Pages
Subscribe:
Sunday, September 19, 2010
ရာ စု နှ စ် ၏ သူ ရူး မေ လး
သူ မ က ပ န်း တ စ် ပွ င့် ပ န် ထား တ ယ်
ေ ဖာ က် လွှဲေ ဖာ က် ပြ န် ဖြ စ်ေ န တဲ့ ရာ သီ ဥ တု ကို
ကြိုး တ စ်ေ ချာ င်း နဲ့ေ ခါ င်း မှာ ထိုး လို့
တ ခါ တ ေ လ ေ န ရ ာ စံု ေ အာ င္ ေ လွ် ာ က် သွား တ ယ်
တ ခါ တ ေ လ က ဗ်ာ အ ပို င္ း အ စ ေ တြ
စိ တ် လွ တ် ကို ယ် လွ တ် ရွ တ် လို့
ယ ဉ် ေ က် း မႈ ေ တြ က ေ သ ာ င်း က န င်း ဖြ စ်ေ န တဲ့
မြို့ေ တာ် ရဲ့  အ င်္ဂါ ရ ပ် ထဲ မှာ သူ မ မ ပါ ရ င်
မ ပြီး ဘူး ရ ယ် လို့ ခံ ယူ ထား တ တ် သူ
ရွာ ရိုး ကိုးေ ပါ က်ေ လျှာ က် သွား မ ယ်
ေ တွ့  သ မျှ လူ ကို မ ပွ င့် တ ပွင့် မျ က် လုံး နဲ့
လို က် ပြုံး ပြ မ ယ်
ဒါ က သူ မ ရဲ့  တ စ်ေ န့ စာ လု ပ် င န်းေ ဆာ င် တာေ တွ ဖြ စ် ရဲ့ 
ဘ ယ် သူ ဘာေ ပြာ မ လဲ
သူ မ အ တွ က် အ မှ န် တ ရား ဟာ
သူ မ ကို ယ် တို င် ပဲ ဖြ စ် တ ယ်
တ ခါ တ ေ လ ေ ခါ င္ း ကို ေ န ာ က် လှ ည့် ပြီး မ သိ မ သာ ငို မ ယ်
အ ေ လ့ က် ရြ ာ တဲ့ မို း ရ ာ သီ လို
သ ည်း သ ည်း ထ န် ထ န် ငို မ ယ်
တ ခါ တ ေ လ က ေ လး င ယ် တ စ်ေ ယာ က် လို
ဖြူ ဖြူ စ င် စ င် ပြုံး မ ယ်
ဒီေ လာ က် ပါ ပဲ ဒီေ လာ က် ပါ ပဲ
သူ မ က ကို ယ့် ၀ မ်း နာ ကို ယ် သာ သိ တဲ့
ရာ စု နှ စ် ရဲ့  သူ ရူး မေ လး ဖြ စ် တ ယ်
သူ မ နာ မ ည် ဘာ လဲ လို့ေ မး ရ င်
ေ ခါ င်း မှာ ပ န် ထား တဲ့ ဟ မ်းေ လာ့ ခ် ပ န်း ကို
လ က် ညှိုး ညွှ န် ပြ မ ယ့်
ေ စာ က် ကြီးေ စာ က် ကျ ယ် နို င် လှ စွာ ေ သ ာ
သူ ရူ း မ ေ လ း ဖြ စ် တ ယ်
စိ တ် လို လ က် ရ ရှိ ရ င်ေ ခါ င်း မှာ ထိုး ထား တဲ့
ရာ သီ ဥ တုေ တွ ကို ဖြု တ် ချ ပြီး
ထ ပ်ေ ပြာ ရ ရ င် သူ မ က
“ ၂ ၁ ရာ စု ရဲ့  အ ခ မ်း နား ဆုံး
သူ ရူး မေ လး ” ဖြ စ် တ ယ် ။ . . . . . . . . . . ။
- ဆူး ခ က် မ င်း -
တချို့ ကျတော့လည်း ဒါမျိုးမှ လူရာဝင်တယ်
ရေငတ်တုန်း ရေတွင်းထဲ ကျသလို ရေမကူးတတ်တော့ ခက်သား
ဇီးသား မန်ကျည်းသား တချို့  ဆဲသလို (xxx)သား သားမွေးထားတော့
သမီးရတာပေါ့ ဒီလောက်ကတော့ ရတာပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား
စားစားသောက်သောက် သောက်သောက်စားစား လူ့မင်းသား
လူမင်းသား ဧရာဝတီလူမင်း ဘာလူမင်း ညာလူမင်း မင်းလူ ငါ့လူ
သူတစ်လူ ငါတစ်မင်း ဟိုဒင်း သည်ဒင်း ရဲဒင်းကို အရိုးချွတ်ပြီး ဆန်ပြုတ်
လုပ်သောက် ပုံပြင်တစ်ပုဒ်မှာ ဖတ်ဖူးတယ် ငယ်ငယ်တုန်းက ငယ်ငယ်လေး
ငယ်လေး ကိုကြီး ကို ကို ကို ကြီး သွားလိုက် သေးသွားလိုက် ၀မ်းသွားလိုက်
တူးသွားလိုက် ကျက်သွားလိုက် လိုက်လျောရတာနဲ့ လိုက်ရောရတာနဲ့
အကြိုက်ပြောဖို့ ဆိုဖို့ သွားဖို့ လာဖို့ ဟိုဖို့ ဒီဖို့ ပိုက်ဆံလည်း ကုန်တာများပြီ
ခုရေတွင်းတူး ခုရေကြည်ရာ မြက်နုရာ နွားအိုကြိုက် မင်းကြိုက် စိုးကြိုက်
အိုး .. နိုက်စ် ကောင်းတယ်ဘေဘီ ခပ်မြန်မြန်လေး ခပ်မြန်မြန်လေး
ကားကထွက်တော့မှာ ကားလိုက်ရင် ထွက်တော့မှာ ၀င်တော့မှာ
ဝင်လိုက်ထွက်လိုက် ဖြစ်တော့မှာ ပျက်တော့မှာ ပြတ်တော့မှာ ကိစ္စက
ဒီနားတင် ပြတ်တော့မှာ ပြန်ဆက်ဖို့ ကော်လိုမယ် ကော်လိုက်ဖို့ လိုမယ်
လိုလိုမယ်မယ် လိုလိုမည်မည် လိုရမည်ရ လိုရင် မည်ရ မလိုချင်ပါဘူး
မင်းရဲ့  တုံ့ပြန်မှု တစ်နေ့နေ့ တစ်ညည တစ်နေ့နဲ့ တစ်ည တစ်ထောင့်နဲ့
တစ်ည နှစ်ည သန်းခေါင်ထက် နက်တဲ့ ည ဒါမှမဟုတ်လည်း ညဥ့်
တစ် နှစ် တစ်တစ်နှစ်နှစ် ပျစ်ပျစ်နှစ်နှစ် ဆဲစမ်းကွာ ဆဲလိုက် စမ်းလိုက်
ဘယ်လိုမျိုးလေးလဲ ကောင်း မကောင်း ပြန်ပြောပြ သေချာမှတ်ထား
ဒီလက်ညှိုးကွေးဖို့ ဆယ်နှစ် အချိန်ယူရတယ် အချိန်ပြန်ပေးရတယ်
ရော့ ပတ္တမြား ရော့ နဂါး မီးမှုတ်တတ်ရင် နဂါးဖြစ်ပြီလား ဒါမှမဟုတ်
ရေတက်နေတက်မှာ မွေးဖို့ လိုမလား ဒီခေတ်ကြီးမှာ မီးရဖွားရ
ခက်ပါဘိသနဲ့ ဘိသိက်သွန်းတုန်းက ဒီစကား ဘာလို့ မကြားလိုက်မိလဲ
နားပင်းနေတာလား ပြောနေရင် မသိသလိုနဲ့ နင်ဘာကောင်လဲ
နင်ဘာကောင်းလဲ ပြောပြရရင် ဇာတ်လမ်းတွေက ရှုပ်ကုန်တော့မယ်
ကြာလာရင် ခက်မယ် ကြာတိုင်းကောင်းတာ တစ်နေရာပဲရှိမယ်
ကြာမျိုးငါးပါး ကြာညိုနံ့လေးကို သင်းလို့ ငါ ရင့်ရင့်သီးသီး မသုံးနှုန်းချင်ပါဘူး
သင်းကိုက အရိပ်သုံးပါး နားမလည်တာ နားလည်တာ အပထား
အပမှီရင် ဒီရေမန်းလေး ဖြန်းပေးပါ ကြက်သီးတောင်ထတယ်
ဖြန်းခနဲ ဖြန်းခနဲ ဆို လန့်လိုက်တာရှင် ဖြန်းလိုက်တာ ပက်လိုက်တာ
ရေရေတွေ ရွှဲကုန်ပြီ အရည်တွေ ရွှဲကုန်ပြီ ဟောတော့ ရပြီဆရာ
စဟောပါတော့ ဒါက ထီးရိုးလေ ဟုတ်တယ် ဟုတ်တယ်
အသက်ရှည်မယ် အနာကင်းမယ် ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်
ရပြီ ဒီလောက်ဆို ရပါပြီ စိတ်ကုန်တဲ့ထဲမှာ အဲ့ဒီ ဟိုကကြား
ဒီကမြင်တာတွေကို လျှောက်ပြောနေတဲ့ မုတ်ဆိတ်ဖွားဖွားတွေ ပါတယ်
ဒါနဲ့ စကားမစပ် ကျုပ်ပြောနေတာ ဘယ်ရောက်သွားပြီလဲ ။ ...... ။
ဆူးခက်မင်း
Tuesday, September 14, 2010
အပ်ရာရှိ အပ်ချလောင်း ငါထောင်း
အပ်ရာရှိ အပ်ချလောင်း ငါထောင်း
ကကြီးနဲ့ ပတ်သက်ရင်
ကြိမ်လုံးတောင် မရှိဘူး ။
ယမထာနဲ့ တူတာဆိုလို့ ယမကာပဲ ရှိမယ် ။
ကိုယ်တွေမှာ အယူမရှိဘူး
သောက်သော် မူး၏ ။
မူးသော် ပြဲ၏ ။
ပြဲနေတယ်
ဟိုကောင်မလေး အကျီ င်္ ပြဲနေတယ်
အနီရောင်လေး ၊ အ၀ါရောင်လေး
ရောင်စုံပျိုမေတွေရယ် လှလို့ငေး
ဟိုချာတိတ်လိုက်ကြည့်နေတယ်
တစ်ဖက်ကိုလှည့် ၊ တခြားတစ်ဖက်ကို မြင်ရလိမ့်မယ် ။
မြင်တတ်ရင် မင်းအတွက်ချည်းပဲ ငါ့ကောင် ။
မှန်ပါ့
ကြေးမုံဟူ၍ နောက်တစ်မည် ခေါ်တွင်လတ္တံ့  ။
သတင်းထူးတွေ သတင်းထူးတွေ
လူနှစ်ယောက် ပေါင်းလိမ်တော့မယ့်သတင်းထူးတွေ
ဘယ်သူတွေလဲ ။
ခင်ဗျားနဲ့ ကျွန်တော်လေ ။
လာ ၊ လုပ်ငန်း စရအောင် ။
အချဉ်တစ်ကောင်တော့မိပြီဟေ့
အဲ့ဘက်က တစ်လုံး ၂၀ ပါ ။
သံပုရာသီးတွေ ၊ သံပုရာသီးတွေ ။
တိုက်ကြီးသံပုရာတွေ
မှော်ဘီ တိုက်ကြီး ၊ မှော်ဘီ တိုက်ကြီး ၊ နှစ်ယောက်လို ။
တစ်ခါတည်းထွက်မှာ
နောက်ဆုံးကားနော်
လိုက်လာလိုက်လာ
နေအိမ်မှ နေ့လည် ၁ နာရီ နောက်ဆုံးထွက်မည် ဖြစ်ပါသည် ။
ပုံ - ကျန်ရစ်သူ မိစုသား
မိစုသားနဲ့ ကိုသောင်းတင်သမီးနဲ့ က
ဘာဆိုလားတဲ့အေ့
လင်နဲ့ မယားဆိုတော့ လျှာနဲ့သွားပေါ့ အေ
ခြေထောက်မရှိတော့လည်း ခက်သားလား
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ စလုံး လက်ခတ်သံ
အဲ့ကောင်မကို ချေးပြီးရင် ပြန်တောင်းရတာ လက်ခက်ပါတယ်အေ
ယနေ့ အကြွေး မရောင်းပါ
မနက်ဖြန်ကျလျင် ဤစာသားကို တစ်ခေါက်လာထပ်ဖတ်ပါ ။
အကြွေးယူရမဲ့သူက ဘာကိုသည်းခံရမှာလဲ
သည်းခံခြင်းသည် အောင်မြင်ရာ၏ ချစ်သား တို့ (ဘုရားဟော)
တွံ။ ။ သင်သည်။ ဂဏှာဟိ။ ။ မှတ်လော့ ။
-သုဏော်စိုင်း ၊ ဆူးခက်မင်း-
Saturday, July 31, 2010
ပြတိုက် ထဲ/ရှေ့ က အရုပ်
ပြတိုက် ထဲ/ရှေ့ က အရုပ်
