ထုံးစံအတိုင်းပဲ ..
ပိတ်ကား ဖွင့်တယ် ..
ပရိသတ်တွေ လက်ခုပ်တီးကြ ..
နေကြာစေ့တွေ တဖြောက်ဖြောက်ကိုက် ..
အတွဲတချို့  မျက်နှာချင်း အပ်ကြရဲ့  ..
ဟော ..
မင်းသားနဲ့ မင်းသမီး ..
ပန်းခြံထဲ ပတ်ပြေးကြတယ် ..
သစ်ရွက်တွေလည်း ကြွေလို့ ..
ထုံးစံအတိုင်းပဲပေါ့ ..
အဒေါ်ကြီးတစ်ယောက် နှလုံးရောဂါ ရှိတယ် ..
ဦးလေးကြီးတစ်ယောက် နောက်မိန်းမယူတယ် ..
ကောင်မလေးက ချမ်းသာတယ် ..
ကောင်လေးက ဆင်းရဲတယ် ..
ကောင်လေးက ချမ်းသာတယ် ..
ကောင်မလေးက ဆင်းရဲတယ် ..
ကောင်မလေးက မာနကြီးတယ် ..
ကောင်လေးက ရည်းစားရှုပ်တယ် ..
ကောင်လေးက ( အသက်ကြီးလည်း ) ကျောင်းတက်တယ် ..
ကောင်မလေးက ( မိတ်ကပ်အဖွေးသားနဲ့ ) လမ်းဘေးမှာ ဈေးရောင်းတယ် ..
ကောင်မလေးက နောက်ဆုံးပေါ် အ၀တ်တွေ ၀တ်တယ် ..
ကောင်လေးက ကားအကောင်းစားကြီး စီးတယ် ..
ထုံးစံအတိုင်းပဲပေါ့ ..
မီးတွေ လင်းလာပြီ ..
အတွဲတချို့  ရှက်ကိုးရှက်ကန်း ဖြစ် ..
နေကြာစေ့ခွံတွေ လှောင်ပြုံးကြ ..
ငါလည်း ဖုတ်ဖက်ခါပြီး ထွက်ခဲ့တယ် ..
ထုံးစံအတိုင်းပေါ့ ..
` ရုပ်ရှင်လို မဟုတ်ဘူး ..
အဖြစ်မှန်နဲ့ မတူဘူး ..
ဘ၀ဆိုတာ ပန်းခင်းလမ်းချည်း မဖြစ်နိုင်ဘူး ´
Monday, July 13, 2009
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment