Pages

Subscribe:

Monday, July 27, 2009

အပိုဒ်ခွဲ ( ၅ )

ငါ မပါတဲ့ နေ့ရက်တချို့ မှာ ..
လိမ္မော်ရောင် နံနက်ခင်းတွေ ..
တိတ်တဆိတ် ပျော်ရွှင်ကြတယ် ..

နွေ မိုး ဆောင်း
စောင်းငဲ့ကြည့်တော့ ..
လက်ဖ၀ါးပြင်တစ်ခု ..

ဂြိုလ်ဆိုး နက္ခတ်တွေ ၀န်းရံ ..
ပြဿဒါးတွေသာ လှောင်ပိတ်မိခဲ့ ..
ငါဆိုတာ .. အဆိုးဆုံးတွေနဲ့ ဆိုးယုတ်နေခဲ့သူပေါ့ ..

မာရီယာ နှုတ်ဆက်သွားတဲ့
မိုးတိမ်တချို့  ..
ဗန်ဂိုး ဖူးပွင့်ခဲ့တဲ့ နေကြာခင်းတွေ ..
ငါ့ နံဘေးမှာ လဲပြိုနေတုန်းပဲ ..

အရုပ်မလေး ရေ ..
ငါ့အတွက် နံနက်ခင်းစာ ..
လရောင်တွေ ဆွတ်ဖျန်းပြီး ..
ပို့ပေးစမ်းပါ ..

1 မှတ်ချက်များ:

ဝက်ဝံလေး said...

အာ နံနက် စာ လရောင်ဆမ်းပြီး ဘာလုပ်မှာလဲ ဒမ်ဆန်း သွားစားမယ်လေ မကောင်းဘူးလားလို့ အဟီးးး စ တာနော် စိတ်မဆိုးနဲ့ ဟဟဟဟ

ဘိုင်

Post a Comment