ပါ ။ ဘယ်အရာကို ခင်ဗျား လိုအပ်ပါသလဲ ။ ဖြည်းညင်းစွာ တစ်ခါတည်း ရွေးချယ်ပါ ။ စွန့်ပစ်မှုတွေကို စွန့်ပစ်လိုက်ရင် အသစ်တွေကိုသတ်သလိုဖြစ်သွားမယ် ။ ထင်တယ် ။ ဖြည်းဖြည်းသတ်ပါ ။ သီချင်းသံက နားထဲ ။ Solo တွေ ။ စလိုးမိုးရှင်း နဲ့ သေသွားပုံက ။ ဆန်းတယ် ။ စွန်လွှတ်တာ ဆန်းလား ၊ စွန့်လွှတ်တာ ဆန်းလား ။ ဆန်းပြားခြင်း ဆန်ပြာခြင်း ကိစ္စတွေဟာ ကျွန်တော်တို့နဲ့ ဘယ်လို ပတ်သက်လဲ ။ ပတ်ပတ်သက်သက် ပက်ပက်စက်စက် ပြောရရင် ၊ လူမှုအဖွဲ့အစည်းကို ကျွန်တော် စိတ်ပျက်နေတယ် ၊ ဆိုတာပါပဲ ။ ကမ္ဘာဟာ အလုံးသဏ္ဍာန်သို့ ပြန်လည်ကူးပြောင်းခြင်း ။ လှည့်နေသလို ။ လိမ့်နေသလို ။ တစုံတယောက်က လှိမ့်နေသလို ။ ကျွန်တော်စွန်လွှတ်ကြည့်လိုက်တယ် ။ ကြိုးထဲ ။ စွန်ဟာ မလွတ်မြောက်နိုင်တော့ဘူး ။ စွန်ဟာ စွန်ပဲ ၊ ကြိုးဟာ ကြိုးပဲ ။ ဆိုင်းကြိုးတပ်ဖို့ ဆိုင်းခဲ့ရတဲ့ ကာလတွေ ဘယ်လောက်ကြာခဲ့သလဲ ၊ ဆိုတာ ၊ ကျွန်တော်တို့ ကိုယ်တိုင် မရေတွက်နိုင်တော့ ၊ မရေတွက်နိုင်တော့ ။ လိမ်လိုက်မိသလား ။ ခင်ဗျား အလိမ်ခံလိုက်ရသလား ။ မေးခွန်းဟာ ခင်ဗျားကို မျိုသွားတာ ။ ခင်ဗျားသိလိုက်သလား ။ ဟော ။ စွန်လေး လွှတ်နေရင်း လွတ်သွားတယ် ။ ကြိုးထဲ ။ အချိန်ဟာ ဆိုင်းကြိုးကို တုန့်ဆိုင်းသွားစေတယ် ။ လေထဲ လွှင့်ချင်ရုံလောက်ပါ ၊ လူးလွန့်နေစေရုံလောက်ပါ ၊ စက္ကူစွန်လေးတစ်ကောင်အတွက် သရဏဂုံတင်ပေးစရာ ဘာအကြောင်းရှိမလဲ ။ ဈာပန ဆိုတာ ဟာသဇာတ်ကွက်တစ်ပုဒ်လို့ ကျွန်တော် သဘောထားတယ် ။ သိပ်ကို ရယ်ရလွန်းပါတယ် ။ ရယ်သံတွေက အနိုင်ရသွားတဲ့အခါ ။ ဟာသက Solo ဖြစ်လာတယ် ။ စွန်သတ်လို့သေတဲ့ကြိုး ။ ရှာဖွေခြင်းထဲ ။ ဒိထက်လှတဲ့ ဈာပနကို လက်ဆောင်ထည့်ပေးလိုက်မယ် ။ သိပ်ကိုရယ်ရလွန်းပါတယ်။ သိပ်ကို ရယ်ရလွန်းတဲ့ လူမှုစနစ်ကြီးကို အားပါးတရ ရယ်ပါမယ် ၊ ဟား ဟား ဟား ဟား ၊ ဒီ့ထက် ဘယ်နှစ်ခေါက် ပိုရယ်ရဦးမလဲ ၊ ဟား ဟား ဟား ဟား ဟား ဟား ဟား ၊ ဒီလောက်ဆို တော်သင့်ပြီ ထင်ပါတယ် ။ ခင်ဗျား မျက်လုံးထောင့်က မျက်ချေးတွေကို Recycle လုပ်ပစ်လိုက် ။





မ င်း လု လ င် / ဆူး ခ က် မ င်း

090820111001PM

မနက်အစောကြီးထပြီးရင် လမ်းပျောက်ကြရဦးမှာပဲ

မနက်အစောကြီးထပြီးရင် ဘာလုပ်ရဦးမှာလဲ ၊ မနက်အစောကြီး ထ

ရတာ နဲ့ ပြန်ပေးလိုက်ရတာ မမျှတဘူး မတန်ဘူး တန်ဖိုးတိုင်းဟာ တိုင်းတာလို့

မရဘူး ရတယ် ဆိုတာတွေနဲ့ ရှုပ်ထွေးနေရပါတယ် ၊ ကျုပ်တွေးနေရပါတယ်

ကျုပ်ရဲ့  ဖြစ်တည်မှုဟာ သူမရဲ့  လက်ဖ၀ါးလေးပေါ်မှာ မလှုပ်သာ မယှက်/ရှက် သာ

သာယာယာ အမြဲတမ်း ဖြစ်နေရင် သိပ်ကောင်းမှာပဲလို့ ၊ စိတ်ထောင်းတော့ ကိုယ်ကြေ

ကွဲရပါတယ် ၊ ရင်ဘတ်တွေ နာကျင်လွန်းရပါတယ် ၊ ငါ/ကိုယ် ထင်ရင် ခုတင်/ခုလေးတင်

ရွှေနန်းပေါ့ ၊ သေစမ်းပေါ့ ၊ ရုတ်တရက်ကြီး သေပစ်လိုက်ရတော့မယ် ဆိုတော့ ရုတ်တရက်

ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ရတာပေါ့ ၊ ဗလောင်းတွေရော ဗလဲတွေရော ပြော

ပစ်လိုက်ရမှာလည်း အဆီတ၀င်းဝင်း ဆိုသလို ၊ စားရမှာလည်း သဲနဲ့ တရှပ်ရှပ် ၊

တစ်ရှက်ကနေ နှစ်ရှက် အကွဲမခံနိုင်ရင် ၊ အရှက်တရားကို ခါးပုံစထဲထည့်ပြီး

သိမ်းထားလိုက်ပေါ့ ၊ ထိန်းထားလိုက်ပေါ့ ၊ နာကျင်ခြင်းတွေ လွတ်ထွက်မသွားအောင်

ဆိုပြီးတော့ နာကျင်ခြင်းတွေကို ကြိုးနဲ့ ခပ်နာနာလေး တုပ်ထားလိုက်တယ် ၊

လည်ချောင်းထဲကနေ တိုး/ထိုး ထွက်လာတဲ့ အလိုမကျခြင်းတွေဟာ ကိုယ့်ကို ၀ါး

မြို သေအောင် မြို မသေမချင်း မြို ကိုယ့်အိမ်လိုသဘောထားပြီး မြို

မြို့ လေးတစ်မြို့  ရဲ့  အနီးမှာ မြို့ လေးတစ်မြို့ ရှိတယ် ၊ အဲ့ဒီမြို့ လေးရဲ့  သင်္ချိုင်းမှာ

မြေပုံတစ်ခု ရှိတယ် ၊ ကိုယ်တို့ လမ်းပျောက်ရင် အသုံးဝင်ကောင်းဝင်ပါလိမ့်မယ် ၊

ကိုယ်တို့ဟာ လမ်းပျောက်နေတဲ့ သတ္တ၀ါတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ၊

သံလိုက်အိမ်မြောင်ဟာ သန်လိုက် မသန်လိုက်နဲ့ ဘတ်လဘိုင်လိုက်နေပါတယ် ၊

ကိုယ်တို့ ဘာကိုများ ယုံကြည်သက်ဝင်စရာ ရှိဦးမလဲ ၊ ကြေကွဲရပါတယ် ။





ဆူး ခ က် မ င်း

120920111101PM

အရေပြားတစ်ထောက်စာ အယားပြေခြောက်လှန့်ခြင်းများ

ငါ့အရေပြားပေါ်မှာ တစုံတခု တွားသွားနေတယ် အဲ့ဒီ ထိခိုက်မှုတွေကို မကုစားပေးနိုင်ဘူး

ကြောက်ရွံ့ခြင်းမှာ ဘယ်လိုကျဆုံးသွားလဲ စိတ်ရှုပ်ထွေးခြင်းဟာ အမှန်တရားပဲ

ငါ့အရေပြားမျက်နှာပြင်ကို တွန်းထုတ်နေတဲ့အရာဟာ ငါ့ကိုယ်တွင်းမှာပဲ ရှိတယ်

ကုန်နေတယ် စိတ်ရှုပ်နေတယ် ကိုယ်ပိုင် ထိန်းချုပ်နိုင်မှုစွမ်း မဲ့နေတယ်

ဘယ်တော့မှ အဆုံးသတ်မသွားမှာကို ကြောက်နေတယ် ထိန်းချုပ်နိုင်ခြင်းကို

ငါ မမြင်နိုင်ဘူး ကြောက်နေတယ် ငါ့ကိုယ်ငါ ပြန်ရှာဖို့ ပြန်တွေ့ရှိဖို့

ငါ့နံရံတွေဟာ ငါ့ကို ပြန်ပိတ်ထားတယ် ငါတစ်ယောက်တည်း အခန်းကျဉ်းလေးထဲမှာ

ပိတ်မိနေတယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ ဘယ်လိုရပ်တည်ရမလဲ

ငါမသိဘူး ငါ လက်ခံယုံကြည်ခဲ့တယ်ဆိုတာက သိပ်မများလွန်းတဲ့

ဖိအားတွေကို စိတ်ရှိလက်ရှိ စားသုံးပစ်လိုက်ဖို့သက်သက်ပဲ

အဲ့ဒီလိုပဲ ငါ စောစောစီးစီး လဲပြိုသွားခဲ့တယ် အဲ့ဒီလိုပဲ ဘ၀ဟာ

မမြဲသော တရား ဖြစ်ခဲ့တယ် သက်တောင့်သက်သာ မရှိတဲ့

အဆုံးသတ်မဲ့ခြင်းက သူ့ကိုယ်သူ ဆွဲယူတယ် ပြီးတော့ ငါ့ကို ဆွဲယူတယ်

တုံ့ပြန်မှုတွေကို အာရုံပြောင်းပစ်လိုက်တယ် သူတို့ဘယ်နေရာမှာ

သွားသေကြမှာလဲ သေလိုက်စမ်း သေ သေ သေပစ်လိုက်စမ်း

ငါ့လိုအင်ဆန္ဒတွေနဲ့ ဆန့်ကျင်ဘက်တစ်နေရာမှာ ငါရပ်နေတယ်

ငါ့ဘေးမှာ ငါ့ကို အလင်းပြန်ရာမှ ဖြစ်တည်လာတဲ့ ပုံရိပ်တစ်ခုရှိနေတယ်

ငါမမြင်ရတဲ့အရာကို မရှိတရားက ငါ့ကိုပြန်ပြီး ခြောက်လှန့်နေတယ် ။



ဆူး ခ က် မ င်း

200920110920PM

နီယွန်မိုးရေများထဲ စနစ်တကျ လည်ပတ်လျက်ရှိသော ပင်နီယံမျက်ဝန်းလဲ့ပြာပြာ

စိတ်တွေဟာ စိတ်တွေအဖြစ်က လွတ်ထွက်နေတယ်/မသွားအောင်

စိတ်ချည်တိုင်တစ်ခုလောက် လိုအပ်နေတယ် မရှိမဖြစ် ရှိ မဖြစ်/ညစ်ကျယ်

ခံစားမှုမျိုးနဲ့ စက်ရုပ်မတစ်ကောင်ရဲ့ သတ္ထုစော်နံနေတဲ့ အနမ်းကို အလိုရှိနေကြောင်း

အချိန်တန်ရင်တော့ ကမ္ဘာဟာ လူတွေ နေခဲ့ဖူးကြောင်း သဲလွန်စ တွေ့ရမယ် ။ ထင်တယ် ။

နှုတ်ခမ်းထဲ ပင်နီယံတွေ ခပ်တိုးတိုးလေး လည်ပတ်သွားရုံလောက်ပါ ။

ကမ္ဘာဟာ လည်ပတ်မှုနှုန်း လျော့ကျလာတယ် ၊ လျော့ရဲလာတယ် ၊

ကမ္ဘာကို ဘယ်လိုနည်းနဲ့ ကယ်တင်မလဲ ၊ ဆိုတာထက် ၊ အိပ်မက်ဟာ အိပ်နေတုန်း ခဏပါပဲ ၊

ထို့နောက် ပြန်လည်နိုးထလာကြလေသတည်း ။

နိုးထလာတယ်လို့ အိပ်မက်မက်နေတာများလား ။ ဆိတ်ဆွဲကြည့်ဖို့ ပင်နီယံတွေ ခပ်တိုးတိုး လည်ပတ်ကြတယ် ။

စိတ်ထဲ စွဲနေတဲ့ ပရိုဂရမ်ထဲ အိပ်မက်က ပလပ်ဝင်တပ်သွားတယ် ။

သူမရဲ့ မာယာတွေကို DNA စစ်ကြည့်ဖို့ ၊ ကျွန်တော့် အနုပညာကို ပလတ်စတစ်ဆာဂျရီ လုပ်ကြည့်ဖို့ ၊ နောက် ဘာဖို့ ညာဖို့ ၊

စသည်ဖြင့် အဆပေါင်းများစွာ ၊ ထပ်ညွှန်းကိန်းများ ၊ ထပ်ညွှန်းစရာမရှိသော ကောင်းခြင်း ၊ ဆိုးခြင်း ၊ အခြင်းအရာများစွာတို့

စနစ်တကျ လည်ပတ်လျက် ။ သိပ်လှနေပုံပဲ ။ နီယွန်မီးရောင်တွေနဲ့ မျက်ဝန်းလဲ့ပြာပြာ ။

ပွတ်သပ်ထိတွေ့ချင်ကြောင်း မက်ဆေ့တစ်စောင် ။

အနုပညာထဲ တိုးဝင်လာတယ် ။ စနစ်ကျမကျ ကောင်း၏ ဆိုး၏ စသည်ဖြင့် အထပ်ထပ်အခါခါ ။

လူယုတ်မာတွေ ကောင်းစားတဲ့ခေတ်မှာမှ လူလာဖြစ်ရတယ် ၊ ကိုယ်လည်း မရိုးသားချင်တော့ ၊

ရိုးမသွားရင်တော့ ထပ်တလဲလဲ ဒီစကားကို ပြောနေမိမှာ ၊ မရိုးသွားရင်တော့ ။

ဇာတ်အသွားအလာက ဒီတင်ပြီးသွားတယ် ။ ခေတ်လွန် ။ ခေတ်လွတ်နေတဲ့ ဇာတ်လမ်းထဲမှာ

နီယွန်မီးတွေ ယန္တရားတွေနဲ့ ယုတ်ညံ့တဲ့ စက်တရား ။ စက်ရှင်တရားသူကြီး ။ သူကြီးမရှိတဲ့ ရွာ ။

မိုးရေတွေ ခုထိ ခါးသက်နေတုန်းပဲ ။





မ င်း လု လ င် ၊ ဆူး ခ က် မ င်း

၁၅၁၀၂၀၁၁၀၉၀၀ပီအမ်

L O V E Toy Shop

(၁)



ကျွန်တော် မြို့လေးတစ်မြို့မှာ အရုပ်ဆိုင်ဖွင့်ထားတယ် ။

စီးပွားဖြစ်ရယ်တော့လည်း မဟုတ်ဘူး ။

ကျွန်တော့်ဆီမှာ အရုပ်လာဝယ်တဲ့ကလေးတွေရဲ့

လိုချင်တဲ့အရုပ်ရသွားတဲ့ အပျော်မျက်နှာ ၊

သူတို့မိဘတွေရဲ့ သားသမီးအပေါ် ဖြည့်ဆည်းပေးလိုက်နိုင်တဲ့

ပီတိမျက်နှာ ။ အဲ့ဒီ စိတ်ခံစားမှုတွေကို စားသုံးချင်လို့ပဲ ။



ကျွန်တော် မြို့လေးတစ်မြို့မှာ အရုပ်ဆိုင် ဖွင့်ထားတယ် ။







(၂)



တစ်ရက်မှာ ကျွန်တော့်အရုပ်ဆိုင်ကို အမျိုးသမီးတစ်ဦးရောက်လာတယ် ။

ကျွန်တော်နဲ့ယှဉ်ရင် အန်တီခေါ်ရမယ့်အရွယ်မျိုးပေါ့ ။ ပုံစံကြည့်ရတာတော့

ချမ်းချမ်းသာသာထဲကပဲ ။ ဒေါ်ဌေးလို့ နာမည်ပေးထားလိုက်တယ် ။



"မောင်လေးရဲ့ဆိုင်မှာ ချစ်ခြင်းမေတ္တာဆိုတဲ့

အရုပ်လေးများ ရှိမလားကွယ်"



သူကစပြီး "မောင်လေး" ဆိုတော့ ၊ ကိုယ်ကပြန်ပြီး "မမ" လိုက်ရင်

ယဉ်ကျေးရာရောက်သွားမယ်ထင်တယ် ။



"ဟုတ်ကဲ့ အန်တီ .. မရှိပါဘူးခင်ဗျာ ..

နောက်မှ ၀င်ကြည့်ပါလား"



အန်တီမမဌေး မျက်နှာပျက်သွားတယ် ။ သူ့ကို အန်တီ ခေါ်လိုက်လို့

ဖြစ်မယ်ထင်တယ် ။ မျက်နှာအပျက်ကြီးနဲ့ ဆလင်းဘဂ်အိတ်

အကောင်းစားကြီးထဲက ဖိတ်ခေါ်ခြင်းကဒ်ပြားထုတ်ပေးပြီး ပြန်သွားလေရဲ့။



ဒေါ်ဌေးပေးခဲ့တဲ့ ဗစ်ဇစ်တင်းကဒ်ကို အမှိုက်ပုံးထဲ

ရိုရိုသေသေ ထည့်လိုက်တယ် ။









(၃)



တစ်ရက်မှာ ကျွန်တော့်အရုပ်ဆိုင်ကို အမျိုးသမီးတစ်ဦး ရောက်လာတယ် ။

အသက်အရွယ်အားဖြင့်တော့ ကျွန်တော်နဲ့ မတိမ်းမယိမ်းလောက်ပါပဲ ။

ပုံစံကြည့်ရတာတော့ နေနိုင်စားနိုင်ထက် နည်းနည်းလေး ပိုမယ် လို့

ထင်ရတာပဲ ။ မလတ်လို့ နာမည်ပေးထားလိုက်တယ် ။



"ဒီမှာရှင့် .. ကျွန်မလိုချင်နေတဲ့ ချစ်ခြင်းမေတ္တာအရုပ်

ရှင့်ဆိုင်မှာ ရှိမလား"



ကျွန်တော် ခေါင်းခါပြလိုက်တယ် ။ မလတ်ကတော့

စိတ်အိုက်သွားပုံနဲ့ ။ ကျွန်တော့်ဆီမှာ ယပ်တောင်တစ်ချောင်း

ရှိရင် ပေးလိုက်မိမှာပါ ။ ဆိုးတာက ကျွန်တော့်ဆီမှာ

ချစ်ခြင်းမေတ္တာဆိုတဲ့အရုပ်ရော ယပ်တောင်တစ်ချောင်းရော

ရှိမနေဘူး ။









(၄)



တစ်ရက်မှာ ကျွန်တော့်အရုပ်ဆိုင်ကို အမျိုးသမီးတစ်ဦး ရောက်လာတယ် ။

ရုပ်ရည်အရ ကျွန်တော့်ထက် အသက်ငယ်မယ်လို့ ခန့်မှန်းပြီး ၊ သွင်ပြင်အရ

ချို့ချို့တဲ့တဲ့ထဲက လို့ ခန့်မှန်းပစ်လိုက်တယ် ။ မနွမ်းလို့ နာမည်ပေးထားလိုက်တယ် ။



"အကိုရေ .. ညီမက ချစ်ခြင်းမေတ္တာဆိုတဲ့ အရုပ်လေးကို

လိုက်ရှာနေတာပါ ... အကို့ဆိုင်မှာများ ရှိမလားရှင် ..

ညီမ မ၀ယ်နိုင်လောက်အောင် ဈေးကြီးနေခဲ့ရင် .. အဖိုးအခအဖြစ်

ညီမကို တစ်ရက်တာ ပေါင်းသင်းနိုင်ပါတယ်"



"အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး မိန်းကလေး ..

မင်းလိုချင်တဲ့ ချစ်ခြင်းမေတ္တာအရုပ်

ကိုယ့်ဆီမှာမရှိတာ စိတ်မကောင်းပါဘူး"



မနွမ်းကိုကြည့်ရတာ ပိုပြီးနွမ်းသွားတယ်လို့ ထင်ရတယ် ။

ကျွန်တော် သက်ပြင်းချမိရုံကလွဲပြီး ဘာများတတ်နိုင်မှာလဲ ။









(၅)



ကျွန်တော် "LOVE Toy Shop" ဆိုတဲ့

အရုပ်ဆိုင်လေးကို ပိတ်ပစ်လိုက်တယ် ။







ဆူး ခ က် မ င်း

ရမ်းပစ်တဲ့ကျည်ဆံနဲ့ မသေချင်ဘူး ( လျင်တယ်ထင်ရင် စတော့ Stop )

သိပ်ပြီးတော့ စိတ်ပါစရာမလိုဘူး စမယ်ဟေ့ ဆိုတာနဲ့ နိဒါန်းဟာ ရင်ဘတ်မှာ

မြှားတန်းလန်းနဲ့ သေ တယ် ၁၀၀% သန့်စင်ပြီးမေတ္တာတရားကို စိတ်ချယုံကြည်စွာ

သက်ဝင်ကြပါစို့ နိဒါန်းထဲ တန်းလန်းနဲ့ တက်ကို တချက်ကြည့်တယ် ရွက်ကို တချက်ကြည့်တယ်

တက်ကျိုးရင် လက်ထိုးလှော်ကြတာပေါ့ လျော်ကြတာပေါ့ နိုင်သူစားစတမ်း

ရောက်ပြီလား မေးခွန်းလား အလိုက်သင့်အလျားသင့်လား စိတ်လိုလက်ရ ဘ၀ ဆိုတာကို

ခင်တွယ်ဖူးသလိုလိုပဲ ပြီးမှ စာလုံးပေါင်းသတ်ပုံနဲ့ ကိုက်ကြည့်ပြီး မကြိုက်တော့ဘူး စကားလုံးတွေကို

ပေါင်းလိုက် သင်းလိုက် နှုတ်လိုက် ဆုတ်လိုက် ဒီမြေမှာ ဘယ်အပင်မှ မသန်ဘူး

ငြိတော့မငြိသေးဘူး ခုထိ ဒါပေမယ့် မွေ့လျော်မိ အငွေ့တွေကို ငွေပေးဝယ်ရတဲ့ခေတ်

ဘ၀ကိုက ဆိုးတာလား ဒိုးမှာလား ဒီည လမ်းကြောင်းရှိတယ် ငြိပြီ ဒါပဲ ကြားရင် အကြောင်းပြန်

သေခြင်းဟာ လက်တစ်ကမ်းမှာ စီးကရက်ဟာ လက်တစ်ကမ်းမှာ အရက်ခွက်ဟာ လက်တစ်ကမ်းမှာ

ကဗျာဟာ ကိုယ်နဲ့ အဝေးဆုံးမှာ ဟား တိုက် ရယ် မော ဟော ဟော ဟော ဒီလို လို လို လို နေတဲ့ ကွက် လပ် တွေ

ကိုယ့်အရေပြားပေါ်မှာ သွေးအစို့ခံပြီးထိုးမယ့် ဆေးမင်ကြောင်အတွက်တော့ စိတ်ချသေချာတဲ့ ရုပ်ပုံဖြစ်ဖို့လိုမယ်

တက်ပြီးမှ တူးမှာလား တူးပြီးမှ တက်မှာလား ကိုယ့်အရေပြားပေါ်မှာ ထိုးမယ့် တက်တူးအတွက်တော့ သွေးအစို့ခံရမယ်

လို့ ကိုခင်အောင်အေးက ပြောရဲ့ ဒါကြောင့်လဲ ဆေးမင်ကြောင်လို့ပြောရဲ့ တက်တူးကို ရှောင်ကြဉ်ခဲ့

ဒါကြောင့်လည်း ကဗျာရေးရဲ့ မိုက်ရဲ့ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ခပ်ရိုင်းရိုင်းကဗျာမျိုး

မရေးရင် ပိန်းတယ်လို့ ချာတိတ်တချို့က ထင်ရဲ့ တွင်းဆိုလဲ နက်နက်တူးမိရဲ့ အလွယ်တကူ တက်တူးများ

ဗမာ့သွေး လို့ ထိုးပြီးမှ မှားလဲ ပြန်ပြင်လို့ရတဲ့ တက်တူးများ ကိုယ့်မှာ အသုံးမကျတဲ့ အံသွား တစ်ချောင်းရှိတယ်

ကိုယ့်မှာ ခဏခဏ ကိုက်တဲ့ နောက်ထပ် အံသွားတစ်ချောင်းရှိတယ် အံသွားပေါ်မှာ တက်တူး ထိုးချင်တယ်

အံသွားတွေဟာ တက်တူး ထိုးလို့မရဘူး အံသွားတွေကို အံတု ချင်လိုက်တာ

အံသွားတွေက စားတယ် အံသွားတွေက ၀ါးတယ် အံသွားတွေက ယောင်ယောင်ကန်းကန်းတွေပဲ

အံတိုနေပြီ ဒီတော်ကီလောက်နဲ့ တက်မလာနဲ့ ရန်လိုနေပြီ မြင်သမျှကို ရမ်းပစ်လိုက်ချင်တာ အရမ်းပဲ လမ်းလွဲ

အရင်လိုလို့ လမ်းအိုလိုက်တယ် လမ်းကလွဲတယ် အရမ်းပဲ အိုကေ လမ်းတည့်ပေးပါ ရမ်းပစ်တဲ့ ကျည်ဆံနဲ့ မသေချင်ဘူး

ဒဲ့ချိန်ပစ်တဲ့ ကျည်ဆံနဲ့ပဲ အသက်ထွက်ချင်မိ

5

4

3

2

1

F - I - R - E !!!!!!!!!!!



ခင်အောင်အေး ၊ ဆူးခက်မင်း

171120111230AM

အလေအလွင့်ဓားချက်များ နဲ့ ကိုခရမ်း

ဝေးကွာခြင်းလမ်းမတွေကို အနီးကပ်ဆုံးဖြစ်အောင် ချုံ့လိုက်ကြမယ် ။

မိတ္တူစက်တစ်လုံး လိုကောင်းလိုလိမ့်မယ် ။ နေ့တစ်နေ့အတွက်

နားခိုရာ ၊ အိပ်စက်ရာ ၊ ကုတင်ခြေရင်းဆီရောက်တဲ့အထိ ၊

ကျွန်တော်တို့ရဲ့ စိတ်တွေကို ချုံ့ထားလိုက်ကြမယ် ။

ဟင့်အင်း ၊ ကျွန်တော် အိမ်မပြန်ချင်သေးဘူး ။ သူငယ်ချင်းတွေနဲ့ ၊

ကဗျာဆရာတွေနဲ့ ၊ သူငယ်ချင်းကဗျာဆရာတွေနဲ့ ၊ ကဗျာဆရာ

သူငယ်ချင်းတွေနဲ့ ၊ လမ်းလေးဆယ်ထိပ်မှာ ၊ ပိတောက်ရိပ်မှာ ၊

ဟန်နီမှာ ၊ မက္ကဆီကန် ညနေခင်းမှာ ၊ ထိုင်ချင်သေးတယ် ။

ကဗျာတွေ ရွတ်နေချင်သေးတယ် ။ ကဗျာရေးရာ ၊ ကမ္ဘာရေးရာ

စသည်ဖြင့် ကြီးကြီးကျယ်ကျယ် အော်ဟစ်နေချင်သေးတယ် ။

ဒီည ဒီခန္ဓာကိုယ်ကို ဒီမှာပဲ အသေကောင်တစ်ကောင်လို

မြှုပ်နှံပစ်လိုက်ချင်တယ် ။ ဒါမှမဟုတ် ဆက်လက်ရှင်သန်အောင် ၊

စိုက်ပျိုးထားလိုက်ချင်တယ် ။



စဉ်းစားကြည့်ကြပါစို့ ။ ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲက နှလုံးသားကို

ထုတ်ပစ်လိုက်ကြပါစို့ ။ ညဘက်အလုပ်ဆင်းလာမယ့် အိမ်ဖော်

မိန်းမငယ်တစ်ယောက် ၊ ခိုးသားဓားပြတစ်ယောက် ၊ လူလေလူလွင့်

တစ်ယောက် ၊ ရဲအရာရှိတစ်ယောက် ။ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို

နှလုံးသားနဲ့ လုပ်ဆောင်ခဲ့ကြတာလား ၊ ၀တ္တရားအတွက် လုပ်ဆောင်ခဲ့ကြတာလား ။

ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲမှာ နှလုံးသားတွေ မရှိတော့ဘူး ။ ကျွန်တော်တို့ဟာ

ထိန်းချုပ်ခံယန္တရားစနစ်ထဲမှာ ၊ စနစ်တကျလည်ပတ်နေတဲ့ စက်ရုပ်တွေ ။

အမေ .. ကျွန်တော့်အိမ်ပြန်ချိန်ကို စောင့်မနေနဲ့တော့ ။ အယ်လ်ကိုဟောနံ့

သင်းပျံ့နေတဲ့ ကျွန်တော့်ပါးစပ်က ၊ အမေ့အတွက် ချွေးသိပ်စရာ

တစ်လုံးတစ်ပါဒမျှ ထွက်ကျလာဖို့မရှိဘူး ။ သားဆိုးတစ်ယောက်အတွက်

အမေ့ဂုဏ်သရေတွေ ညှိုးနွမ်းခဲ့ရပြီ ။ စိတ်မချလက်မချပဲ အိပ်ပါတော့ မေမေ ။



ညဟာ ပုံမှန်ထက်ပိုတဲ့ မှောင်မိုက်ခြင်းမျိုးနဲ့ ၊ တိတ်ဆိတ်မှုဟာ ပိုမို

ကြီးထွားလာတယ် ။ မကောင်းမှုဒုစရိုက်တွေ ထင်ရှားရာအဖြစ် ပိုမို

ကြီးထွားလာတယ် ။ အကြောက်တရားတွေကို စပေ့စ်တစ်ခုနဲ့

ဖုံးအုပ်ထားလိုက်ကြမယ် ။ ပြဿနာဆိုတာတွေကို ခေါင်းချင်းဆိုင်ပြီး

တေ့ပေးလိုက်ကြမယ် ။ ကျွန်တော်တို့ရဲ့ ခုတင်နံဘေးက စားပွဲမှာ ၊

ဖုန်တက်နေတဲ့ အံဆွဲတချို့ ရှိကောင်းရှိလိမ့်မယ် ။ ဒါမှမဟုတ်

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်

စာသား ၊ ဆိုးရွားစွာ ပျက်ယွင်းနေတဲ့ အဆုတ်ပုံ ကပ်ထားတဲ့

ငါးသုံးလုံး စီးကရက်ဘူး ရှိကောင်း ရှိလိမ့်မယ် ။ ကဲ .. ကျွန်တော်တို့ရဲ့

အဆုတ်တွေကို မီးခိုးငွေ့တွေနဲ့ ယဉ်ယဉ်ကျေးကျေး ဖုံးအုပ်လိုက်ကြစို့ ။



ခင်ဗျားသွားနေတဲ့ ဘ၀ခရီးမှာ လေယာဉ်ပျက်ကျသွားမယ် ၊ ဆိုပါစို့ ။

ခင်ဗျားရင်ဘတ်ထဲက အသက်ထက်ဆုံးစာချုပ်ကို မီးရှို့ဖျက်ဆီးပစ်လိုက်မယ် ၊

ဆိုပါစို့ ။ သဘောထားမတိုက်ဆိုင်ခြင်းတွေ ၊ အိမ်ထောင်ပြိုကွဲမှုတွေဟာ

လူမှုရေးနယ်ပယ်ရဲ့ ကန့်လန့်ကာနောက်ကွယ်မှာ ဒုနဲ့ဒေး ။ ချစ်ခြင်းမေတ္တာပြီးရင်

ဘာကို တန်ဖိုးအထားဆုံးလဲ ။ လူမှုဆက်ဆံရေးဟာ ဆစ်ဖလစ်ရောဂါ ဖြစ်နေတယ် ။

တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲနေတယ် ။ တချို့က ဒိုင်ကြောင်တွေ ၊ ဒိုင်စားဂဏန်းတွေ

ရွတ်ကြတယ် ။ တချို့က အမေ့မျက်ရည်တွေ ခိုးထုတ်ကြတယ် ။ တချို့က

ပူလောင်မှုတွေကို ဖုံးအုပ်ထားကြတယ် ။ တချို့က ကျော်ကြားမှုတွေနဲ့ ကိုယ့်ကိုယ်ကို

ပိတ်လှောင်ပစ်လိုက်ကြတယ် ။ ကျေးဇူးတရားဟာ အချိန်ကြာလာတာနဲ့အမျှ

အေးခဲသွားတယ် ။ မာကြောချင်ယောင်ဆောင်ခြင်းက ပျော့ညံ့ခြင်းတစ်မျိုးပဲ ။

“တစ်”ကြိုး တစ်ချောင်း ပြတ်ရုံနဲ့ ဂီတက သေပြီတဲ့လား ။ လရောင်ရဲ့ဂီတဟာ

ခင်ဗျားတို့အတွက် သာယာနာပျော်ဖွယ်ဖြစ်ပါစေ ။



စာအုပ် လေးငါးအုပ် ဖတ်မယ် ။ ကြယ်တွေကို ငေးမယ် ။ သူရောက်လာမယ် ။

စက္ကန့်ပိုင်းအတွင်း လွန်လေပြီးသော နှစ်ကာလများဆီ ပြန်ရောက်သွားမယ် ။

သက်တန့်တံတားပေါ်မှာ ၊ ဧရာဝတီကို ဘယ်သူ နှုတ်ဆက်လိုက်သလဲ ။

မုန်တိုင်းခတ်သံတွေကြားတယ် ။ ကောင်းကင်တံခါးကို ဆွဲဖွင့်လိုက်တာနဲ့

ဖြူစင်နူးညံ့ခြင်းတွေ ပြိုကျလာတယ် ။ ကိုခင်ဝမ်းရော ဘယ်လိုလဲ ။

တောင်ကုန်းလေးတစ်ခုပေါ်မှာ နှင်းဝေ ဝေနေတုန်းပဲလား ။

ဆယ်လမွန်ငါးတို့ ပြန်ချိန်ရောက်ပြီလား ။ တောင်ပေါ်မှာ အ၀ါရောင်ပန်းတို့

ပွင့်နေပြီလား ။ နှင်းဆီဖြူရဲ့ အဝေးမှာပဲလား ။ လပေါ် လမ်းလျှောက်နေဆဲပဲလား ။

ဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ် လွမ်းရပါတယ် ။ အို .. မောင်ဒီ ၊ သဘောတူရင်

ဝီစကီတစ်ပြားနဲ့ ၊ ခင်ဗျားနဲ့ကျွန်တော် ၊ ခင်ဝမ်းနဲ့ ဗန်ဂိုးအကြောင်း ဆက်ပြောမယ် ။

ကြယ်တွေစုံပြီလား ။ ဗင်းဆင့်သီချင်းကို ဆိုကြမယ် ။ ဆိုက်ပရက်စ်လမ်းကို

လျှောက်ကြမယ် ။ နားရွက်သုပ်တစ်ပွဲနဲ့ ၊ မိန်းမပျက်တစ်ယောက်နဲ့ ။





ဆူး ခ က် မ င်း

အနာဂတ်က ကျွန်တော့် သူငယ်ချင်း

ကျွန်တော် သူ့ကို အနာဂတ်မှာ သိခဲ့တယ် ။ ခင်ဗျား ဘာတွေးနေမလဲဆိုတာ

ကျွန်တော်သိတယ် ။ ကျွန်တော် သူ့ကိုလည်း အဲ့ဒီလိုပဲ ပြောခဲ့တယ် ။

မင်း ဘယ်ကလာတာလဲ လို့ ကျွန်တော် သူ့ကို မေးခဲ့တယ် ။

အနာဂတ်ကလာတာပါ လို့ သူပြန်ပြောခဲ့တယ် ။ သူ့ရဲ့ မူလဇစ်မြစ်ဟာ သူနဲ့

အလွန်ဝေးကွာပြီး ၊ အခုလက်ရှိ ပစ္စုပ္ပန်နဲ့ အဆက်အစပ် သိပ်မရှိလှဘူး ။





သူက ကျွန်တော်တို့အကြောင်း ဘာမှ သိပ်မသိဘူး ။ ကျွန်တော်တို့ရဲ့ လူနေမှုစနစ်နဲ့

သိပ်မရင်းနှီးဘူး ။ သူပြောပြသလောက်တော့ အနာဂတ်ကာလမှာ ဘာကိုမှ

တရားသေ ဆုပ်ကိုင်ထားလို့ မရဘူး ။ အလုပ်နဲ့ လက် မပြတ်ဘဲ လုပ်နေရမယ် ။

ငြင်းခုံရန်ဖြစ်ရမှုတွေ ပိုများလာမယ် ။ သူ အနာဂတ်ကနေ ပစ္စုပ္ပန်ကို လာခဲ့ရတဲ့

အကြောင်းရင်းက သူ အရမ်းချမ်းသာချင်တယ် ။ ဘယ်လောက်အထိလဲဆိုရင်

ဘာအလုပ်မှမလုပ်ဘဲ အမြန်ဆုံး ချမ်းသာချင်တာမျိုး ။ အခုဆိုရင်

သူဖြစ်ချင်တဲ့ဆန္ဒတွေ ဖြစ်လာခဲ့ပြီ ။ သူဟာ ကျွန်တော်တို့ရဲ့ အချိန်တွေကို

ငွေပုံပေးပြီး ၀ယ်ခဲ့တယ် ။ ကျွန်တော်သူ့ကိုပြောခဲ့ပါတယ် ။

အဲ့ဒါဟာ အရမ်းကို ခေတ်နောက်ပြန်ဆွဲလွန်းနေရာမကျဘူးလား သူငယ်ချင်း လို့ ။

ဒါတွေအားလုံးက သူရခဲ့တဲ့ အကြံအတိုင်းပဲ လို့ သူပြန်ဖြေတယ် ။ သူ ရခဲ့တဲ့

အကြံတွေအားလုံးနီးပါးက မိုက်ကယ် ဂျေ ဖောက်စ် ဆီက လာတယ် လို့

သူ့အပြောအရ သိခဲ့ရတယ် ။ မိုက်ကယ် ဂျေ ဖောက်စ် ဆိုတာ ဘယ်သူလဲလို့

ကျွန်တော် မသိသလို သူလည်း သိလိမ့်မယ် မထင်ဘူး ။





အချိန်ရဲ့ ဆက်လက်စီးဆင်းမှုသဘောတရားကို ပြောပြဖို့ သူ့ကို ကျွန်တော်

တောင်းဆိုခဲ့တယ် ။ သူ ဘာမှမသိဘူး ၊ သူ့မှာ ဖြေစရာ အဖြေမရှိဘူး ဆိုတာနဲ့တင်

ကျွန်တော် ကျေနပ်ပစ်လိုက်ရတယ် ။ သူက အရမ်းဥာဏ်ကောင်းတာတော့လည်း

မဟုတ်ဘူး ။ ပြောရရင် သူ့မှာ အရမ်းရိုးရှင်းတဲ့ အတွေးပဲ ရှိတယ် ။ တစ်နေ့တစ်နေ့

ဘာအလုပ်မှ မလုပ်ဘဲ နေချင်တာရယ် ၊ ပိုက်ဆံတွေ များသထက်များအောင်

လိုချင်တာရယ် ။ ရိုးရိုးရှင်းရှင်းလေးပါပဲ သူ့အတွေးက ။ အဲ့ဒီအချက်ကတော့

သူနဲ့ ကျွန်တော် တိုက်ဆိုင်မှုတစ်ရပ်အနေနဲ့ ကျွန်တော်တို့ကြားမှာ ဖြစ်ခဲ့တယ် ။

အချိန်ယန္တရားဟာ ဘယ်လိုအလုပ်လုပ်တယ် ဆိုတဲ့အကြောင်း ၊

အချိန်ရဲ့ ဆက်လက်စီးဆင်းမှု သဘောတရားအကြောင်း စတာတွေကို

ဆွေးနွေးဖို့တော့ ကျွန်တော်တို့ကြားမှာ မဖြစ်နိုင်ခဲ့ဘူး ။

သူကိုယ်တိုင် လုံးဝ မသိသလို ၊ ကျွန်တော်ကိုယ်တိုင် ခြေခြေမြစ်မြစ် မသိတဲ့

အကြောင်းအရာတွေ ဖြစ်နေလို့ပဲ ။ ကျွန်တော်တို့ထက် ပိုပြီး ဥာဏ်ကောင်းတဲ့သူတွေ

အနာဂတ်ကာလမှာ ရှိကောင်း ရှိနိုင်ပါလိမ့်မယ် ။ ဒါပေမယ့် အဲ့ဒီလူတွေဟာ

ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန်ကို ပြန်မလာတော့တာ တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့

ကံဆိုးမှုတစ်ရပ်ပဲ ။





သူပိုင်ဆိုင်တဲ့ ငွေကြေးတွေဟာ သူနဲ့ အတူတကွ ရှိမနေဘူး ။ အကယ်၍ ကျွန်တော်သာ

သူ့ဆီက ပမာဏတော်တော်များများရှိတဲ့ ငွေကြေးတစ်ရပ် ချေးခဲ့မယ်ဆိုရင်

သူပိုင်ဆိုင်တဲ့ လောင်းကစားရုံတစ်ခုကို လက်ညှိုးထိုးပြီး ကျွန်တော့်ကို

ပေးပစ်လိုက်မယ် ဆိုတာ ကျွန်တော် သိနေတယ် ။ ဒါပေမယ့် ကျွန်တော့်အတွက်ကလည်း

လောင်းကစားထက် ပိုပြီး အရေးပါတဲ့ အရာတွေကို လက်ခံရရှိပြီးသားဆိုတော့

ကျွန်တော် ငြင်းဆိုပစ်လိုက်မှာ သေချာနေတယ် ။ သူကလည်း ကျွန်တော် ငြင်းမယ်ဆိုတာ

သိပြီးသား ဖြစ်နေမယ့်အတွက် ရရှိလာမယ့် အကျိုးအမြတ်တွေကို တွက်ချက်ပြထားတဲ့

ဘဏ္ဍာရှင်းတမ်းတစ်စောင် ကျွန်တော့် စာတိုက်ပုံးထဲ လာထည့်ထားမယ် ဆိုတာ သေချာနေတာပါပဲ ။

ဒါပေမယ့် ကျွန်တော် ထပ်မံငြင်းဆိုဦးမယ်ဆိုတာလည်း သူက သိနေဦးမှာပါပဲ ။ ရလာမယ့်

အကျိုးအမြတ်တွေဟာ ကျွန်တော့် ဘ၀တစ်ခုလုံး ပြောင်းလဲသွားလောက်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့

သူ ထပ်ပြီး တိုက်တွန်းလိမ့်ဦးမယ် ။ သူလိုချင်တာ ဘာလဲ ဆိုတာ ကျွန်တော် သိနေတယ် ။

သူလိုချင်တာ ကျွန်တော်ပိုင်ဆိုင်တဲ့ ကျွန်တော့်ရဲ့ အချိန်တွေကိုပဲ ။ ကျွန်တော်ပိုင်ဆိုင်သမျှ

အချိန်တွေအားလုံးကို သူ့အတွက် ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်ရော သူပါ

လက်ရှိထက်ပိုပြီး အများကြီး ချမ်းသာသွားနိုင်မယ်လို့ သူ သေချာနေတယ် ။





နောက်ဆုံးတော့ ကျွန်တော်တို့ကြားမှာရှိတဲ့ သဘောမတူညီမှုတွေအားလုံးကို

ခြေဖျက်ပစ်လိုက်နိုင်ခဲ့တယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်တော်တို့နှစ်ယောက်

အကြီးအကျယ် ပွပေါက်တိုးခဲ့ကြတယ် ။ အရမ်းလည်း စိတ်လှုပ်ရှားခဲ့ရတယ် ။

မကြုံဖူးလောက်အောင် တုန်လှုပ်သွားခဲ့ရတဲ့အထိပဲ ။ အဲ့ဒီညမှာပဲ

ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် အကြီးအကျယ်အောင်ပွဲခံခဲ့ကြတယ် ။

နောက်တစ်နေ့မှာတော့ အတိတ်ကနဲ့ မတူညီတော့တဲ့ ဘ၀သစ်တစ်ခုကို

ကျွန်တော်တို့ တည်ဆောက်ခဲ့ကြတယ် ။ ကဲ .. အရာအားလုံး ပြီးဆုံးသွားပြီ လို့

ခင်ဗျား ထင်နေတာလား ။ ဘ၀တစ်ခုရဲ့ နိဒါန်းဆိုပေမယ့် နိဂုံးလည်း

ဖြစ်ကောင်းဖြစ်သွားနိုင်တာပဲလေ ။ ဒါကို ခင်ဗျား မေ့မထားဖို့ လိုတယ် ။

ကျွန်တော်တို့ တခြားလုပ်ငန်းတစ်ခုမှာ ရှိသမျှ ငွေကြေးတွေ ပုံအောပြီး

အစပြုခဲ့ကြတယ် ။ ကံမလိုက်ချင်ဘူးလို့ပဲ ပြောရမလား ။

ခွက်ခွက်လန်အောင် ရှုံးခဲ့တယ် ။ ကျွန်တော်တို့ရဲ့ ကျဆုံးချိန် ရောက်ခဲ့ပြီ ။

လက်ထဲမှာ ခြူးတစ်ပြားမှ မရှိတော့လောက်အောင်တော့လည်း မဟုတ်ပေမယ့် ၊

ကျွန်တော်တို့မှာ ရှိတဲ့ ငွေကြေးပမာဏက ဘာမှဆက်ပြီးလုပ်လို့မရတော့လောက်အောင်

အထိနာခဲ့ကြတယ် ။ ကျွန်တော့်သူငယ်ချင်းလည်း အရမ်းကို စိတ်ဓာတ်ကျသွားခဲ့တယ် ။

"သူ ပစ္စုပ္ပန်ကို ပြန်မလာဘဲ အနာဂတ်မှာပဲ နေခဲ့သင့်တယ်" လို့

ထုတ်ဖော်ငြီးငြူရလောက်အောင်ပဲ ။





အဲ့ဒီနောက်မှာတော့ ကျွန်တော်ဟာ ကိုယ့်ရဲ့ မူလလုပ်ငန်း (သူနဲ့ မဆုံခင်ကအထိ

လုပ်ခဲ့တဲ့) ကိုပဲ ပြန်လုပ်ခဲ့တယ် ။ ဖြည်းဖြည်းချင်း ၊ အေးအေးဆေးဆေးနဲ့ပဲပေါ့ ။

သူကတော့ အိမ်မှာပဲ အမြဲကျန်နေခဲ့ပြီး ၊ သူ့မှာ တစ်နေ့တစ်ခြား များပြားလာတာဆိုလို့

စိတ်ဓာတ်ကျခြင်းတွေပဲ ဖြစ်တယ် ။ ကျွန်တော် သူ့အတွက် စိတ်ပူရပါတယ် ။

သူ့အနေနဲ့ အနာဂတ်မှာပဲ နေသင့်တယ်လို့လည်း ထင်မြင်လာမိတယ် ။

ကျွန်တော် သတိမထားလိုက်မိတဲ့ အချက်တစ်ချက်ကို သူလုပ်ခဲ့တယ် ။

အဲ့ဒါဘာလဲ ဆိုတော့ သူ ဘဏ်တစ်ခုကို ဖောက်ခဲ့တာပဲ ။ နောက်တစ်နေ့မနက် သတင်းစာ

ခေါင်းစီးပိုင်းမှာ ဘဏ်ဖောက်ခံရခြင်းသတင်းဟာ အကျယ်တ၀င့် ပါဝင်လာတယ် ။

ရဲတွေရဲ့ လိုက်လံဖမ်းဆီးခြင်းမှ လွတ်မြောက်အောင် သူဟာ စက်ဘီးတစ်စီးကို

အသုံးပြုခဲ့တယ် ။ ကျွန်တော်ထင်ပါတယ် ။ သူ လာခဲ့တဲ့ အနာဂတ် ဆိုတဲ့ ကာလမှာ

ကားကို မသုံးကြတော့ဘူး ထင်ပါရဲ့ ။ ကံမကောင်းစွာပဲ ကျွန်တော့်သူငယ်ချင်းဟာ

နှစ်ရှည်လများ ထောင်ဒဏ်ကျခံခဲ့ရတယ် ။





အခုလက်ရှိရောက်နေတဲ့နေရာဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးပဲလို့

ခင်ဗျား တွေးနေမိပြီ မဟုတ်လား ။ ခင်ဗျားဟာ အချိန်ကာလကို

ပြောင်းလဲနိုင်တဲ့လူတစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့်

ခင်ဗျားရဲ့ လက်ရှိအချိန်သာ ခင်ဗျားအတွက် အသင့်တော်ဆုံးဆိုတာ မမေ့ပါနဲ့ ။

ကျွန်တော်သာ အချိန်ကာလကို ပြောင်းလဲနိုင်တဲ့လူတစ်ယောက်

ဖြစ်ခဲ့မယ်ဆိုရင် ၊ ကျွန်တော် ဘာလုပ်မယ်လို့ ခင်ဗျားထင်သလဲ ။

ကျွန်တော်ကိုယ်တိုင် မသိသလို တခြား ဘယ်သူမှလည်း သိလိမ့်မှာ

မဟုတ်ဘူးဆိုတာ သေချာပါတယ် ။





(Jeppe Grünberger ၏ ၀တ္ထုတိုအား မှီငြမ်းပါသည်)





ဆူး ခ က် မ င်း

နံနက်ခင်း FM

သူ သတင်းစာ ဖတ်နေသည် ။ သူ သတင်းစာတစ်စောင်

ဖတ်နေသည်ဟု ပြောရင်လည်း ရ၏ ။ သို့သော်

တပြိုင်နက်တည်း သတင်းစာ နှစ်စောင် (နှင့်အထက်)

ဖတ်ရန်အကြောင်းမရှိသဖြင့် ၊ သူ သတင်းစာ ဖတ်နေသည် ဟု

ပြောခဲ့ခြင်းဖြစ်သည် ။ သူ သတင်းစာဖတ်ရတာ သဘောကျသည် ။

သုံးယောက်တည်းနှင့် တစ်စောင်လုံးစာ ရေးသားထားသော

အချို့ (အပေါစား) ဂျာနယ်များ ဖတ်ရှုရသည်ထက်စာရင်

သတင်းစာဖတ်ရတာက သူ့အတွက် ပိုအဆင်ပြေသည် ။

ဘာအထွေအထူးသတင်းမှ မရှိရင် သူ ပိုသဘောကျ၏ ။

သူက ဘာသတင်းများ ထူးမလဲဟူသော စိတ်ဖြင့် ဖတ်ခြင်းမဟုတ် ။

နံနက်ခင်းစာ လက်ဖက်ရည်နှင့် ဆေးပေါ့လိပ်နှင့် မြည်းရန်သာ

သတင်းစာဖတ်ခြင်းဖြစ်၏ ။ ယခုလည်း ဘာသတင်းထူးမှ မပါသော

သတင်းစာကို သူ ဖတ်နေသည် ။



သူသောက်နေသော လက်ဖက်ရည်သည် သူ့မိန်းမ ဖျော်ပေးထားခြင်း

ဖြစ်၏ ။ ဇနီး ၊ မယား ၊ အမျိုးသမီး စသည်ဖြင့်လည်း ခေါ်တွင်နိုင်ပေသည် ။

သို့သော် သူက မိန်းမဟူသည့် အခေါ်အဝေါ်ကို ပိုမိုနှစ်ခြိုက်၏ ။

သူကိုယ်တိုင်လည်း သူ့မိန်းမအား မိန်းမဟုပင် (ချစ်စနိုးမဟုတ်သော်လည်း)

ခေါ်သည် ။ ကွယ်လွန်သွားပြီးဖြစ်သော ဗေဒင်ဆရာကြီးတစ်ဦးက

စာထဲ ထည့်ရေးဖူးသည် ။ ၄င်းက ဂမ္ဘီရ၀တ္ထုများလည်း ရေးသည်ကိုး ။

လင်မယားချင်း ယောင်္ကျား ၊ မိန်းမ ဟု မခေါ်အပ် ။ ဘာလို့ဆို

အများဆိုင်နာမ် ဖြစ်သောကြောင့် .. တဲ့ ။ သူကတော့ သူ့မိန်းမသာ

ပြည်သူပိုင်ပစ္စည်းဖြစ်သွားရင်လည်း ကောင်းသား ဟု တွေးမိ၏ ။

ယခု သူသောက်နေသော လက်ဖက်ရည်သည် ပြည်သူပိုင်ပစ္စည်း

မဖြစ်သေးသော သူ့မိန်းမ ဖျော်ပေးထားခြင်း ဖြစ်သည် ။



သူ ဘာအထွေအထူးသတင်းမှ မပါသော သတင်းစာကို ပိတ်လိုက်သည် ။

သူ့မိန်းမက နားနှစ်ဖက်ကို ပိတ်လိုက်သည် ။ အောင်စည်သူကြောင့်

ပိတ်လိုက်ရခြင်းဖြစ်၏ ။ အောင်စည်သူက Linkin Park သီချင်းကို

အကျယ်ကြီးဖွင့်နေသောကြောင့် မဟုတ် ။ အောင်စည်သူ ဆိုတာ

သူတို့အိမ်ရှိ ကြောင်တစ်ကောင်ဖြစ်သည် ။ သူက ကြောင် ဆိုတိုင်း

ရွှေဝါဟု အမည်မပေးချင် ၊ အောင်စည်သူ ဆိုတာ သူ့မိတ်ဆွေရဲ့

နာမည်ဖြစ်၏ ။ အောင်စည်သူက နွားနို့အရမ်းကြိုက်သည် ။

ငါးကြော်လည်း အရမ်းကြိုက်သည် ။ ငါးကြော် မကြိုက်ရင်

ကြောင်မိုက် ဖြစ်မှာစိုးလို့ ထင်သည် ။ သူ့မိတ်ဆွေ အောင်စည်သူက

နွားနို့ နှင့် ငါးကြော် ကြိုက်မကြိုက် မသိ ။ တွေ့မှ မေးကြည့်ဦးမည် ။



သူ့မိန်းမ နားနှစ်ဖက် ပြန်ဖွင့်လိုက်သည် ။ အောင်စည်သူ နို့ဆာ၍

အော်နေ၏ ။ အောင်စည်သူ ဟာ နို့စို့ကလေးငယ် မဟုတ်ကြောင်း ၊

ကြောင်တစ်ကောင်ဖြစ်ကြောင်း ထပ်ပြောရန်မလို ဟု ထင်သည် ။

သူ့မိန်းမက အောင်စည်သူအတွက် နွားနို့တစ်ပန်းကန်

ချပေးလိုက်၏ ။ သူ လက်ဖက်ရည်ကို တစ်ငုံ ငုံလိုက်သည် ။

အောင်စည်သူက နွားနို့ကို တပြတ်ပြတ် လျက်သည် ။

သူက လက်ဖက်ရည်ထဲ နို့စိမ်း ထည့်ဖျော်တာကို ကြိုက်၏ ။

အောင်စည်သူ လျက်နေသော နွားနို့ နှင့် သူသောက်နေသော

လက်ဖက်ရည်ထဲရှိ နွားနို့ ၊ အတူတူပဲဖြစ်သည် ။ နို့ပို့ကုလား က

အိမ်သို့ မနက်တိုင်း နွားနို့တစ်ပုလင်း လာပို့၏ ။ ထိုကုလားရဲ့

နာမည်မှာ ရှရွတ်ခန်း မဟုတ် ၊ အာမက် ဖြစ်သည် ။

အာမက်သည် နွားနို့ မကြိုက် ၊ အာမက်ကြိုက်သည်က

အဆိုတော် လေဒီဂါးဂါး ဖြစ်၏ ။



သူ ဘာသတင်းထူးမှ မပါသော သတင်းစာကို ပြန်ကိုင်လိုက်သည် ။

သူ့မိန်းမက နေ့လည်စာအတွက် ဈေးမှဝယ်လာသော

ကြက်တစ်ကောင်ကို ကိုင်နေ၏ ။ ထိုကြက်အား အာမက်၏ အဖေ

ဆာမိထံမှ ၀ယ်လာခြင်းဖြစ်သည် ။ ဘာသတင်းထူးမှ မပါသော

သတင်းစာတွင် သူ့မိတ်ဆွေ အောင်စည်သူရဲ့ နာရေးသတင်းကို

တွေ့ရ၏ ။ အောင်စည်သူက နွားနို့တစ်ပန်းကန်အား ပြောင်စင်အောင်

လျက်ပစ်လိုက်သည် ။ သူ သတင်းစာကို ပြန်ပိတ်လိုက်ချိန်တွင် ၊

ဗိုက်တင်းသွားသော အောင်စည်သူက ပြန်အိပ်ရန် မျက်လုံးပိတ်လိုက်၏။

သူ့မိန်းမ ဖွင့်လိုက်သော ရေဒီယိုမှ လေဒီဂါးဂါးရဲ့ သီချင်းတစ်ပုဒ်

ထုတ်လွှင့်နေလေသည် ။





- ဆူး ခ က် မ င်း -

၅၂

ကောင်လေးတစ်ယောက်ရှိတယ် ။ သူ့မှာ ကောင်မလေးတစ်ယောက်ရှိတယ် ။

ကောင်လေးက သူ့ရဲ့ကောင်မလေးကို “ကောင်မလေး” လို့ ခေါ်ပြီး ၊

ကောင်မလေးက သူမရဲ့ကောင်လေးကို “ကောင်လေး” လို့ ခေါ်တယ် ။

ကောင်လေးနဲ့ ကောင်မလေးဟာ ချစ်သူတွေဖြစ်ကြတယ် ။ ကောင်မလေးရဲ့

အမေမှာ နှလုံးရောဂါမရှိသလို ၊ သူမဟာ ကောင်လေးအဖေရဲ့ ငယ်ချစ်ဦးလည်း

မဟုတ်ဘူး ။ သူမဟာ ကောင်မလေးရဲ့ချစ်သူကို မွေးဖွားပေးခဲ့သူသာ ဖြစ်တယ် ။

ကောင်လေးရဲ့လည်ဂုတ်မှာ မွေးရာပါ အမှတ်မရှိဘူး ။ ဒါ့အပြင် သူဟာ

တစ်ဦးတည်းသောသားလည်း ဖြစ်ရဲ့ ။ ပြောချင်တာက သူနဲ့ ငယ်ငယ်တုန်းကတည်းက

ကွဲသွားတဲ့ ရုပ်ချင်းပက်ပက်စက်စက်တူတဲ့လူ မရှိဘူး ဆိုတာပဲ ။ ကောင်လေးဟာ

မာစီဒီးကားကြီးစီးပြီး ၊ ကောင်မလေးနေတဲ့ ၀င်ဒါမီယာက တိုက်ကြီး ရှေ့မှာ

ဂစ်တာသွားတီးတာမျိုး ဒီဇာတ်လမ်းမှာမပါဘူး ။ ကောင်လေးဟာ အင်တာနက်ဆိုင်မှာ

အလုပ်လုပ်သူဖြစ်ပြီး ၊ ကောင်မလေးက မြောက်ဒဂုံမှာနေတဲ့ ကျောင်းဆရာမတစ်ဦး

ဖြစ်တာကြောင့်ပဲ ။ ကောင်လေးဟာ မြောက်ဒဂုံက ကောင်မလေးရဲ့အိမ်ရှေ့မှာလည်း

ဂစ်တာတီးမယ့်ပုံမပေါ်ဘူး ။ ဘာကြောင့်လဲဆိုတော့ ဂစ်တာတစ်လက်တည်းနဲ့

ဆင်ဖိုနီတီးဝိုင်းတစ်ခုစာ အသံစုံမြည်အောင် မတီးတတ်ရှာလို့ပဲ ။



ကောင်လေးဟာ သူ့သူငယ်ချင်းတွေနဲ့ “ငါ ဒီကောင်မလေးကို ရအောင်လိုက်ပြမယ်”