သူမက ဓားတစ်ချောင်း ကမ်းပေးတယ် ။ မျက်ရည်တွေ “လွင့်” .. “လွင့်”
ကျလာလိုက်ပုံများ ။ ကျွန်တော် နှုတ်ခမ်းကို ကိုက်ထားမိသလား ။ ပထမဆုံး
အကြိမ် နမ်းခဲ့တုန်းကလိုမျိုး ပြန်ခံစားမိရတယ် ။ သူမက ဓားတစ်ချောင်းလို
“မြ” နေအောင် ပြုံးတယ် ။ ကြယ်တွေ အိပ်တန်းတက်တော့မယ် အရုပ်မ ရဲ့ ။
ကျွန်တော် ဓားသွေးကျောက်ပေါ် ကျောခင်း အိပ်လိုက်တယ် ။ ကျနော့်ကို
“သွေး” ပါ အရုပ်မ ရေ ။ သွေးတွေ ဖြိုင်ဖြိုင် ရွာတဲ့ထိ “သွေး” ပါ ။ ခင်ဗျားက
ပြတိုက်ထဲက အရုပ်မ ဖြစ်တယ် ။ အရင်စိတ်မျိုးနဲ့ဆို သူ နေရာမှာတင် ငိုချလိုက်
မိမှာ အမှန်ပဲ ။ ခုတော့ ကျွန်တော် မငိုဘူး အရုပ်မ ရေ ။ သူမက ပြတိုက်မှူးရဲ့
ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ဖုန်တစ်မျှင်မျှ ကပ်ငြိခြင်း မရှိ ။ ၀ံ့ဝံ့ကြွားကြွားလေး
လှနေတယ် ။ သူ ဘာလုပ်သင့်သလဲ ။ ကျွန်တော် မသိတော့ဘူး အရုပ်မရယ် ။
သူမ အရာရာ အဆင်ပြေပါစေ ။ ပြတိုက်မှူးက သူမကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတယ် ။
ကျွန်တော်က ယဉ်ကျေးမှု အငွေ့အသက် မကောင်းတဲ့ကောင် ဆိုတော့ ပြတိုက်
အပြင်ဘက်မှာပဲ နေတယ် ။ ဓားကို ပြန်သိမ်းထားလိုက်ပါ အရုပ်မရေ ။ သူမ ဓားတစ်ချောင်း
လို “မြ” နေအောင် ပြုံးပြန်တယ် ။ “သွေး” ပါ ။ ကျွန်တော့်ကိုယ်ထဲက ဗီဇအရိုင်းတွေ
“ပါး” သွားတဲ့ထိ “သွေး” ပါ ။ သူ အရူးတစ်ယောက်လို အော်ဟစ်နေတယ် ။
သူမ ကြားသလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ ကျွန်တော့် အသံစနစ်က
ပြတိုက်နံရံတွေကို ဖောက်ထွင်းသွားနိုင်မယ် မထင်ဘူး ။ လေလုံမိုးလုံ အခန်းထဲ
အရုပ်မ အသက်ရှူ ၀ပါ့မလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။
အဲသည့် ဓားကို ကျွန်တော့် နောက်ကျောမှာ ၀ှက်ထားပေးပါ ။ သူ တောင်စဉ်ရေမရ
ရေရွတ်နေမိတယ် ။ သူမ သူ့နောက်နားမှာ ပုန်းလျှိုးကွယ်လျှိုး ရပ်ရင်း ပြုံးတယ် ။
ခင်ဗျား ဘယ်မှာလဲ အရုပ်မ ။ ပြတိုက်နံရံတွေပေါ် ပန်းချီကား တစ်ချပ်လို တွယ်ကပ်နေမှာလား ။
ဒါမှမဟုတ် ၊ ပါရီမြို့ရဲ့ အေးအေးချမ်းချမ်း ညနေခင်းမှာ ကော်ဖီဆိုင်ထဲ အေးအေးချမ်းချမ်း
ထိုင်နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျားရဲ့ မက်လက်စ အိပ်မက်တွေကို ရေလောင်းပေါင်းသင်
နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျား ဘယ်မှာလဲ အရုပ်မ ရေ ။ သူ့ အရုပ်မက ပြတိုက်မှာနေတယ် ။
ကျွန်တော်က ပြတိုက်ရဲ့ သန့်စင်ခန်းသာသာ ကျယ်ဝန်းတဲ့ အခန်းစုတ်လေးထဲ နေတယ် ။
သူ ပြတိုက်ရှေ့ အုတ်ခုံလေးမှာထိုင်ရင်း တစ်နေ့တာ ကုန်ဆုံးတယ် ။ ခင်ဗျားက ပြတိုက်ထဲ
(ပြုံးပြုံးလေး) ခါးထောက် ရပ်နေတယ် ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။
သူ ခင်ဗျားကို မတော်တဆ မြင်ရမယ့် တစ်နေရာရာကနေ ငေးကြည့်နေပါလိမ့်မယ် ။
ပြတိုက် ဘယ်အချိန် ပိတ်မှာလဲ လို့ ကျွန်တော် အရုပ်မကို မေးလိုက်တယ် ။
သူ ညည ဆို ခင်ဗျားကို သီချင်း ဆိုပြလိမ့်မယ် ။ ကျွန်တော် ဂစ်တာ မတီးတတ်ဘူး အရုပ်မရဲ့ ။
သူ သူမကို အိပ်မက်လှလှ မက်ပါစေလို့ ဆုတောင်းပေးတယ် ။ အရုပ်မ အိပ်ရင်ရော
ပြုံးနေတတ်လား ။ ခင်ဗျား ပြောလေ ။ ဟင့်အင်း ၊ သူ မသိဘူး ။ ကျွန်တော် မသိလို့ မေးတာပါ ။
အရုပ်မ ၊ ခင်ဗျား ဆံပင်တွေ အရမ်းလှတယ် ။ နောက်ပြီး သူမ မျက်နှာထားတင်းတင်း က တော်တော်
ကြည့်ကောင်းတယ် ။ ဟင့်အင်း မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ကျွန်တော် သူမကို ငေးကြည့်နေချင်တာ
သက်သက်ပါ ။ သူ အရုပ်မကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် ။ ကျေးဇူးပြုပြီး ပြောပါရစေ ။
ကျွန်တော် ခင်ဗျားကို ချစ်တယ် ။ သူ သူမကို ချစ်တယ် ။ ကျွန်တော် အရုပ်မကို ချစ်တယ် ။
သူ ခင်ဗျားကို ချစ်တယ် ။ ကျွန်တော် သူမကို ချစ်တယ် ။ သူ အရုပ်မကို ချစ်တယ် ။ ကျွန်တော်
သူမကို ချစ်တယ် ။ အရင်လိုပဲ ပြုံးနေပါ ။ သူ့ကြောင့် သူမ စိတ်ညစ်သွားပြီလား ။ ကျွန်တော်
ပြန်မရုပ်သိမ်းပေးနိုင်ဘူး အရုပ်မ ။ သူ အခန်းကျဉ်းလေးထဲက ပြူတင်းပေါက်တွေ တွန်းဖွင့်လိုက်တယ် ။
ကျွန်တော် ခင်ဗျားကို အသက် ၀၀ ရှူစေချင်တယ် ။ လိုက်ခဲ့ အရုပ်မ ၊ လိုက်ခဲ့ ။ သူ သူမကို
ကမ္ဘာအသေးစားလေး တစ်ခုထဲ ဆွဲခေါ် ရှင်သန်စေဖို့ သိမ်ငယ်စွာ တွေးတောနေတယ် ။
အရုပ်မ ပြတိုက်ထဲကနေ ကပိုကရို ၊ လှလှပပလေး ထွက်လာတယ် ။ ကျွန်တော့်နား ရောက်လာတယ် ။
သူ ဘယ်လို ခံစားမှုမျိုးနဲ့မှ နှိုင်းယှဉ်မရအောင် တလှပ်လှပ် ပျော်သွားတယ် ။ လာပါ အရုပ်မ ၊
ကျွန်တော့်နား လာပါ ။ သေးငယ်သိမ်နုပ်တဲ့ ကမ္ဘာအသေးစားလေးထဲ ပျော်ဝင်လှည့်ပါ ။
သူမ သူ့အနား ရောက်လာတယ် ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓားတစ်ချောင်း နဲ့ ။
အရုပ်မ မထေမဲ့မြင် ပြုံးလိုက်တယ် (ထင်တယ်) ။ ကျွန်တော် တစ်ခုခုကို စိုးရွံ့စွာ ဘုရား “တ” မိလိုက်တယ် ။
ရင်ဘတ်ထဲမှာ ပူခနဲ ။ သူ့နောက်ကျောဘက်က (သူမကိုယ်တိုင်) နှုတ်ခဲ့တဲ့ ဓားနဲ့ ၊ သူ့ရင်ဘတ်ကို
(သူမကိုယ်တိုင်) ထိုးစိုက်ပစ်လိုက်တယ် ။ ပြီးသွားပါပြီ အရုပ်မ ။ ပြီးသွားပါပြီ ။ ခင်ဗျား တိုက်ခဲ့တဲ့
ကျိန်စာအတိုင်း ကျွန်တော် ခင်ဗျားပြတိုက်ရှေ့မှာ စောင့်တဲ့ အရုပ်တစ်ခု ဖြစ်နေပါပြီ ။
လာရာလမ်းအတိုင်း ကပိုကရို ၊ လှလှပပလေး ပြန်ဝင်သွားပါ ။ သူမရဲ့ ပြတိုက်ရှေ့မှာ သူ အရုပ်တစ်ရုပ်
အဖြစ်နဲ့ အမြဲ ရှိနေမှာ သေချာပါတယ် ။ ကျွန်တော် ကတိပေးပါတယ် အရုပ်မ ။ ခင်ဗျားရဲ့
ပြတိုက် ဂေဟာ ရှေ့မှာ အမြဲ ရှိနေမယ် ဆိုတာ .......................... ...... ။
ဆူးခက်မင်း
Sunday, July 25, 2010
လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ
11.7.2010 မှာ ပြုလုပ်ခဲ့တဲ့ လင်းပွင့်လက်များရဲ့  တစ်နှစ်ပြည့်
ကဗျာရွတ်ပွဲမှာ
ကျနော်နဲ့ နေ့သစ် ညီအစ်ကို နှစ်ဦး ရွတ်ဆိုခဲ့တဲ့ ကဗျာလေး ဖြစ်ပါတယ် ။
ကဗျာဆရာ ဘာလဲ/ဘယ်လဲ ဆိုတာ ၊ ညီအစ်ကို နှစ်ယောက် ဆွေးနွေးကြပုံလေးနဲ့
ရေးသား ဖြစ်ခဲ့တာပါ ။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ထိုင်ရင်း
လမ်းဘေးစကားအဖြစ်နဲ့ လမ်းဘေးကဗျာဆရာတွေ ဘာတွေ ပြောဖြစ်ခဲ့ကြသလဲ ဆိုတာ ..
.................................................................................................
လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ
မီးတစ်ပွင့်လင်းဖို့ စတေးခံလိုက်ရတဲ့
အစမ်းသပ်ခံပစ္စည်းစာရင်းထဲမှာ
ငါတို့ ညီအစ်ကိုတွေ မပါစေရဘူး ညီလေး ။
အစ်ကိုရေ ... ကျွန်တော်တို့ လျှောက်နေတာ
အေးအေးဆေးဆေး လမ်း ။
လွယ်လွယ်နဲ့တော့ ပန်းတွေ ပွင့်မလာကြဘူးဆိုပေမယ့်
ငါတို့ဟာ ဥယျာဉ်မှူး စစ်စစ်တွေ ဖြစ်တယ် ။
ရှေ့ မှာက ဂငယ်ကွေ့ တွေအများကြီး
အစ်ကိုရေ ...
ကျွန်တော်တို့ လည်း နွေရာသီကို ကြုံရဦးမယ်။
ဒီမယ် ငါ့ညီ ၊ ကဗျာဆရာဆိုတဲ့ ဘ၀က
ထင်သလောက် မချိုမှန်း ၊ ဖက်ကြမ်းကောက်ဖွာရင်း
ဆွေးနွေးကြည့်ရအောင်လား ။
ကဗျာဆရာဆိုတာ
လက်ဖက်ရည်ဆိုင်ပုပု
ခွေးခြေပုပု၊ဂုဏ်သိက္ခာပုပုတွေနဲ့ 
လောကတရားကို လက်တည့်စမ်းနေတဲ့သူတွေများလား အစ်ကို။
မဟုတ်သေးဘူး ညီလေး ရေ ၊ လွယ်အိတ်တစ်လုံးထဲ
ဂုဏ်သိက္ခာတွေ ထိုးထည့် ၊ မော့တော့မော့တော့နဲ့
ဖိနပ်ပါးအောင် လမ်းလျှောက်နေတတ်တဲ့ လူတန်းစားတစ်ရပ် ။
ဒါဆိုရင်
သူတို့ ဟာ ရပ်နေတဲ့ မော်တော်ကားတွေ မဟုတ်ကြဘူးပေါ့။
ဤခရီး နီးသလား ပေါ့ ညီလေးရာ ။
လမ်းလျှောက်တွေးခေါ်ခြင်းဆိုတာက ဖွံ့ဖြိုးဆဲရင်ဘတ်တွေအတွက်
ကျန်းမာရေးနဲ့ ညီညွတ်စေတယ်လေ ။
အစ်ကိုရေ
မြို့ ပြမှာအမေ့နို့ ကို ပြန်စို့ ရဖို့ 
ကျွန်တော်တို့ မှာ လရောင်ချို့ တဲ့နေသလား။
လေထဲလမ်းလျှောက်နေကျ ဆိုတော့လည်း
ခလုတ်တိုက်မှာ မပူရဘူး ညီလေးရေ ။
ဖိနပ်တွေလိုမျိုး အစာအိမ်တွေက လိုက် “ပါး” ။
ဒီအချိန်ဆို အမေ တို့ကို မျှော်နေမလားပဲ ။
ခက်တယ် အစ်ကိုရယ်
လူတွေက ဘာလို့ များ
အဆင်လှတဲ့ပစ္စည်းကိုမှ ၀ယ်ကြတာလဲ။
အမေ၀ယ်ပေးထားတဲ့ စက္ကူနွားရုပ်လေး
မှတ်မိသေးလား ညီလေး ။
တို့ ညီအစ်ကို ဆော့နေကျလေ ။
ခုတော့လည်း ရီမုကွန်ထရိုးနဲ့
မောင်းရတဲ့ ကားလှလှလေးတွေကြားမှာ
စက္ကူနွားရုပ်လေး မှိုစော်နံနေလောက်ပြီ ။
ငါတို့လည်း
ကိုယ့်အင်္ကျီ ကိုယ်ငုံ့ နမ်းကြည့်ဖို့ လိုနေပြီထင်တယ် ညီလေးရေ ။
ကျွန်တော့် အင်္ကျီမှာတော့
ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ ကြယ်သီးတွေ ရှိနေပြီ
စက္ကူနွားလေးနဲ့ သွားရတဲ့ ဒီခရီး
မနီးသေးဘူး အစ်ကို။
ကော်လာပေါ်က နှုတ်ခမ်းနီရာတွေ
သုတ်လိုက်ပါဦး ငါ့ညီရာ ။
ဒါမျိုးတွေ ဆိုတာက ငါတို့လို လူတန်းစားတွေနဲ့
ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တယ် ။
သံသေလို့ ပြဒါးဖြစ်မယ့်နေ့ကို
ဖိနပ်ပါးပါးလေးတွေ ကိုယ်စီ စီးရင်း
စောင့်နေကြရုံပေါ့ ။
ကျွန်တော် ခေါင်းမမော့ချင်ဘူး
ရင်မကော့ချင်ဘူး၊
ဖြစ်နိုင်ရင် ငရဲမီးတွေကြား ဆော့နေလိုက်ချင်တယ်၊
ကဗျာဆရာ ဆိုတာ
ကိုယ့်ကိုယ်ကို စိတ်နာနေတဲ့လူမဟုတ်လား။
တစ်ခုခုတော့ လွဲနေပြီ ။
ကဗျာဆရာ ဆိုတာက ကိုယ့်ကိုယ်ကိုယ်
ပြန် ညှဉ်းဆဲနေတတ်တဲ့ သတ္တ၀ါတစ်မျိုးဆိုတာ
အတိုက်အခံလုပ်ပြီး ငြင်းမနေတော့ဘူး ။
ဟုတ်တယ်
ကိုယ်လျှောက်တဲ့လမ်းမှာ
ကိုယ့်လိပ်ပြာနဲ့ ကိုယ် ခမ်းနားနေဖို့ သာ အဓိက။
ဒါပေါ့ ညီလေးရယ် ။
ဖောင်တိန်ကိုင်ပြီး လမ်းဘေးအုတ်ခုံထိုင်နေရုံနဲ့လည်း
ကိုယ့်ပရိသတ်နဲ့ကိုယ် ဘုရင်ဖြစ်တယ် ။
ကဗျာဟာ ငွေဝယ်ကျွန်မဟုတ်ဘူး
ကဗျာဟာ အပျင်းပြေစကားပုံမဟုတ်ဘူး
ကဗျာဟာ ထွေရာလေးပါးရေနွေးကြမ်းတစ်ခွက်မဟုတ်ဘူး
အစ်ကိုရေ တကယ်တော့
ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူးလေ။
ဟုတ်တယ် ညီလေးရေ ။
ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူး။
ဒါ့အပြင် ကဗျာဟာ အရာအားလုံးလည်း ဖြစ်တယ် ။
အရာအားလုံး နဲ့ ဘာဆိုဘာမှမဟုတ် ဆိုတဲ့
ကမ်းပါးစွန်း နှစ်ဖက်မှာ
ညီတူမျှတူ ရပ်ကြတာပေါ့ ငါ့ညီ ။
လမ်းပေါ်မှာ
လမ်းသွားလမ်းလာတွေ အများကြီး
ခရီးတူတာရှိမယ်၊မတူတာရှိမယ်၊
အပါယ်တံခါးမပိတ်နိုင်တဲ့ လူ့ ဘ၀မှာ
တစ်ချို့ က ဘာလို့ များ
တစ်ယောက်ကိုတစ်ယောက်
ဇယ်တောက်တမ်းကစားချင်ရတာလဲ အစ်ကို။
အစ်ကို နှာစေးနေတယ် ညီလေးရေ ။
နှာခေါင်းသံ တရွှီရွှီနဲ့ ပြောရရင်တော့
လောကဓမ္မတာ ဆိုတာကြီးကိုပဲ
အပြစ်ပုံချရမယ် ထင်တယ် ။
ထားပါလေ
လူဆိုတာ ...
ကိုယ့်ဈာပနကိုယ်လိုက်ပို့ နိုင်တဲ့သူတွေမှမဟုတ်တာ
ကျွန်တော်ကတော့
ခေါင်းကို ကျော့နေအောင်ဖြီးပြီး
လောကဓံကို လေထီးလုပ်စီးနေလိုက်မယ်။
ဖြစ်တတ်ပါတယ် ငါ့ညီ ။
ဖြစ်ချင်တာတွေ ဖြစ်ချင်သလိုဖြစ်နေတဲ့
လောက ဆိုတဲ့ အိမ်အိုကြီးက
အဟောင်းအမြေ့တွေကို အရာမသွင်းတတ်တဲ့
တို့ ညီအစ်ကိုတွေနဲ့ သိပ်တော့အဆင်မပြေလှဘူး ။
အဆင်မပြေလှပါဘူး အစ်ကိုရယ်
ရာစုသစ်ခရီးက
စွန့် ပစ်ပစ္စည်းတွေ များသထက်များလာတယ်
တစ်ချို့ များ ညနေစာကို
စာရိတ္တနဲ့ ဝယ်စားကြသတဲ့။
လူတိုင်း ကဗျာဆရာ ဖြစ်နေကြမယ်ဆိုရင်
လူတိုင်း အစာအိမ်ဟောင်းလောင်းနဲ့
နေနိုင်ကြမယ် ထင်တယ် ။
စာရိတ္တပါးမှာကို အစာအိမ်ပါးမှာထက်
ပိုကြောက်တတ်ကြတဲ့ ၊ ကဗျာဆရာတွေရဲ့ ဓလေ့က
ချစ်ဖို့ကောင်းပါတယ် ငါ့ညီ ။
ဒါဟာ ပီပြင်တဲ့ စစ်မက်ပေါ့
တကယ်တော့
ကျွန်တော်က လောကဓမ္မတာကို
လက်ခုပ်တီးပြီး အားပေးနေချင်တာ။
လေကို ဓားနဲ့ ခုတ်ရတာ ပင်ပန်းပါတယ်ကွာ ။
ငါတို့ ပတ်ဝန်းကျင်မှာ ဝေ့၀ဲနေတဲ့
လိုချင်တပ်မက်မှုတွေကို လေလို ရှူသွင်း ။
သက်ပြင်းပါးပါးလေး ချလိုက်ကြရအောင် ။
မဟုတ်ဘူး အစ်ကို
ကျွန်တော်ကတော့ အသော့နှင်နေတဲ့တိမ်တိုက်တွေကြား
နေရောင်ကို စားနေဦးမှာပဲ၊
လေရှူပုံမှားရင် မှားနေလိမ့်မယ်။
ဟော ...
ပြောရင်းဆိုရင်း လေနီကြမ်းတွေ တိုက်လာပြီ ။
အမေ စိတ်ပူနေရော့မယ် ။
ကျောမှာ ပိုးထားတဲ့ ဗျာပါဒတွေ ပစ်ချ ။
လက်ချင်းတွဲပြီး အိမ်ပြန်ကြစို့ကွာ ။
--ဆူးခက်မင်း၊နေ့ သစ်-
အုံ့ပုန်း
“အုံ့ပုန်း”
ညည ဆိုဆိုနေကြ သီချင်းလေးရေ .....
ပေးစရာ နာမည်
ကိုယ် မသိခဲ့ . . . . ၊၊
မင်းကိုရှာဖွေတွေ့ရှိပါစေ
လွှင့်ထုတ်လိုက်တဲ့ မီးခိုးတွေသာ
ပြာဖြစ်သွားတယ်
ရင်ထဲက မီးလေးတော့ မငြိမ်းနိုင်ခဲ့ပေါ့ ၊၊
တစ်စက္ကန့်မှာ
ဘယ်လောက်တောင် ရှည်လျားခဲ့လဲ ..
