Pages

Subscribe:

Tuesday, July 28, 2009

အိပ်ဆေး / ပြင်ပ / ထို တစ်ည

ထိုည ။
အိပ်မပျော်လို့ အိပ်ဆေးတစ်ခွက် သောက်လိုက်
တယ် ။ ဤခရီး နီးသလား ။
မဝေးလောက်တော့ဘူး .. ။ ရှေ့ မှာ တံခါးနီ
တစ်ချပ် ။ ရောက်အောင်တော့ သွားရမှာပဲ ။
မနေ့တုန်းက ဘေလီတံတားထိပ် ရောက်တယ် ။
ရေတွေ ၊ ရေတွေ ။ ငါ့ ပါးစပ်ထဲ အလျားလိုက် စီးဝင်
အားးးးးးးးးးးးးးးးးးးးးးးး
ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြင်ပ ပါးပြင်ပေါ် ပိတ်ပစ်ပေါ့ ။
မီးသတ်ကား တစ်စီး ၊ ရေတွေ ရောင်းတယ် ။
ငါ့ အိမ်ဘေးက ကောင်မလေး ၊ ဆတ်ကော့လတ်ကော့ လမ်းလျှောက်တယ် ။
သြော် ဒါနဲ့ ... ၊ ရွှေ ဘယ်ဈေးပေါက်လဲ ။
အပေါက်မပါတဲ့ ဈေးထဲ ၊ ဘယ်လိုဝင်ဖို့ စဉ်းစား
ထားလို့လဲ ။ ပြောစမ်းပါဦး ။
ကောင်းရော .. ။
ဒီလိုနဲ့
အိပ်ဆေးတစ်ခွက် သောက်လိုက်လို့ အိပ်ပျော်သွားသော ထိုည ... ။

1 မှတ်ချက်များ:

ဝက်ဝံလေး said...

ရော် အိပ်ဆေးသောက်ပြီး အိပ်ရတယ်လို့ နောက်မှတ်ထား အိပ်မပျော်ရင် ကော်ဖီသောက် အိပ် ဟုတ်ပလား ဟဟဟဟ

Post a Comment