Pages

Subscribe:

Wednesday, August 26, 2009

ကျွန်တော်နှင့် အနီရောင်ချောက်ကမ်းပါး

ကျွန်တော်သည် .. ကျွန်တော် မဟုတ်သော ကျွန်တော်သာ ဖြစ်သည် ။

ကျွန်တော့်တွင် ပြင်ဆင်မရသော အမှားတချို့ ရှိသည် ။

ပြောင်းလဲမရသော ရူးသွပ်မှု တချို့  ရှိသည် ။

နာမ် နှင့် ရုပ် ခွဲမရသော အစိတ်အပိုင်း တချို့ ရှိသည် ။

ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများ ရှိသည် ။ ....































ကျွန်တော်သည် .. ကျွန်တော် မဟုတ်သော ကျွန်တော်သာ ဖြစ်သည် ။

ကျွန်တော့်တွင် ပြင်ဆင်မရသော အမှားတချို့ ရှိသည် ။

ပြောင်းလဲမရသော ရူးသွပ်မှု တချို့  ရှိသည် ။

နာမ် နှင့် ရုပ် ခွဲမရသော အစိတ်အပိုင်း တချို့ ရှိသည် ။

ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများ ရှိသည် ။

ဆင်းရဲသား ရပ်ကွက်မှ ကလေးတစ်သိုက် ရှိသည် ။

လောကနီတိ ထဲမှ စာမျက်နှာ ၀ါဖန့်ဖန့် တချို့ ရှိသည် ။

အမွှေးစုတ်ဖွားနှင့် ကြောင်လေးတစ်ကောင် ရှိသည် ။

အဖြူရောင်တို့ဖြင့် ဆင်ယင်အပ်သော ပြတိုက်တစ်ခု ရှိသည် ။

သနပ်ခါး ပါးကွက်ကြား လိမ်းထားသော ညနေခင်းတစ်ခု ရှိသည် ။

မျှော်လင့်ချက်များဖြင့် နစ်မွန်းစေခဲ့သော အရုပ်မလေး တစ်ရုပ် ရှိသည် ။




ပြင်ဆင်မရသော အမှားတချို့ က .. .. .. နောင်တ ဟူသည့် စကားလုံးကို .... ...
ကျွန်တော်နှင့် ကျွမ်းဝင်စေသည် ။

ပြောင်းလဲမရသော ရူးသွပ်မှုတချို့ က ဘာရယ်မဟုတ်ပဲ သွေးနားထင် ရောက်စေသည် ။

နာမ်နှင့်ရုပ် ခွဲ မရသော အစိတ်အပိုင်းတချို့ က ၊ ရုပ်နှင့် နာမ်ကို ကိုယ်စားပြုသော တစုံတရာကို ကျွန်တော့်အတွက် ပေးအပ်သည် ။

ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများက လူ့ ကျင့်ဝတ် စည်းကမ်းကို
ပရမ်းပတာ ချိုးဖောက်စေသည် ။

ဆင်းရဲသား ရပ်ကွက်မှ ကလေးတစ်သိုက်က အပူအပင်မဲ့ ပျော်ရွှင်မှုကို ကျွန်တော့်အတွက်
စတင်ထိတွေ့ ပေးခဲ့သည် ။

လောကနီတိထဲမှ ၀ါဖန့်ဖန့် စာမျက်နှာတချို့ က ကျွန်တော်သည် လူမပီသသေးသော
လူထဲမှ လူတစ်ယောက်သာ ဖြစ်ကြောင်းကို ရှင်းလင်းထောက်ပြသည် ။

အမွှေးစုတ်ဖွားနှင့် ကြောင်လေးတစ်ကောင်က ကျွန်တော့်အတွက် ကရုဏာဆိုသည်မှာ
အဘယ်အရာ ဟု အထင်အရှား ညွှန်ပြပေးသည် ။

အဖြူရောင်တို့ဖြင့် ဆင်ယင်အပ်သော ပြတိုက်တစ်ခုက အရောင်တို့၏ ဘာသာဗေဒကို
သင်ကြားပေးသည် ။

သနပ်ခါး ပါးကွက်ကြား လိမ်းထားသော ညနေခင်း တစ်ခုက ရိုးသားဖြူစင်သော အလှတရားကို
ပိုမို ၀င်းလဲ့စေသည် ။

မျှော်လင့်ခြင်းများဖြင့် နစ်မွန်းစေခဲ့သော အရုပ်မလေးက ကျွန်တော့်အတွက် အချစ်ဆိုသည့် အရာကို သင်ကြားပေးခဲ့သည် ။


ထိုညက ကျွန်တော် တစ်ယောက်တည်း ချောက်ကမ်းပါးစွန်းတွင် ရပ်နေသည် ။

တသွင်သွင် တိုက်ခတ်နေသော ညဥ့်လေက ရိုးတွင်းချဉ်ဆီသို့တိုင် တစိမ့်စိမ့် အေးစေသည် ။

ထိုသို့ အေးမြခြင်းကို မခံစားနိုင်လောက်အောင် ၊ သတိမပြုမိလောက်အောင်ပင် ၊ ကျွန်တော့် ရင်တွင်းရှိ အပူတို့က ... ထုထည်ကြီးမားစွာ လင်းတောက်လောင်ကျွမ်းနေကြသည် ။

လမင်း ရယ် .... မင်း ရဲ့  လရောင်တွေကို ငါးမိနစ်စာ ဖျောက်ဖျက်ပေးလိုက်စမ်းပါ ။

လရောင်ရဲ့  ဖမ်းစားမှုအောက်မှာ အကျည်းတန် အရုပ်ဆိုးစွာ ငါ မကျရှုံးပါရစေနဲ့ ။

လရောင်ဆမ်းတဲ့ ညဥ့်ယံမှာ ငါတစ်ယောက်တည်း လင်းထင်း ။

ငါဆိုတာ နင်မပါတဲ့ တစ်ခုတည်းသော ကမ္ဘာငယ်တစ်ခုမှာ ငြိမ်သက် ပူဆွေးနေသူပေါ့ ။

ဘုရားသခင် .... ။ အချိန်ကျပြီ ....... ။


အ .... ချိန် .... ကျ ..... ပြီ ... ။

နောက်ဆုံးအနေနဲ့ နင့်မျက်နှာလေးကို မြင်တွေ့ခွင့်ရပါရစေ အရုပ်မလေး ရေ ။

ငါ့ဘ၀ရဲ့  နောက်ဆုံးအချိန်မှာ နင်ဆိုတဲ့ တစ်ခုတည်းသော မျှော်လင့်ရာကို တောင့်တ မိတာ ။

လွန်လား ... ။ ငါ လွန်လား ... ။ ပြောစမ်းပါ အရုပ်မလေး ရယ် ။

နင့်ပြက္ခဒိန်ထဲက ဆွဲထုတ်ခံလိုက်ရတဲ့ ပြဿဒါးတစ်ရက်လို ...

ငါလေ .... ငါ ... တဖြည်းဖြည်း .... ဖြည်းဖြည်း ဖြည်းဖြည်း နဲ့ ....

ဝေး ဝေး ဝေး ... ဝေးလွင့်သွားတော့မယ် ကောင်မလေး ရေ .... ။


၂၀၁၀ ခုနှစ် ။ ဒီဇင်ဘာ ၃၁ ရက် ။


၂၀၁၁ ဆိုတဲ့ သက္ကရာဇ် တစ်ခုကို ကူးပြောင်းဖို့ လူသားအားလုံး ပြင်ဆင်နေကြတယ် ။

ငါလည်း ပြင်ဆင်နေတာပဲလေ ။ ကူးပြောင်းဖို့ပေါ့ ။

သက္ကရာဇ် တစ်ခုက တစ်ခုကို ကူးပြောင်းဖို့တော့ ဘယ်ဟုတ်မလဲ ။

အမုန်းဆိုတဲ့ စကားလုံး တစ်စုအတွက် ပေးဆပ်ရမယ့် ကူးပြောင်းမှုပေါ့ ။

နင် မရည်ရွယ်ပဲ ကျူးလွန်ခဲ့တဲ့ ..... အပြစ်ရယ်လို့ ငါကိုယ်တိုင်တောင် မသတ်မှတ်ခဲ့တဲ့ ...
နင့် အပြစ်တွေ အတွက် ... အဲသည့် အပြစ်တွေအတွက် ..

ငါပဲ ပေးဆပ်လိုက်ပါ့မယ် အရုပ်မလေး ရယ် .... ကျေပါတော့ ... ကျေပါစေတော့ ချစ်သူ .... ။

ချစ်သူ ဆိုတဲ့ စကားတစ်ခွန်းကိုတောင် ...ရဲ ရဲ ၀ံ့ ၀ံ့ ခေါ်ခွင့်မရခဲ့တဲ့ကောင် ...

ကမ္ဘာမြေရဲ့  အခြားတစ်ဖက်မှာ အပြီးတိုင် သဂြို င်္လ် လိုက်ဖို့သာ ရှိတော့တာပေါ့ .... ။






ဟော .... နီးကပ်လာပြီ ။ တဖြည်းဖြည်းချင်း နီးကပ်လာပြီ ။

နာရီလက်တံတွေ စိုင်းပြင်း ပြေးလွှားနေကြတယ် ။

စက္ကန့်တံလေးရေ .... ဒီလိုအချိန်မှာမှ မင်းက ပိုပို မြန်နေသလိုပဲကွယ် .. ။

ငါ့အတွက် စေတန်နတ်ဆိုးကများ မင်းကို မြန်စေရော့သလား ။

ဘုရားရေ .... ။ ငါ့အတွက် သေခြင်းတရားက အနီးကပ်ဆုံး နီးကပ်လာပြီလေ ။

အရုပ်မလေး .... နင် မကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ငါ့ကိုယ်ငါ စတေးခံရင်း ....

အဲသည့် ကောင်းကင်ထက်မှာ ကြယ်တစ်ပွင့်အဖြစ် လင်း ....

မင်းအတွက် ရောင်စဉ်တချို့  ဖြာကျပေးမယ် ..

လမင်း ရေ ... မင်းနားမှာ ရံဝန်းနေတဲ့ ကြယ်တစ်စင်းအဖြစ် ၀ပ်တွား ...

ကောင်းကင်ထက်မှာ မထင်မရှား လင်းဖို့ ငါလာခဲ့မယ် ...

ငါ လာတော့မယ် .... ငါ လာနေပြီ .. လာနေပြီ လမင်းရေ ...

တချက်ချက် နာရီမြည်သံက ငါ့အတွက် သေမင်းခေါ်သံပေါ့ ..

၁၀




















HAppY NU Y3AR !!!!


W3LC0ME Y3AR 2010 !!!!!

ထိုညက လူမပီသသော လူထဲမှ လူတစ်ယောက် ... မိမိကိုယ် မိမိ အဆုံးစီရင်သွားခဲ့သည် ။

သူ မရှိတော့ ။ ပြင်ဆင်မရသော အမှားတချို့  မရှိတော့ ။

ပြောင်းလဲ မရသော ရူးသွပ်မှုတချို့  မရှိတော့ ။

နာမ်နှင့် ရုပ် ခွဲမရသော အစိတ်အပိုင်းတချို့  မရှိတော့ ။

ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများ မရှိတော့ ။

ဆင်းရဲသား ရပ်ကွက်မှ ကလေးတစ်သိုက် မရှိတော့ ။

လောကနီတိမှ ၀ါဖန့်ဖန့် စာမျက်နှာ တချို့  မရှိတော့ ။

အမွှေးစုတ်ဖွားနှင့် ကြောင်လေးတစ်ကောင် မရှိတော့ ။

အဖြူရောင်တို့ဖြင့် ဆင်ယင်အပ်သော ပြတိုက်တစ်ခု မရှိတော့ ။

သနပ်ခါး ပါးကွက်ကြား ... လိမ်းထားသော ညနေခင်း တစ်ခု မရှိတော့ ။

မျှော်လင့်ခြင်းများဖြင့် နစ်မွန်းစေခဲ့သော အရုပ်မလေး မရှိတော့ ။

ချစ်ခြင်း မုန်းခြင်း ရန်လိုမုန်းတီးခြင်း ခွင့်လွှတ်သည်းခံခြင်း ... ဘာဆို ဘာမှ မရှိတော့ ။

နကိုတည်းက မရှိခဲ့သော ဖြစ်တည်မှုများ၏ တခြားဘက်မှ မရှိခြင်းများလည်း မရှိတော့ ။

သူ နှင့်အတူ ချောက်ကမ်းပါးထဲ ခုန်ဆင်း ....

ထိုမှတဖန် ... ပြန်လည် မြင့်တက် ..

ကောင်းကင်ယံထက် ... ကြယ်တစ်ပွင့် အဖြစ် လင်း ... ....

သူ ချစ်သော အရုပ်မလေးအတွက် ရောင်စဉ်တချို့  ဖြာကျစေခဲ့သည် ။




` ကောင်းကင်တော်ထက် လင်းတဲ့ ကြယ် ...

ကိုယ်ပိုင် အလင်း မရှိပေမယ့် ..

ရောင်ပြန်လင်းတယ် ...

ရောင်

ပြန်

လင်း

တယ် ... ´


ထိုသူ ( ကျွန်တော် မဟုတ်သော ကျွန်တော် ) သည် ...

၂၀၁၁ ခုနှစ် မနက် ၀၀း ၀၀း ၀၀ နာရီ တွင် ..

မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဖြင့် ..

ကွယ်လွန်အနိစ္စရောက်သည် ။




တကယ်တမ်းတော့ .. ကျွန်တော်သည် ကျွန်တော် မဟုတ်သော ကျွန်တော်သာ ဖြစ်သည် ... ။

Tuesday, August 18, 2009

ခေတ်တစ်ခေတ် ၏ လရောင်ပန်သောနှင်းဆီ ( ၂ )

ည ..

ပွဲတော်ည .. ။


လူသား နှင့် စက်ရုပ်တို့ အားပြိုင်သော ..


ည …


မီးရောင်စုံတို့ ပြိုးပြက် ။

ပြိုး ပြိုး ပြက် ပြက် ။

လူသားအပေါင်းတို့ စိတ်လှုပ်ရှားဖွယ်

အတိ ပြီးသော ၊ ထို ပွဲတော်ည ။ ....






အပိုင်း ( ၁ )


ည ..

ပွဲတော်ည .. ။


လူသား နှင့် စက်ရုပ်တို့ အားပြိုင်သော ..


ည …


မီးရောင်စုံတို့ ပြိုးပြက် ။

ပြိုး ပြိုး ပြက် ပြက် ။

လူသားအပေါင်းတို့ စိတ်လှုပ်ရှားဖွယ်

အတိ ပြီးသော ၊ ထို ပွဲတော်ည ။


ယန္တရားတို့ဖြင့် လည်ပတ်အပ်သော ကမ္ဘာ ။

ထိုကမ္ဘာကို ပိုင်စိုးရာ လူသားတို့ တီထွင်အပ်သော ၊

စက်ရုပ် ။

စက် - ရုပ် ။

စက်ဆုတ်ရွံရှာဖွယ် ၊ ထို အရုပ် ။


ထိုထို သော ( သက်မဲ့ ) အရုပ် နှင့်

( သက်ရှိ ) လူသားတို့ အားပြိုင်သော

ပွဲတော် ည ။



ဖျတ် ။



မီးတွေ အားလုံး ငြိမ်း ။

အမှောင်ထုက ရုတ်ခြည်း စိုးမိုး ။

အပ်ကျသံကတောင် ခေါင်းလောင်းသံလောက် ကျယ်ရဲ့  ။



လိုင်ရာ ။

မျက်လုံးစိမ်းတွေ ။

သွေးကြောမပါတဲ့ နုဖန့်ဖန့် ( အေးစက်စက် ) အသားအရည် ။

ဝင်လေ ထွက်လေ မရှိတဲ့ သူမ နားက လေထု ။



မြူနှင်းအတုများကြား ..

မသဲကွဲသေးသော လိုင်ရာ ။

တဖြည်းဖြည်း ၊ တဖြည်းဖြည်း ။

မြူနှင်း အတုများ ၊ ပါး / လျား ။

သပ်ရပ်လှပသော တေးသွား တစ်ခု ၊ ဖြာ / ကျ ။

အလင်းတန်း လဲ့လဲ့ ၊ ယှက် / ဖြာ ။



အိုး …

လှလိုက်တာ လိုင်ရာ ရယ် ..



ဝတ်စားဆင်ယင်မှုက တခြားကမ္ဘာမှ

ဂြိုလ်သူ တစ်ဦးနှယ် ။



ကကွက် အမည်က

" စကြ၀ဠာထဲက လမင်း "



အလင်းတန်းများ တလွှားလွှား ၊ ဖြတ် / ပြေး ။

ဂီတ တေးသွား ၊ တဆင့် ခုန် / တက် ။



အခင်းအကျင်းက သြချလောက် ရဲ့  ။



စကြ၀ဠာ ပတ်လမ်းထဲ ရောက်နေသလိုမျိုး ။



လိုင်ရာက ထိုပတ်လမ်းထဲမှ လမင်း ပေါ့ ။



တခြား တခြားသော ဂြိုလ်တို့၏ ဆွဲငင်မှုကို

တွန်းလှန် ယိမ်းက နေသော လိုင်ရာ ။

သံလိုက်လှိုင်းများကြား ၊ ပင့်သက်လှိုက်မော ။



ကမ္ဘာမြေဆီ ဦးတည်ကခုန် ရင်း ။

ဆုတောင်းတေးသွားနှင့် အတူ ။

သူမထံမှ အလင်းတန်းများ ၊ အစွမ်းကုန်

အ စွမ်း ကုန် ၊ လွှင့် ထုတ် ချ လိုက် တော့ ။

ကြယ်တွေ အားလုံး တပြိုက်ပြိုက် ကြွေ ။

ဆွဲငင်အားတွေ ရပ်တန့်  ။

သူမ ကိုယ်တိုင်လည်း ရပ် / တန့်  ။

မြူနှင်းအတုတို့ ပြန်လည် ဝေ / ဆိုင်း ။

တေးသွားတို့ ဆွံ့  / အ ။



" အို .. လိုင်ရာ ရယ် ..

လှလိုက်တာ ..

ရင်သပ်ရှုမောဖွယ် ကောင်းလိုက်ပါဘိ "



ဤကဲ့သို့ …

ဤကဲ့သို့  …

အားလုံးရဲ့  နှုတ်ဖျားက အာမေဋိတ်သံတွေ ..

ထွက်ပေါ်လာကြ ..



တချိန်တည်းမှာပဲ ..

အားလုံးရဲ့  ရင်တွင်းမှ

စိုးရိမ် ပူပန်စိတ်တွေ

လွန်းထိုး ယှက်ဖြာ နေကြ ..






အပိုင်း ( ၂ )



" ရင်ထဲက အလင်းတစ်ပွင့် "



ကစင် ထက် ၊ အနက်ရောင် အလင်းတန်းတို့

တရိပ်ရိပ် ပြေး ။

လင့်ခ် အဘိုးအိုရဲ့  တေးသွားတို့ က

ဆန်းကြယ် / နက်ရှိုင်းစွာ ၊ ပေါ် / ထွက် လာ ။

အားလုံး ကြည့်နေရင်း ။

မြင်လိုက်ရတာက ၊ အနက်ပြင်ထဲမှ အလင်း တစ်စ ။

မီးတောက်တစ်ခုလို ၊ ယိမ်းလှုပ်ရင်း ။

ပျံ့ စီး ထွက်လာသော ၊ ထို အလင်းစ ။



ဘုရားရေ ။

ဒီ အလင်းက ၊ ဒီအလင်း က

ဂျူနို့  ကိုယ် က လင်းနေတာပဲ ။

ဂျူနို ကိုယ်တိုင်က အလင်းတန်း ဖြစ်နေတာပဲ ။



သူမ ဆီမှ ထွက်ပေါ်လာသော အလင်းဖြင့်

သူမကို ပြန်မြင်နေရ ။

အနက်ပြင်ထဲ အလင်းတစ်စ ပြေးလွှား ကခုန် နေသည်က ..

