Pages

Subscribe:

Monday, April 26, 2010

သွေးနဲ့ဆေးတဲ့ နှစ်ဟောင်း

သွေးနဲ့ဆေးတဲ့ နှစ်ဟောင်း





ကားတစ်စီးနဲ့ ကားတစ်စီးတိုက်မိ

ရာမှာ ၊ လမ်းက အပြစ်ဖြစ်ရသတဲ့လား ။

လမ်းတွေဟောင်းနေပြီ ။

လမ်းတွေ ဟောင် နေ ပြီ ။

လမ်းတွေ ဟောင်လို့ ခွေးတွေ လိုက်ဟောင်ကြ ။

နွေရာသီပြက္ခဒိန်ထဲမှာ ပေါက်ကွဲသံ ပါတယ် ။

သွေးစက်တချို့  ပါတယ် ။

မနုဿအပိုင်းအစတချို့  ပါတယ် ။

ဇာတ်တူသားစားသူတွေ ပါတယ် ။

မျက်တောင်တစ်ဆုံး ကြည့်သူတွေ ပါတယ် ။

ရေစိုနေတဲ့လမ်းတွေပါတယ် ။

သွေးစိုနေတဲ့လမ်းတွေပါတယ် ။

ရေစိုနေတဲ့လူတွေပါတယ် ။

မျက်ရည်စိုနေတဲ့လူတွေပါတယ် ။

တွေ့ ပါတယ် ၊ တွေ့ ပါတယ် ။

လူမဆန်မှု တချို့  ။

လောက်ထွက်မှု တချို့  ။

ဖောက်ထွက်မှု တချို့  ။

အောက်သက်သက်နဲ့ ထွီခနဲ တစ်ချက် ။

ရွံရှာစွာ ထွေးမိ ။

ပြန်မမြိုတော့ပါဘူး ။ ထွေးပြီးမှတော့ ။

ပြန် မ မြို တော့ ပါ ဘူး ။

အစာခွံ့ တိုင်း အမြီးနန့်တဲ့ သတ္တ၀ါတွေအတွက်

ဒီ တံတွေး ၊ သီးသန့် ထွေးပစ်လိုက်တယ် ။

“ ထွီ ”

ထိုသတ္တ၀ါများကို ရွံကြောင်းပြောဖို့တောင်

ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ရွံတယ် ။

မြေဇာပင်တွေ သွေးစွန်းခဲ့ရတဲ့ ပုံပြင်တစ်ပုဒ် ။

ဧပရယ်လ် လေနဲ့အတူ ပြောပြရဦးမယ် ။

“ ဟိုး ................. ရှေးရှေးတုန်းက ... ”




( ဆူးခက်မင်း )
24.4.2010

0 မှတ်ချက်များ:

Post a Comment