skip to main
|
skip to sidebar
Pages
Home
Subscribe:
ရင်ဘတ်တစ်ခုရဲ့ ဒိုင်ယာရီ
Labels
ဝတ္ထု
(15)
ကဗျာ
(83)
စာအုပ်စင်
(7)
တွဲရေးကဗျာ
(20)
မြန်မာ သီချင်းများ
(9)
ဟာသလေးများ
(2)
အက်ဆေး
(3)
နိုင်ငံတကာ သီချင်းများ
(3)
Friday, June 11, 2010
မင်းအတွက် ရေးတဲ့ မွေးနေ့ဆုတောင်း
လေနီကြမ်းကြားက ၀ိုင်တစ်ခွက်
မှောက်ဖို့ နီးလာပြီ ။
ဏီအဲY ဆိုတဲ့ မင်း
သေဖို့ (တစ်နှစ်) နီးလာပြီ ။
ခုရေးတာ မင်းအတွက် မွေးနေ့ ဆုတောင်း ။ ။
ဆူးခက်မင်း
Wednesday, May 26, 2010
အကယ်ဒမီ ရှော့/လျှော့
အကယ်ဒမီ ရှော့/လျှော့
ထွက်ကျလာတဲ့ ထုတ်ကုန်တွေကို မကြိုက်ဘူး ။
ဖြစ်တတ်ပါတယ်
ထုတ်ထားပြီးသားကလဲ ပြန်ထည့်လို့မရတော့
သောက်ရသမျှလည်း အနံ့ ပဲထွက်ပြီး မမူးနိုင်ဘူး
မှာထားတဲ့ အမြည်းက ရောက်မလာသေး
ဒါနဲ့ ပဲငါ တစ်ခွက်ထပ်မှာ
ဒါဆိုတော့လဲ ရှိတာလေးနဲ့ပဲ မြည်းလိုက်တော့
လက်မစုပ်နေရတဲ့ ဘ၀ က ခါးသက်စွာချိုရပေါ့
ထွက်ကျလာပြီ ။
စာကြောင်းတွေ ထွက်ကျလာပြီ ။
ဆောရီး
ကိုယ် တံတွေးထွေးမိသွားပြီ
ပြန်မမျိုချပါနဲ့
ဆေးလိပ်တစ်ပွဲလောက်လုပ်ပါလာ
း
ဆက်သာထွေး
အငွေ့ တွေ က ခမ်းနားလွန်းတာ ခင်ဗျားသိမှာပါ
ကျွန်တော်မှာထားတဲ့ စတီးရိုးကင် မရောက်လာသေး
အဲဒီအငွေ့ထဲမှာ လက်ရာခြေရာတွေပျောက်မနေစေနဲ
့လေ
ရေခဲရိုက်ထားရင်ကော
ရေကို ခဲနေအောင် ရိုက်ထားလေ
ရေခဲနဲ့ ချောင်းရိုက်ရင်
ရေခဲချောင်းတွေလာပြီခင်ဗျ ။
အငွေ့တွေကိုရော ခဲအောင်လုပ်ပစ်လိုက်ပါလား
ငွေ့ ရည်ဖွဲ့ မှုဆိုင်ရာ အခြေခံမှုကြမ်း ကို
ပီကာဆိုရဲ့ နားရွက်နဲ့ တွဲပြီးမှတ်ထားပေးဖို့ ပေါ့
ထောက်ခံမဲတွေ ထည့်ခိုင်းရဦးမှာလား
မှားယွင်းသော အမှတ်သညာများအတွက်
ထောက်ခံချက်လိုအပ်သည်
ဒါဆိုရင်တော့ ကဗျာဆရာတွေ အကျအဆုံးများတော့မယ်
အများညီရင် ကျွဲလို့ ဖတ်ကြစေ (စကားချပ်)
ကဲ ..ဒါဆိုရင်တော့လဲ သံပြိုင်ရွတ်ဆိုကြတာပေါ့
ရောင်စုံဘောလုံ ရောင်စုံဘောလုံ တစ်လုံငါးပြား တစ်လုံငါးပြား
ထွီ
အလွမ်း ကလည်း ခါးလိုက်တာ
၂၁ ရာစုရဲ့ တိုးတက်မှုက အလွမ်းတွေကို ဆိမ့်ဆိမ့်လေး ပြောင်းသုံးကြည့်သင့်တယ်