အေးမြ ညွှတ်ပျောင်းသည့် မီးတောက် တစ်ခုနှယ် ။



" လမင်း ပျောက်ကွယ်ပြီး ၊ နေမင်း ပေါ်ထွက်ခဲ့ပြီ .. "



တေးသွား သံစဉ် ၊ နောက်တစ်ဆင့် မြင့် / တက် ။

ဆန်းကြယ် / နက်ရှိုင်းသော တေးသွား၏ ၊ အမြင့်ဆုံး အပိုင်း ။

ကချေသည် ဂျူနို ။

အနက်ပြင်ထဲမှာ ၊ ကကြိုးကို ထပ်မံ / ဖြန့် ခွဲ ။

ခြူးနွယ်သဏ္ဍာန် ၊ ရွေ့  / လျား ။

သိမ်မွေ့  သော ၊ အနုစိတ် ကကွက်များ ။



" အရှေ့  မြို့ ရိုးမှာ မိုးတွေ ရွာပြီ …

အရှေ့  မြို့ ရိုးမှာ မိုးတွေ ရွာပြီ … "




မီးအိမ်ထွန်းစရာ ၊ မလိုတော့လောက်အောင် ။

ဂျူနို ကိုယ်တိုင်က ၊ အလင်းရှင် ဖြစ်ခဲ့ပေါ့ ။



တေးသွား၏ နောက်ဆုံးအပိုင်း ။

တဖြည်းဖြည်း ငြင်သာ ။

အနက်ရောင် အလင်းတန်းတို့ မှိန် / ၀ပ် ။

အလင်းစလေး တဖျတ်ဖျတ် ၊ ယိုင် / လွင့် ။



ထို့ နောက် ၊ ထို့ - နောက် ။

မီးတောက် တစ်ခု အဖြစ်သို့

ပြောင်းလဲ ပျောက်ကွယ်သွားသော ဂျူနို ။



အို …

မဖြစ်ရဘူး ..

မ ဖြစ် ရ ဘူး ..

ဂျူ နို …

ဂျူ ………… နို …

ပြန်လာခဲ့ပါကွာ ..

အရှေ့ မြို့ ရိုးက မိုးရေစက်တွေကြား ..

ငါတို့ အတူ ကခုန်ကြရအောင်လေ ..



ကကွက်စည်းဝိုင်းနှင့် အနီးကပ်ဆုံး

စားပွဲလေးပေါ်တွင်တော့ ..

ဂျူနို ထားရစ်ခဲ့သော နှင်းဆီ တစ်ပွင့် ..



ထိုစဉ်ခိုက် …

တခမ်းတနား လွင့်ဖြာကျလာသော လရောင်က ..

နှင်းဆီပွင့်လေးကို နမ်းရှိုက်၏ ။





" ထိုတစ်ခေတ်က ..

ဂျူနို မည်သော နှင်းဆီတစ်ပွင့်သည်

လရောင်ဆမ်းသော အရှေ့ မြို့ ရိုးတွင် ..

မိုးရေတစ်စက်အား .. တမေ့တမော ပန်ဆင်ခဲ့ဖူးလေသည် … "




( ဆရာ တာရာမင်းဝေ၏ အရှေ့ မြို့ ရိုးမှ မိုးရေစက်များ အမှတ်တရ )


Wednesday, August 12, 2009

ifile မှ Download ချနည်း

ကျနော့် Blog တွင် တင်ပေးထားသော Download Link များသည် ..
ifile.it တွင် upload လုပ်ထားခြင်း ဖြစ်သောကြောင့် ..
Download ချနည်းကို မသိသောသူများ ..
လွယ်လင့်တကူ Download ချနိုင်ရန် ..
ရှင်းလင်းပေးထားပါသည် ။



ကျနော့် Blog တွင် တင်ပေးထားသော Download Link များသည် ..
ifile.it တွင် upload လုပ်ထားခြင်း ဖြစ်သောကြောင့် ..
Download ချနည်းကို မသိသောသူများ ..
လွယ်လင့်တကူ Download ချနိုင်ရန် ..
ရှင်းလင်းပေးထားပါသည် ။

( P.S : အောက်တွင် ရှင်းပြပေးထားသော ပုံများကို ရှင်းရှင်းလင်းလင်း
မမြင်ရလျှင် ထိုပုံများပေါ်တွင် Click နှိပ်၍ ပုံကြီးချဲ့ ကာ
ကြည့် ရှု နိုင် ပါ ကြောင်း )












ပုံပြင်ထဲမှာ ချန်ထားခဲ့သူ - အမည်မသိ

ပုံပြင်ထဲမှာ ချန်ထားခဲ့သူ ဆိုတဲ့ သီချင်းလေးပါ ..
သီဆိုသူ နာမည်တော့ ကျနော် မသိဘူးဗျ ..
အချစ်သီချင်း အေးအေးလေး တစ်ပုဒ်ပါပဲ ..