ဆိုပြီး ငှက်ပျောသီးတစ်လုံးကြေး အလောင်းအစားမလုပ်ခဲ့ဘူး ။ ကောင်မလေးကလည်း

ကောင်လေးရဲ့သူငယ်ချင်းကို အသည်းမခွဲခဲ့ဖူးဘူး ။ ကောင်မလေးက ကောင်လေးအကြောင်း

တွေးပြီး ၊ အခန်းထဲမှာ တစ်ယောက်တည်း စကားတွေပြောပြီး ရှက်ကိုးရှက်ကန်းဖြစ်မနေဘူး ။

ကောင်လေးနဲ့ ကောင်မလေးဟာ MICT Canteen ထဲမှာ ထိုင်ပြီး အအေးမသောက်ဘူး ။

ကောင်မလေးရဲ့အဖေဟာ ညတိုင်းအရက်မူးမလာဘူး ။ စကားတွေ လျှာလေးအာလေးနဲ့

မပြောဘူး ။ ကောင်လေးရဲ့အိမ်မှာ အိမ်ဖော်ကောင်မလေးမရှိဘူး ။ ဒါကြောင့် ကောင်လေးဟာ

သူမကို မတရားမကျင့်ဘူး ။ ဒါ့အပြင် ကောင်လေးဟာ တရားလည်း မကျင့်ဘူး ။

ညအိပ်ယာဝင်ရင်တောင် ဘုရားမရှိခိုးဘူး ။ ရွှေတိဂုံဘုရားမှာ ကောင်မလေးထက်အရင်

ခပ်မြန်မြန်ရှိခိုးပစ်လိုက်ပြီး ၊ ကောင်မလေးကို ကြည့်နေတာမျိုး လုပ်လေ့မရှိဘူး ။



ကောင်လေးဟာ တစ်ရပ်ကွက်လုံးက ကြောက်ရတဲ့ လူမိုက်မဟုတ်ဘူး ။

ကောင်မလေးကိုကြိုက်နေတဲ့ ပြီတီတီ (ဒါမှမဟုတ်လည်း ပေါတောတော)

သူဌေးသားတစ်ယောက် မရှိဘူး ။ ကောင်မလေးရဲ့အမေဟာ ရပ်ကွက်ထဲ

အကြော်စုံလှည့်မရောင်းဘူး ။ သူများအိမ်တွေမှာ အ၀တ်လိုက်မလျှော်ဘူး ။

ကောင်လေးဟာ ကောင်မလေးကို နိုင်းလောက်ရှိတဲ့ စကားလုံးအကြီးကြီးတွေ

မပြောဘူး ။ ကောင်မလေးဟာ ယောင်္ကျားတိုင်းကြိုက်ရလောက်အောင် မလှဘူး ။

သူမကလည်း ယောင်္ကျားတိုင်းကို မကြိုက်ဘူး ။ သူမ ကြိုက်တာက မုန့်လက်ညှိုး နဲ့ ၊

ကောင်လေး ။ တစ်ရက်ကျတော့ ကောင်မလေးနဲ့ သူမရဲ့အမေဟာ ၀တ်ကောင်းစားလှတွေ

မ၀တ် ၊ ဆိုဖာကြီးပေါ်မှာ ခန့်ခန့်ကြီး မထိုင်ဘဲ ၊ ကြမ်းပေါ် ခြေပစ်လက်ပစ်ထိုင်ပြီး

စကားပြောဖြစ်ကြတယ် ။



ကောင်မလေးရဲ့ အမေ - “ဟဲ့ .. နင်နဲ့ အဲ့အကောင်ကြိုက်နေတာ ဘယ်လောက်ကြာပြီလဲ”



ကောင်မလေး - “ ငါး နှစ် ”





ဆူး ခ က် မ င်း

ထို့ကြောင့် ... ဟု ခေါ် / လေသည်

မျှော်လင့်ချက်မဲ့နေသော သက်ရှိအစိုင်အခဲကို

ဆူးခက်မင်း ဟု ခေါ်ပါ ၊ တော်ပါ ၊ ဘူးသီးသီးမှ

လက်ညှိုးနဲ့ လာမထိုးရ ၊ အရာရာပြောင်းလဲသွားခြင်းတွေထဲ

သူမရဲ့ လက်သန်းလေးတစ်ချောင်းလည်း အပါအ၀င် ၊

ကတိစကားတွေ မေ့ပစ်လိုက် ပါတယ်/ပါပြီလား ၊

အရင်လို အပြင်မှာ လွတ်လွတ်လပ်လပ်ပဲလား ၊

အရင်လို အထဲမှာ ပျော်ပျော်မွေ့မွေ့ပဲလား ၊

ပျော်လိုက် မွေ့လိုက် မွှေ့လိုက် လိုက် လိုက် လိုက် ၊

ကဗျာကြီးရွေ့လျားမှုနောက် မမီမကမ်း လိုက် ၊ သေလု

မြောပါး လိုက် ၊ အောင်ဇေယျတု သဗ္ဗမင်္ဂလံ ၊ အောင်ကြောင်း

ဖြာ၍ // ဖျာရွေ့ ကုတင်ရွေ့ ဟိုရွေ့ ဒီ၍ ၊ မရွေ့သေးဘူးလား ၊

နည်း/နဲ ထပ် ရွှေ့ ၍/ရွေ့ ၊ ကိုယ်က ကမ္ဘာကြီးတစ်ခုလုံး

ပေးထားတယ် ၊ ခင်ဗျားက ကိုလံဘတ်စ်လား ၊ ကိုလန်ဘားလား ၊

ကိုလံဘီယာက လာတာလား ၊ ဘီယာသောက်ခဲ့သေးတယ် ဟုတ် ?

ဟုတ်ဟုတ်မဟုတ်ဟုတ် အနုတ်စုတ်ဂုတ်စုတ်ကဗျာတွေ မရေးပါနဲ့တော့ ၊

ကဗျာဂုတ်သွေးလည်း မစုပ်ချင်ပါနဲ့တော့ ၊ အဆာပြေစားသုံးခံရမှုစာရင်းတွင်

ကိုယ့်အနုပညာဟာ နံပါတ်တစ်နေရာမှာ နှစ်ပတ်တိတိ အောင်မြင်စွာ

ဆက်လက်ရပ်တည်နိုင်ခဲ့ ။



ကိုယ်လား ၊ မျှော်လင့်ချက်မဲ့နေသော သက်ရှိအစိုင်အခဲ ။





ဆူး ခ က် မ င်း

သဝေထိုး ခကွေး တ၀မ်းပူသတ်ေ ခ တ်

ကိုယ့်ရဲ့ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံခိုင်းဖို့ ရပ်ကွက်

လူကြီးကို ငါးရာပေးရတဲ့ခေတ် ။ ကိုယ်ကလည်း ရပ်ကွက်လူကြီးဆီ

နာရေးရှိမှ သွားချင်တဲ့ကောင် ။ ခေတ်က ခပ်ခက်ခက် ခေတ် ။

ငါးရာတန်အကျင့်သိက္ခာနဲ့ လူဖြစ်နေကြောင်း မဆီမဆိုင်သံချောင်းခေါက်နေရ

တာ စိတ်ယားစရာ အကြောင်းအရင်းမရှိ အမြတ်မရှိ ထိုင်နေရတာအပိုပဲ ။

ထသွားမှ ကျိုးမှန်းသိတဲ့ခေတ်က မျက်ခုံးမွှေးအတုနဲ့ လှုပ်လို့ကို မနိုင်တော့ဘူး ။

တချို့က သံလျက် ကိုင်ရရုံနဲ့ ဘုရင်ဖြစ်ပြီလို့ စိတ်ကြီးဝင်ကြ ။ အလုပ်သမားခေါင်းက

လှမ်းခေါ်တော့မှ နယ်လက်စ မဆလာကို ထားခဲ့ပြီး သံလျက်ကိုင် ပြေးကြ ။

ခေတ်ကိုက မဟုတ်တာကို အဟုတ်ထင်တဲ့ ခေတ် ။

ရူးပြီ ။ စကားကြီးစကားကျယ်တွေနဲ့ ပါးစပ်ပေါက်တွေထဲ ချွေးသံရွဲရွဲ

မာန်မကြီးပါဘူး ခါးမသန်ပါဘူး တောင်ကြီးကိုလဲ မဖြိုပါဘူး မေမြို့ကိုလဲ မဖြိုပါဘူး

ငြင်းကြ ရင်းကြ ပြေးကြ လွှားကြ အော်ကြ ဟစ်ကြ ကျော်ကြ ခွကြ ရစ်ကြ ညစ်ကြ

အရသာစုံတဲ့ ခေတ်က လျှာထဲမှာ မြက်ပေါက်လာတယ်

ခေတ်ကို ၀ယ်ပစ်လိုက် ၊ ခေတ်ကို ရောင်းစားလိုက် ၊

ခေတ်ဟာ ခေတ်ကို ကိုင်တွယ်သူတွေလက်ထဲ ၊ ခေတ်အဆက်ဆက် ယဉ်ကျေးမှုနိမ့်ကျ ၊

ခေတ်ဟာ ကြာလေ သောက်သုံးမကျလေ ဖြစ်လာတယ် ။

ခေတ်ကို မိတ္တူကူးကြည့်တော့ မူရင်းနဲ့ လွဲနေတယ် လွဲလွဲလေးပဲကောင်းပါတယ်

သီချင်းသံကို ဘုရားသခင်က ပြန်ရုတ်သိမ်းသွားပြီ အရုပ်ဆိုင်ထဲ လူကြီးလူကောင်းတွေ

ပြည့်နှက်နေတဲ့ ခေတ်က ခေတ်ကို အလဲအထပ်ရိုက်လိုက်တယ်

ဘုရားပေးတဲ့ ခေတ် လို့ ကဗျာဆရာ ဇာတိ

( နာမည်နောက်တွင် ကွင်းစကွင်းပိတ်ဖြင့် မည်သည့်မြို့နာမည်မှ မပါသော ဇာတိ )

ရေးခဲ့ဖူးတယ် ။ ပုဇွန်တောင်မြို့နယ်က ခေတ် ၊ တာချီလိတ်က ခေတ် ၊

မေတ္တာညွန့်ထဲက ခေတ် ။ ခေတ်ဟာ ခေတ်အဆက်ဆက် ဆက်ဆက်ပြီးရွေ့နေတဲ့ ခေတ် ။

လက်ဖျံရိုးထဲကို ၀င်ကိုက်သွားတဲ့ခေတ်ဟာ ပါရီကို ရွေ့နေ မော်စကိုကို ရွေ့နေ

လမ်းကြိုလမ်းကြားထဲကို ရွေ့နေ ဦးနှောက်အကြိုအကြားကို ရွေ့နေ

ဆက်သွယ်မှုကွန်ယက်တွေပေါ်ကို ရွေ့နေ

ဟိုမှ သည်မှ အပြိုင်းအရိုင်းလွတ်ကျနေတဲ့ မျက်လုံးတွေဆီကို ရွေ့နေတယ်

ခေတ်ကို သိန်း (၇၀၀၀) ကျော် အကုန်ခံပြီး ပုံစံတူ ဆောက်မယ် ။

ခေတ်ကို ခေတ်ဆုံကနေပိတ်မယ် ။ ခေတ်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့

အကျိုးတူ ပူးပေါင်းမယ် ။ ခေတ်ဟာ တိုက်ပုံဝတ်ပြီး ခေါင်းပေါင်းဆောင်းပြီး

ခေတ်တော်ထဲမှာ ခပ်တည်တည် ထိုင်နေတယ် ။ ခေတ်တွေ အများကြီးပဲ ။

သူ့ခေတ်ထက် ကိုယ့်ခေတ်က ပိုများတယ် ။ ခေတ်က မျက်နှာကြီးရာ

ဟင်းခွက်မှောက်တဲ့ခေတ် ။ အချက်အခြာကျပါတယ် ။ ခေတ်အကြောင်းရေးတဲ့

ကဗျာဆရာခေတ် ဆိုတော့ ခေတ်ကဗျာဆရာတွေဟာ ခေတ်ကို ခလုပ်တိုက်

ဖားပြုတ်ကိုက် တရုတ်ရိုက်ခံရတာလဲခေတ် သူ့အရပ်နဲ့ သူ့ဇာတ်မှာတော့

လူစွမ်းကောင်းဟာ ခေတ်ပဲ ။ နိုင်ငံတကာမှ ခေတ်များ ပိုးစိုးပက်စက် လာရောက်နိုင်ဖို့

အင်ထှာနေရှင်နယ် ခေတ်ဆိပ်သစ်ကြီးကို တည်ဆောက်လို့ပြီးပါပြီ ။

ငတ်တဲ့လူတွေလည်း ပိုးစိုးပက်စက် ငတ်နေကြတဲ့ခေတ် ။

ခေတ်ကို ခေတ်အတိုင်းပဲ ခေတ်ပျက်ကြီးထဲမှာ ထားခဲ့လိုက်တော့ ခေတ် ။





ဆူး ခ က် မ င်း ၊ မ င်း လု လ င်

27122011

အချစ် ၊ ကစားပွဲ ၊ အလွမ်း ၊ စွန့်စားခန်း ( ထိုအတိုင်း စီထားသည် )

.






သူ ဆေးပေါ့လိပ် ဖွာနေ၏။ ဆေးပေါ့လိပ်၏ အမည်မှာ

သူဇာဖြစ်၍၊ သူ့အမည်မှာ ဆူးခက်မင်းဖြစ်သည်။

သူဇာအမည်ရှိ ဆေးပေါ့လိပ်ကို လမ်းထိပ်ကွမ်းယာဆိုင်မှ

ဝယ်ထားခြင်းဖြစ်ပြီး၊ ဆူးခက်မင်းအမည်ရှိ သတ္တဝါကို

ဒေါ်မြင့်မြင့်ဆွေမှ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

ဒေါ်မြင့်မြင့်ဆွေ ကွယ်လွန်သည်မှာ လေးနှစ်ခန့်ရှိပြီ

ဖြစ်ပြီး၊ သူ ဆေးလိပ်သောက်တတ်သည်မှာ

ငါးနှစ်ခန့်ရှိပြီဖြစ်သည်။ ဆိုလိုရင်းက ဆူးခက်မင်း

အမည်ရှိ သတ္တဝါသည် သူဇာအမည်ရှိ ဆေးပေါ့လိပ်ကို

ဖွာရှိုက်နေခြင်းဖြစ်၏။ ဆေးလိပ်မီးခိုးငွေ့များကြားတွင်

သန္တာမိုး၏ မျက်နှာ ပေါ်လာသည်။ သန္တာမိုးသည်

ပုသိမ်သူဖြစ်၏။ ထူးအိမ်သင်လည်း ပုသိမ်သားဖြစ်သည်။

သန္တာမိုးက ထူးအိမ်သင်လို မျက်မှန်ထူထူမတပ်။

ထို့ကြောင့် သန္တာမိုးအား မငှက်ကြီးဟု ခေါ်ရန်မရှိ။

သူက သန္တာမိုးအား “မ” ဟု ခေါ်လေသည်။

“သူ” ဆိုသည်ကး သူဇာဆေးပေါ့လိပ်ကို ဖွာရှိုက်နေသော

ဆူးခက်မင်း ဖြစ်၏။ သန္တာမိုးက သူ့အား “မောင်” ဟု

ခေါ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာခန့်က

အသုံးအနှုန်းများပင်။ သန္တာမိုးတွင် နှလုံးရောဂါရှိပြီး

ဒေါ်မြင့်မြင့်ဆွေတွင် ကျောက်ကပ်ရောဂါရှိလေသည်။

သန္တာမိုးမှာ သူ၏ ရည်းစားဦးဖြစ်ပြီး၊ ဒေါ်မြင့်မြင့်ဆွေမှာ

သူ့အမေဖြစ်၏။ ဒေါ်မြင့်မြင့်ဆွေ ကွယ်လွန်ခဲ့သည်မှာ

လေးနှစ်ခန့်ရှိပြီဖြစ်ပြီး၊ သန္တာမိုးနှင့် အဆက်အသွယ်

ပြတ်တောက်ခဲ့သည်မှာ သုံးနှစ်နှင့် လေးဆယ့်ရှစ်ရက်ခန့်

ရှိပြီဖြစ်သည်။





သူ ကော်ဖီတစ်ငုံ ငုံလိုက်သည်။ လှည်းတန်း Moon Bakery မှ

အဲကွန်းလေသည် အေးမြပေစွ။ သူ့ရှေ့တွင် (သူ နာမည်

မမှတ်မိတော့သော) မိန်းမငယ်တစ်ယောက် ထိုင်နေ၏။

သူမသည် ပခုက္ကူဇာတိဖြစ်သည်။ ဦးခင်သိန်းသည်

ပဲခူးဇာတိဖြစ်၏။ ဦးခင်သိန်းသည် ဆူးခက်မင်းနှင့်

သားအဖတော်စပ်လေသည်။ သူမ၏နာမည်ကို ယခု

မှတ်မိပေပြီ။ “ပန်းအိစံ” ဖြစ်၏။ သူမက သူ့အား

“ကို” ဟု ခေါ်၍၊ သူက သူမအား “ချစ်” ဟု

ခေါ်လေသည်။ ထိုစဉ်က ပုဂံလမ်းတွင် သစ်ရွက်ပေါင်း

များစွာ ကြွေ၏။ “ချစ်”သည် အသားညိုပြီး၊ ပါးချိုင့်နှင့်

သွားတက် ရှိလေသည်။ သူနှင့် တူညီသည်မှာ

အသားညိုခြင်းဖြစ်ပြီး၊ မတူညီခြင်းကား သူက

ပါးဖောင်းပြီး (ကွမ်းချိုးတက်နေသော) သွားထပ်ရှိခြင်း

ဖြစ်၏။ “ချစ်”က ကွမ်းမစားတတ်သော်လည်း

မုသားပြောတတ်သည်။ သူက ကွမ်းသမားဖြစ်ပြီး

မုသားပြောတတ်သည်။ ထို့နောက် ပုဂံလမ်းတွင်

သစ်ရွက်ပေါင်းများစွာ ကြွေလေ၏။





စက်မှု(၁)မှတ်တိုင်တွင် မိုးရွာနေသည်။

တခြားနေရာများတွင်လည်း မိုးရွာကောင်း ရွာနေနိုင်၏။

သူက စက်မှု(၁)မှတ်တိုင်တွင် ရောက်ရှိနေခြင်းကြောင့်

ထိုနေရာတွင် မိုးရွာနေကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

စက်မှု(၁)မှတ်တိုင်တွင် ရွာနေသော မိုးစက်များအောက်

လူငယ်တစ်ယောက် ခိုက်ခိုက်တုန်နေ၏။

ထိုလူငယ်မှာ ဆူးခက်မင်း ဖြစ်သည်။ အကြောင်းအရာ

အပြည့်အစုံကို သိရှိလိုပါက ၄င်းရေးခဲ့ဖူးသော

“ကမ္ဘာပျက်၍ ပြတ်ရွေ့ကြောင်းများဖြင့် ကမ္ဘာပျက်ခြင်း”

ဟူသည့် ကဗျာအား ရှာဖတ်ပါလေ။ (ဤကား စကားချပ်)။

ပါဝင်ပစ္စည်းများ -

(၁) Black Day

(၂) ခေါင်းလောင်းကြိုး

(၃) ခေါင်းစွပ်အင်္ကျီ

(၄) သွားတက်

သူမက သူ့အား “အစ်ကိုတော်” ဟု ခေါ်၍၊

သူက သူမအား “မိချမ်းမွန်” ဟု ခေါ်၏။





“ကြယ်တာရာသုပ် တစ်ပွဲ” ဟု သူ အော်မှာလိုက်၏။

သက်တံ့အစွန်းတွင် သူနှင့် ဗန်ဂိုး ထိုင်နေပြီး၊

အလယ်တွင် “ဇေ” ပုလင်း ထောင်ထားလေသည်။

ခဏကြာတော့ စားပွဲထိုးလူငယ် လာချပေးသည်မှာ

ကြယ်တာရာသုပ် မဟုတ်ဘဲ နားရွက်သုပ်ဖြစ်နေ၏။

ယင်းနားရွက်မှာ ဝက်နားရွက် မဟုတ်၊ ဗန်ဂိုး၏

နားရွက်ဖြစ်သည်။ ငတိကြီးက ပြုံးပြ၏။

ဘယ်လိုကြီးမှန်းကို မသိ။ သူ အိပ်ရာမှ

လန့်နိုးလာသည်။ မြန်မာရုပ်ရှင်တွေထဲကလို

ချွေးစေးတွေ အတောင့်လိုက် ထွက်မနေသည်မှာ

အံ့သြစရာမဟုတ်။ ဆောင်းည ဖြစ်၏။

သူ့နံဘေးတွင် ကိုယ်လုံးတီးမိန်းမတစ်ယောက်

အိပ်နေသည်။ သူမကား “မိုးဟေကို” မဟုတ်။

“ဖြိုး” ဟု အမည်ရ၏။ သူက သူမ၏ နှုတ်ခမ်းအား

ဂျပ်စတင်တင်းဘားလိတ်ခ်လို နမ်းလိုက်ရာ

သူမ နိုးလာပြီး ဂျပ်စတင်ဘီဘာလို ပြုံးပြလေသည်။

ရပ်ကွက်ထဲမှ လူငယ်များ အော်ဟစ်ကြ၏။ သူက

သူမအား နမ်းလိုက်ခြင်းကို သြဘာဝိုင်းပေးကြခြင်း

မဟုတ်။ ထိုညက ဒီဇင်ဘာ(၃၁)ရက်နေ့ ဖြစ်၏။

ထိုတစ်မိနစ်စာကလေးတွင် သူနှင့် သူမ

၂၀၁၀ ရထားပေါ် တက်လိုက်ကြသည်။

ရပ်ကွက်ထဲမှ လူငယ်များ အော်ဟစ်ကြ၏။

သူနှင့်သူမက RUM ထည့်ထားသော ဖန်ခွက်များအား

ကိုင်မြှောက်၍ “စာမျက်နှာ ၁၅” သီချင်းကို

ဆိုနေလေသည်။ ကုတင်ဘေးရှိ စားပွဲပေါ်သို့ကြည့်မိတော့

ကြက်ဆီဗူးကင် တွေ့ရ၏။ ငတိမက သူ့အား ပြုံးပြလေသည်။

ဘယ်လိုကြီးမှန်းကို မသိ။ ။ ။





ဆူး ခ က် မ င်း

လတ်တလော ဖြစ်ပြီး ပျက်နေသော အဖြစ်အပျက်များ ၊ မှ ၊ တဆင့် ၊ သို့

ရောင်းတယ် ၀ယ်တယ် မရောင်/ယောင် ရာ ဆီလူး လူးလူးပြီး လွန့်သွား သွားသွားသွား ငါ့မျက်စိရှေ့ ကထွက်သွား

သွားတွေဆီကို ရောက်အောင် ထိုးသွင်းလိုက်တဲ့အစာဟာ အစာအိမ်ဆီကို ရောက် မရောက်သောလမ်းတွေဆီ

ဆိုင်းဘုတ်တင်ပွဲကျင်းပနေတယ် ။ ရှက်ဖို့ကောင်းတဲ့အဖြစ်က ဖြစ်ဖို့ကောင်းတဲ့ အရှက်ပဲ ရှက်သင့်တယ်

ရပ်သင့်တယ် ခင်ဗျားတို့ လုပ်နေတဲ့ သောက်တလွဲတွေ ဒီအချိန်ကစပြီး ရပ်သင့်တယ် ရှက်သင့်တယ် ။

လွန်လာပြီ စကားလုံးတွေက လျှာဖျားကနေ နားဖျားထိ နားဖျားကနေ နာဖျားမှုတွေအထိ မရပ်တော့ဘူး

တရပ်စပ် ခုန်ပေါက်ကူးလူး ဆက်သွယ်ရေးဟာ အရမ်းကောင်းနေတယ်

အခန်းတွင်း ၀င်သွားလိုက်ပါ အတွင်းခန်းတစ်ခန်း ရှိမယ် အတွင်းရေးကိစ္စတွေ လုပ်လို့ရမယ်

ဝါသနာပါရင်/တစ်ဖက်လူသဘောတူရင် နှိုက်လို့ရမယ် အတွင်းသတင်းတွေ အတင်းအဖျင်းတွေ

အရင်းအနှီးမများပါဘူး ခါးပုံစထဲထည့်ထားတဲ့ လေတလုံးမိုးတလုံးတွေဟာ

ဆွေမျိုးအရင်းမရှိဘူး စပါးဟာပေါက်ဈေးပဲ မိုးမိုးမိုးလားမောင်တို့ လေလေလေလားမောင်တို့

မိုးနဲ့လေနဲ့ နှစ်ပါးဆိုင် ပြိုင်လိုက်ကြပါ အောက်လမ်းနည်းနဲ့ အောက်တန်းစားနည်းနဲ့

သိမ်မွေ့နေကြပုံများ နှစ်ပါးသွားကနေသလို တပင်တိုင်ဇာတ်လမ်းမှာ လူကြမ်းဟာမျက်ရည်လည်ရွဲ နဲ့

မင်းသားက အောက်ဆုံးတန်းကနေ အထူးပွဲကိုအားပေးနေတယ်

အရင်တုန်းက မေးတော့ ဒီနေ့ ဘယ်လောက်ပေါက်လဲ ဆို တစ်လုံးငါးဆယ် လယ်ဗယ်အရှုံးတဲ့ ၊

ဒီဘက်ခေတ်ကျ ဒီနေ့ဘယ်လောက်ပေါက်လဲဆို ကမာရွတ်မှာ တစ်လုံး ၊ Downtown ခြောက်မြို့နယ်မှာ တစ်လုံးစီ တဲ့ ။

အပေါ်ကနေပါ အောက်ကနေပါ အလယ်ကလူ ကားယားမခွပါနဲ့ လျှာယားနေရင် သွားကြားထိုးတံကိုက်ထားလိုက်

လူသန်တွေပြောတဲ့ အကြောင်းကို လိုက်မမှီတော့ဘူး ဝေးပြီ

ဝေး ဝေးးးးး ဝေးးးးးးးးးးးးးးး ပုဒ်မချပြီး ဝေးးးးးးးးးးးးးးးးးးးးး ဒီမိုကရေစီနဲ့ ဟိုမိုကရေစီ နဲ့

ဟိုလိုလို ဒီလိုလို ကရေစီနဲ့ နီးလာပါပြီတဲ့ ဝေးသွားပါပြီတဲ့ တဲ့တဲ့တဲ့တဲ့တဲ့

တောက်တဲ့ဟာ အသံသာဝင်သွားတယ် အော်လို့ကောင်းတုန်း

ကရေစီဆိုတဲ့အဆိုတော်ဟာ ပျောက်သွားတယ်

ပြန်ပေါ်လာပြန်တော့ အီမိုလိုလို ဒီမိုလိုလို ပန့်လိုလို ရော့ခ်လိုလို

*စည်းကမ်းချက်မှာ ထုတ်ပြန် - ဗိုလ်ချုပ်ပုံကို တစ်ပုံ အနည်းဆုံး ငါးသောင်းနှင့် ရောင်းရန် ( လင်းနီညို )

ဈေးကွက်စီးပွားရေးထဲ ၀င်လာတဲ့ ခေါင်းဆောင်တွေဟာ ဈေးရပါတယ် ဈေးသွားကြသူတွေ တွေ့ကြပါတယ်

ဒီလိုစိတ်မျိုး မရှိပါဘူး ဒီလို Fake မျိုး မရှိပါဘူး မသိပါဘူး

ဘယ်သူတွေ ဘာတွေ ပြောနေကြမှန်းလဲ မသိပါဘူး မရှိပါဘူး

ဒီလိုနဲ့ ဟိုလိုနဲ့ .... လေသတည်း ။

အဲ့ဒါ သုဏော်စိုင်းကို လှောင်တာလား ယောင်တာလား သူများယောင်တိုင်း လိုက်ယောင်တာလား

သူများ ဆီလူးရင် လိုက်လူးမှာလား လူးပြီးရင် လွန့်လွန့်သွားမှာလား

*ပြားပြီးချပ်နေတာပဲ ပြားပြီးကပ်နေတာပဲ (လွှမ်းပိုင်)

အင်္ဂလန်ကလာတာပါ အမေရိကန်ကလာတာပါ တံဆိပ်ဟာအနီရောင်ပါ

ပုံတူကူးချမှုတွေသည်းခံပါ နောက်ခံဟာ နောင်တတွေနဲ့

နွားမကို ရွှံ့ပိတ်ပြီး နွံထဲမှာ နှစ်ပစ်လိုက်တယ်

နောက်ခံဟာ နောင်တတွေနဲ့ နူရာဝဲစွဲ နိုင်ငံရေးပိုးနဲ့ ။





ဆူး ခ က် မ င်း ၊ မ င်း လု လ င်

ဇန်န၀ါရီ ခြောက်ရက်နေ့မှာ ၂၀၁၂ ဟာ အနှိုင်းမဲ့ လွမ်းမောခြင်း

ကျွန်တော့်မှာ ကိုယ်ပိုင်ညလေးတစ်ည ရှိတယ်

အဲ့ဒီညလေးကို ကျွန်တော်က

ညီမလေးလို့ နာမည်ပေးထားလိုက်တယ်

ညီမလေးရဲ့ ဆံပင်နက်နက်တွေထဲမှာ

ခန့်မှန်းရခက်တဲ့ မျက်လုံးနက်နက်လေးတွေ ရှိတယ်

ညီမလေးဟာ ကိုယ်ပိုင်အတွေးအခေါ်နဲ့

ကိုယ်ပိုင် ဒီမိုကရေစီနဲ့

ညီမလေးရဲ့ နံနက်ခင်းစာက

ကျွန်တော့် သတိရခြင်းတွေပဲ ဖြစ်ရဲ့

ညီမလေးဟာ သူမရဲ့ လိုအင်ဆန္ဒတွေကို

ကျစ်ဆံမြီးထဲ ထုပ်သိမ်းထည့်ချည်ထားတယ်

ညီမလေးဟာ ..

ကျွန်တော်နဲ့ အလင်းနှစ်သန်းပေါင်း

တော်တော်များများအဝေးမှာ ..

ညီမလေးရဲ့ သက်ပြင်းရှိုက်သံတွေက

ကျွန်တော့် ၀င်သက်ထွက်သက်တွေပဲ

ညီမလေးကို လွမ်းတယ်လို့ ပြောလိုက်ရုံနဲ့

ဒီစာသားက အတိဿယ၀ုတ္တိ မြောက်မှာမဟုတ်ဘူး

ကျွန်တော်ရိုးရိုးလေးပဲ ပြောလိုက်ချင်တာက

ညီမလေး မင်းကို ငါ လွမ်းတယ် ဆိုတာပဲ

ညီမလေးရဲ့ နဖူးစင်စင်လေးထက်မှာ

နွေရာသီတွေ ကိန်းအောင်းနေတုန်းလား

ကျန်းမာရေး ဂရုစိုက်ပါ

ချစ်ခြင်းမေတ္တာမှာ ဘယ်နှဘူတာ ခြားတယ်ဆိုတဲ့

အမှတ်အသားမရှိဘူး ညီမလေး

လရာသီပေါင်း (၂၄)

ညီမလေးရဲ့ သနပ်ခါးရနံ့တွေထဲမှာ

ကျွန်တော် ပျောက်ဆုံးချိန် ကြာလွန်းခဲ့တာ

ကြာလွန်းမက ကြာခဲ့တာ ။



ဆူး ခ က် မ င်း



* သူငယ်ချင်း မင်းလုလင်အတွက် အမှတ်တရ (သို့) တခုတ်တရ

စိမ်းနေတဲ့ ကဗျာနဲ့ မစိမ်းတော့တဲ့ ကမ္ဘာ (၂)

အစိမ်းဟာ အစိမ်းအတိုင်းပဲ ကောင်းတယ်။

သူ့ဟာသူ စိမ်းနေပါစေ ။

ကမ္ဘာကြီး စိမ်းနေပါစေ ။

အစိမ်းဟာ အစိမ်းသက်သက်ပဲ ကောင်းတယ် ။

အနီနဲ့မရောနဲ့ ။ နီလာရင် မကောင်းဘူး ။

အီလာရင် မကောင်းဘူး ။

ချို ချဉ် ငန် စပ် ခါး တစ်လှည့်စီဖြစ်နေပါစေ ။

ရာသီဥတုဟာ တစ်လှည့်စီ ဖောက်ပြန်နေတယ် ။

လေထုဟာ မွန်းကြပ်နေတယ် ။

တွန်းထွက်ချင်နေတဲ့ ဓာတ်ငွေ့ဆိုးတွေက

အိုဇုန်းလွှာမှာ ကပ်ပြီး မိုးပျံပူဖောင်းတွေလို

ရုန်းကန်နေတယ် ။

Green Land တစ်ခုတည်း ကွက်ပြီး စိမ်းလန်းနေတာ

အလကားပဲ ။

ဟေ့ ဒီမှာ . . .

အလကားနေရင်း စိမ်းလန်းစိုပြည် သွားနေတဲ့ အတွဲတွေ

နားထောင်ကြ ။

ကမ္ဘာကြီးတစ်ခုလုံး Green Land ဖြစ်ဖို့လိုတယ် ။

ကမ္ဘာကြီးတစ်ခုလုံး စိမ်းလန်းစိုပြည်ဖို့ လိုတယ် ။

ဘာ . . . ကျုပ် ပြောတာ မကြားရဘူး ဟုတ်လား ။

ဘာ . . . နားစည်ဝမှာ ကာဗွန်မိုနော့ဆိုဒ်တွေ ပိတ်နေတယ် ဟုတ်လား ။

ဒါဆို အဲယားကွန်းတွေ ပိတ်လိုက် ။ ကားတွေ စက်သတ်လိုက် ။

ခေါက်ရိုးကျိုးနေတဲ့ သောက်ချိုးမျိုးတွေ

ဒီနေ့ကစပြီး ပြင်လိုက် ။

သက်ဆိုးရှည်ချင်ရင် သစ်ပင်စိုက် ။

ကျန်တာတွေ ရောင်းချင်ရောင်း ၊ သစ်ပင်တွေတော့ ခုတ်မရောင်းနဲ့ ။

ဗျို့ . . . ပန်းချီဆရာ ၊ အနုပဲဖြစ်ဖြစ် အရင့်ပဲဖြစ်ဖြစ်

အစိမ်းဟာ စိမ်းနေဖို့လိုတယ် ။



ဆူး ခ က် မ င်း



Faces Magazine, January 2012

မင်္ဂလာပါ 1st Anniversary !


တစ်ချိန်တုန်းက နှစ်ကူးညမှာ ဆောင်းရာသီ မအေးတော့တာ မေ့သွားပြီ
ဘာသာတရားတွေ ဘာသာစကားတွေ ဘာညာစကားတွေ ဘာမှ
ဂရုမစိုက်မိတော့ဘူး ချစ်ခြင်းမေတ္တာဟာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်နဲ့
ခရစ်သက္ကရာဇ်နဲ့ ကြားမှာ ကြားထဲမှာ နက်နက်ရှိုင်းရှိုင်းမှာ
ဖြစ်တည်နေတဲ့အကြောင်း ဘုရားကျောင်းက ခေါင်းလောင်းသံကြားမှာ
သူမရဲ့ လက်ကို ဆုပ်ကိုင်ထားချင်တဲ့အကြောင်း (၃၆၁) ရက်ဟာ
မြန်မြန်ရောက်လာပြီး ပိုင်းခြားထားတဲ့ ပထဝီဝင်အနေအထားဟာ
ဝေးကွာလွန်းခဲ့ကြောင်း ဟိုအကြောင်း ဒီအကြောင်း
သူမနဲ့ ကျွန်တော့် ချစ်ခြင်းမေတ္တာအကြောင်း အကြောင်းကံ မကောင်းလို့
ဝေးဖို့ ဖြစ်လာမယ်ဆိုရင်လည်း စိတ်မကောင်းကြီးစွာပဲ အိပ်မက်တွေကို
အရည်ဖျော်ပစ်လိုက်ရမှာပဲ အရက်တွေ တအားကြီး နင်းကန်
သောက်ပစ်လိုက်ရမှာပဲ မေ့ဖို့မလွယ်တဲ့ အကြောင်းတရားတွေ
အကြောင်းအရာတွေ အက်ကြောင်းတွေ ဆက်ကြောင်းတွေ
မလေးရှားက ညီလို သူငယ်ချင်းက အီးဘွတ်ခ်ထုတ်ပြီး
လက်ဆောင်ပေးတဲ့ တစ်နှစ်ပြည့် သူမက ကိုယ့်ကို
လက်ထပ်ပါ့မယ်လို့ ကတိပေးတဲ့ တစ်နှစ်ပြည့်
တစ်နှစ်ဟာ သုံးရာနဲ့ ခြောက်ဆယ်နဲ့ တစ်ရက်မှာပဲ
သူ့အလိုလို တစ်နှစ်ပြည့်သွားတယ် ရာသီဥတုဟာ
အရမ်းကို နေသာထိုင်သာ ရှိနေခဲ့တယ် လေပြည်တွေ
လှလှပပပဲ တိုက်ခတ်လာတယ် မုန်တိုင်းမလာခင် ဝင်တဲ့
လေပြည်တွေလား တစ်ချိန်မှာ စိတ်တွေ လေနေရမှာလား
မသေချာဘူး မဝင်လာသေးတဲ့ မုန်တိုင်းကို ခါးစည်းခံဖို့
လေပြည်တွေကိုပဲ လက်ဆွဲနှုတ်ဆက်လိုက်တယ်
မင်္ဂလာပါ 1st Anniversary !
ဆူး ခ က် မ င်း
၂ ၄ ၀ ၁ ၂ ၀ ၁ ၂

ငါမမြင်ရတဲ့အကွယ်မှာ ဘာတွေရှိနေတာလဲ


စားပွဲပေါ်မှာ ခရီးသွားသလိုလို သက်ရောက်စေမယ့် ငြိမ်သက်မှုကလည်း စောင့်မျှော်နေခဲ့တယ် သေတ္တာဟောင်းတစ်လုံးရဲ့  အိုမင်းမှုဟာ ဆံဖြူတွေ အထွေးလိုက် ခရီးထွက်ခွာသွားသော ငြိမ်သက်ဆိတ်ငြိမ်ခြင်းများ အဲ့သည့်မှာရောက်လာတဲ့ အနွေးငွေ့  ငြိမ်သက်ခြင်းတွေ ကွာကျလာတော့ မနက်ဖြန်ဆိုတာ ရုပ်လုံးမပေါ်တော့ဘူး ခန္ဓာကိုယ်ဟာ ပူနွေးလာတယ် နေခြည်များ ဖြာကျနေလို့လား ငြိမ်သက်ခြင်းတွေများ ကွာကျနေလို့လား ရုပ်လုံးမပေါ်တော့သော မနက်ဖြန်များထဲ နေသားတကျ ကြမ်းကြမ်းရမ်းရမ်း မုန်တိုင်းရဲ့ ဗဟိုချက်မဟာ ဘယ်ကိုဦးတည်တော့မယ်ဆိုတာ ဘယ်သူသိမလဲ လွတ်လွတ်လပ်လပ် သေပစ်လိုက်ဖို့ အစွဲတွေအားလုံးကို လက်လွှတ်ပစ်လိုက်သလိုမျိုး နေသားမကျခြင်းများထဲ နေသားတကျပျော်ဝင် မိတ်ဟောင်းဆွေဟောင်းတချို့ နဲ့ တိုင်ပင် လက်လွှတ်ပစ်လိုက်သလိုမျိုး နေသားမကျခြင်းကို ရင်ဘတ်ထဲနောက်ပြန်ပစ်ထည့်လိုက်တော့ ငါနေသားတကျမပျော်ဝင်နိုင်တော့ဘူး မြင်မြင်သမျှဟာ ANO ရဲ့ ပန်းချီကားထဲကလို ခရမ်းရောင် စိတ္တဇအပူ မီးဟာ ပူပြင်းလို့မဆုံးနိုင်တော့ဘူး သိမှုဗေဒရဲ့ ခရမ်းရောင် စိတ္တဇအပူ မီးဟာ ပူပြင်းလို့ ခပ်အေးအေး နေဝင်တာကိုငါမျှော်ကြည့်ချင်နေတော့ ရယ်ရပါတယ် သိပ်ကိုရယ်ရလွန်းပါတယ် အဲ့ဒီလိုပဲ ငါ ပြောပြောပြီး ရယ်ပစ်လိုက်ချင်တယ် ဟားတိုက်ပြီး တဟားဟားနဲ့ မဟားဒယား ရယ်ပစ်လိုက်ချင်တယ် ရစ်လိုက်ချင်ပါရဲ့  ဇာတ်လမ်းတစ်ပုဒ်လို ကွေးနေအောင်ကပြီး နင့်မသမာတဲ့ စိတ်အဆုံးထိ ငါက အရင်လိုပဲ ရမ်းကားတယ် ငါက အရင်လိုပဲ လမ်းသလားတယ် ငါက အရင်လိုပဲ အရမ်းများတယ် တော်ရုံတန်ရုံပဲကောင်းတယ် နင့်မျက်လုံးရဲ့ အနောက်မြောက်ထောင့်က ငှက်ဆိုးတွေကို မောင်းထုတ်ပစ်လိုက်တော့ မမြင်ရတဲ့ နေရာကတစ်ယောက်ယောက်စောင့်ကြည့်နေသလိုမျိးငါ့ကိုငါ မလုံဘူးဆိုတော့ ငါမမြင်ရတဲ့အကွယ်မှာ ဘာတွေရှိနေတာလဲ
ဆူး ခ က် မ င်း ၊ေ အာ င် ချ မ်း ငဲ
ဖေဖော်ဝါရီ ၊ ၂၀၁၂ ။

Pop Art ဟာ ပေါ့ပေါ့ပြီး အက်ရာထင်လာသလို ပေါ့


စလိုက်မိပြီဆိုတာနဲ့ စလိုက်မီးတွေ ထွန်းထားသလို ပေါ့ အေးပေါ့
Electronic ဥပဒေအရ Cyber ယဉ်ကျေးမှုအရ E-mail အကောင့်
တစ်ခု ပိုင်ဆိုင်ရုံနဲ့ ထောင်ဆယ့်ငါးနှစ် ကျခွင့်ရှိတယ်ပေါ့ အေးပေါ့
ဆယ့်ငါးနှစ်ထဲကမှ ဒစ္စကောင့်တွေဘာတွေ ချပေးဦးမယ်ပေါ့ အေးပေါ့
ဒစ္စကိုမြူးဇစ်လေးဖွင့်ပြီး ကလိုက်မှာပေါ့ အေးပေါ့ စလိုက်မီးတွေကြားမှာပေါ့
စလိုက်မိပြီဆိုတာနဲ့ ကြားမှာပေါ့ အသံတွေ ဟိန်းပြီးထွက်လာတာပေါ့ အေးပေါ့
ကိစ္စက ထိပ်ဝကိုရောက်နေပြီဆိုတော့ အေးပေါ့ ၂၀၁၂ ထဲမှာ ဏီအဲY
မိန်းမယူမှာပေါ့ အေးပေါ့ စလစ်ပါစီးပြီး စနိုက်ပါ ထမ်းထားတော့ ကြည့်မကောင်း
ဘူးပေါ့ အေးပေါ့ စစ်ဖိနပ်စီးပြီး *စွာ စွာ စွာ စွာတေးလန် .. နှုတ်ခမ်းပေါ်မှာ မှဲ့နဲ့
ကောင်မလေးက စွာတေးလန်* ပေါ့ အေးပေါ့ လက်လုပ်လာဘ်စား ဆိုတော့
လက်မှတ်ထိုးပေးမှ ပါးစပ်လှုပ်ရတာပေါ့ အေးပေါ့ ဒါမျိုးက ဖြစ်တတ်ပါတယ်ပေါ့
ဖြစ်နေကျပဲပေါ့ အေးပေါ့ pop pop pop pop pop pop pop pop pop pop
pop pop pop pop pop pop pop pop pop pop pop pop pop pop pop
pop pop pop pop pop pop pop pop pop pop pop pop pop pop pop
P.O.P ပေါ့ ။

ဆူးခက်မင်း
စာကြွင်း ။ ။ P.O.P = Purity of Politic
Foot Note - * Bobby Soxer ၏ သီချင်းစာသား

Thursday, March 22, 2012

ပေါင်သားဖွေးဖွေးလေးတွေရဲ့ အေးစက်သွေးခဲမှု ညနက်နက်ထဲ အရောင်ဟာ သွေး တိုး

အောင်မြင်မှု ဆိုတာ .. ဘယ်ခလုတ်နှိပ်နှိပ် မီးလင်းတယ် ။ ( ကြည်ဇော်အေး )
ခလုပ်တွေကြားထဲမှာ ကျွန်တော်တို့တွေ ကွေးကောက်နေအောင် ခံစား ။
ခလုပ်လား ခလုတ်လား ခလုပ်/တ် အမာတွေ ကြား ၊ တရုတ်စာတွေ စား ၊
အဟုတ် ငါလေ ကြားတယ် ။ သူမရဲ့ ပေါင်သားဖွေးဖွေးဟာ မနက်ခင်းစာ
ဘရိတ်ဖတ်စ် ။ နေ့ဖို့ညစာ ချန်မနေပါနဲ့တော့ ။ ခလုပ်ထိမှတော့လဲ မတော်တဆ
ပဲဖြစ်ဖြစ် အားလို့ အော်ပါ ။ အ လို့ အော်ပါ ။ ဖွင့်ဟလိုက်လို့ ပွင့်အာလာတဲ့
မနက်ခင်းတိုင်းမှာ ကိုယ့်အတွက် ဘရိတ်ဖတ်စ်စာ ပေါင်သားဖွေးဖွေးလေးတစ်ယောက်
လိုအပ်နေတဲ့အကြောင်း ။ ၀မ်းဗိုက်အတွင်းက ဆာလောင်မှု ဒါမှမဟုတ် တစ်ခုခုရဲ့
ဆာလောင်မှု တောင့်တမှု ငတ်မွတ်မှု တမ်းတမှု အသက်တစ်ရာမနေရပေမဲ့
အမှုဟာ ရာထောင်ချီမက မနေ့ညက အိပ်မက်မက်တယ် ပေါင်မုန့် မီးကင်လေးတွေ
မှိုတက်သွားကြောင်း ။ ပေါင်သားဖွေးဖွေးလေးပေါ် ပုရွက်ဆိတ်တစ်ကောင် တရွရွတက်လာ ..
ကိုယ် နှုတ်ခမ်းနဲ့ ညင်ညင်သာသာလေး စုပ်ယူဖမ်းပြီး သတ်ပစ်လိုက်တယ် .. ပုရွက်ဆိတ်လေး
တရွရွနဲ့ သေသွား .. အရမ်း နူးညံ့တယ် ။ ဘယ်သူသိလိုက်ပါသလဲ တိတ်တိတ်ကလေး ရူးသွားတယ်
အဲ့ဒီနေ့က မနက်စာ စားမိလိုက်သလား မေ့လျော့သွားသလား တမင်တကာမေ့လျော့ထားခဲ့သလား
ပုရွတ်ဆိတ်လေးရော သိလိုက်မလား အရမ်းနူးညံ့စွာ ရှုပ်ထွေးကုန်တယ် နှုတ်ခမ်းထဲ ချည်မျှင်တွေလို
အပိုင်းအစတွေ နဲ့ ။ ပေါင်သားဖွေးဖွေးဟာ ဂေါ်ဂင်ရဲ့ သစ်သီးလို အရည်တရွှမ်းရွှမ်းနဲ့ .. ချိုအီစူးရှလွန်းတယ်။
တအားကြီး နူးညံ့လွန်းတယ် ။ ပန်းချီကားတစ်ချပ်ထဲမှ ထွက်ကျလာသော
ခရမ်းရောင်ဆေးစက်များ ၊ ပေါင်သားဖွေးဖွေးရဲ့  ရင်ညွန့်ထက်မှ မှဲ့စိမ်းလေးတစ်လုံး ။
ထို့နောက် ၊ ဆက်လက်ဖတ်ရှုရန် ။ မာတိကာမှ တဆင့် အစအဆုံးဖက်ထားဖို့ ရင်ငွေ့နွေးနွေးလေးတွေ
ခရမ်းရောင်ဖြစ်သွားတဲ့ ကင်းဗတ်စပေါ်က မနက်စာ နေ့ဖို့ ညစာ သစ်သီးဟာ အနည်းငယ်ရက်လွန်နေ
သယောင် ။ စိတ်ကူးထဲမှာ ပေါင်သားဖွေးဖွေးဟာ မာရီယာနာချောက်နက်ကြီးထဲ ထိုးဆင်းသွား ။
ကိုယ်ကြေကွဲရပါတယ် ဆိုတာက ပေါင်သားဖွေးဖွေးလေးအတွက် ၊ ကိုယ့်မနက်ခင်းစာအတွက် ၊
ကိုယ် နမ်းရှိုက်ခွင့်မရှိတော့တဲ့ မှဲ့စိမ်းစိမ်းလေးအတွက် ။ ကိုယ်ကြေကွဲရပါတယ် ။
လေတွေ တိုက်လာပြီ ဂေါ်ဂင်ရဲ့ သစ်သီးဟာ နေလောင်ဒဏ်သင့် ရေကြည်တပေါက်လောက်
သောက်ပါရစေ အသံဟာ တိုးသည်ထက် တိုး ။ မနက်စာကို တိတ်တိတ်ကလေး ငေးနေလိုက်တော့တယ်
ဘယ်သူမှ မသိလိုက်ဘာသာ တိုးတိုးလေး ရူး ။ *ရှင်မရှိရင် အသက်မရှင်ချင်ဘူး ဆိုတဲ့ အသံကို
စာကြည့်စားပွဲပေါ် ထောင်ထားတယ်* ကဲ ကိုဖီလာ .. ကျွန်တော်တော့ ပေါင်သားဖွေးဖွေးလေးကို
အဲ့ဒိလိုမျိုး မိုက်မဲပစ်စေချင်တာပဲ ။ အဲ့ဒီသံသယဟာလဲ ကျွန်တော့ရဲ့ မိုက်မဲမှုပဲ ။ သေချာပါတယ်
မိုက်မိုက်မဲမဲ ရူးသွပ်ပစ်လိုက်တဲ့ကောင်နဲ့ .. ရူးရူးသွပ်သွပ် မိုက်မဲပစ်လိုက်တဲ့ကောင်နဲ့ ..
ကမ္ဘာကြီးဟာ လူယဉ်ကျေးတွေနဲ့ချည်းဆို ပျင်းစရာ ။


ဆူး ခ က် < မ င်း > လု လ င်
၀၄၀၃၂၀၁၂

ဝံပုလွေလာဆင်ဟာ ပုလွေမှုတ်ရင်း တယောဦးတင်ရီနဲ့အတူ ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့

မုတ်ဆိတ်တွေက မိတ်စုတ် ဆွေစုတ် တွေလိုပဲ ဟိုဘဲ ဒီဘဲ
လက်ညှိုးလိုက်ထိုးမနေနဲ့ ဟပ်ထိုးလဲရင် ဟက်တက်ကွဲ ကွဲ ကွဲ ကွဲမှာပဲ
ခွဲထားလိုက်တာများ အရက်ဆိုင်အ၀င်ဝက Welcome လို တလူလူလွင့်လို့
အရှေ့မှာ အနောက်မှာ ဘေးမှာ အလယ်မှာ ဟိုမှာ ဒီမှာ မျက်လုံးတွေက စုပြုံကျ
စောက်သည်းတွေ ကွဲသွားသလို စုပြုံပြီး စောက်သည်းတွေကွဲ ကွဲ ကွဲ ကွဲ
အဲ့ဒီ စောက်သည်းကြီး ကွဲသွားမှအေးမှာ ပြန်ဆက်လို့မရတော့လောက်အောင်
ကုန်ကုန်ပြောရရင် ဆူပါဂလူးနဲ့ ပြန်ကပ်လို့ မရတော့လောက်အောင်အထိ
ကျ ကျ ကျ ကွဲသွား မျက်ရည်ကျသွားတယ် မပြောကောင်းမဆိုကောင်း
လွမ်းမိသွားတယ် ပြီးတော့လဲ ပြုံးမိသွားတယ် ဗုံးဆံတွေလို စကားသံတွေကို
ဂရုမစိုက်မိသွားတယ် အသွားအလာ ဆင်ခြင်ရဦးမယ် မတော်တဆ အသည်းကွဲသွားတယ်
အိပ်မက်တွေနဲ့ အဆက်အသွယ် လွဲသွားတယ် သူမခွဲသွားကတည်းက ကိုယ့်မှာ
စောက်တလွဲတွေချည်း ဖြစ်နေ ဖြစ်ဖြစ်နေ ထစ်နေတယ် ဓာတ်ပြားက ထစ်ထစ်ထစ်
ထစ်နေတယ် နေရင်းထိုင်ရင်း ပြစ်ပြစ်နှစ်နှစ်အဆဲခံလိုက်ရသလို လမ်းခွဲကြပါစို့ တဲ့
တည့်တည့်ကို မမြင်ရတော့ဘူး အလွဲ တနေ့စာ တနှစ်စာ တဘ၀စာ အလွဲ
ဘ၀က လက်တစ်ဖျစ်စာ မျက်စိတစ်မှိတ်စာ စာ စာ စာ ဆာလောင်နေတဲ့ ကလေးတွေ
မြို့တော်ရဲ့ အမှိုက်ပုံမှာ ငေးလို့ တွေးလို့ မြို့တော်ရဲ့ လူကြီးတွေမှာ ဒေါသတွေ ဆူလို့ ဝေလို့
အဖြူရောင်ခြင်္သေ့ရဲ့ When the children Cry သီချင်းသံက ဆူဆူညံညံတိုးဝင်လာတယ် နားထဲ
လွဲ လွဲ လွဲ နေတဲ့ လျှပ်စီးကြောင်းတွေ မျက်ရည်တွေ ခွဲကြောင်း ကွဲကြောင်းတွေ မျက်စိမှိတ်လိုက်တယ်
အသည်းကွဲတဲ့အကြောင်း သီချင်းတစ်ပုဒ်လောက်တော့ ဖွင့်ရဦးမယ် အမှိုက်ပုံထဲ ဆွေးဆွေးလေး
ငေးနေတဲ့ ကလေးလေးတွေရဲ့ ဝေးဝေး စစ်ပွဲတွေကို ဆွဲခေါ်သွားရဦးမယ် မပြောကောင်းမဆိုကောင်း
ဓါတ်ပြားက ထစ် ထစ် ထစ် ထစ် နေ တုန်း ။


ဆူးခက်[မင်း]လုလင်
၀၈၀၃၂၀၁၂

သုဏော်စိုင်း ဆူးခက်မင်း ရှိသည် ဖြစ်သည်

ဘာကြောင့် ဘယ်လို ဘယ်ကဲ့သို့ ဘယ်ချမ်းသာ
ဘယ်သူက၊ ဘယ်သူ့ ကို ၊ ဘာ့ကြောင့်၊ ဘယ်တုန်းက၊
ဘယ်လို ၊ ဘာလုပ် ဘာဆိုလား ညာဆိုလား
ဘယ်ဆိုလား ညာဆိုလား ဘာဘာညာညာ ဘယ်ညာဘယ်ညာ
ဘယ်ရယ်ညာရယ်မဟုတ်ဘူး ဘာရယ်ညာရယ်မဟုတ်ဘူး
ဘာညာကြိကြ ကိြစိကြစ ကီြကြီကြီ
ဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီ
လိုင်းပြောင်းလိုက်စမ်း လိုင်းမိအောင်ဖမ်း လိုင်းလွဲနေတယ်
ဂြဂြီဂြီး ခုဆိုရင် မြန်မာစံတော်ချိန် ဂြီဂြီ ဂေါ်ဂေါ်
ရာသီဥတု ဇောက်ထိုးမိုးမျှော် ဖြစ်နေပါသဖြင့်
မိုးမျှော်တိုက်ကြီးများတွင် မိုးမျှော်ငရုတ်သီးပင်များ
စိုက်ထားကြပါရန် ဂြီဂြီ ဂေါ်ဂေါ်
မိုးမျှော်ငရုတ်သီးထောင်းနဲ့ ရယ် ရေအင်တုံဝယ်
အုံအင် အုံအင် ဖားကလေး တီတီတာ
ဖေဖေ့ အနားလာ ဖွားဖွား ဖက်တော့ ဖိုးဖိုး ပြုံး
သွားတော့မောင်ဂတုံး ဒက်ဒက်ဒက်ဒက် ၀ုန်းဝုန်းဝုန်းဝုန်း
ထိုအကြောင်းကို သင့်အားမည်သူကပြောကြားပါမည်နည်း
အခုဆိုရင် မြ၀တီမှာ ၀ုန်းဒိုင်းကြဲနေပါတယ်
အခုဆိုရင် မြန်မာ့အသံမှာ အုန်းဒိုင်းဂုံးဂွမ်း ဖြစ်နေပါတယ်
အမ် အာ တီ ဗွီ ဖိုး ဖရီးတူအဲ လုပ်လေ လိုင်းပြောင်းလိုက်လေ
ဒိုးတူ ဒိုး စနစ်ဖြင့် ဒိုးပါ သားကြီးရာ ဒိုးဇမ်းဘာကွာ
မင်းကလဲ မင်းပဲ ငါ ကလည်း ငါပဲ သူ ကလည်း သူ
ကျွန်တော်ကလည်း ကျွန်တော် ခင်ဗျားကလည်း ခင်ဗျား
သူမကလည်း သူမ သူမကလည်း သူ မက ကျွန်တော် မကျ
မကလို့ မကျဘူး မရလို့ မရဘူး မရဘူး မရဘူး
မရမက မက မကျ ဟ ဟ ဟ ဟ
ဟ ဟ ဠ ကြီး အ အ အာ အိ အီ အေး အဲ အော့ အော် အံ အား
ဝါးလားလားလားလား ဟေးလားဝါးလား ၀င်ရောက်နေထိုင်ခြင်း
သိမ်းပိုက်ခြင်း ကင်းသော ဆူးခက်သူရ ဘာဝယ်တွေ သရတွေ
သရတွေ ဘာဝယ်တွေ ဒန်တွေ ၀ယ်တွေ ကျီးတွေ ၀ယ်တွေ
ဘာဝယ်ရင်ကောင်းမလဲနဲ့  တစ်ဈေးလုံးလည်း နှံ့ နေပြီ
လူနာ အမဲခြောက်ဖုတ် တောင်းတော့ ကပ္ပလီမကြီးကို
ကိုယ်တုံးလုံးချွတ်ပြီး ပေးလိုက်တယ် ဟ ဟ ဠ အ
ဟ ဟ လကြီး အ အ အ လကြီး ဟ ဟ နည်းနည်းကျယ်ကျယ်
ထပ်ဟ အော်စမ်း စမ်းအော် အစိန်အော် အား အား
ဟယ်လို တက်စတင် ဂယ်ကြီးအော် ဂယ်ကြီးအော်တော့ အား
အော်ဆို ဂျယ်ကြီးအော်တော့ အဘား ပြန်ပြီဆိုပြီး
ကဗျာကိုပိတ်လိုက်ရ ကဗျာမှာ တံခါး ရှိ မရှိ
ဟင်းနော် ထမင်းနော် ထမင်းသိုး ဟင်းသိုး နော်
တံခါးဖွင့်စီးပွားရေးဝါဒ တံခါးပိတ်စီးပွားရေးဝါဒ တံခါးပျက်စီးပွားရေးဝါဒ
တံခါးစိ စီးပွားရေးဝါဒ ဖွင့်မယ် ပိတ်မယ် ပျက်မယ် စိမယ် ဂွိမယ်
စားမယ် သောက်မယ် ၀ါးမယ် ဂေါက်မယ်
မဟုတ်သေးပါဘူးအေ (ဘယ်သူပြောလို့ ကဗျာထဲပါလာရတာလဲ)
မဟုတ်သေးပါဘူး ဘီ ( အဲ့ဒါ ဘယ် ......... သားလဲကွ )
မဟုတ်သေးပါဘူး အေ တူ ဇက် ( ဆဲဆိုသံများ မိုးမွှန်နေသည် )
မိုးလုံးပတ်လည် ဆဲကြမယ် အစီအစဉ်အရ
ဆဲသံဆိုသံများကို ဖေ့ဘွတ်တွင်လည်းကောင်း
ဒေါက်ဒေါက်ဒေါက် ဘယ်သူလဲ အရူးမကြီး မစာဥ ဘယ်သွားမလို့လဲ
ဗိုလ်သုအိမ်ကို ငါတို့လည်း လိုက်မယ် မလိုက်နဲ့ ဗိုလ်သု အဖေ
ရိုက်လိမ့်မယ် ရိုက်ရိုက်သေသေ အဲ့ဒါဆိုရင် ငါ့ကို အရူးမကြီးလို့ မခေါ်နဲ့
မခေါ်ဘူး ဟင့်အင်း မခေါ်ပါဘူး ဆို
ဂယ်ပဲ ဂယ်ပဲ .. မခေါ်ပါဘူး ဆိုနေမှပဲ ဟိတ် စိတ်ကောက်နေတာလား
စိတ်ဖြောင့်ပေးနေသှ် အထူးနှုန်း စပယ်ရှယ် ဒစ်စကောင့်
မရှယ်တရှယ် အထူးနှုန်း/ဒစ်စကောင့် ကောင့် ကောင့် ကောက် ကောက်
ဘယ်အကောင့် ( ) လဲ မသိပါဘူးကွာ ငါတော့ တော်တော်
သုက်ယူလိုက်ရတယ် အင်း အင်း ပြောလေ ကြားတယ် လေလှိုင်းကြားက
အဆင်မပြေမှုများ အစီအစဉ် စတင်နေပါပြီရှင် ဟယ်လို ဟယ်လို ကြားလား
မကြားရင်လည်း တော်ပြီကွာ တစ်မိနစ် ငါးဆယ်တောင် ဆောင်ရတာ
ဒါဆို အင်တာနက်ဖုံးနဲ့ ခေါ်ပါလား စကားမစပ် ဖုံးနဲ့ ခေါ်လို့ ရတာတွေကို
ဘယ်လိုခေါ်သလဲ ပီဖင်းဂိုးဖြင့် ခေါ်ဆိုခ စာရင်းတွင် မြန်မာနိုင်ငံမှာ
ဈေးအကြီးဆုံးအဖြစ် ပြိုင်ဘက်မရှိရပ်တည်နေပါသဖြင့်
ထိုအရာများကို ဇယားဟု ခေါ်သည် မင်းတို့ ခေတ်များတယ်ပေါတာကိုး
ဒါ့ကြောင့် သုဏော်စိုင်းကပြောတာ ဆင်းရဲလာတဲ့အခါ မိန်းကလေးတွေက
ခံ နိုင် တယ် လို့  ယောင်္ကျားလေးတွေကျတော့ ဘယ်လောက်ဆင်းရဲဆင်းရဲ
လုပ်စရာရှိတာ လုပ်တာပဲလို့ ဆူးခက်မင်းက ပြောတာကျ
ဘယ်နား သွားထားမလဲ ညာနား သွားထားမလဲ ဘယ်ဘယ်ညာညာ
ဘာညာဘာညာ သွားထားသွားထား ရောက်တော့မယ်
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကဗျာဟာဖြင့် ခုချိန်ဆိုရင်
လူကြီးမင်းများ၏ လူကူးမျဉ်းကျား၌ ညီလေး အစ်ကိုတို့နဲ့
ခဏလိုက်ခဲ့ပါ ညီလေးက ကဗျာကို လူကူးမျဉ်းကျားမှာ
ထိုင်ဖတ်တဲ့အတွက် ဗျာ မဟုတ်ရပါဘူးဗျာ
ချစ်ချစ်အတွက် ကဗျာတစ်ရွက် ( မင်းသား - ကွမ်းသီး )
မင်းသမီးကဘယ်သူလဲ မင့်သမီးလား တော်နဲ့ မွေးထားတာ
တော့်သမီးပေါ့တော့် ပေါ့တော့တော့နဲ့ ပေါတောတော နဲ့
သွပ်သွပ်သွပ်သွပ် အေး မင်းတို့ က အပြစ်တင်ချင်ရင်တော့
တော့်သမီး တော့်သမီးနဲ့  ဂုဏ်ယူစရာရှိ ဒါမှ ငါ့သမီး ဒါမှ ငါ့သမီးနဲ့ 
ဂုန်နီအိတ်နဲ့ ထည့်ထားတာကျတော့ ငါ့သမီး မဟုတ်ဘူးလေး
ဘာလေးနဲ့ ညာလေးနဲ့ ရီးစားမရှိတဲ့ ငါ့သမီးလေး တော်လိုက်တာနော်
ဘယ်သူပြောတာလဲ အမေ ပြောတာပေါ့ အို ဘာတဲ့ အရပ်ကတို့ ရေ
တော် လိုက် ထှာ နော် တော် ရဲ့ လား နည်းနည်း ကျပ်နေသလားလို့ 
မင်းက နှစ်လုံးတည်းနဲ့ ၀ိလုပ်ချင်နေတာကိုး (၀ိ) ရှစ်ပဲ
ဟေ့ ဟေ့ ကဗျာမှာ ဆဲသံ ဆိုသံ မပါစေနဲ့ တာရိုးကသွား ရင် သွား
ဆဲတော့ မဆဲ နဲ့ eight ကိုပြောတာပါ ကျန်တာပြောရဲပေါင်
ရှင်တို့ ကလည်း အပြောမတတ်တော့ဆဲသလိုတဲ့ အဟင်းးးးးး
ပိဿာလေးနဲ့ ပေါင်ကြားမပစ်ရင် တော်ပါပြီလေ မွေးမေလေ့
မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ အမေ မရှိတော့လေမှ
အမေ့ အိပ်ယာနေရာ အမေ့ ချွေးမ တက်လို့ ခွတာ အမေ့အိမ်ကိုပဲအဲအဲ
ပေါင်သုံးလိုက်ပါတယ် အဲအဲဆိုသည်မှာ အက်ခိုးသံဖြစ်ကြောင်း
ပေါင် ဆိုတာ ဘိလပ်မှာ သုံးတဲ့ ပိုက်ဆံကို ပြောတာလားကွယ်ဟရို့ ရို့ ရို့ 
ဒန်တွေဝယ်ဒေ ကျီးတွေဝယ်ဒေ ရို့ ရို့ ဘိလပ်ပြန်မောင်သောင်းဖေရဲ့ 
ရေချမ်းချမ်းလေးစ် တစ်ခွက်စ်လောက်စ်ရရင် သောက်စ်ချင်ဒယ်စ်ကွာစ်
ပါဆယ်လား အိတ်ဆွဲလား ခုသောက်ချင်တာလား တော်ကြာမှ
သောက်ချင်တာလား ခုသောက်မယ် တော်ကြာသောက်မယ်
သောက်ချင်မှ သောက်မယ် ဂွတ်စ် ဂလု အိုးမိုင်ဂေါ့ဒ်


- သုဏော်စိုင်း ၊ ဆူးခက်မင်း -
2 5 n o v e m b e r 2 0 1 0

သင့်တွင် ရောင်းစရာ ပြဿနာ ရှိပါသလား

ပုံ မှန် အ တိုင်း ဆို ဒါ ပုံ မှန် မ ဟုတ် ဘူး သူ မ ရဲ့ မွေး ညင်း စိမ်း လေး တွေ အ ထိ
ကိုယ် ချစ် တယ် ဖို မ ဆက် ဆံ ခြင်း မ ပါ ဘူး ဆို တာ ကိုယ် ချစ် တယ် သိ လား
Problem Loading Love ! ကွိုင် ပဲ ဘာ ဆက် လုပ် ရ မ လဲ ပြ ဿ နာ တော့
တက် ပြီ အ မှန် တော့ က ဗျာ ဆ ရာ ဆို တဲ့ မျိုး နွယ် စု မ ရှိ ခဲ့ သင့် ဘူး
ခု တော့ ပြ ဿ နာ တက် ပြီ ကွိုင် ပဲ သူ မ ကို က ဗျာ တစ် ပုဒ် လို ချစ် တယ်
ပြ ဿ နာ တော့ ပြ ဿ နာ ပေါ့ ဒါ ပေ မယ့် သူ မ က က ဗျာ တစ် ပုဒ်
မ ဟုတ် ဘူး ဆို တော့ ပြ ဿ နာ တော့ သိပ် မ ရှိ လှ ပါ ဘူး ပေါ့ ဒီ လို ပဲ
ဖြေ တွေး တွေး ရ တာ ပေါ့ ဖြေ ဆေး ပေး ဖို့ တော့ မ လို လောက် ပါ ဘူး
ဆို တော့ မ လုံ လောက် ဘူး လား ပဲ ပေါ့ ဒီ လို ပဲ ထင် ရ တာ ပဲ ပေါ့
ဘယ် လို ပဲ ဖြစ် ဖြစ် ပုံ မှန် သို့ မ ဟုတ် ပုံ မှန် ထက် ပို မယ့် ဒ ဿ န တွေ ပဲ
ပြ ဿ နာ တော့ သိပ် မ ရှိ ပါ ဘူး ဒါ က ပုံ မှန် သွေး ရိုး သား ရိုး ဖြစ် စဉ်
မှ မ ဟုတ် ပဲ အာ တိတ် လေ အေး စီး ကြောင်း မှာ အ တိတ် လေ အေး စီး ကြောင်း
တွေ များ ပါ လာ မ လား လို့ အာ တိတ် ကို အ တိတ် မှာ ရောက် ခဲ့ ဖူး သ လား လို့
ပြ ဿ နာ ထပ် တက် ပြန် ပြီ လား ဒါ ဆို ရင် တော့ ကွိုင် ပဲ ဒါ တွေ အ ကုန် လုံး
ရ ရင် တော့ နိုင် ပြီ ဆို တော့ ပြ ဿ နာ အ ကြီး ကြီး တက် ပြီ ပေါ့ ကွိုင် ပဲ
ဆုံး ဖြတ် ရ တာ မ ခက် ပါ ဘူး ဆုံး ဖြတ် ချက် ကို တ ဖြည်း ဖြည်း အ ကောင် အ ထည်
ဖော် တော့ မှ တ ဖြည်း ဖြည်း ချင်း ပြ ဿ နာ အ ကြီး ကြီး တက် တာ ဒီ ည က တော့
ဘယ် လို ဖြစ် မှန်း မ သိ ဘူး ပြ ဿ နာ က ပိုး စိုး ပက် စက် ကြီး တယ် ကွိုင် ပဲ
ပုံ မှန် မ ဟုတ် တော့ ဘူး ဆို ရင် ဒါ ပုံ မှန် ပဲ လို့ ပြော လို့ ရ တယ် တ ကယ် တော့
က ဗျာ ဆို တဲ့ အ ရာ မ ပေါ် ပေါက် ခဲ့ သင့် ဘူး က ဗျာ မျိုး နွယ် စု ပျက် သုဉ်း ပါ စေ
က ဗျာ ဆ ရာ ဆို သူ များ သွေး အ လိမ်း လိမ်း အန် ပါ စေ လို့ ဆု တောင်း လိုက် ရင်
ပြ ဿ နာ အ ကြီး ကြီး တက် သွား မ လား ဆို တော့ ဒါ ပုံ မှန် ပါ ပဲ လို့ ဆို တော့
ဒါ ပုံ မှန် မ ဟုတ် တော့ ဘူး ပြ ဿ နာ ရဲ့ အ ကြောင်း တ ရား ဟာ လော ဘ ဒေါ သ
မော ဟ ဆို တဲ့ အ ကောင် တွေ ဖြစ် တယ် ဆို ပြီး ပြော လိုက် ရင် တ ရား သ ဘော
ဆန် သွား မ လား လို့ တွေး မိ တော့ တ ကယ် က ပြ ဿ နာ က တက် ချင် လို့ တက်
တာ တ ရား သ ဘော နဲ့ ဘာ မှ မ ဆိုင် ဘူး ဆို ပေ မယ့် ကွိုင် ပဲ ပြ ဿ နာ တော့
တက် ပြီ ပြ ဿ နာ မ ဟုတ် တာ ကို ပြ ဿ နာ လုပ် နေ ရင် စိတ် ပင် ပန်း တာ ပဲ
ရှိ မှာ ပေါ့ စိတ် ပင် ပန်း ရင် လည်း ပင် ပန်း ပါ စေ ပေါ့ ပြ ဿ နာ လုပ် တာ မ ဟုတ်
ပေ မယ့် ပြ ဿ နာ က တော့ အ ချိန် တန် ရင် တက် နေ ဦး မှာ ပဲ ပေါ့ ဆို တော့
ပြ ဿ နာ ပဲ Memory Stick က Write-Protected ဖြစ် နေ တဲ့ ပြ ဿ နာ မြန် မာ နိုင် ငံ
နှင့် စီး ပွား ရေး ပိတ် ဆို့ မှု ပြ ဿ နာ ဘု ရား သုံး ဆူ နယ် စပ် ပြ ဿ နာ အင် တာ နက်
နှင့် ဗိုင်း ရပ်စ် ပြ ဿ နာ မေး ခွန်း နည်း ခြင်း ပြ ဿ နာ မွေး ခန်း နည်း ခြင်း ပြ ဿ နာ
လူ ဦး ရေ ထူ ထပ် မှု ပြ ဿ နာ စား နပ် ရိ က္ခာ မ လုံ လောက် မှု ပြ ဿ နာ ယုံ ကြည်
လက် ခံ နိုင် မှု ခက် ခဲ ခြင်း ပြ ဿ နာ ပြ ဿ နာ ဆို တာ မ သေ သေး တဲ့ လူ တွေ ဆီ
မှာ ပဲ ရှိ တယ် ဆို တဲ့ ပြ ဿ နာ စိုး ရိမ် စိတ် လွန် ကဲ မှု ပြ ဿ နာ ကွန် နက် ရှင် ကျ
တတ် သည့် ပြ ဿ နာ Apple ၏ နောက် ဆုံး မျိုး ဆက် ဖြစ် သော iPhone-4 သည်
လိုင်း ပျောက် တတ် သော ပြ ဿ နာ လူ့ အ ခွင့် အ ရေး ပြ ဿ နာ က ဗျာ ဆ ရာ နှင့်
က ဗျာ ၀ါ ဒ ပြ ဿ နာ Window Genuine ပြ ဿ နာ စ သည် ဖြင့် ပြ ဿ နာ ပေါင်း
များ စွာ အ စ ရှိ သ ဖြင့် ထို ထို သော ပြ ဿ နာ ပေါင်း သောင်း ခြောက် ထောင် တို့ မှ
ကင်း လွတ် ရာ သေ ခြင်း တ ရား အား လျင် မြန် စွာ မျက် မှောက် ပြု နိုင် ရ ပါ လို ၏
လို့ က ယောင် က တမ်း ဆု တောင်း လိုက် တော့ . . .ဟာ . . ပြ ဿ နာ ပဲ ကွိုင် တက် ပြီ ။


- ဆူး ခ က် မ င်း -
၂ ၉ ဇန် န ၀ါ ရီ ၂ ၀ ၁ ၁

ခေတ်ယန္တရားက ကိုယ်အတုထဲ အသက်ရှူသံမြှုပ်ရင်း ရေး/ဖျက်ခဲ့ ကဗျာလည်း ထိုနည်းလည်းကောင်း

ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့အတွက် ငြိမ်းချမ်းမှုတစ်ခုပဲလိုတယ် ။
ဘာတွေ ထပ်ပြီး လိုအပ်မလဲ ။ အရာအားလုံးကို ငြင်းပယ်ခွင့်ရှိတယ် ။
အရာအားလုံးကို ငြင်းပယ်နေပါတယ် ။
အရာအားလုံးဆိုတာကြီးကို စာရင်းအရင်ပြုစုနေရတယ် ။
အရာအားလုံးကို ငြင်းပယ်ပါမယ်။
ဒါဟာ ကိုယ့်လက်မှာကိုင်ထားတဲ့ ပုတီးတစ်ကုံးမှ မဟုတ်ပဲ ။
လွှင့်ပစ်ချင်လည်း အလိုက်သင့်ပဲ ၊ ဖြစ်တယ် ။
နောက်ထပ်ဆိုတဲ့အရာတစ်ခုရှိနေသေးတယ်လို့ ခင်ဗျားမထင်ဘူးလား
အဲ့လောက်ကြီးလွယ်ကူပါ့မလား ။
အရာတစ်ခုကို ကျွန်တော်လိုအပ်နေတယ်။
လိုချင်တာထက် ၊ လိုအပ်နေတယ် ။
လွယ်ကူတယ်ဆိုတာထက် ရိုးစင်းတယ် ။
လိုအပ်ချက်တွေ အရမ်းများရင် ၊ လူဆိုတာ လူမဟုတ်တော့ဘူး ။
ကျွန်တော် လူတစ်ယောက်ဆိုတာ သေချာရဲ့လား ။
ကျွန်တော်တောင် သံသယဖြစ်နေတာကြာပြီ ။
ရုပ်အစိုင်အခဲအရတော့ လူပေါ့ ။
ဒါပေမဲ့ .. ကျွန်တော် လူတစ်ယောက်ဟုတ်ပါ့မလား ။
မနေ့က ခင်ဗျား လူတစ်ယောက်ဖြစ်ခဲ့တယ် ဆိုရင် ၊
ဒီနေ့မှာလည်း သေချာပေါက် လူတစ်ယောက်ပဲ ။
မနက်ဖြန်တော့ မသေချာဘူး ။
မနက်ဖြန်ဆိုတာ မသေချာဘူး ။
မနေ့ကလည်း မသေချာခဲ့ပါဘူး ။
ကမ္ဘာကြီးမှာ ဖန်တီးထားတဲ့ များစွာသော ပရိုဂရမ်တွေထဲမှာ
ကျွန်တော်ဟာလည်း ပရိုဂရမ် တစ်ခုပဲဖြစ်မှာပါ ။
ဒါ ရုပ်ဝတ္ထုပစ္စည်းပဲ ၊ ဒါ သဘာဝလွန်ဖြစ်ရပ်ပဲ ။
ကျွန်တော်တို့ဟာ
ကမ္ဘာကြီးပေါ်ကို ဘယ်လောက် နယူတန်နဲ့ ပို့လွှတ်တင်လိုက်တဲ့ အက်တမ်တွေလဲ
အက်တမ်တစ်ကောင်ရဲ့ငိုနေတဲ့အသံဟာ တိုးတိုးလေးပါပဲ ။
ကမ္ဘာကြီးက အသိအမှတ်မပြုခဲ့ဘူး ။ ကျွန်တော် ရူးနေတာမဟုတ်ဘူးသိလား ။
ကျွန်တော်ဟာ ပျောက်ဆုံးတော့မယ် ။ အက်တမ်လေး ။
လွင့် ......
လိပ်ပြာအတောင်ပံခတ်သံမှာ မုန်တိုင်းတွေ နောက်ဆက်တွဲ ပါကောင်းပါနိုင်မယ် ။
ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး ဘာကိုမှ ဖန်တီးခွင့် ပြုပြင်ခွင့် မရှိခဲ့ကြဘူး ။
စိတ်မကောင်းဘူးလို့ပဲ လမ်းထိပ်က ပိုက်ဆံကျပျောက်ခဲ့တဲ့ လူငယ်တစ်ယောက်ဆီက
စကားကို ခဏငှားပြီး သုံးလိုက်ဦးမယ် ။ ကျွန်တော်လေ သိပ်စိတ်မကောင်းဖြစ်တာပဲ ။
ကျွန်တော် သိတယ် ။ ကျွန်တော်သာ သေသွားရင် ၊ တကယ်တော့ ကျွန်တော်သာ
တစ်ဦးတည်းသော ဝမ်းနည်းနေသူ ။ ကိုယ့်ကိုယ်ကိုယ် ကျပျောက်ရင် ရှာရအခက်ဆုံးပဲ
ရာသီဥတုက ညှီစော်နံတယ် ။ ကျုပ်တို့ ဘာများ လုပ်ပေးနိုင်မလဲ ။
ပျော်ရွှင်မှုဟာ မီးပလက်ပေါက်ထဲ ခင်ဗျား လက်နှိုက်သလိုပဲဆို သိပ်ကောင်းမှာပဲ ။
ကိုယ် လူဖြစ်ရကျိုး မနပ်သေးဘူး ။ ကိုယ် လူ့အဖြစ်က ကျိုးပဲ့သွားပြီ ။
ဝါးးးး ။ အောက်ဆီဂျင်ဟာ ပိုးလိုးပက်လက်ပါပဲ ။ဘယ်လို လူကုန်ထည်များထံ စီးမျောသွားသလဲ ။
ပတ္တာတွေ ဆီမထည့်ရသေးဘူး ။ ကိုယ့်ကို တံခါးတစ်ချပ် ၀ယ်ပေးနိုင်မလား ။
အပြင်မှာ ... ပျောက်ဆုံး
အပြင်မှာ ... ပျောက်ဆုံး
သိလား ၊ ကျွန်တော် မရှိခဲ့တာ ကြာပြီပဲ ။
ကိုယ် မသိဘူး ။ ကိုယ် မရှိဘူး ။ ကိုယ် ဘယ်ရောက်နေသလဲ ။
အိတ်ကပ်ထဲက ဒင်္ဂါးတစ်စေ့နဲ့ မိုက်လုံးကြီးခဲ့တယ် ။
ပျောက်နေတဲ့ တံခါးဝမှာ ရပ်မနေပါနဲ့ ။ နောက်ထပ် နှစ်မိနစ်လောက်ပဲ
အချိန်ရမယ်ဆိုလည်းဖြစ်ပါတယ် ။ သိပ်အများကြီး မလိုပါဘူး ။ ခင်ဗျားကို ကျူပ်ချစ်တာပဲ ။
မယုံဘူး ။ အမှန်တရားဆိုတာ မုသားတွေ ။ ခင်ဗျားလျှာ အတုက ထွက်လာသမျှ အသံစနစ်တွေကို
မယုံကြည်ဘူး ။ Search Engine ထဲမှာ ရိုက်ထည့်လိုက်တယ် ။
I am not human I am program .
သူမဟာ စနစ်တကျအလုပ်လုပ်ပုံ ။
ခင်ဗျားအပေါ်မှာ ငြင်သာနူးညံ့စွာ လှုပ်ရမ်းနေသော emotional robot
သူမဆီက ချစ်တယ်လို့ကြားရဖို့ code နံပါတ်တစ်ချို့ကိုနှိပ်ပါ
သူမ အသားဟာ Touch Screen
အရသာ... အရသာ ဟာ Touch Screen
အစာမျိုပြွန်ထဲမှာ ပြဿနာအစိုင်အခဲတွေ တစ်ဆို့
အာနိသင် မပျယ်သေးတဲ့ သေနတ်တစ်လက်နဲ့ နားထင်ကို တေ့ဖြုတ်လိုက်ပါ ။
ကိုယ် ဘာမသိ ညာမသိ အသက်ဆက်မရှင်ချင်တော့ဘူး ။
အသက်ဟာ သေနေပါတယ် ။ အသက်ဟာ ငြိတွယ်နေတယ် ။
လူသားတွေလား ဟေးးး ကိုယ်ဘယ်သူ့ကိုအော်ခေါ်နေမိတာလဲ ။
မလေးသို့ ၁၃ မိနစ်လောက် စကားပြောချင်တယ် ။ သမီးလေး ဟဲလို မလေးသို့ ၁၃ မိနစ် ။
တော်ပါပြီ လွှတ်ချမိတာတွေကို ပြန်ကောက်နေတာပါပဲ ။
အသံတွေလည်း ပြုတ်ကျကုန်တယ် မလေး ။
မလေးက သမီးလေး ကလေးတစ်ယောက် ပြုတ်ကျသွားတယ် ။ နွေရာသီလိုမောတယ် ။
ကျွန်တော်တို့ဟာ ကိုယ့်ဘာသာကိုယ် ပြန်မေ့နေကြတဲ့ သောကြာနေ့တွေပဲ
အသက်ရှူရတာ အသက်ရှူကြပ်တယ် ။ အသစ်စက်စက် အောက်ဆီဂျင်ကဘာလဲ ။
အီဂျစ်တွေရဲ့ ပိရမစ်တွေမှာ ကျွန်တော်တို့လို ဘယ်သူတွေ တရားကျင့်ခဲ့ပါသလဲ ။
ငါးတွေလို တိုးလျှိုးခဲ့တယ် ။ လူစင်စစ်ကနေ ငါးဖြစ်ခဲ့တဲ့ ပုံပြင်အသစ်တွေထဲမှာ
ကျွန်တော်တို့က အရုပ်ဆန်ဆန် ကူးသန်းသွားလာခဲ့ ။ ကျွန်တော့်ရဲ့ငါးမလေး ။
တစ်ဖြည်းဖြည်း နဲ့ဝေးဝေးသွားသော ငါးမလေး ။ မူးယစ်ဆေးဝါးမလေးပါပဲ ။
သူကတစ်ခါတွေ့ပြီးတိုင်း သွေးကြောထဲမှာ ၄၈ ရက်ကြာအောင်နေတယ် ။
အဆင်ပြေပါတယ် တဲ့ ။ မလေးက လူတွေနဲ့ အဆင်ပြေပါတယ် တဲ့ ။
ပြည်ပကလူတွေနဲ့ အဆင်ပြေပါတယ်တဲ့ ။ အားတိုင်းကဗျာ ထထမရွတ်တတ်တဲ့လူတွေနဲ့ ။
အနုပညာဟာ နွေးနေအောင် ၀တ်ထားတဲ့ ဖလံထည် မဟုတ်ကြောင်း ။
အပေါ်ယံအရေပြားယားယံမှုမှာ သူမဟာ scan reader တခုဖြစ်တယ် ။
သံသရာမှ လွတ်မြောက်သွားအောင်လည်း မကြိုးစားချင်တော့ဘူး ။
အဲဒီ သီအိုရီ ပုပုလေးထဲမှာပဲ အဓိပ္ပာယ်မဲ့ တရားများနဲ့ပျော်မွေ့နေပြီ ။
သမီးရေ ဒီလ ပိုက် ပိုက် ပိုက် ဆံ
What's on your mind?
RECENT ACTIVITY အား ကောင်း တယ်
မောင့်ကိုလည်း မလွမ်းတာပါပဲကွာ ။ ဒါပေမဲ့ မက မလေးမှာ လေ ။
မလေးမှာ မပေါ့မပါးကြီးဖြစ်မှာစိုးလို့ ဖျက်လိုက်တာပါ ။
မောင်ရယ် မ ... လေ မလေးမှာမပျော်ဘူး ။
ဟေးးးးးးးးးးးးးးးးးးးး
မလေးသို့ ၁၃ မိနစ်လောက် စကားပြောတဲ့အချိန်လေးမှာတော့
ခင်ဗျားယောက်ျားတစ်ယောက် လိင်ဆက်ဆံခြင်းကိစ္စကို
ရှောင်ရှားပေးပါ မ ကံ့ကော် ။
မေလ လေမ တိုက်ဘူး ဒီလိုပဲ ပျော်တယ် ။
ကျွန်တော် စမ်းမိတဲ့ အိတ်ကပ်ဟာ သူမ ဖြစ်နေတာကလွဲရင် ပျော်တယ် ။
မေမေ သားလေ အခုတလော ဓမ္မတာ မမှန်ဘူး ။ သူမ သွေးဆုံးသွားပြီလား ။
........@gmail.com is now offline because she is mating with a guy.You can leave fucking message . Ok ????
ဘာတွေလဲ ဘာ တွေ လဲ ဘာ တွေ လဲ
ဟဲလို မလေးကပါလား ။ ကျွန်တော် ရန်ကုန်ကပါ ။
ကျနော် ခုန်ချတဲ့ ပြတင်းပေါက်က ၂၄ နာရီ ပွင့်နေတယ် ။
ဒါက ကလေးတယောက်ဖျက်ချလိုက်တဲ့ သူမ ရဲ့ လုံလောက်တဲ့အကြောင်းပြချက်ပဲ ။
၂၀၁၁ ဟာ နူမလိုလို နဲ့ အ နေတယ် ။ ဒကာကြီးက တရားဓမ္မမှ မလိုက်စားတာ ။
ဦးဇင်းတို့ဆို ဘယ်ရောက်တရားနဲ့ဆိုတော့ ငြိမ်းချမ်းတယ် ။
သေသွားပြီလား ။ ဖုန်း ၊ အဲဒီဖုန်းက သေသွားသလား ။
သားလေးကြည့်ရတာ အားမရဘူး ။ ထမင်းလည်းကောင်းကောင်းမစားဘူး ။
ဒါဆိုရင် အောကားတွေ ကြည့်လို့ပဲဖြစ်ရမယ်
တံခါးပိတ်လိုက်ပါ ဦးဇင်း ။ ပြင်ပပေါ့ပါးမှုတွေက ကျနော်တို့ရဲ့ ဗလာတွေကို ခဏတာ ပေါင်းသင်းသွားမှာ စိုးတယ် ၊
ကျနော်တို့ဟာ ပြန်လာခြင်းတွေဖြစ်ကြောင်း ၊ ကဗျာတွေဆိုတာ သွေးအေးလူသတ်သမားတွေဖြစ်ကြောင်း ၊
၂၁ ရာစုမှာ လူအပီအသဆုံးအပြုအမူဟာ ထမင်းစားခြင်းခြင်းဖြစ်ကြောင်း ၊၊



- ဆူးခက်မင်း ၊ မောနွေ ၊ အေးချမ်း -

စိတ်လေတယ် ဝေါ်လ်တာ ၊ ကမ္ဘာကြီး ကျရှုံးပါစေ

ဒါ ပိန်ရှုံ့ရှုံ့ မိုးပျံပူဖောင်း
"ဖောင်း" ခနဲ မြည်သံတစ်ချက်နဲ့
နာမည်ကျော် ပြက်လုံးတွေ ထွက် ကျ လာ တယ် ။
ကိုယ်နဲ့ မတည့်တဲ့ခေတ် ဆိုတော့
မနက်ခင်းတိုင်း လေထုကို စိမ်းနေတယ် ။
ရယ်လိုက်စမ်း ဝေါ်လ်တာ ..
ခင်ဗျားအတွက် မနက်ခင်းစာ ဆိုတာ
သောကနဲ့ မျက်ရည်တွေပဲ မဖြစ်သင့်ဘူး ။
ထုံးစံအတိုင်း အရမ်း ရိုး စင်း တယ် ။
လမ်းတွေ ၊ လူတွေ ၊ သစ်ပင်တွေ
သံလိုက်အိမ်မြှောင်လို အကြည့်တွေ ၊
နာရေးကြော်ငြာလို အနာဂတ်တွေ ၊
စိတ်ကို စိတ်လို သိနေရတာ မောလွန်းတယ် ။
ကမ္ဘာမြေ စိမ်းလန်းပါစေ ဝေါ်လ်တာ ။
စစ်ခွာသံတွေ ထပ်မကြားချင်တော့ဘူး ။
တောင်ပံတွေ ဖြန့်ချထားရုံနဲ့
ဆယ်စုနှစ်တစ်ခုစာ မျက်ခြေပြတ်ဖူးတယ် ။
ဒါ ဒုတိယ င ရဲ ပဲ ။
ပေါင်ငွေ အနည်းငယ်လောက် ပမာဏအတွက်
ကိုယ်ကျင့်တရားကို ဈေးပေါပေါနဲ့ ချရောင်းရဲတာ ၊
ကျုပ် လက်ခုပ်တီးမိတယ် ဝေါ်လ်တာ ။
ကျုပ် အယူအဆအရတော့
လန်ဒန်ကို ရောက်အောင် သွားမယ် ။
ယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးမယ် ။
မာလ်တီနီပဲ ပေးပါ ဝေါ်လ်တာ ။
ခင်ဗျားကတော့ မိန်းမပျက်တွေနဲ့
ညအိပ်မယ် မဟုတ်လား ။
ကိုယ့်ဘ၀အကြောင်း ကိုယ် တွေး ကြ တာ ပေါ့ ။
ဒီအဖြစ်အပျက်မှာ မျက်နှာဖုံးတွေပါမှန်း ရိပ်မိတယ် ။
ဟေး . . . ဝေါ်လ်တာ
ခင်ဗျား ငြင်းဖို့ ကြိုးစားမလို့လား ။
ဒီသေနတ်ဟာ ကျုပ်ရဲ့ ခရစ္စမတ်လက်ဆောင် ။
ကုတ်အင်္ကျီအတွင်းအိတ်ထဲမှာ သိမ်း ထား ။
ခင်ဗျားပါးစပ်က ထွက်ကျလာမယ့်
ဆဲရေးတိုင်းထွာခြင်းတွေကို
ကျည်ကဒ်ထဲ အပြည့်ဖြည့်ထား ဝေါ်လ်တာ ။
ဟောဒီပင်လယ်မှာ ကိုယ်ပိုင်ဒဿန ရှိတယ် ဆိုတဲ့အကြောင်း
မိုင်တိုင်တွေက သိ တယ် ။
သေ လိုက် တော့ . . . ဝေါ်လ်တာ ။
ခင်ဗျားက ကမ္ဘာကြီးတစ်ခုစာ ကိုယ်ဝန်ထည့်လွယ်ထားတာပဲ ။
ကျုပ်တကယ် စိတ်မကောင်းဘူး ။
တစ်ယောက်တစ်ပေါက် စကားမှာ . . သူတို့ နားတွေ လမ်းမှားနေကြပြီ ။
ဟော . . ကလေးငိုသံ . . ကြားလား ဝေါ်လ်တာ
အဲ့ဒါ . . . အဲ့ ဒါ . . .
တမာန်တော် စေလွှတ်လိုက်တဲ့ နိမိတ်ဆိုးတွေ ။
ကျုပ် မယုံကြည်ပါဘူး ။
သွေးကြောထဲက မျှော်စင်တွေအကြောင်းကို ၊
ကျုပ် မ ယုံ ဘူး ။
ခေါင်းတလားနဲ့အပြည့် နှင်းဆီပန်းတွေ ။
ဖွေးဖွေးလှုပ်အောင် ရွာနေတဲ့ မြေပြိုမိုးတွေ ။
အရမ်း မသတီချင်စရာ ကောင်းနေမလားပဲ ။
အခြေချနေထိုင်မှုဟာ မြက်ခင်းစိမ်းတွေနဲ့ ဆန့်ကျင်ရာအရပ် ။
မြို့တော်တစ်ခုမှာ ကျိန်စာတွေ အထပ်ထပ် ရွာ တယ် ။
ခင်ဗျားရဲ့ ပွဲတက်မယားဟာ ပြည့်တန်ဆာမတစ်ယောက်ဖြစ်တယ်
ဆိုတဲ့အကြောင်း ၊ သတင်းစာခေါင်းကြီးပိုင်းမှာ ပါလာတာ
ဂုဏ်ယူစရာမဟုတ်ဘူး ဝေါ်လ်တာ ။
ဝီစကီ သုံးပက်လောက် သောက်ပြီး
မကောင်းမှုတွေ လုပ်ကြမယ် ။
အခန်းကျဉ်းလေးထဲက ထွက်ခဲ့ ။
လူ့အထက်တန်းစားတွေဟာ ကျုပ်တို့ရဲ့ ပစ်မှတ်ဖြစ်တယ် ။
ရယ်စရာလို့ပဲ သဘောထားပါ ။
ကျုပ်မှာ လူရမ်းကားစိတ် အပြည့် ရှိတယ် ။
သိမှုနိမ့်ကျနေတဲ့ လူ့အဖွဲ့အစည်းမှာ နေရတာ ပျင်းဖို့ကောင်းတယ် ။
နောက်ကျောဘက်က "စူး" ခနဲပဲ ။
ဝေါ်လ်တာ ရေ . . .
အဲ့ဒီ ဓားဟာ ခင်ဗျားကိုယ်တိုင်လား ။
ပြောကြတာပဲ ၊ ပြောကြတာပဲ ။
ခင်ဗျားတို့ ကျုပ်တို့ အရိပ်တွေကို
သွေးစစ်ကြည့်ဖို့ လိုနေပြီ ဝေါ်လ်တာ ။
ကျုပ်သိလိုက်တယ် ။
ခင်ဗျားရဲ့ လက်ဖျံသွေးကြောထဲမှာ မကောင်းမှုဒုစရိုက်တွေ
စီးဆင်းနေတာ ကျုပ်ကောင်းကောင်းကြီး သိလိုက်ရတယ် ။
ချုံပုတ်ထဲက ခေါ်သံကို ကျုပ်နားမလည်တော့ဘူး ဝေါ်လ်တာ ။
အရိပ်တွေရဲ့ စိတ်တွေကို ရွံ တယ် ။
ကဲ . . လာ . . ဝေါ်လ်တာ . .
ကိုယ်ဝန်ဆိပ် တက်နေတဲ့ ကမ္ဘာကြီးကို
စိတ်လိုလက်ရ ဟားတိုက်ရယ်မောပစ်ကြမယ် ။ . . . ။


- စစ်နိုင် ၊ ဆူးခက်မင်း -
2 8 J A N 2 0 1 1