လွမ်း
မိုင် ... ... ၊၊
- ဇာတိ -
======================
ငါ့လက်ဖျံပေါ်ကျလာတဲ့ အေးစက်စက်မိုးစက်တွေထဲမှာ
မင်းရီသံတွေပါပါလာတာ ဘယ်နှစ်စက်ရှိပြီလဲ
မတွေ့ရတော့ဘူး ရင်တခုလုံးပြိုကျ
ငါ့မျက်နှာပေါ်က အာဟာရချို့တဲ့ လက္ခဏာနဲ့
တူးဆွထားတဲ့ အနာပေါ်မှာ ယင်တွေ အုံနေတယ်
ပခြုပ်ထဲက လိပ်ပြာကလေးရေ
ငါ့နာမည်ကို မကြားဘူးလား
ငါ့အရိပ်ကို မမြင်ဘူးလား
ငါ့ရနံ့ကို မရဘူးလား
ငါ့လက်ဖျံပေါ်က ရီသံတချို့ကို
သိုဝှက်ထားတဲ့ နာကျင်မှုနဲ့ ဖြတ်စီး
ငါ့သွေးတွေ ပြောင်းပြန်စီးကုန်ပြီလေ ။
- နီလေး -
==========================
ခဏခဏမက်ဖြစ်တဲ့ အိပ်မက်ကို
အိပ်မက်ထဲ ပြန်သွင်းလိုက်တယ်
တကူးတကကြီး ပြန်သွင်းကြည့်လိုက်တာ
အနားသတ်မျဉ်းတစ်ကြောင်းအတွက်
ရင်နဲ့ဖြိုချလိုက်ရတာကလည်း
ညတွေ သက်သေပဲ
မင်းပြုံးတာ ငါမမြင်ရတာကြာပြီ
သိပ်သည်းဆ သိပ်များနေတာလည်းမဟုတ်ဘူး
ဟင်း ကနဲ ချလိုက်တဲ့ သက်ပြင်းတွေမှာ
ပြန်မရလိုက်တဲ့ ရောင်နီတွေပါတယ်
မပြောဖြစ်လိုက်တဲ့ ဒဏ်ရာတွေ ပါတယ်
ကျိန်စာပြယ်ဖို့ ကျိန်စာတစ်ပုဒ် ထပ်ရွတ်ရမှာလား
ဒီလိုဆိုရင်တော့
ထိုးစရာလက်ညှိုး ဘယ်ဖက်လှည့်ရမလဲ ။
- အမည်မဲ့ -
========================
သေတ္တာထဲမှာ ဘာတွေ ရှိမလဲ ။
ပန်းသီးတစ်လုံး ၊ ဒါမှမဟုတ်
ပန်းတစ်ပွင့် ၊ ဒါမှမဟုတ်
အခွံသင်/ဆူးနွှင် ဖို့ ဓားတစ်ချောင်းလား ။
နင်လား ၊ ငါလား ။
နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာမိုးတွေရွာနေတယ် ။
မသိချင်တော့ဘူး ။ ( မဟုတ်သေးဘူး )
မသိချင်သေးဘူး ။ ( တခြားလူတွေ တွေ့မှာစိုးတယ် )
အဲ့လိုနဲ့ ၊ သော့ကို ခေါင်းအုံးအောက်ထဲ ထိုးထည့် ။
နှိုးစက်ကို မနက် ၂ နာရီ ပေးထားလိုက်တယ် ။
- ဆူးခက်မင်း -
=============================
နတ်သမီးရာသီ ပြောင်းတိုင်း
ဗြဟ္မာကြီး ဦးခေါင်း
ဆတ်..ဆတ်..ခါ
မီးတောင် အဟောင်းကြီး
ဂစ်တာ..တီးနေပြီ
ငုံကြည့်မနေပါနဲ့ ...'သူမ'
'ငါ'
လက် ခုပ် ထဲ က ရေ
'ငါ'
ပလက်ဖေါင်းပေါ်က..ပက်လက်ကျွဲ
'ငါ'
ကြားခံမပါတဲ့ ကဗျာ
ငါ့ကို သောက်ပါ
ငါ့ကို သုံးပါ
ငါ့ကို မြိုချလိုက်ပါ
- အနော်မာ -
Sunday, July 18, 2010
“ ၂၁ ရာ စု မှာ ”
“ ၂၁ ရာ စု မှာ ”
၂၁ ရာစုမှာ တိုက်အမြင့်ကြီးတွေ
ဆောက်ကြတယ် ။ မီးအကြီးကြီးတွေ
လောင်ကြတယ် ။ ဘာမှန်းမသိတဲ့
သတ္တ၀ါတွေ ၊ သူတို့ကိုယ်သူတို့
လောင်ကျွမ်းကြတယ် ။
(ကိုယ့်ဟာကိုယ်ရော ဘာမှန်းသိရဲ့လားတော့ မသိဘူး )
ဒါတွေဟာ နှင်းဆီမီးညွန့်တွေ ဖြစ်တယ် ။
အမြဲစိမ်း သစ်တောတွေ ဖြစ်တယ် ။
မွေးသမိခင်ရဲ့ မျက်ရည်တွေကို
ကျင်းတူးမြှုပ်နှံလိုက်တဲ့နေ့က
ငါ ရေခဲနဲ့ ကျွမ်းလောင်တယ် ။
ကမ္ဘာပျက်မှာ မသိတဲ့ လူမိုက်တွေ
ကမ္ဘာပေါ်ထိုင်ရင်း ဝေစုခွဲနေကြ ။
အို့ .. အို ၊ သနားစရာ ။
ငါတို့ မြို့လေး အသိုက်ပြောင်းရတော့မယ် ။
ငါ နင်းခဲ့တဲ့ ခြေရာတိုင်းရဲ့ အရိပ်မှာ
သွေးတွေ စွန်းထင်းနေ ။
အဝေးပြေးလမ်းမကြီးကတော့
ငူငူငိုင်ငိုင်နဲ့ ငေးလို့ကောင်းတုန်း ။
ခြေပစ်လက်ပစ် ပစ်စလက်ခတ် နေလို့ ကောင်းတုန်း ။
မြို့တော်သူ မြို့တော်သားတို့ရေ .... ။
ငါတို့ နှင်းဆီခင်းတွေပေါ် ပျံဝဲကြစို့ ... ။
ငါ့ အ၀ါရောင်လယ်ကွင်းထဲ ဘယ်မှော်ဆရာ
ခြေချခဲ့ပါသလဲ ။
ဘယ်ဘက်လက်က ပါးစပ်ဖြစ်ပြီး
ညာဘက်လက်က နားဖြစ်တယ် ။
ကိုယ့်အသံကိုယ်ပြန်ကြားရဖို့ ၊ ငါ့လက်နှစ်ချောင်းကို
တင်းတင်း ဆုပ်ကိုင် ။
ကပိုကရို ဖြာကျနေတဲ့ လရောင်အောက် ၊
စင်ရော်ငှက်တစ်ကောင် လမ်းပျောက်နေ ။
တိုက် ဟောင်း/ပျက် တစ်ခုရဲ့ လှေကားရင်းမှာ
မိန်းမငယ်တစ်ယောက် ၊ မျှော်လင့်ချက်အသေတွေနဲ့
မှောင်ရီခိုးဝေ ။ ဘာတွေကို ဆုပ်ကိုင်ထားမလဲ ။
ဘာတွေကို လွှတ်ချခဲ့မလဲ ။ ဘာတွေကို ၊
ဘာတွေကို ၊ ဘာတွေကို ၊ ဘာတွေကို ။
သဲမှုန်တွေ လွင့်နေတဲ့ ကြားက ၊
ကန္တာရကို စောင့်တဲ့ နတ်သမီး ။
ခင်ဗျား ၊ ညစ်ညစ်ထေးထေး လှတယ် ။
လှေကားထစ်စိုက်ခင်းတွေ
တောင်ပူစာ မို့မို့တွေ
သစ်ပင်တစ်ပင်လောက် စိုက်ခဲ့ပါ ။
ငါ ထိုင်ကြည့်ရင်း လွမ်းနေချင်လို့ ။
သောင်တင်နေတဲ့ ဆည်းဆာနဲ့
ညနေခင်းက စက်ဆုပ်ရွံရှာဖွယ် အတိ ။
ငါတို့ ကျောရိုးတွေနဲ့ ကမ္ဘာကြီးကို ငြမ်းဆင်ကြ ။
ငါတို့ လက်တွေနဲ့ ကမ္ဘာကြီးကို (ကိုယ်တိုင်) တည်ဆောက်ကြ ။
ယန္တရားအရေခွံနဲ့ ဖုံးအုပ်ထားတဲ့ ငါတို့ကမ္ဘာက
သတ္ထုစော် နံ တယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ အနီရောင်ပန်းပွင့်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကဗျာဟောင်းတချို့ရယ် ............. ။
ဆူးခက်မင်း
၁၈ ၊ ဂျူလိုင် ၊ ၂၀၁၀ ။
Friday, July 16, 2010
နတ်သမီး အတွက် တစုံတရာ
အလင်းည နတ်သမီး
ဖြာကျနေတဲ့ လရောင်အောက်မှာ
တစစီ လွင့်ဝေနေတဲ့
ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။
ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို
မလွတ်တမ်း ဖက်တွယ် ။
ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။
ဒီတိုက်ပွဲဟာ ငါတို့အတွက်
ဘ၀တစ်ခုဖြစ်တယ် ။
တိမ်တွေကြားမှာ စိတ္တဇတွေ
ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်
ဆောက် ကြ မယ် ။
တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။
ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး
ငိုကောင်း ငိုနေလိမ့်မယ် ။
မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့
သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်
ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့
ငါ့ကို ကြည့်နေတယ် ။
မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ
ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်
အစွမ်းအစ မရှိဘူး ။
မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို
သနားစရာ သတ္တ၀ါတစ်ကောင်လို
ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့
စီးကရက်မီးခိုးငွေ့တွေက
သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်
ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ
ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က
သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့
မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်
စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။
သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့
ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။
ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က
ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။
မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက
နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း
ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့
Rome မြို့ကြီး မီးလောင်နေတာကို
ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။
မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့
အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်
ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။
ညာဘက်လက်က ဓားကို ကိုင်ပါ ။
ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။
မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ
တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။
ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့
လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။
ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။
ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက
ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့
မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။
ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ
မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။
ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရင်း .. ။
လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။
ဆူးခက်မင်း
လောကဧည့်သည်
ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့
သစ်ပင်တစ်ပင်ဖြစ်တယ် ၊ ပင်စည်ကျောရိုးမရဲ့
အလယ်တည့်တည့်မှာ လက်ဝါးကပ်တိုင် တစ်ချောင်း
“ထင်း” နေ အောင် စိုက် ထူ လို့ ။
ငါ့ကိုယ်ငါ ပြန်ရှာ မတွေ့တော့ဘူး ။
ဆာလောင်မွတ်သိပ်မှုတွေနဲ့ အသားကျနေတဲ့
မြို့ပျက်ထဲမှာ ကြယ်အပြတ်တွေ လိုက်ဖမ်း ။
ငါ ကောင်းကင်ကို ခိုးတာ မဟုတ်ဘူး ။
တယောတစ်လက်နဲ့ တိမ်တွေကို မိုးပေးဖို့
ကြိုးစားခဲ့တာ ဖြစ်တယ် ။
အပေါက်ခပ်ကျဉ်းကျဉ်းလေးထဲကေ
ကမ္ဘာကြီး ဘာတွေ ဖြစ်နေတယ် ဆိုတာ
ခိုး ခိုး ကြည့်ရတာ ။
မပျော်ဘူးကွာ ၊ မပျော်ဘူး ။
အဲသည့် ကမ္ဘာကြီးထဲ ၀င်ရောက်ကခုန်ခွင့် ပြုပါ ။
ရာသီကြို ယဉ်ကျေးမှုတွေ မရှိတဲ့
အလယ်အလတ်တန်းစား ငရဲဘုံမှာ
ဆလိုက်မီး ခပ်မှိန်မှိန်တွေ ကြားမှာ
ပေါင်သားဖွေးဖွေးတွေ ကြားမှာ
စိမ်းရွှေရွှေ အနံ့တွေ ကြားမှာ
အယ်လ်ကိုဟောတွေကို အစာအိမ်ထဲ ထည့်လွယ်ထားတဲ့
မကောင်းမှု ဒုစရိုက်တွေကို လည်ပင်းက လော့ကက်သီးလေးထဲ
အမြတ်တနိုး ထည့်ဆွဲထားကြတဲ့
အဲသည့် အလယ်အလတ်တန်းစား ငရဲဘုံမှာ
ကပွဲလက်မှတ် မပါတဲ့ ငါ့ကို
ဝ င်ေ ရာ က် က ခု န် ခွ င့် ပြု ပါ ။
အပြုံးတုတွေ ၊ မာယာလတ်လတ်ဆတ်ဆတ်တွေ
လင်စိတ်သားစိတ် ပြင်းထန်နေတဲ့ မျက်လုံးတွေ
လင်ယူသားမွေးကိစ္စကို လွယ်လင့်တကူ
လူကြားသူကြား ဆွေးနွေးနေတဲ့ သတ္တ၀ါတချို့
လမိုင်းကို မကပ်ပါဘူးကွာ ။
လိင်ကိစ္စကို လာရာလမ်းအတိုင်းပြန်သယ်သွားဖို့ထက်
လမ်းဘေးမှာ ၊ လူသူမနီး တစ်နေရာရာမှာ
လူမြင်သူမြင် အမှောင်ခန်းထဲမှာ
လွယ်လွယ်လေးပဲ လွှတ်ချလို လွှတ်ချ ။
လိပ်စာ ပေးထားခဲ့မယ်ဆိုတဲ့ လော်လီမှုတွေ ။
လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ် ဆိုတဲ့ သီချင်း ။
လင်းလင်းထင်းထင်း ဖြစ်သွားအောင်
လိမ္မာဖို့ လိုတယ် မိတ်ဆွေ ။
လူသားဆန်ဆန် ၊ လေလွင့်လူ လုပ်နေလိုက်တာ
လောက်လောက်လားလား ဖြစ်မှာပါ ။
အမောပြေသောက်ဖို့ မာလ်တီနီ တစ်ခွက်လောက် ရမလား ။
ငါ ကခုန်ရတာ တော်တော် မောရှနေလို့ပါ ။
အမောပြေ မပြေတော့ မသိဘူး ။
အသွေးအသားထဲ လက်ကျန်ယဉ်ကျေးမှုလေး စိမ့်ဝင်နေတာ
အဆုံးစွန်ထိ ပြေလျော့သွားတယ် ။
ကျေးဇူးပြုပြီး မီးတွေ ခဏ မှိတ်ထားပေးပါ ။
သမ္မာကျမ်းစာထဲက ဆုတောင်းရွတ်ဆိုသံတွေ ခဏ ပိတ်ထားပေးပါ ။
ငါ့ရင်ဘတ်က လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ခွင့်ပြုပါ ဘုရားသခင် ။
ငါ့ခြေထောက်မှာ နွယ်တက်နေတဲ့ အရှိတရားတွေကို
မသိကျိုးကျွံပြုနေပါရစေ ။
ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့ သစ်ပင်တစ်ပင်ဖြစ်တယ် ။
ဆူးခက်မင်း
Saturday, July 3, 2010
ပူစပ်ပူလောင် အက်ဆေး
အပူချိန်တိုးနေတဲ့ စာရွက်စာတမ်းတွေ ၊ ထာဝရ လွတ်မြောက်ရာ ၊ အပူချိန်တိုးနေတဲ့
ညနေခင်း ။ ဈေးကြီးပေးဝယ်ထားရတဲ့ ၊ ငန်းတစ်ကောင် ။ အဆုံးသတ် သေခြင်းတရား ။
တရားသော သေခြင်း ။ ဓာတ်လှေကားအစွန်းမှာ ၊ နှင်းဆီတစ်ပွင့်ထိုးပါ ။ လျှပ်စစ်မီး
အကြောင်း ဝေဖန်/အတင်းပြော ခြင်း မပြုရ ။ မျက်လုံးမှာ မြင်နေရတယ် ။ အမှားတွေ ။
အမှားတွေ ။ မြင်နေရတဲ့ အမှားတွေ ။ ကုန်ခမ်းနေတဲ့ အားအင်တွေက ပဲ့တင်သံကို အလို
မတူပဲ ကားတင်ပြေးသွား ။ လိမ္မော်ရောင် ၊ လိမ္မာသယောင်ယောင် ။ ချဲ့ကားပြောဆိုခြင်း
သည်းခံပါ ။ ခြေမတစ်ချောင်း ၊ အကျိုးသက်ရောက်မှု ၊ တစ်သျှူးဂလင်းများ ။ အင်ဂျင်တစ်လုံး
ကဲ့သို့ ပုံမှန်လည်ပတ် ။ တံဆိပ်ခေါင်းကပ်မထားသော ပစ်စာ ။ ရသလား ၊ ရမိသလား ။
မိမိရရ ရမိသလား ။ မိမိရရ ၊ တခြားသူ ရရ ။ အီလက်ထရွန်းနစ် လူမျိုး ၊ လိမ်ညာမှု ။
ကြားလား ၊ မကြားတကြားလား ။ တန်ဂိုအက “က” တတ်လား ။ ၀က်သစ်ချပင်
အောက်ကို ကြွပါ ။ အလင်း မပွင့်တပွင့်/မလွတ်တလွတ် ။ ခေါင်းစဉ် ၊ သေချာ
စဉ်းစားပြီး ပေးမယ် ။ နားဆွဲ (သို့) နားလက်စွပ် (သို့) နားဖုန်းမြည်သံ ။
ကြာကူလီတစ်ပိုင်း ယောင်္ကျားရိုင်း ၊ ဒါမှမဟုတ် မျက်ခုံးကောင်းကောင်းနဲ့ ၀ံပုလွေ ။
လူငယ်ဘ၀မှာ လွတ်လွတ်လပ်လပ် ပျံသန်းပါ ။ ( အမှားနည်းနည်း တွေ့ခဲ့မယ် ၊
တွေ့ကောင်း တွေ့ခဲ့မယ် ) ။ စေ့စပ်ကြောင်းလမ်းခြင်းဆိုင
်ရာ တံခါးပေါက် ။
အ၀ါရောင် ရောင်ဝါတန်းများ ။ တိုး/ထိုး ထွက်နေ ။ အသက်အရွယ်အလိုက်
ကန့်လန့်ဖြတ် စီထားပါ ။ ကောင်းပြီ ။ နေရာကရော ၊ နေစရာကရော ။
အနည်းငယ် စူထွက်နေတဲ့ ရင်သားပေါ်မှာလား ။ အနည်းငယ် ကွေးဝင်နေတဲ့
ထောင့်ဖြတ်မျဉ်းပေါ်မှာလား ။ အခု ခင်ဗျား သက်သက်သာသာ လှဲနေလိုက်ပါ ။
သက်သက်သာသာ ငိုကြွေးနေလိုက်ပါ ။ နေရောင်ခြည်စွမ်းအင် ၊ နိုက်ထရိုဂျင် ဓာတ်ငွေ့ ၊
လယ်စောင့်တဲ ။ အကွာအဝေးကို အရေးပေါ် တိုင်းတာဖို့ ။ ဒီနှစ်ထဲမှာ မနေ့ကဆိုတဲ့ကောင်တွေ
မျက်နှာပေါက် ဆိုးလာတယ် ။ မျက်နှာ ပေါက်/စို လာတယ် ။ အနီရောင် ဆေးလွန်မှု ။ အပေါက်တွေ
စိုလာတယ် ။ နှစ်လိုဖွယ်ရာ ကျဉ်းကျဉ်းကျုတ်ကျုတ် ကျုပ် ပြင်ဆင်ထားတဲ့ စားသောက်ဖွယ်ရာ
တစ်ခုခု လိုမလား ။ ကောက်ရိုးမီး ၊ သေနတ် ခပ်သေးသေးတစ်လက်နဲ့ ၊ မျက်လုံးနှစ်လုံးကြား
အပြင်ဘက်ကို တည့်တည့်ချိန် ။ နေမွန်းတည့်ချိန် ၊ ညဥ့်ဦးတည့်ချိန် ၊ ထိုနှစ်ချိန်၏ ကြား
အပြင်ဘက်မှ တည့်တည့်ချိန် ။ အချိန်သုံးပါး ငိုကြွေးပါ ။ နြူထရွန်တစ်လုံးကို ဓာတ်ပြယ်စေခြင်း
ဖြင့် ၊ နြူကလီယာဒြပ်ပေါင်း မဖြစ်ရန် ။ စီးပွားရေးဆိုင်ရာ သာမိုမီတာ အချက်အလက် ။
ရွက်လှေနဲ့ တိုက်ရမယ် ။ ဘိန်းဖြူ ၊ ၀င်ခွင့် ၊ မှတ်စု ၊ လွယ်လွယ်ကူကူ ။ အပူချိန်တိုးနေတဲ့ အက်ဆေး ။
ဆူးခက်မင်း
Monday, June 14, 2010
ကိုက်လမ်း
ကိုက်လမ်း
ခါးထဲက တစ်ဆစ်ဆစ် ကိုက်တယ် ။
ခါတိုင်းက ထစ်တစ်တစ် ကိုက်သလိုမျိုး ။
ခါးထဲက တစ်ဆစ်ဆစ် ကိုက်တယ် ။
ဒီလုပ်ငန်း လုပ်ရတာ ကိုက်တယ် ။
ခွေးက လူကို ကိုက်တယ် ။
သူမက ကိုယ့်နှုတ်ခမ်းကို ကိုက်တယ် ။
ကြမ်းပိုးက ကြမ်းကိုရော လူကိုပါကိုက်တယ် ။
အိပ်မက်က ကိုယ့်ဦးနှောက်ကို ကိုက်တယ် ။
ကော်ဖီခွက်က နှုတ်ခမ်းကို ကိုက်တယ် ။
ဓားက စဉ်းတီတုံးကို ကိုက်တယ် ။
ငါးက ငါးမျှားချိတ်ကို ကိုက်တယ် ။
ခြင်က ကျွန်တော့်ကို ကိုက်တယ် ။
( လူကို ကိုက်တဲ့ခြင်က အမဖြစ်တယ် ) ။
ဘောလုံးက ခြေထောက်ကို ကိုက်တယ် ။
အိပ်ယာခင်းက ကျွန်တော်/တို့ ကို ကိုက်တယ် ။
လူက လူကို ကိုက်တယ် ။
ကမ္ဘာ့ဖလားပွဲတွေက ကျွန်တော်တို့ကို ကိုက်တယ် ။
မောင်းရောင်းတဲ့လူတွေက ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ကိုက်တယ် ။
ရာသီစာတွေက ရာသီဥတုကို ကိုက်တယ် ။
ကားစပယ်ယာတွေက အကြွေတွေကို ကိုက်တယ် ။
လေယာဉ်ပျံ စီးချင်နေတဲ့ သူငယ်တစ်ယောက်က လိုလီပေါ့ကို ကိုက်တယ် ။
သေနတ်ကိုင်ထားတဲ့ လူကြမ်းက ဆေးပေါ့လိပ်ကို ကိုက်တယ် ။
အထူးကုဆေးခန်း ဘေလ်စာရွက်က ခပ်နွမ်းနွမ်းအဒေါ်ကြီးရဲ့ မျက်လုံးကို ကိုက်တယ် ။ အင်တာနက်ကွန်ယက်တွေက အမြင်ကြည်လင်မှု ၊ ကိုယ်ကျင့်တရား ၊
လူငယ်ပီသမှု ၊ ညနက်နက်မှာ ကြားနေကျ ဂစ်တာသံတွေကို ကိုက်တယ် ။
အရက်ခွက်က ငါးပါးသီလကို ကိုက်တယ် ။
နှိုးစက်သံက ကိုယ့်မနက်ခင်းကို ကိုက်တယ် ။
ဓာတ်မြေသြဇာမလိုတဲ့ အဖြူရောင်အပင်က ကိုယ့်ဖြူစင်မှုတွေကို ကိုက်တယ် ။
သူမဆံပင် ခပ်တိုတိုက ကိုယ့်ရင်ဘတ်ကို ကိုက်တယ် ။
သေခြင်းတရားက အညစ်အကြေးအားလုံးကို ကိုက်တယ် ။
မပြောပြဘူး ဆိုတဲ့စကားက ကိုယ့်အပြုံးကို ကိုက်တယ် ။
ပြာဖြစ်သွားတဲ့ပန်းသီးက အာဒမ့်ကို ကိုက်တယ် ။
ကျဆိမ့်တစ်ခွက်က ဆုတောင်းသံတွေကို ကိုက်တယ် ။
ဘယ်သူ့ကို လွမ်းမှန်းမသိတဲ့ အလွမ်းစာသားက
ကိုယ့်သဘောထားကြီးမှုတွေကို ကိုက်တယ် ။
ရင်ငွေ့ဝေးနေတဲ့ လူငယ်တစ်ယောက်က သူ့မွေးနေ့ သူပြန်ကိုက်တယ် ။
လိုချင်တပ်မက်မှု/လိုအပ်ချက် တွေက ကိုယ့်ညီရဲ့ စာရိတ္တကို ကိုက်တယ် ။
ကိုယ့်ညီမ ကျောင်းစရိတ်ကို ကိုက်တယ် ။ ကိုက်တယ် ကိုက်တယ် ကိုက်တယ် ။
ခါတိုင်းက ထစ်တစ်တစ် ကိုက်သလိုမျိုး ။ ခါးထဲက တစ်ဆစ်ဆစ် ကိုက်တယ် ။
ဆူးခက်မင်း
Friday, June 11, 2010
မင်းအတွက် ရေးတဲ့ မွေးနေ့ဆုတောင်း
လေနီကြမ်းကြားက ၀ိုင်တစ်ခွက်
မှောက်ဖို့ နီးလာပြီ ။
ဏီအဲY ဆိုတဲ့ မင်း
သေဖို့ (တစ်နှစ်) နီးလာပြီ ။
ခုရေးတာ မင်းအတွက် မွေးနေ့ ဆုတောင်း ။ ။
ဆူးခက်မင်း
Wednesday, May 26, 2010
အကယ်ဒမီ ရှော့/လျှော့
အကယ်ဒမီ ရှော့/လျှော့
ထွက်ကျလာတဲ့ ထုတ်ကုန်တွေကို မကြိုက်ဘူး ။
ဖြစ်တတ်ပါတယ်
ထုတ်ထားပြီးသားကလဲ ပြန်ထည့်လို့မရတော့
သောက်ရသမျှလည်း အနံ့ ပဲထွက်ပြီး မမူးနိုင်ဘူး
မှာထားတဲ့ အမြည်းက ရောက်မလာသေး
ဒါနဲ့ ပဲငါ တစ်ခွက်ထပ်မှာ
ဒါဆိုတော့လဲ ရှိတာလေးနဲ့ပဲ မြည်းလိုက်တော့
လက်မစုပ်နေရတဲ့ ဘ၀ က ခါးသက်စွာချိုရပေါ့
ထွက်ကျလာပြီ ။
စာကြောင်းတွေ ထွက်ကျလာပြီ ။
ဆောရီး
ကိုယ် တံတွေးထွေးမိသွားပြီ
ပြန်မမျိုချပါနဲ့
ဆေးလိပ်တစ်ပွဲလောက်လုပ်ပါလာ
ဆက်သာထွေး
အငွေ့ တွေ က ခမ်းနားလွန်းတာ ခင်ဗျားသိမှာပါ
ကျွန်တော်မှာထားတဲ့ စတီးရိုးကင် မရောက်လာသေး
အဲဒီအငွေ့ထဲမှာ လက်ရာခြေရာတွေပျောက်မနေစေနဲ့လေ
ရေခဲရိုက်ထားရင်ကော
ရေကို ခဲနေအောင် ရိုက်ထားလေ
ရေခဲနဲ့ ချောင်းရိုက်ရင်
ရေခဲချောင်းတွေလာပြီခင်ဗျ ။
အငွေ့တွေကိုရော ခဲအောင်လုပ်ပစ်လိုက်ပါလား
ငွေ့ ရည်ဖွဲ့ မှုဆိုင်ရာ အခြေခံမှုကြမ်း ကို
ပီကာဆိုရဲ့ နားရွက်နဲ့ တွဲပြီးမှတ်ထားပေးဖို့ ပေါ့
ထောက်ခံမဲတွေ ထည့်ခိုင်းရဦးမှာလား
မှားယွင်းသော အမှတ်သညာများအတွက်
ထောက်ခံချက်လိုအပ်သည်
ဒါဆိုရင်တော့ ကဗျာဆရာတွေ အကျအဆုံးများတော့မယ်
အများညီရင် ကျွဲလို့ ဖတ်ကြစေ (စကားချပ်)
ကဲ ..ဒါဆိုရင်တော့လဲ သံပြိုင်ရွတ်ဆိုကြတာပေါ့
ရောင်စုံဘောလုံ ရောင်စုံဘောလုံ တစ်လုံငါးပြား တစ်လုံငါးပြား
ထွီ
အလွမ်း ကလည်း ခါးလိုက်တာ
၂၁ ရာစုရဲ့ တိုးတက်မှုက အလွမ်းတွေကို ဆိမ့်ဆိမ့်လေး ပြောင်းသုံးကြည့်သင့်တယ်
ကဒ် ။
နောက်ခံကို လက်ဘက်ရည်ဆိုင်ပြောင်းပေးပါ
မိုးပေါ်မှာ ကြယ်တပွင့်နစ်ပွင့်လောက်စိုက်ပေးပါ
lighting ကို ဖျော့ဖျော့သုံး
ဘေးက အသံတွေ ခနလောက်တိတ်ပေးပါ
မင်းသမီးက ဖြတ်လျှောက်လာမည်
အားလုံးအဆင်သင့်ဖြစ်ရင် ဇာတ်ညွန်းကို အသစ်ပြန်ရေးမယ်
သမရိုးကျဆန်စွာ လူရမ်းကားများရှိပါစေ
ယမ်းဖေါက်ခွဲမှုများ လိုအပ်ပါသလား
အိုးလေးကွဲသွားပြီသီချင်းကို မသုံးပါနှင့်
နောက်ခံသီချင်းကို နည်းနည်းလောက်တိုးပေးပါ
အနားကို တိုးပေးပါ
မင်းသမီး ဖြတ်လျှောက်လာမည်
သမရိုးကျဆန်စွာ
ပန်ကာလေ ကို နည်းနည်း ထပ်တင်ပေးပါ
လေနီကြမ်းတွေတိုက်တော့ အားလုံးပြန့်ကျဲ
သီချင်းသံကိုပြောင်းလိုက်ရင်ကောင်းမယ်
ရပြီ
ဒီသီချင်းပဲ သုံးမယ်
ဒီမင်းသမီး မသုံးဘူး ။
ဒီသီချင်းက မာနကြီးတယ် ။
ဒီ မင်းသမီးက ရိုးနေပြီ ။
မိတ်ကပ်ဆရာ မိတ်ကပ်ဆရာ ဘယ်ရောက်သွားသလဲ
ဒီမှာ စကားလုံးတွေ ပြန့် ကြဲနေပြီ
ဘာမှမဟုတ်ပါဘူး ။ ဆပ်ပြာသည်
လင်ပျောက်နေတာပါ ။
လင်ကောင်မပေါ်ပဲ/ဘဲ ကလေးမွေးခြင်းဆိုင်ရာများ ။
ထိုဇာတ်ကားကို ရိုက်ရန်အတွက် .. ဘာလိုအပ်ပါသလဲ .. ။
ပရိုဂျူဆာ ၊ ကြွပါ ။
forward မေးလ်နဲ့ ဖြန့် လိုက်ရမလား
ကိုယ့်ဘလော့ဂ်မှာ ၊ ကိုယ့်လှေကိုယ်စိုင်းတာပဲ
ကောင်းပါတယ် ကောင်းပါတယ် ။
ခင်ဗျား အသံ တွေ ဟိုမင်းသမီးလေးရဲ့ ရေချိုးခန်းထဲမှာ ကျန်ခဲ့ကြောင်း ။
ကဲ ဒါဖြင့် ကဗျာဆက်ရေးရအောင်
ကောင်းကင် ၏ အနားသတ်တွင် အနီရောင်များ ဆေးခြယ်ပေးပါ ။
ခုက တစ်ယောက်နဲ့တစ်ယောက် ပစ်နေ ခတ်နေကြတာ မဟုတ်ဘူးလေ ။
ခုက တစ်ယောက်နဲ့တစ်ယောက် နှစ်နေ သတ်နေကြတာ ။
ဆရာ ဆရာ ဆရာမှာထားတဲ့ ခွေးအူသံတွေ ရောက်လာပြီ ။
နှစ်ပက်လောက်ထည့်ပြီး တစ်ခါတည်း မော့ချလိုက်ပါ ။
မင်းသားကြွပါခင်ဗျား
လူကြမ်းများ အားလုံး ဘုရားခန်းအတွင်း တွင် ဖဲရိုက်နေကြရန် ။
ဟိုအဒေါ်ကြီးက နှလုံးရောဂါနဲ့ မေ့လဲရမှာလေ ။
ဘယ့်နှယ့် အတင်း ပြောနေတာတုန်း ။
ဖြည်းဖြည်း ဖြည်းဖြည်းပြော ၊ နားနားပြီးပြော မောမယ် ။
အာ
ဒီကဒ်မှာ ခင်ဗျားမပါဘူးလေ
ဘာ
မင်းသား ကိုလာကြည့်တာဟုတ်လား ။
မဟုတ်ပါဘူး ။ မလုပ်ပါဘူး ။ မင်းထင်သလို
မယုတ်မာဘူး ။
လူယုတ်မာ ၊ ရှင် .. ရှင် လူယုတ်မာ ။
သိပ်ကြောက်သွားသလား ရာမ
ဒီလို လက်ညိုးလေးတစ်ချက်ကွေးတက်ဖို့ ကို ဆယ်နှစ်ဆယ်နှစ်
ဒီမယ် လက္ခဏာ ။ မင်းက ငါ့ညီ ဆိုပေမယ့် ။
လက္ခဏာဆရာက ပြောတယ် မေရယ် ။
ကုမ်ရာသီ ရဲ့  12 တန့် မှာကျရောက်ပြီးတော့
ဒီကနေ့ မှာ မွေးဖွားတဲံ သူတွေဟာ
ရက်ပေါင်းကိုးဆယ်အတွင်း
city fm မှ အသံလွင့်နေပါတယ်ရှင်
ဒီလိုမွေးနေ့ ဆုတောင်းလေးတွေကို နေ့ ရက်တစ်ရက်စီတိုင်းအတွက် ဆရာ
စံဇာဏီဘိုက အသေးစိတ်တွက်ချက်ပေးပြီး
ဟာကွာ
လက်ဂွင်ကွ
မလှန်မိတာ နာတာပဲ
ဒီနေ့ ဘာကောင်းလဲ ။
ကလင်ဒါ အရဆို ကလင် ကလင်ကို မြည်နေရမှာ ။
ဘီးကလေးကို စီး ၊ အချစ်လေးကို တင်ပြီး ။
တင်ပြီးရင် တင်ပြီးရင်
ဘာဖြစ်လဲ လို့  ပြောပြပါဆို ကိုကိုကလည်း
တင်ပြီးရင် ပေါင်လာမယ် ။
ဘာပေါင်မလဲ ညီမလေး ။
အာာာာာာာာာာာ
ကိုကို လူးဆိုးကြီး
ပျစ်ချွှဲလွန်းသော အသံဖြင့်
ဘာပေါင်ရမလဲလို့ 
( မင်းသမီး အိုဗာအိုက် ဖြစ်နေတယ် )
ကဒ်
ဘေးက အသံတွေ ၀င်မပြောနဲ့ လေ
ဟိုကောင် မန်နေဂျာကောင်
မင်း မထိန်းဘူးလား ။
ကလေးတွေများတော့လည်း ထိန်းမနိုင်တော့ပါဘူး
ဆရာရယ် ။
အဲဒါ ကျွန်တော့်ကို မီးဖွားခွင့်လေးနဲ့ 
ပိုက်ဆံလေးနည်းနည်းလောက် ချေးပါဦးဆရာရယ် ။
ဘာ ......
မပြောနဲ့ .... မ ပြော နဲ့ .. .. .. ။
အဲ့ဒီလို မျှော်လင့်ချက် မဲ့စေမယ့် စကားတွေ
မပြောပါနဲ့ တစ်ပြည်သူ မရွှေထားရယ် ။
ဒီလို ပြန်မယ်ပြန်မယ်ဆိုတဲ့ စကားတွေ မပြောပါနဲ့ လား မမြ၀င်းရယ်
မမြ၀င်း ပြန်မယ်ပြောတိုင်း အကိုကြီးရင်ထဲမှာ
( မျက်ရည်လေး ပလောက်ဆို ကျလိုက်ပါဦး မင်းသား )
ဟားးးးးး ဟားးးးးး ဟားးးးးးးး
သိပ်ကို သဘောကျစရာကောင်းပေါ့ကွာ
ဟင်
မင်း လို မိန်းမရဲ့ ပါးစပ်က သစ္စာ တရားကိုပြောထွက်သေးတယ်
မေတ္တာစကားတွေ ပြောချင်လို
အချစ်ရွာနားမှာ
အမြစ်ပါ ထားခဲ့တယ် မောင် ။
ချစ်မှာလား ဟင် ။
ကောင်းတယ် အဲဒါ အကယ်ဒမီရှော့ပဲ
ကဲ ကဲ ကဲ အားလုံးပဲ နားလိုက်ကြတော့
ပင်ပန်းသွားကြပြီ ။
ဘယ်နှစ်နာရီ ထိုး ... ဘီယာဆိုင်ကို ဒိုး ..
(.. ) ပွဲ မပြီး .. မချင်း ..
( ကွိစိ ကွစိ .. ကွိစိ ကွစိ )
အိမ်ပြန်ချင်တယ် ဟူးးးးးးးးးးးးးးးး ။
သုဏော်စိုင်း ၊ မင်းလုလင် ၊ ဆူးခက်မင်း
မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ကြောင်း
မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ကြောင်း
ရာသီဥတုက တဖြည်းဖြည်းပူလာပြီ ။
ကျွန်တော်တို့က မိုက်လို့ ကောင်းတုန်း ။
အရင်သွားနှင့်မယ် ။
ဖိနပ်တော့ မတက်နင်းနဲ့ ။
လူငယ်တွေရဲ့  ယဉ်ကျေးမှုအရ
ကျွန်တော် ဆေးလိပ်သောက်တယ် ။
ကျွန်တော် အရက်မူးတယ် ။
ကျွန်တော် ကွမ်းမစားတော့ဘူး ။
( ဘယ်သူ့ ကြောင့်ပဲ ဖြစ်ဖြစ် )
ကျွန်တော် ကွမ်းမစားတော့ဘူး ။
သုည ၊ ရှစ် ၊ လေး ၊ ငါး ၊ သုံး ၊ သုံး ၊ လေး ၊ ငါး ။
ဟဲလို ၊ ဟဲလို ၊ အလင်းတစ်ပွင့်လောက် လင်းပေးပါ ။
ကျွန်တော့်အခန်းထဲ တော်တော်မှောင်နေတယ် ။
လမ်းတွေက မျက်စိရှေ့တင် ကွေ့ ကောက်နေကြ ။
အနမ်းတွေက မျက်စိရှေ့တင် မေ့မှောက်နေကြ ။
တစ်နေ့လောက် နေမှ ၊ အသံတစ်ချက် မကြားရရင် ။
ရုပ်သေး ပြောသလို
` သားတော့ သေမှာပါပဲ မေမေရယ် ´ .. ပေါ့ ။
သူမရဲ့  အကြည့်တစ်ချက်မှာ ၊ ကျွန်တော့် နား
နှစ်ဖက် ရှိတယ် ။ သူမ လက်ညှိုးတစ်ဖက်မှာ
ကျွန်တော့် အရှုံး ရှိတယ် ။
ရှုံးတယ် ၊ ထပ်ရှုံးတယ် ၊ ထပ်ရှုံးမယ် ။
တစ်ခါခါးတိုင်း နှစ်ခါ ပြန်မြိုချရတာ ။
ရင်တစ်ခုလုံး ပူနေရော ။
ရန်ကုန်နဲ့ ( ........... ) ဆိုတာ
ထင်သလောက်တော့ မဝေးပါဘူး ။
ကျွန်တော်က သူများလက်ထဲက အရုပ်
ကိုမှ ၊ လိုချင်တတ်သူလား ။
ပစ်ပစ်ဝါးလိုက်တဲ့ စကားလုံးတွေက
သူမ အကြည့်တစ်ချက်နဲ့တင်
ပြားပြားဝပ်သွားတာ ။
မကြားနိုင်တော့ပါဘူး ။ ကျွန်တော့် အသံက ကျွန်တော့်လည်ချောင်း
ထဲမှာပဲ ရှိနေပြီး ၊ သူမ မကြားနိုင်တော့ပါဘူး ။
အရိပ်တွေလည်း မျိုးတုန်းလုပြီ ။
ဒီခရီးစဉ်မှာ ၊ သူမ အရိပ်တောင် မပါစေရဘူး ။
သုဝဏ္ဏလမ်းဆုံ ၊ ဈေးလေး ၊ ( ..... ) ၊ ဗလီထိပ် တောက်လျှောက် ဆရာရေ့  ။
ဆူးခက်မင်း
Monday, April 26, 2010
သွေးနဲ့ဆေးတဲ့ နှစ်ဟောင်း
သွေးနဲ့ဆေးတဲ့ နှစ်ဟောင်း
ကားတစ်စီးနဲ့ ကားတစ်စီးတိုက်မိ
ရာမှာ ၊ လမ်းက အပြစ်ဖြစ်ရသတဲ့လား ။
လမ်းတွေဟောင်းနေပြီ ။
လမ်းတွေ ဟောင် နေ ပြီ ။
လမ်းတွေ ဟောင်လို့ ခွေးတွေ လိုက်ဟောင်ကြ ။
နွေရာသီပြက္ခဒိန်ထဲမှာ ပေါက်ကွဲသံ ပါတယ် ။
သွေးစက်တချို့  ပါတယ် ။
မနုဿအပိုင်းအစတချို့  ပါတယ် ။
ဇာတ်တူသားစားသူတွေ ပါတယ် ။
မျက်တောင်တစ်ဆုံး ကြည့်သူတွေ ပါတယ် ။
ရေစိုနေတဲ့လမ်းတွေပါတယ် ။
သွေးစိုနေတဲ့လမ်းတွေပါတယ် ။
ရေစိုနေတဲ့လူတွေပါတယ် ။
မျက်ရည်စိုနေတဲ့လူတွေပါတယ် ။
တွေ့ ပါတယ် ၊ တွေ့ ပါတယ် ။
လူမဆန်မှု တချို့  ။
လောက်ထွက်မှု တချို့  ။
ဖောက်ထွက်မှု တချို့  ။
အောက်သက်သက်နဲ့ ထွီခနဲ တစ်ချက် ။
ရွံရှာစွာ ထွေးမိ ။
ပြန်မမြိုတော့ပါဘူး ။ ထွေးပြီးမှတော့ ။
ပြန် မ မြို တော့ ပါ ဘူး ။
အစာခွံ့ တိုင်း အမြီးနန့်တဲ့ သတ္တ၀ါတွေအတွက်
ဒီ တံတွေး ၊ သီးသန့် ထွေးပစ်လိုက်တယ် ။
“ ထွီ ”
ထိုသတ္တ၀ါများကို ရွံကြောင်းပြောဖို့တောင်
ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ရွံတယ် ။
မြေဇာပင်တွေ သွေးစွန်းခဲ့ရတဲ့ ပုံပြင်တစ်ပုဒ် ။
ဧပရယ်လ် လေနဲ့အတူ ပြောပြရဦးမယ် ။
“ ဟိုး ................. ရှေးရှေးတုန်းက ... ”
( ဆူးခက်မင်း )
24.4.2010
Tuesday, April 20, 2010
“ဒုတိယအကြိမ် ကမ္ဘာပျက်၍ ၊ နောက်ဆုံးအကြိမ် ကမ္ဘာပျက်ခြင်း”
“ဒုတိယအကြိမ် ကမ္ဘာပျက်၍ ၊ နောက်ဆုံးအကြိမ် ကမ္ဘာပျက်ခြင်း”
ဒီနေ့က သောကြာနေ့ ဆိုတော့ ၊
သောကြာဂြိုဟ်ဆိုးတွေ ကပ်ငြိတယ် ။
သောကြာကြယ်ကို မြင်နေရပြီးမှ
သောကြာနေ့ ရောက်ဖို့ မျှော်နေရတာ ဆိုးတယ် ။
ဒီနေ့က Black Day ဆိုတော့ ၊
အနက်နာ “နာ” တာပေါ့ ။
မဆန်းပါဘူး ။ အနက်ရောင်အင်္ကျီဝတ်သွားပြီ
ဆိုတည်းက ၊ ကျိန်းသေကို နာတော့မှာပဲလေ ။
ကိုယ့်ကိုယ်ကိုယ် သိနေတယ် ။
မင်းကိုယ်မင်း သိနေတယ် ။
ငါက မျက်ရည်လွယ်တဲ့ကောင်တော့ မဟုတ်ဘူး ။
ခလုတ်တိုက်ပြန်ပြီ ။
ဆေးလိပ်တစ်လိပ်လောက် မီးညှိပေးကြပါ ။
လမ်းလျှောက်ရင်း ၊ လမ်းလျှောက်ရင် မောတယ် ။
ငါ မှားတယ် ။ ငါ မှားတယ် ။ ငါ မှားတယ် ။
ကြယ် တွေ ကြွေ လာ စမ်း ။
အိပ်မက်တွေက ပုပ်စော်နံနေတယ် ။
လေသာဆောင်မှာ လ မသာဘူး ။
ငါက နိမိတ်ဆိုးနဲ့ကောင် ဆိုတော့
ဒီလမ်းတွေက မချိုဘူးလေ ။
ဒီနေ့က ပြဿဒါး ဆိုတော့
ပြဿနာတွေက ဒုနဲ့ဒေးနဲ့ ၀င်တာပေါ့ ။
ပျက်ကပ်ဆိုက်ပြီ ။ ပျက်ကပ်ဆိုက်ပြီ ။ ပျက်ကပ်ဆိုက်ပြီ ။
ငါ့ကို ဆေးလိပ်တစ်လိပ်လို မီးညှိပေးကြပါ ။
ခဏလောက် နေရာလဲကြည့်မလား ။
ဘာ တတ် နိုင် မ လဲ ။
ဘာ မှ ကို မ တတ် နိုင် တော့ ပါ ဘူး ။
ပြီး သွား ပြီ ဆို မှ တော့ လည်း ၊
ပြီး သွား ပြီ ပဲ ပေါ့ ။
အသောက မှတ်တိုင်ကို ခရီးစဉ်မှာ ဖျက်ပစ်ပေးပါ ။
ခလုတ်တိုက်ပြန်ပြီ ။
ငါက နိမိတ်ဆိုးနဲ့ကောင် ဆိုတော့
လေသာဆောင်မှာ လ မသာဘူးလေ ။
ငါမှန်တယ် ။ ငါမှားတယ် ။ ငါမှားတယ် ။
ဒီနေ့က ပြဿဒါး ဆိုတော့
အနက်နာ “နာ” တယ် ။
ဒီနေ့က Black Day ဆိုတော့
ကျိန်းသေ “နာ” တယ် ။
ဒီနေ့က သောကြာနေ့ ဆိုတော့
ယရစ် နဲ့ ရေးချ ပြုတ်ပြီး
သောက ဝေတယ် ။
ဒီနေ့က ...
ဒီနေ့က .....
ဒီနေ့က ဒီနေ့ ဆိုတော့
ပျက် ကပ် ဆိုက် တယ် ............ ။ ။
ဆူးခက်မင်း
20.4.2010
Monday, April 19, 2010
“ ပုံပြင် အစ ၊ ပုံပြင်အဆုံး ”
“ ပုံပြင် အစ ၊ ပုံပြင်အဆုံး ”
အပိုင်းအစတွေကို ပြန်ကောက် ။
တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ။
အိပ်မက်တွေ ၊ အိပ်မက်တွေ ။
ကြယ်တွေ ၊ ကြယ်တွေ ။
မိုးစက်တွေ ၊ မိုးစက်တွေ ။
တိမ်တွေ ၊ တိမ်တွေ ။
ဘာတွေလဲ ၊ ဘာတွေလဲ ။
ဘာတွေ့ လဲ ၊ ဘာတွေ့ လဲ ။
ခရမ်းနုရောင် ၊ ဇာဘော်လီ ။
ခရမ်းနုရောင် ၊ ဆေးလိပ်ငွေ့  ။
ခရမ်းနုရောင် ၊ ရေသန့်ဘူး ။
ခရမ်းနုရောင် ၊ အဲကွန်းလေ သန့်သန့် ။
မြင်သမျှ ၊ ခရမ်းရောင် ၊ ခရမ်းနုရောင်တွေ ။
တိမ်တွေ ၊ တိမ်တွေ ။
မိုးစက်တွေ ၊ မိုးစက်တွေ ။
ကြယ်တွေ ၊ ကြယ်တွေ ။
အိပ်မက်တွေ ၊ အိပ်မက်တွေ ။
မြင်မြင်သမျှ ၊ ခရမ်းရောင်တွေ ။
ဒီနေ့ ၊ ဒီလို ဖြစ်ရမယ် ။
ဖြစ်ကိုဖြစ်ရမယ်လို့ ပညတ်ပြီးပြီ ဆိုတော့လည်း ။
ဒီလိုပဲ ဖြစ်ကြရတော့မှာပေါ့ ။
ကုတင်ဘေးက မျက်မှန်တစ်လက် ။
ဒါက သူမပေါ့ ။
အင်္ကျီဖြူပေါ်က သွေးစွန်းကွက် ။
ဒါက သူမပေါ့ ။
အိုက်စ်ဘယ်ရီက ကော်ဖီခွက် ။
ဒါက သူမပေါ့ ။
ပုသိမ်မြို့ က လူမသိ သူမသိ အနမ်းတစ်ပွင့် ။
ဒါက သူမပေါ့ ။
ဒါတွေ အားလုံးက သူမ ဖြစ်တယ် ။
ဒါ့အပြင် ၊ မန်းမြို့ ရိုးပေါ်မှာ ပွင့်တဲ့ပန်းကလည်း
သူမဖြစ်ကြောင်း ၊ သူမကို ပြောမပြမိခဲ့ ။
....... အ နမ်း ........... တိမ် ...............................
....... အိပ် မက် ......... ကြယ် .............................
............................ ပန်း ...... သွေး .... ကွက် ......
............................. မိုး ........ စက် .................
................................................................
...... ကော် ဖီ ..... မျက်မှန် ....... ခွက် ....................
အားလုံး တစ်စစီ ဆွဲစုတ် ။
တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ..... ။
ဆူးခက်မင်း
18.4.2010
Saturday, April 17, 2010
လူ ပီသသော လူ
လူ ပီသသော လူ
ငါသည်သာ ကြွက်တစ်ကောင်ဖြစ်၍
ငါသည်သာ တစ်ကောင်ကြွက်ဖြစ်ကြောင်း ။
ဖြစ်ကြောင်းကုန်စင် ရှင်းပြရရင်
အကုန် ဆင်တူယိုးမှားတွေချည်း ။
အမှားရိုးရိုးလေးက ရိုးရိုးသားသားလေး
မှားခဲ့ကြောင်း ။ ပုဒ်မနံပတ် တပ်မရတဲ့
ပြစ်မှု ၊ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ။
လွန်လွန်ကျူးကျူး ၊ ကျိုးကျိုးနွံနွံ ။
ခင်ဗျားရှေ့ ၊ ကျုပ် ထွန်ကျူးလိုက်တယ် ။
လမ်းလို့ သတ်မှတ်ထားတဲ့ လမ်းကို
လျှောက်ဖို့ ။ လူရှေ့သူရှေ့ အော်ကြီးဟစ်ကျယ်
စကားမပြောဖို့ ။ မိန်းမတစ်ယောက်ဟာ
မိန်းမကျင့် ၊ မိန်းမကြံနဲ့
မိန်းမလိုသာ နေဖို့ ။
Black Day အကြောင်း ပြန်မတွေးမိဖို့ ။
ဖို့ ၊ ဖို့ ၊ ဖို့ ၊ ဖို့ ၊ .................. ။
မြေဆွေးတွေ နည်းနည်းထပ်ဖို့ ။
ပေါင်ဒါတွေ နည်းနည်းထပ်ဖို့ ။
ခင်ဗျားအပြစ်တွေ ဖုံးဖို့ ၊ ဖိဖို့ ။
လူဆိုတာကတော့ ၊ လူပါပဲ ။
` ဠူ ´ ဟု စာလုံးပေါင်းလိုက်သဖြင့်
အမြင်ခန့်သွားသည်မှ တစ်ပါး
ကြီးကျယ်ခမ်းနားသော လူ ဖြစ်မသွားနိုင် ဟု
လမ်းဘေးအုတ်ခုံတွင် ၊ ကွမ်းဝါးရင်း
သေးငယ်သိမ်နုပ်စွာ တွေးမိ ။
ရှင်မဟာရဌသာရ မဟုတ်လို့ ၊ ခရီးသွားတောလား
မရေးနိုင်သလို ။ ကိုညီထွဋ် မဟုတ်လို့
ခရီးသွားမီးခိုးတန်းများ မဆိုနိုင်ဘူး ။
ခရီးသွားမယ် ။ ခရီးသွားမယ် ။
ရထားနဲ့ ၊ ကားနဲ့ ၊ သဘောင်္နဲ့ ၊ လေယာဉ်ပျံနဲ့ ။
အဖေနဲ့ ၊ ဘော်ဒါနဲ့ ၊ ကောင်မလေးနဲ့ ၊ ဟိုဟာနဲ့ ၊ ဒီဟာနဲ့ ။
ဟိုပစ္စည်းနဲ့ ၊ ဒီပစ္စည်းနဲ့ ၊ ဟိုအင်္ကျီနဲ့ ၊ ဒီအင်္ကျီနဲ့ ။
လက်မှတ်လေး တစ်ချက်လောက် ။
လက်ပတ်စော် နံတယ် ။
ဟိုဘက် နည်းနည်း တိုးပေးပါ ။
စကားသံ နည်းနည်း တိုးပေးပါ ။
အတိုးပေးပါလို့ ပြောထားတာ ကြာပြီ ။
အတို့ အထိတွေ ထပ်မလုပ်ပါနဲ့ ။
ခုထိ လမ်းမဆုံးသေးဘူး ။
ခုထိ ခရီးမဆုံးသေးဘူး ။
ဒီခရီးကို ဒီလမ်းက သွားရင် ဒီနေရာ ရောက်မယ် ။
သေချာတာပေါ့ ၊ သေချာတာပေါ့ ။
ရေဘူးနဲ့ ထီး မပါ ၊ နွေအခါမှ သိ ။
နွေနာရင် ဘယ်ဆေးလိမ်းရလဲ ။
မသေပါနဲ့ဦး ၊ ငွေဆိုတာ မသေခင်သုံးရတာ ။
လူလိုသူလို ၊ လူအထင်ကြီးခံရဖို့ ။
ငွေဆိုတာ မသေခင် ဖြုန်းရတာ ။
ဆူးခက်မင်း
15.4.2010
Friday, April 9, 2010
အနက်ရောင်စကားလုံးများရဲ့  အနက်ရောင်ည
အနက်ရောင်စကားလုံးများရဲ့  အနက်ရောင်ည
ကျွန်တော်၏ အသက်ရှူလမ်းကြောင်းစနစ်
ချို့  ယွင်း နေ ပါ သ ဖြင့် .. ၊
သူမ အသံကို မကြားနိုင်ခဲ့ပါ ။
သွေးလွှတ်ကြောတလျှောက် စီးဆင်းနေသော
သွေးလည်ပတ်မှုဆိုင်ရာ ဘာသာဗေဒ
မသိလိုက် ၊ မသိမိခင်မှာပဲ ။
ဆေးလိပ်သောက်ခြင်းနှင့် အသည်းကွဲခြင်းသည်
ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ။
လိပ်ပြာတစ်ကောင် ၏ အတ္ထုပတ္တိကို
ဖတ်ရှုရန် ကြိုးစားနေပါသဖြင့် ၊
မိမိ၏ အတ္ထုပတ္တိကို ကိုယ်တိုင် မပြုစုနိုင်ခြင်း ။
ထိုမှန်ချပ်ရှေ့တွင် ရပ်ပြီး
“ အိုးပန်း ဆက်ဆမီ ” ဟု ၊ သုံးကြိမ် အော်
လိုက်ရုံမျှဖြင့် ၊ ဘယ်ညာလွဲခြင်း
ပျောက်မသွားနိုင်ကြောင်း
ထိုမှန်ရှေ့တွင် ရပ်လိုက်ချိန်မှစ၍
သိလိုက်ရ ။
“ တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ......... ”
အမှောင်ထုထဲမှာ နေရတာ ၊ ပို မှောင် တယ် ။
အဲသည့်ညက သူ့ထုံးစံအတိုင်း မှောင်တယ် ။
ညကို ညလို မြင်ရဖို့ ၊ သူငယ်အိမ်ကို
ဖောက် ပစ် လိုက် တယ် ။
တ ရွေ့  ရွေ့  ၊ တ ရွေ့  ရွေ့ 
စမ်း တ ၀ါး ၀ါး ။
မမြင်တော့မှ အမှောင်ဆိုတာကို
နှစ်ခြိုက်မိကြောင်း ၊ လက်လွတ်စပယ် လက်ခံလိုက်ရ ။
ဓားတစ်ချောင်းရဲ့  အဆုံးစွန်ထိ ထက်နိုင်စွမ်းက
ငါ့ လည်မြိုကို လာ ထောက် ။
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ရာသီဥတုက
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ မိန်းမပျက်တစ်ယောက်လို
ဆံပင် ဖရိုဖရဲ ၊ ရွံစရာ နှုတ်ခမ်းတွေနဲ့
ပြု စား တယ် ။
မလာနဲ့ ၊ မလာနဲ့ ။
ဒီအတိုင်းလေး မှောင်နေရတာ ပိုကောင်းပါတယ် ။
ဒီ အ တိုင်း လေး ပဲ
မှောင် နေ ရ တာ ပို ကောင်း ပါ တယ် ။
10.4.2010
Sunday, March 21, 2010
ကျွန်တော် နှင့် တစ်နေ့တာ
ဒီတစ်နေ့တာအတွက် ၊ ငါ့ကိုယ်ငါ
ပြန်စားသုံးတယ် ။
သားညှီစော် နံနေတဲ့ ၊ ငါ့ အတ္တတွေ ။
ဘယ်မှာ နားခိုမလဲ ။
ဘယ်မှာ ခိုနားမလဲ ။
ခိုတွေ သွားရာ လမ်းကြောင်းနောက် ၊
ကောက်ကောက်ပါအောင် လိုက်မိတော့ ။
ကြူကြူပါအောင် ငိုလိုက်ရတာတွေ ။
အို အေ့ အေ့ အို ။
တိတ်ပါတော့ ကလေးရယ် ဆိုတဲ့ သားချော့တေး ။
နေညိုတိုင်း ကြားနေရတဲ့ ၊ တ အေ့ အေ့
လေပြိုသံ ။
" အို " ဆိုတဲ့ ၊ ရှက်စနိုး အာမေဋိတ်သံ ။
အရက် နဲ့ မိန်းမ ဆိုတာ မရှိရင် ၊ ကဗျာဆရာဆိုတာရော
ရှိလာနိုင်မလား ။
အဲ့လို အပေါစားဆန်တဲ့ ပြက်လုံးတစ်ခုကို
ကြားလိုက်ရတော့မှပဲ ၊ ငါ့ကိုယ်ငါ ပြန်ရုန်းထွက်လာမိ ။
ကဏ္ဍကောစ ခုတင်ပေါ်ကနေ ဆင်းလိုက်တော့မှ
အယုတ္တ အနတ္တ အသံဗလံ တချို့ ငါ့ကို ဖြတ်နင်းကြ ။
မနက်စောစော ထရမယ် ။
မနက်စောစော အစာရှာသွားတဲ့ ငှက်တွေနဲ့အတူ
မနက်စောစော မျက်နှာသစ်ရမယ် ။
မနက်စောစော ကဗျာရေးရမယ် ။
မနက်စောစော ဦးနှောက် ဖုန်ခါရမယ် ။
မနက်စောစော ခေါင်းအုံးတွေ ထုတ်လှန်းရမယ် ။
မနက်စောစော သားလှီးဓားတွေ သွေးရမယ် ။
မနက်စောစော သွေးလှီးဓားတွေ "သ" ရမယ် ။
မနက်စောစော ခေါင်းအုံးတွေ ဖုန်ခါရမယ် ။
မနက်စောစော ဦးနှောက် ထုတ်လှန်းရမယ် ။
မနက်စောစော ကဗျာသစ်ရင်း မျက်နှာရေးရမယ် ။
မနက်စောစော အစာထရှာရင်း ဟိုဟိုသည်သည် ပျံသန်းရမယ် ။
ဒီနေ့ မနက်စောစော ၊ ငါ့ကိုယ်ငါ ပြန်နားခိုဖို့
သားညှီစော် နံနေတဲ့ ငါ့အတ္တတွေ ၊ ပြန်စားသုံးရမယ် ။
ဆူးခက်မင်း
24.2.2010
1 : 22 PM
Sunday, March 7, 2010
ကမ္ဘာပျက်၍ / ပြတ်ရွေ့ ကြောင်းများဖြင့် / ကမ္ဘာပျက်ခြင်း
ဒီနေ့ ကမ္ဘာပျက်တယ် ..
တောမီးလောင်သလိုမျိုး .. စကားလုံးတွေ
အပြိုင်းအရိုင်း .. ကိုယ့် ဆီ တိုးဝင်လာကြ .. ။
သူမ ပုတ်ချခဲ့တဲ့ နှင်းဆီဝါ၀ါလေးမှာ ..
ကိုယ့် ၀င်သက်ထွက်သက်တွေ ..
၉၉ ရာနှုန်း .. ပါသွားတယ် ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
သေချာအောင် .. ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်ကြည့်မိတယ် ။
ကြိုးမိန့်ပေးသံတွေ ကြားတယ် .. ။
လေတိုးသံတွေ ကြားတယ် .. ။
ခေါင်းငိုက်စိုက်ကျသွားတဲ့ ညနေခင်းလေး ..
ကိုယ့် အိတ်ကပ်ထဲမှာ ခပ်နွမ်းနွမ်း ပြုံး လို့ .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
နွေနေ့လည်ခင်းက ပူစပ်ပူလောင် ထောက်ခံတယ် ... ။
ဒီနေ့ ကမ္ဘာပျက်ပါမယ် ရှင် .. လို့ ..
ရေဒီယိုက ကြေငြာခဲ့သလား .. ?
နားထောင်လိုက်ရသူများ .. ဆိတ်ငြိမ်ပေးပါ .. ။
စိတ်ငြိမ်ဆေး သောက်ဖို့ လိုနေပြီ ထင်တယ် .. ။
ကမ္ဘာပျက်ပြီးတဲ့နောက် ..
လမ်းပန်းဆက်သွယ်ရေး အရင်လို ကောင်းပါ့မလား .. ။
ကဗျာတွေ အရင်လို ရေးနိုင်ပါဦးမလား .. ။
စီးကရက် မီးခိုးငွေ့ တွေထဲ အရင်လို ရှာနိုင်ပါဦးမလား .. ။
မျက်ရည်စိုနေတဲ့ မိုးတွေ ရယ် .. ၊
မိုးရေစိုနေတဲ့ မြက်တွေရယ် .. ၊ အရင်လို ရှိပါဦးမလား ... ။
စမ်းချောင်းထဲ အရင်လို လမ်းလျှောက်နိုင်ပါဦးမလား .. ။
လား ၊ လား ၊ လား ၊ လား ။
`လား´ ပေါင်းများစွာနဲ့ ငိုင်နေစဉ်မှာပဲ ..
ကိုယ့် နှင်းဆီဝါလေး `ဖတ်´ ခနဲ ..
ပုတ်ချခံလိုက်ရတယ် .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း နိမိတ်ပုံတွေ ပေါ်ထွန်းခဲ့သလား ။
ကမ္ဘာပျက်နေချိန် ...
တစုံတယောက် .. ခေါင်းစွပ်အင်္ကျီအနက်ရောင်လေးဝတ်ပြီး
အိပ်ပျော်နေမလား ... ။
တစုံတယောက် .. စာမေးပွဲနီးလို့ စာတွေပဲ ဖိကျက်နေမလား ။
ကမ္ဘာပျက်တဲ့အကြောင်း သတင်းပေးဖို့
သူမ ဖုန်းနံပတ် ကိုယ့်ဆီမှာ မရှိဘူး ။
ကိုယ့် ဘီရိုအံဆွဲထဲက ဂျယ်လီလေး ..
ကမ္ဘာပျက်တဲ့ထဲ ပါသွားမလား .. ။
သူမ မိုးပေးခဲ့တဲ့ ကိုယ့်အိမ်လေးမှာ
ခရမ်းရောင် သက်တန့်တွေ ပွင့်နေမှာပါ .. ။
ကြယ်မြင် လမြင် .. ပျက်နေတဲ့ ကမ္ဘာမှာ
ကိုယ့် အခန်းစုတ်ထဲက တစ်ခြမ်းပြတ် ကြယ်လေးတွေ
သတိရတိုင်း ထထ လင်းနေတုန်းပဲ ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း သေချာအောင် ..
ကိုယ့်ကမ္ဘာကို ကိုယ်တိုင် ပြန်ဖျက်ကြည့်မိတယ် .. ။
Sunday, February 7, 2010
မိချမ်းမွန် ဖတ်ဖို့ (၂) ( သို့ ) သေတမ်းစာ အမှတ် ( ၂၀၁၀ )
မျက်ရည်တွေလည်း မခြောက်သေးဘူး ။
မျက်နှာထက်တွင် စီးဆင်းသွားသော မြစ်တစ်စင်း ။
မြတ်မြတ်နိုးနိုးနဲ့ ၊ မသုတ်ပဲ ထားလိုက်တယ် မိချမ်းမွန် ။
ရာသီဥတုက တစ်လှည့်စီ ။
နွေရယ် ၊ ဆောင်းရယ် ။
ပြီးတော့ ၊ ဆောင်းရယ် ၊ နွေရယ် ။
မိုးဆိုတဲ့ ရာသီ ၊ ခရီးသွားဟန်လွှဲတောင် မပါစေနဲ့ ။
မိုးတွေ ရွာတိုင်း ၊ မျက်ဝန်း "စို" တယ် ။
မငိုပါနဲ့လား .... တဲ့ ။
မငိုချင်ပါဘူး မိချမ်းမွန်ရယ် ။
ငါ မငိုချင်ပါဘူးကွယ် ။
ဟော ... ။
မငိုဘူး ပြောနေရင်း ၊ စို့တက်လာတဲ့
မျက်ရည်စတွေ ။
ငါ့ကိုယ်ငါ မုန်းတယ် ။
ငါ့ မျက်ရည်တွေကိုလည်း ငါ မုန်းတယ် ။
ကျေးဇူးပြုပြီး ၊ ငါ့ကို သေမိန့်ချပါ ။
ကျေးဇူးပြုပြီး ၊ ငါ့ လည်ပင်းကို ကြိုးကွင်းစွပ်ပါ ။
နင့်လက်ကလေး တစ်ချက် အ၀င့်မှာပဲ ။
မောင်းခလုတ်တံကို သွေးအေးအေး နဲ့ ဖြုတ်ချလိုက်ပါ မိချမ်းမွန် ။
ငါ့ ဈာပနမှာ
stitch အရုပ်နဲ့အတူ မြေချပါ ။
baby pooh လေး ငိုကြွေးနေပါစေ မိချမ်းမွန် ။
တစ်ဖက်ကမ်းကို နင်ကိုယ်တိုင် ခေါက်ပေးခဲ့တဲ့
စက္ကူလှေနဲ့ ငါကူးပါရစေ ။
ငါ့ပါးစပ်ထဲ တစ်မတ်စေ့ မထည့်ပါနဲ့ ။
ကူးတို့ခ အဖြစ် ၊ ဂျယ်လီလေး ယူသွားမယ် မိချမ်းမွန် ။
ကြေးစည်သံ / ရေအိုး ၊ ကြား / ကွဲ ... အပြီး ။
အ .... ရာ ... အား .. လုံး ....
ချု ပ် ....ြ ငိ မ်း ... ... ... သွား .... ... ..
........................................................................................ ။ ။