အိပ်မက် အပိုဒ်ခွဲ ကိုး - အကြည်တော်

ဆရာ အကြည်တော် ရဲ့  အိပ်မက် အပိုဒ်ခွဲ ကိုး ဆိုတဲ့ ၀တ္ထုလေးကို
တင်ပေးလိုက်ပါတယ်ဗျာ ..

အောက်မှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ် ..






Saturday, August 8, 2009

Baby One More Time - S.O.D

System Of A Down ( S.O.D ) အဖွဲ့  က
Britney Spears ရဲ့  Baby One More Time ကို
New Version နဲ့ ပြန်ဆိုထားတာလေးပါ ..

ဟော်လိုဂစ်တာသံလေးနဲ့ နားထောင်လို့ ကောင်းတဲ့အကြောင်း
သတင်းပေးပါရစေ ..



ထောင်မင်းသား ဦးဘိုးထော် - ဒဂုန်ရွှေမျှား

ဆရာကြီး ဒဂုန်ရွှေမျှား ရဲ့ 
ထောင်မင်းသား ဦးဘိုးထော်
ဆိုတဲ့ PDF လေးပါ ။




မင်းစိတ်တိုင်းကျ - ပူစူး

IMP အဖွဲ့ က ပူစူး ရဲ့  မင်းစိတ်တိုင်းကျ ဆိုတဲ့ သီချင်းလေးပါ ..

ပေါ့ပ် သီချင်း ချိုချိုအေးအေးလေးတွေ နှစ်သက်သူတွေအဖို့ အဆင်ပြေစေမယ့် သီချင်းလေးတစ်ပုဒ်ပါပဲ ..




Friday, August 7, 2009

ကိန်းဂဏန်းတချို့  / မသက်ဆိုင် / အပိုင်းအစ

တစ်စုံတစ်ခုကို ...
နှစ်အချိုး တစ် ..
သုံးစား မရတဲ့ လောကဓံ ..





(၁)


တစ်စုံတစ်ခုကို / တခမ်းတနား / ကြိုဆို / တမေ့တမော / ငံ့လင့် /
တခုတ်တရ လွမ်း ၊ လွမ်း ၊ လွမ်း တယ် ။

(၂)

နှစ် အချိုး တစ် ( ၂း၁ ) / နင် ၊ ငါ ၊ တစုံတယောက် / နွေရာသီ ၃၄ ။

(၃)

သုံးစားမရတဲ့ လောကဓံ / ချုပ်ရိုးပြေ ကောင်းကင် / စေတန် အိပ်မက် အပိုဒ်ခွဲ (၅) ။

(၄)

လေးသည်တော် တမ်းချင်း / တိုက်ပွဲဝင် ပတ်ပျိုး / သွေးနဲ့ ရေးတဲ့ လကာင်္ ။

(၅)

ငါးသေတစ်ကောင် ရဲ့  မာန / စမ်းချောင်း မရှိတဲ့ စမ်းချောင်း / အလျားလိုက် စီးမျော ။

(၆)

ခြောက်ကပ်ကပ် မြူခိုး / နှင်းဝေ ကကြိုး / အေးစက်မှုန်မှိုင်း လင်းချင်း ။

(၇)

ခွန်အားတွေ ယုတ်လျော့ / အတိဿယ နှောင်ကြိုး / တစ်ထပ်ထပ် ရစ်ခွဲ ။

(၈)

ရှစ်လောင်းပြိုင် သေခဲ့သော / ပန်းတစ်ခင်း ၏ မဉ္ဇူရီ / AM 8.8888888 ။

(၉)

ကိုးမရှိတဲ့ န၀င်း / ကြေလွယ် ညက်လွယ် ပဒေသရာဇ် / ကဝေပျိုမ သွေးတစ်ခွက် ။

(၁၀)

ဆယ်ကွေ့  တစ်ကွေ့  / မျဉ်းကွေးတစ်ခု၏ အနားသတ် / ဆာကူရာ ပန်းတစ်ပွင့် ။


------------------------------------------------------------------------------


ထိုထိုသော မသက်ဆိုင်မှုထဲ ..
ငါ ဆိုတဲ့ကောင်က .. ပတ် ပတ် သက် သက်
ပတ်ပတ် ၊ သက်သက် ။
ဝင်ပတ်သက်နေမိ ။

ကောင်းကင်မရှိတဲ့ တိမ်တိုက်မှာ ..
ကူကယ်ရာမဲ့ ..
တစ်ယောက်တည်း ...
လင်း မှောင် ဝေ ရီ ခဲ့ ...
လင်းလင်း ၊ မှောင်မှောင် ၊
ဝေ ၊ ဝေ ၊ ဝေ ၊ ရီ ၊ ခဲ့ ... ။

Thursday, August 6, 2009

စိန်အလွမ်း - မင်းလူ

ဆရာ မင်းလူရဲ့  စိန်အလွမ်းဆိုတဲ့ စာစုလေးကို တင်ပေးလိုက်ပါတယ် ..

