Pages

Subscribe:

Thursday, March 22, 2012

ေ က ာ င်း က င် ၀ တ် ရုံ တ စ် ဖ က် ခြ မ်း က တ ေ ယ ာ သံ ေ ၀ း တဲ့ ည

လူလိုသူလို နေရတာ သိပ် အိပ်ရေးပျက်တယ်
ညက ညလို မှောင်တယ် ၊ ကိုယ်က အိပ်မက်တွေ မှောက် မှောက်ကျတယ်
အမှတ်တရတွေနဲ့ မေ့လွယ် ပျောက်လွယ်
ဖြစ်တတ်ပါတယ် ၊ သူ ဒီနေ့ ငါ့ကို ညာတယ်
ခြေဖျားလက်များတွေ အေးခဲဝေရီလာတဲ့အထိ
အေးစက်မှုတွေက ရေခဲငွေ့ တထောင်းထောင်း ထ နေ
စကြ၀ဠာတွင်းနက်ဆီကို ပျံတက်သွားတဲ့ စီးကရက်ငွေ့တွေနဲ့
သောကတွေကို လက်လှမ်းမီသလောက် ဆွဲခူးနေမိတယ်
ဟေး ! ခင်ဗျား ငိုနေတာလား ? အဲ့ဒါ မလှဘူး
ပြီးခဲ့တဲ့ သောကြာနေ့ က
သောကြာကြယ်ကို အမောတကော လိုက်ရှာနေမိတဲ့ အကြောင်း
Where is my July, August first ?
ပျော်စရာကြီး ၊ သူတို့ ကျွန်တော့်ကို ယုံတယ်ဆိုရုံလေး ယုံတယ်
ဘုရားစူးရစေရဲ့ ! ကျုပ် တကယ်ကြီး ချစ်ခဲ့တာ
၇၂ နာရီ ၊ ၇၂ နာရီ ၊ ၇၂ နာရီ
တစ်ခုခု ၊ တစ်ခုခု ၊ တစ်ခုခု ပေါ့
အခု မင်းခြေထောက်တွေ ဘယ်ပြေးလမ်းပေါ် ရောက်နေလဲ
အရှိန်အဟုန်ပြင်းပြင်းပါပဲ ၊ ကျရှုံးပေးလိုက်တယ်
ည တွေ က လှ တယ်
ကျွန်တော် ပြောပြဖို့ မကြိုးစားဖြစ်တော့ဘူး
မကြားလိုက်မိတဲ့ နားတွေအတွက် အားနာတယ်
ဟုတ် တယ် . . .
ဝဋ်မှာ အမြဲ ၊ ငရဲမှာ ငါ ဖြစ်တယ်
ဘေးထွက်ဆိုးကျိုးတွေကို စုပ်ယူပြီး
ဘေးထွက်ဆိုးကျိုးတွေကိုပဲ ပြန်ထုတ်လွှတ်လိုက်တယ်
ငါက သစ်ပင်တစ်ပင်လည်း မဟုတ်ပြန်ဘူး
မျက်လုံးတွေ စုံ မှိတ် ထား လိုက် ဖို့ ပဲ တတ်နိုင်တော့တယ်
နီကိုတင်း အပြည့်နဲ့ ၀င်သက်ထွက်သက်တွေထဲ . . .
ချစ်ခြင်းမေတ္တာနဲ့ ကျွန်တော် ယူဇနာပေါင်း ဘယ်လောက်တောင် ဝေး ကွာ ခဲ့ ပါ သ လဲ ?
လှိုင်းမှန်းမသိ ကမ်းခြေမှန်းမသိတဲ့ ဘ၀နဲ့
ပင်လယ် ဖြစ် ခဲ့ ရ ပြန် တယ်
ကိုယ့်စရိတ်နဲ့ကိုယ် အသည်းကွဲတာ
လက်ဗွေနှိပ်ဖို့ လို သေး လို့ လား ?
မပြောတတ်တော့ဘူး
Dear God သီချင်းကို ကိုယ်သွားလို့ စိတ်ပါတိုင်း ညည်းမိတယ်
ဘယ်သူက ယုံမလဲ ၊ ခေတ်ကို ရင်ဘတ်နဲ့ ထမ်းထားတယ်
လူရွှင်တော် မျက်ရည်ကျတာ ရယ်စရာ ဇာတ်ဝင်ခန်း မဟုတ်ဘူး
ထိုင်နေတဲ့ ဆိုဖာထဲ မြုပ်ဝင်သိမ်ငယ်သွားတဲ့ စိတ်ကို
ဘယ်လို အပြုံးမျိုးနဲ့ ၀ါးကူထိုးခဲ့တယ်
For the sake of love.
ဝဋ် ပဲ . . . . . ။
ဒီ အပြုံးတွေထဲမှာပဲ ခဏ ခဏ
အယူအဆတွေ ဓားလို ပျံလာတယ် ၊ မျက်ရည်နဲ့ မျက်ခွက် ပြုံး နေ တယ်
ဒီ အ ပြုံး မျိုး တွေ ထဲ ၊ ဒီ အ ပြုံး မိုး ရေ ထဲ
ကျွန်တော် မ လျှောက် ၀ံ့ တော့ ဘူး
ဘယ်သူပြောလဲ ၊ တစ် တော လုံး ကြွေ
အသံတွေ သိပ်ဆူတယ် ၊ တစ်ဘ၀လုံးလုံး ဒီလိုပဲ
ရင်ဘတ်ဟာ ဒေါက်ဖိနပ်တစ်ရံအတွက် လမ်းဘေးပလက်ဖောင်းတစ်ခုသာသာ
ဆောင်းညရဲ့ မိုးရေစက်တွေထဲ အပြေးပြေး အလွှားလွှားနဲ့
ခြေရာနဲ့ အရိပ်ကို ပြန် ပြန် လိုက်ဖမ်းနေရတာ မော တယ်
ဒီအချိန်ဆို သူ ရှိ မယ်
ပဲရစ်မှာ ၊ မော်ရိုကိုမှာ
ငါ့ ယဉ်ကျေးမှုဟာ ပြောင်း ရွှေ့ နေ ထိုင် တယ်
W e l c o m e t o t e a r f r e e z o n e !
လက်ဖမိုးပေါ်က မျက်ရည်ကျသံတွေအတွက်
ကျွန်တော် အတတ်နိုင်ဆုံး ဂုဏ်ယူလိုက်တယ်
မာန တစ်ခွဲသားနဲ့ သစ်ရွက်ကြွေပါ
လေတိုက်တာတောင် နာ တယ်
ကြ ယ်ေ တွ ထို င် ကြ ည့် ကြ မ ယ် . . . ဆု မေ တာ င်းေ ကြး . . . ။
အံစာတုံးတစ်တုံးရဲ့ အဆုံးစွန် လည်ပတ်မှုဟာ . . . ။
မျှော်စင်ပါ ၊ မီးပြတိုက်ပါ ၊ တံတားတစ်စင်းပါ ။
ဖုန်းခေါ်သံမှာ မနက်ဖြန်တွေ ပါတယ်
မနက်ဖြန်မှာ မျက်ရည်တွေ ပါတယ်
ဖုန်းခေါ်သံမှာ မျက်ရည်တွေ ပါတယ်
စ က် တ င် ဘာ အ တိ တ် ဆိုး
မျ က် ရ ည် မိုး ပဲ . . ဆို ကြ ပါ စို့ . . ။


- စစ်နိုင် ၊ ဆူးခက်မင်း ၊ ညီစိမ်း -
2 2 J A N 2 0 1 1 , 4 : 3 9 A M

0 မှတ်ချက်များ:

Post a Comment