Pages

Subscribe:

Thursday, March 29, 2012

မင်္ဂလာပါ 1st Anniversary !


တစ်ချိန်တုန်းက နှစ်ကူးညမှာ ဆောင်းရာသီ မအေးတော့တာ မေ့သွားပြီ
ဘာသာတရားတွေ ဘာသာစကားတွေ ဘာညာစကားတွေ ဘာမှ
ဂရုမစိုက်မိတော့ဘူး ချစ်ခြင်းမေတ္တာဟာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်နဲ့
ခရစ်သက္ကရာဇ်နဲ့ ကြားမှာ ကြားထဲမှာ နက်နက်ရှိုင်းရှိုင်းမှာ
ဖြစ်တည်နေတဲ့အကြောင်း ဘုရားကျောင်းက ခေါင်းလောင်းသံကြားမှာ
သူမရဲ့ လက်ကို ဆုပ်ကိုင်ထားချင်တဲ့အကြောင်း (၃၆၁) ရက်ဟာ
မြန်မြန်ရောက်လာပြီး ပိုင်းခြားထားတဲ့ ပထဝီဝင်အနေအထားဟာ
ဝေးကွာလွန်းခဲ့ကြောင်း ဟိုအကြောင်း ဒီအကြောင်း
သူမနဲ့ ကျွန်တော့် ချစ်ခြင်းမေတ္တာအကြောင်း အကြောင်းကံ မကောင်းလို့
ဝေးဖို့ ဖြစ်လာမယ်ဆိုရင်လည်း စိတ်မကောင်းကြီးစွာပဲ အိပ်မက်တွေကို
အရည်ဖျော်ပစ်လိုက်ရမှာပဲ အရက်တွေ တအားကြီး နင်းကန်
သောက်ပစ်လိုက်ရမှာပဲ မေ့ဖို့မလွယ်တဲ့ အကြောင်းတရားတွေ
အကြောင်းအရာတွေ အက်ကြောင်းတွေ ဆက်ကြောင်းတွေ
မလေးရှားက ညီလို သူငယ်ချင်းက အီးဘွတ်ခ်ထုတ်ပြီး
လက်ဆောင်ပေးတဲ့ တစ်နှစ်ပြည့် သူမက ကိုယ့်ကို
လက်ထပ်ပါ့မယ်လို့ ကတိပေးတဲ့ တစ်နှစ်ပြည့်
တစ်နှစ်ဟာ သုံးရာနဲ့ ခြောက်ဆယ်နဲ့ တစ်ရက်မှာပဲ
သူ့အလိုလို တစ်နှစ်ပြည့်သွားတယ် ရာသီဥတုဟာ
အရမ်းကို နေသာထိုင်သာ ရှိနေခဲ့တယ် လေပြည်တွေ
လှလှပပပဲ တိုက်ခတ်လာတယ် မုန်တိုင်းမလာခင် ဝင်တဲ့
လေပြည်တွေလား တစ်ချိန်မှာ စိတ်တွေ လေနေရမှာလား
မသေချာဘူး မဝင်လာသေးတဲ့ မုန်တိုင်းကို ခါးစည်းခံဖို့
လေပြည်တွေကိုပဲ လက်ဆွဲနှုတ်ဆက်လိုက်တယ်
မင်္ဂလာပါ 1st Anniversary !
ဆူး ခ က် မ င်း
၂ ၄ ၀ ၁ ၂ ၀ ၁ ၂

0 မှတ်ချက်များ:

Post a Comment