PDF Format လေးပါ ..

အောက်မှာ Download ရယူနိုင်ပါကြောင်း ..


Download ( စိန်အလွမ်း - မင်းလူ )

Heart Break Station - Cinderella

ကိုလေးဖြူ ဆိုထားတဲ့ နောက်ဆုံးရထား သီချင်းရဲ့  Original သီချင်းလေးပါ ..

ဆိုထားတဲ့လူက Cinderella ..

Rock သီချင်းတွေ ကြိုက်နှစ်သက်သူတွေ အတွက် တင်ပေးလိုက်ပါတယ် ..



Tuesday, August 4, 2009

ခေတ် တစ်ခေတ်၏ လရောင်ပန်သော နှင်းဆီ

ည ..
Nuclear ဓာတ်ငွေ့ တို့ဖြင့် ဆွတ်ပျံ့ သော ..
ထိုည..



( AD – 3009 )

ည ။
Nuclear ဓာတ်ငွေ့ တို့ ဖြင့် ဆွတ်ပျံ့ သော
ထိုည ။
Robot ကမ္ဘာသစ်တွင် ၊ စက်ရုပ်ဆန်သော ယန္တရား
တို့ ၊ တိတ်တဆိတ် ရွေ့ လျား ။
ဟိုးးးးးးးး ၊ ရှေ့ မှာ
ဓာတ်ပေါင်းဖို တစ်ခု လှုပ်
လှုပ် ၊ လှုပ် ၊ လှုပ် ၊ လှုပ်
နီ ၊ ၀ါ ၊ ပြာ ၊ စိမ်း ၊ နက် ၊ ဖြူ ၊
( ဘာရယ် မသဲကွဲသော အရောင်တချို့  ) ။
လွင့် ဖြာ လှုပ် ခတ် ။

မျက်လုံးသေတွေတောင် ၀ိုင်းစက် ။
ဝိုင်း / စက် ။ စက် / ၀ိုင်း ။
စက်ဝိုင်း သဏ္ဍာန် ၊ ၀ိုင်းစက်စက် မျက်လုံးသေတွေ
အစိမ်းလိုက် ၊ လိုက်စိမ်းကြ ။

လွန်းပျံယာဉ်တွေ ၊ ရုတ်တရက်
တစ်ရက် ၊ တစ်ရက် ၊ တစ်ရက် ပြီး တစ်ရက်
စကြ၀ဠာ အပြင်ဘက် တိုးထွက် ။
ထိုးထွက် ၊ ဖောက်ထွက် ။

ဘေးတိုက်ရွေ့ လျားနေတဲ့ …
အက်ဆစ်မိုးတွေ ..
တစ်ပေါက်ချင်း ၊ တစ်ပေါက်ချင်း
ရွာချ / ရွာကျ ။

ည ။
သတ္ထုရနံ့တို့ မွှမ်းထုံသော ကမ္ဘာ၏ နောက်ဆုံးည ။


အားလုံး ၊ အား ……….. လုံး ။
တမလွန် တံခါးဝမှာ ၊ စောင့်ဆိုင်းနေကြ ။
( ကိုယ်တိုင် အပါအ၀င် )

ထိုစဉ် ။
ထို - စဉ် ။
ထို / စဉ် ။

အားကောင်းမောင်းသန် Black Hole တို့ ။
အနီးကပ်ဆုံး နီးကပ်လာကြ ။
နီး - ကပ် - လာ - ကြ ။
ဘုရားသခင် ။
သေခြင်းတရားမှ လွတ်ကင်းအောင်
အရှင့် ဂုဏ်တော်တွေနဲ့ ချီးမွမ်းလှည့်ခြင်းငှာ ..
မစွမ်းတော့ဘူးလား သခင် ။

ရုတ်ခြည်း ။
အမှောင်ထုတို့ ကြီးစိုး ။
အားလုံး ၊ အား …….. လုံး ..
တွင်းနက်ကြီးရဲ့  ဆွဲငင်မှုကို လွန်ဆန်ဖို့ အားမရှိ ။
အားးးးးးးးးးးးးးးးးးးးး
မရှိ ၊ မရှိ ၊ မရှိခဲ့ ။

ထိုအခိုက် ။
နစ်ရှေး မသိလိုက်တဲ့ လရောင်တချို့ 
ဖြာ ကျ ၊ ဖြာ - ကျ ၊ ဖြာ/ကျ
ခဲ့ ။
ကမ္ဘာ နှစ်ခြမ်း အက် ။
ထို အက်ကွဲကြောင်းကြားမှ ထိုးထွက်လာသော ။
ထိုး ထွက် လာ သော ။
နှင်းဆီ တစ်ပွင့် ။
ငြိမ်းချမ်းရေး နှင်းဆီ လား ?
သေမင်းတမာန် နှင်းဆီ လား ?
မကွဲပြား ။
မ / ကွဲ ပြား ။

လရောင် ဖြာကျနေသော သတ္ထုကမ္ဘာရဲ့ 
အက်ကွဲကြောင်းကြားမှ ထိုနှင်းဆီ
ငွားငွားစွင့်စွင့် ပွင့် ၊ ပွင့် ၊ ပွင့် လန်း ၏ ။

အားလုံး ၊ အား ………. လုံး
လရောင်ဆမ်းသော နှင်းဆီရဲ့  ညှို့ ငင်မှုကြား
ရီဝေ တိမ်းမူး ။

Black Hole ကို တဆိတ် မေ့သွားကြ ။

ကစင့်ကလျား ပြေးလွှား ….

နှင်းဆီ ရဲ့  လူသားဆန်တဲ့ ရနံ့ ကို ငတ်မွတ်တောင့်တ ..

အတ္တတစ်ပိုင်း လွှမ်းခြုံထားတဲ့ ခြေလှမ်းတွေနဲ့
Black Hole ထဲ စိတ်လိုလက်ရ ပြေးဝင်သွားကြ ။

ထိုည ။
နှင်းဆီ တစ်ပွင့်၏ ညှို့ ငင်မှုဖြင့်
ကမ္ဘာတစ်ခု အဆုံးသတ်ခဲ့၏ ။

သရုပ်ဆောင်တစ်ယောက် ၏ ဖွင့်ဟ ၀န်ခံချက်

ဝမ်း ..
တူး ..
သရီး ..
ဖိုး ..

အက်ရှင် ..




ဝမ်း
တူး

သရီး
ဖိုး

အက်ရှင် ….

ပြုံးတယ် ။ မဲ့တယ် ။
ချစ်တယ် ။ မုန်းတယ် ။
ဆင်းရဲတယ် ။ ချမ်းသာတယ် ။
ရုပ်ချောတယ် ။ အကျည်းတန်တယ် ။
တက္ကသိုလ်တက်တယ် ။ အင်းလျားမှာ ထိုင်တယ် ။
ကားအကောင်းစား စီးတယ် ။
ဆိုက်ကားခ မရှိဘူး ။
ဒိုးနပ်တွေ စားတယ် ။
မုန့်လက်ကောက်သည်ကို မျှော်ငေးတယ် ။
ပိုက်ဆံတွေ အထုပ်လိုက် ရေတယ် ။
အကြွေတွေ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်တယ် ။
ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တယ် ။
ငါးစိမ်းသည်တောင် လှည့်မကြည့်ဘူး ။
ဂူချီ လက်ကိုင်အိတ်လေးနဲ့ ။
ကြိုးပြတ်သွားတဲ့ လွယ်အိတ်အစုတ်လေးကို ပုခုံးမှာလွယ်လို့ ။

အဲ့ဒါ ၊ အဲ့ဒါ ။ ဘ၀တွေ ။
ဆန့် ကျင်ဘက်တွေ နဲ့ နေသားကျနေတဲ့ ဘ၀တွေ ။

တကယ့် ဘ၀ မဟုတ်ပေမယ့် ..

အဲ့ဒါ ငါ့ ဘ၀ ( တွေ ) လေ ။


ဝါသနာ နဲ့ ပါရမီကို ဦးထိပ်တင်ပြီး

ငွေကြေးနောက်ကို ကောက်ကောက်လိုက်ရင်း ..

ငါက သရုပ်ဆောင် တစ်ယောက်ပေါ့ ..


မီးတွေ မှန်တွေကြား ..
ငါ့ဘ၀ကို လင်းချင်းအောင် တည်ဆောက် ။

တည် / ဆောက် ။ တည် / ဆောက် ။
ဆောက်တည်ရာမဲ့ အနာဂတ်တွေ မေ့ ထား ရင်း ..
ငါက သရုပ်ဆောင်တစ်ယောက်ပေါ့ ..


ပရိုဂျူဆာတွေ ဖားတဲ့ ..

ဒါရိုက်တာတွေ ကြောက်တဲ့ ..

မီဒီယာတွေ စိတ်ကြိုက် ( ဖွလို့ကောင်းတဲ့ )

သရုပ်ဆောင်တစ်ယောက်ပေါ့ ..


ဟော .. ဟော .. ဟော .. ဟော ..

မီးတွေ မှိတ်တယ် ..
မှန်တွေ သိမ်းတယ် ..
ငါလည်း အိမ်ပြန်ချိန်ရောက်ပြီ ..

ကဲ ..

ပရိသတ်တို့ ရေ ..

ဘိုင့် ..


ကဒ် !!!!!!!!

Sunday, August 2, 2009

မေ ဂျူ နို

ပင့်သက်ကြွေ ဆိုတဲ့ အခွေထဲက

ဒီလေး ဆိုထားတဲ့ သီချင်းလေးပါ ..

သီချင်းကောင်းလေး တစ်ပုဒ်ပါပဲ ..

နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ..

ifile နဲ့ တင်ပေးလိုက်ပါတယ် ..



Download