စိတ်တွေဟာ စိတ်တွေအဖြစ်က လွတ်ထွက်နေတယ်/မသွားအောင်
စိတ်ချည်တိုင်တစ်ခုလောက် လိုအပ်နေတယ် မရှိမဖြစ် ရှိ မဖြစ်/ညစ်ကျယ်
ခံစားမှုမျိုးနဲ့ စက်ရုပ်မတစ်ကောင်ရဲ့ သတ္ထုစော်နံနေတဲ့ အနမ်းကို အလိုရှိနေကြောင်း
အချိန်တန်ရင်တော့ ကမ္ဘာဟာ လူတွေ နေခဲ့ဖူးကြောင်း သဲလွန်စ တွေ့ရမယ် ။ ထင်တယ် ။
နှုတ်ခမ်းထဲ ပင်နီယံတွေ ခပ်တိုးတိုးလေး လည်ပတ်သွားရုံလောက်ပါ ။
ကမ္ဘာဟာ လည်ပတ်မှုနှုန်း လျော့ကျလာတယ် ၊ လျော့ရဲလာတယ် ၊
ကမ္ဘာကို ဘယ်လိုနည်းနဲ့ ကယ်တင်မလဲ ၊ ဆိုတာထက် ၊ အိပ်မက်ဟာ အိပ်နေတုန်း ခဏပါပဲ ၊
ထို့နောက် ပြန်လည်နိုးထလာကြလေသတည်း ။
နိုးထလာတယ်လို့ အိပ်မက်မက်နေတာများလား ။ ဆိတ်ဆွဲကြည့်ဖို့ ပင်နီယံတွေ ခပ်တိုးတိုး လည်ပတ်ကြတယ် ။
စိတ်ထဲ စွဲနေတဲ့ ပရိုဂရမ်ထဲ အိပ်မက်က ပလပ်ဝင်တပ်သွားတယ် ။
သူမရဲ့ မာယာတွေကို DNA စစ်ကြည့်ဖို့ ၊ ကျွန်တော့် အနုပညာကို ပလတ်စတစ်ဆာဂျရီ လုပ်ကြည့်ဖို့ ၊ နောက် ဘာဖို့ ညာဖို့ ၊
စသည်ဖြင့် အဆပေါင်းများစွာ ၊ ထပ်ညွှန်းကိန်းများ ၊ ထပ်ညွှန်းစရာမရှိသော ကောင်းခြင်း ၊ ဆိုးခြင်း ၊ အခြင်းအရာများစွာတို့
စနစ်တကျ လည်ပတ်လျက် ။ သိပ်လှနေပုံပဲ ။ နီယွန်မီးရောင်တွေနဲ့ မျက်ဝန်းလဲ့ပြာပြာ ။
ပွတ်သပ်ထိတွေ့ချင်ကြောင်း မက်ဆေ့တစ်စောင် ။
အနုပညာထဲ တိုးဝင်လာတယ် ။ စနစ်ကျမကျ ကောင်း၏ ဆိုး၏ စသည်ဖြင့် အထပ်ထပ်အခါခါ ။
လူယုတ်မာတွေ ကောင်းစားတဲ့ခေတ်မှာမှ လူလာဖြစ်ရတယ် ၊ ကိုယ်လည်း မရိုးသားချင်တော့ ၊
ရိုးမသွားရင်တော့ ထပ်တလဲလဲ ဒီစကားကို ပြောနေမိမှာ ၊ မရိုးသွားရင်တော့ ။
ဇာတ်အသွားအလာက ဒီတင်ပြီးသွားတယ် ။ ခေတ်လွန် ။ ခေတ်လွတ်နေတဲ့ ဇာတ်လမ်းထဲမှာ
နီယွန်မီးတွေ ယန္တရားတွေနဲ့ ယုတ်ညံ့တဲ့ စက်တရား ။ စက်ရှင်တရားသူကြီး ။ သူကြီးမရှိတဲ့ ရွာ ။
မိုးရေတွေ ခုထိ ခါးသက်နေတုန်းပဲ ။
မ င်း လု လ င် ၊ ဆူး ခ က် မ င်း
၁၅၁၀၂၀၁၁၀၉၀၀ပီအမ်
Thursday, March 29, 2012
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment