Pages

Subscribe:

Thursday, July 2, 2009

ကမ်းမြင်သွားသော ကာလတချို့မှာ ...

တကယ်ဆို ငါဟာ
ငါပဲ
မင်းသိပါလေစ
မင်းဟာလေ ငါဆိုတဲ့ မနက်ဖြန်တိုင်းကို အစိုးရစွာ
နင်းခြေခဲ့၊ ဘာငြင်းမလဲ ၊ မငြင်းနဲ့
မင်းရှိမှ ငါဆိုတာကလည်း ဖြစ်လာလေတော့
ငါ့ကိုယ်ငါပဲ ငါအသစ်တဖန် မွေးဖွားလိုက်ပြီ ..

ငါ့ကိုယ်ငါ ပြန်လည် မွေးဖွားခြင်းတွေထဲ ..
နင် ဆိုတဲ့ .. Reborn of Venus ပါလေစ ..
မသိ ... မသိ .. ငါ မသိ ..
ထိုထိုသော .. နတ်သမီးတစ်ပါးကို ..
ပြန်လည် သန့်စင်ရန် ...
ငါ့ကိုယ်ငါ ချေးချွတ် .. တောက်ပြောင်စေ၏ ။

ငါဟာလေ လောကဓံကြား
နင်ရဲ့ ရှင်ပြန်ထမြောက်ခြင်း လက်ဖ၀ါးတွေနဲ့
ထလာခဲ့ပြီ၊
သေချာတာကို ပြောပါဆို
ငါပြောမယ်
နင့်ရဲ့လာရာလမ်းလေးကို မျှော်လင့်နေရတာကိုက
ကျေနပ်စွာထွက်ပေါ်လာသော နိုးထခြင်း
နင်သိလား၊ နင်သိလား၊ နင်သိလား၊
မာနေးမမြင်တဲ့ အရောင်ကို ငါမြင်လိုက်တယ်
ကမ်းမြင်သွားသော ကာလတစ်ချို့မှာပေါ့

ပင်လယ်ကဗွီးပင်များကြားမှ ၀ိညာဉ်တစ်စုံ

ငါ့ကို ပြန်လည်သေဆုံးဖို့ လက်ယပ်ခေါ်နေကြ

သွားးးးးးးးးးးးး

ထွက်သွားးးးးးး

နင် မပါလည်း .. ငါ ဆက် ရှင်သန်လို့ ဖြစ်တယ် ..

နင် မရှိလည်း .. ငါ ဆက် ရုန်းကန်လို့ ဖြစ်တယ် ..

နင် ဆိုတာ .. ငါ့ အဘိဓာန်ထဲ မပါတဲ့ အီဒီယမ် တစ်ခု ..


ဏီအဲ Y နှင့် ဆူးခက်မင်း ပေါင်းစပ်ရေးဖွဲ့သည် ။

0 မှတ်ချက်များ:

Post a Comment