Pages

Subscribe:

Friday, July 31, 2009

အရက်သောက် / ည / အဖြစ် / အပျက်

လွန်ခဲ့တဲ့ မိနစ် ၂၆၀၀ လောက်က ..
Alcohol တွေ ... ငါ့ ပါးစပ်ထဲ စိမ့်ဝင်တယ် ..




လွန်ခဲ့တဲ့ မိနစ် ၂၆၀၀ လောက်က ..
Alcohol တွေ .. ငါ့ ပါးစပ်ထဲ စိမ့်ဝင်တယ် ..

ဘာရယ်မဟုတ်ဘူး ..
ဘာမှ မဟုတ်ပဲ .. ဘာတွေ ဖြစ်မှန်းမသိဘူး ..

အိုင်းစတိုင်းက ဆံပင်ကောက်တယ် ..
ကောင်မလေးတွေက ဆံပင် ဘာလို့ လိုက်ကောက်တာလဲ ..

ငါ မသိဘူး ..
အသေအချာပဲ ..

ရေခဲ တစ်တုံး ထည့်လိုက်တယ် ..
ပြင်းအားတွေ အနည်းငယ် လျော့ ..

လျော့ ၊ လျော့ ၊ လျော့ ။
လျော့ ရင်း ၊ လျော့ရင်း ...
လုံးပါး ပါးကုန်တယ် ..

ပရုတ်လုံးလို ၊ ငါက မဖြူစင်ပေမယ့် ...
ပရုတ်လုံးလို ၊ လုံးပါးပါးတယ် ..

အဖြူရောင် ကောင်မလေး ..
ကို ၊ ငါ ၊ အရောင်ဆိုးမိသလား ...
မသေချာဘူး ..

မသေချာတာထဲက သေချာတာက ..
ငါ ...
ငါ ဆိုတဲ့ ငါ ..
ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ...
ကိုယ့်လမ်းကိုယ်လျှောက်တယ် ..

ငါ့ လမ်းထဲ ၊ ၀င်ရောက်လာသူ ..
မင်း / ကောင်မလေး
ငါ့ လက်ဖမိုးထက်က မှဲ့တစ်လုံးလို
မသိလိုက် မသိဘာသာ
မေ့ပျောက်
ပျောက်မေ့
မေ့ ၊ မေ့ ၊ မေ့ ၊ မေ့ ၊
ပျောက် ၊ ပျောက် ၊ ပျောက် ၊ ပျောက်
ခဲ့ ....
ခဲ့ ..
ပေါ့ ..............

1 မှတ်ချက်များ:

ဝက်ဝံလေး said...

ရော်တယ်ခက် ဒီကောင်မလေးတွေကလဲ အိုင်စတိုင်း ဆံပင်ကောက်တာနဲ့လိုက်ကောက်ရတယ် လို့ အဟားးးးးးးးးး ဖတ်သွားပါတယ်နော် သိလား ဝေးးး အရက်တွေ လှိမ့်သောက်မနေနဲ့ဦးနော် အသည်းရောဂါဖြစ်မယ် ဟဲဟဲ တတိပေးတာ ပျံမယ် ဘိုင် တာ့တာ

Post a Comment