ကဒ် ။
နောက်ခံကို လက်ဘက်ရည်ဆိုင်ပြောင်းပေးပါ
မိုးပေါ်မှာ ကြယ်တပွင့်နစ်ပွင့်လောက်စို
က်ပေးပါ
lighting ကို ဖျော့ဖျော့သုံး
ဘေးက အသံတွေ ခနလောက်တိတ်ပေးပါ
မင်းသမီးက ဖြတ်လျှောက်လာမည်
အားလုံးအဆင်သင့်ဖြစ်ရင် ဇာတ်ညွန်းကို အသစ်ပြန်ရေးမယ်
သမရိုးကျဆန်စွာ လူရမ်းကားများရှိပါစေ
ယမ်းဖေါက်ခွဲမှုများ လိုအပ်ပါသလား
အိုးလေးကွဲသွားပြီသီချင်းကု
ိ မသုံးပါနှင့်
နောက်ခံသီချင်းကို နည်းနည်းလောက်တိုးပေးပါ
အနားကို တိုးပေးပါ
မင်းသမီး ဖြတ်လျှောက်လာမည်
သမရိုးကျဆန်စွာ
ပန်ကာလေ ကို နည်းနည်း ထပ်တင်ပေးပါ
လေနီကြမ်းတွေတိုက်တော့ အားလုံးပြန့်ကျဲ
သီချင်းသံကိုပြောင်းလိုက်ရင
်ကောင်းမယ်
ရပြီ
ဒီသီချင်းပဲ သုံးမယ်
ဒီမင်းသမီး မသုံးဘူး ။
ဒီသီချင်းက မာနကြီးတယ် ။
ဒီ မင်းသမီးက ရိုးနေပြီ ။
မိတ်ကပ်ဆရာ မိတ်ကပ်ဆရာ ဘယ်ရောက်သွားသလဲ
ဒီမှာ စကားလုံးတွေ ပြန့် ကြဲနေပြီ
ဘာမှမဟုတ်ပါဘူး ။ ဆပ်ပြာသည်
လင်ပျောက်နေတာပါ ။
လင်ကောင်မပေါ်ပဲ/ဘဲ ကလေးမွေးခြင်းဆိုင်ရာများ ။
ထိုဇာတ်ကားကို ရိုက်ရန်အတွက် .. ဘာလိုအပ်ပါသလဲ .. ။
ပရိုဂျူဆာ ၊ ကြွပါ ။
forward မေးလ်နဲ့ ဖြန့် လိုက်ရမလား
ကိုယ့်ဘလော့ဂ်မှာ ၊ ကိုယ့်လှေကိုယ်စိုင်းတာပဲ
ကောင်းပါတယ် ကောင်းပါတယ် ။
ခင်ဗျား အသံ တွေ ဟိုမင်းသမီးလေးရဲ့ ရေချိုးခန်းထဲမှာ ကျန်ခဲ့ကြောင်း ။
ကဲ ဒါဖြင့် ကဗျာဆက်ရေးရအောင်
ကောင်းကင် ၏ အနားသတ်တွင် အနီရောင်များ ဆေးခြယ်ပေးပါ ။
ခုက တစ်ယောက်နဲ့တစ်ယောက် ပစ်နေ ခတ်နေကြတာ မဟုတ်ဘူးလေ ။
ခုက တစ်ယောက်နဲ့တစ်ယောက် နှစ်နေ သတ်နေကြတာ ။
ဆရာ ဆရာ ဆရာမှာထားတဲ့ ခွေးအူသံတွေ ရောက်လာပြီ ။
နှစ်ပက်လောက်ထည့်ပြီး တစ်ခါတည်း မော့ချလိုက်ပါ ။
မင်းသားကြွပါခင်ဗျား
လူကြမ်းများ အားလုံး ဘုရားခန်းအတွင်း တွင် ဖဲရိုက်နေကြရန် ။
ဟိုအဒေါ်ကြီးက နှလုံးရောဂါနဲ့ မေ့လဲရမှာလေ ။
ဘယ့်နှယ့် အတင်း ပြောနေတာတုန်း ။
ဖြည်းဖြည်း ဖြည်းဖြည်းပြော ၊ နားနားပြီးပြော မောမယ် ။
အာ
ဒီကဒ်မှာ ခင်ဗျားမပါဘူးလေ
ဘာ
မင်းသား ကိုလာကြည့်တာဟုတ်လား ။
မဟုတ်ပါဘူး ။ မလုပ်ပါဘူး ။ မင်းထင်သလို
မယုတ်မာဘူး ။
လူယုတ်မာ ၊ ရှင် .. ရှင် လူယုတ်မာ ။
သိပ်ကြောက်သွားသလား ရာမ
ဒီလို လက်ညိုးလေးတစ်ချက်ကွေးတက်ဖု
ိ့ ကို ဆယ်နှစ်ဆယ်နှစ်
ဒီမယ် လက္ခဏာ ။ မင်းက ငါ့ညီ ဆိုပေမယ့် ။
လက္ခဏာဆရာက ပြောတယ် မေရယ် ။
ကုမ်ရာသီ ရဲ့  12 တန့် မှာကျရောက်ပြီးတော့
ဒီကနေ့ မှာ မွေးဖွားတဲံ သူတွေဟာ
ရက်ပေါင်းကိုးဆယ်အတွင်း
city fm မှ အသံလွင့်နေပါတယ်ရှင်
ဒီလိုမွေးနေ့ ဆုတောင်းလေးတွေကို နေ့ ရက်တစ်ရက်စီတိုင်းအတွက် ဆရာ
စံဇာဏီဘိုက အသေးစိတ်တွက်ချက်ပေးပြီး
ဟာကွာ
လက်ဂွင်ကွ
မလှန်မိတာ နာတာပဲ
ဒီနေ့ ဘာကောင်းလဲ ။
ကလင်ဒါ အရဆို ကလင် ကလင်ကို မြည်နေရမှာ ။
ဘီးကလေးကို စီး ၊ အချစ်လေးကို တင်ပြီး ။
တင်ပြီးရင် တင်ပြီးရင်
ဘာဖြစ်လဲ လို့  ပြောပြပါဆို ကိုကိုကလည်း
တင်ပြီးရင် ပေါင်လာမယ် ။
ဘာပေါင်မလဲ ညီမလေး ။
အာာာာာာာာာာာ
ကိုကို လူးဆိုးကြီး
ပျစ်ချွှဲလွန်းသော အသံဖြင့်
ဘာပေါင်ရမလဲလို့ 
( မင်းသမီး အိုဗာအိုက် ဖြစ်နေတယ် )
ကဒ်
ဘေးက အသံတွေ ၀င်မပြောနဲ့ လေ
ဟိုကောင် မန်နေဂျာကောင်
မင်း မထိန်းဘူးလား ။
ကလေးတွေများတော့လည်း ထိန်းမနိုင်တော့ပါဘူး
ဆရာရယ် ။
အဲဒါ ကျွန်တော့်ကို မီးဖွားခွင့်လေးနဲ့ 
ပိုက်ဆံလေးနည်းနည်းလောက် ချေးပါဦးဆရာရယ် ။
ဘာ ......
မပြောနဲ့ .... မ ပြော နဲ့ .. .. .. ။
အဲ့ဒီလို မျှော်လင့်ချက် မဲ့စေမယ့် စကားတွေ
မပြောပါနဲ့ တစ်ပြည်သူ မရွှေထားရယ် ။
ဒီလို ပြန်မယ်ပြန်မယ်ဆိုတဲ့ စကားတွေ မပြောပါနဲ့ လား မမြ၀င်းရယ်
မမြ၀င်း ပြန်မယ်ပြောတိုင်း အကိုကြီးရင်ထဲမှာ
( မျက်ရည်လေး ပလောက်ဆို ကျလိုက်ပါဦး မင်းသား )
ဟားးးးးး ဟားးးးးး ဟားးးးးးးး
သိပ်ကို သဘောကျစရာကောင်းပေါ့ကွာ
ဟင်
မင်း လို မိန်းမရဲ့ ပါးစပ်က သစ္စာ တရားကိုပြောထွက်သေးတယ်
မေတ္တာစကားတွေ ပြောချင်လို
အချစ်ရွာနားမှာ
အမြစ်ပါ ထားခဲ့တယ် မောင် ။
ချစ်မှာလား ဟင် ။
ကောင်းတယ် အဲဒါ အကယ်ဒမီရှော့ပဲ
ကဲ ကဲ ကဲ အားလုံးပဲ နားလိုက်ကြတော့
ပင်ပန်းသွားကြပြီ ။
ဘယ်နှစ်နာရီ ထိုး ... ဘီယာဆိုင်ကို ဒိုး ..
(.. ) ပွဲ မပြီး .. မချင်း ..
( ကွိစိ ကွစိ .. ကွိစိ ကွစိ )
အိမ်ပြန်ချင်တယ် ဟူးးးးးးးးးးးးးးးး ။
သုဏော်စိုင်း ၊ မင်းလုလင် ၊ ဆူးခက်မင်း
မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ကြောင်း
မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ကြောင်း
ရာသီဥတုက တဖြည်းဖြည်းပူလာပြီ ။
ကျွန်တော်တို့က မိုက်လို့ ကောင်းတုန်း ။
အရင်သွားနှင့်မယ် ။
ဖိနပ်တော့ မတက်နင်းနဲ့ ။
လူငယ်တွေရဲ့  ယဉ်ကျေးမှုအရ
ကျွန်တော် ဆေးလိပ်သောက်တယ် ။
ကျွန်တော် အရက်မူးတယ် ။
ကျွန်တော် ကွမ်းမစားတော့ဘူး ။
( ဘယ်သူ့ ကြောင့်ပဲ ဖြစ်ဖြစ် )
ကျွန်တော် ကွမ်းမစားတော့ဘူး ။
သုည ၊ ရှစ် ၊ လေး ၊ ငါး ၊ သုံး ၊ သုံး ၊ လေး ၊ ငါး ။
ဟဲလို ၊ ဟဲလို ၊ အလင်းတစ်ပွင့်လောက် လင်းပေးပါ ။
ကျွန်တော့်အခန်းထဲ တော်တော်မှောင်နေတယ် ။
လမ်းတွေက မျက်စိရှေ့တင် ကွေ့ ကောက်နေကြ ။
အနမ်းတွေက မျက်စိရှေ့တင် မေ့မှောက်နေကြ ။
တစ်နေ့လောက် နေမှ ၊ အသံတစ်ချက် မကြားရရင် ။
ရုပ်သေး ပြောသလို
` သားတော့ သေမှာပါပဲ မေမေရယ် ´ .. ပေါ့ ။
သူမရဲ့  အကြည့်တစ်ချက်မှာ ၊ ကျွန်တော့် နား
နှစ်ဖက် ရှိတယ် ။ သူမ လက်ညှိုးတစ်ဖက်မှာ
ကျွန်တော့် အရှုံး ရှိတယ် ။
ရှုံးတယ် ၊ ထပ်ရှုံးတယ် ၊ ထပ်ရှုံးမယ် ။
တစ်ခါခါးတိုင်း နှစ်ခါ ပြန်မြိုချရတာ ။
ရင်တစ်ခုလုံး ပူနေရော ။
ရန်ကုန်နဲ့ ( ........... ) ဆိုတာ
ထင်သလောက်တော့ မဝေးပါဘူး ။
ကျွန်တော်က သူများလက်ထဲက အရုပ်
ကိုမှ ၊ လိုချင်တတ်သူလား ။
ပစ်ပစ်ဝါးလိုက်တဲ့ စကားလုံးတွေက
သူမ အကြည့်တစ်ချက်နဲ့တင်
ပြားပြားဝပ်သွားတာ ။
မကြားနိုင်တော့ပါဘူး ။ ကျွန်တော့် အသံက ကျွန်တော့်လည်ချောင်း
ထဲမှာပဲ ရှိနေပြီး ၊ သူမ မကြားနိုင်တော့ပါဘူး ။
အရိပ်တွေလည်း မျိုးတုန်းလုပြီ ။
ဒီခရီးစဉ်မှာ ၊ သူမ အရိပ်တောင် မပါစေရဘူး ။
သုဝဏ္ဏလမ်းဆုံ ၊ ဈေးလေး ၊ ( ..... ) ၊ ဗလီထိပ် တောက်လျှောက် ဆရာရေ့  ။
ဆူးခက်မင်း
Monday, April 26, 2010
သွေးနဲ့ဆေးတဲ့ နှစ်ဟောင်း
သွေးနဲ့ဆေးတဲ့ နှစ်ဟောင်း
ကားတစ်စီးနဲ့ ကားတစ်စီးတိုက်မိ
ရာမှာ ၊ လမ်းက အပြစ်ဖြစ်ရသတဲ့လား ။
လမ်းတွေဟောင်းနေပြီ ။
လမ်းတွေ ဟောင် နေ ပြီ ။
လမ်းတွေ ဟောင်လို့ ခွေးတွေ လိုက်ဟောင်ကြ ။
နွေရာသီပြက္ခဒိန်ထဲမှာ ပေါက်ကွဲသံ ပါတယ် ။
သွေးစက်တချို့  ပါတယ် ။
မနုဿအပိုင်းအစတချို့  ပါတယ် ။
ဇာတ်တူသားစားသူတွေ ပါတယ် ။
မျက်တောင်တစ်ဆုံး ကြည့်သူတွေ ပါတယ် ။
ရေစိုနေတဲ့လမ်းတွေပါတယ် ။
သွေးစိုနေတဲ့လမ်းတွေပါတယ် ။
ရေစိုနေတဲ့လူတွေပါတယ် ။
မျက်ရည်စိုနေတဲ့လူတွေပါတယ် ။
တွေ့ ပါတယ် ၊ တွေ့ ပါတယ် ။
လူမဆန်မှု တချို့  ။
လောက်ထွက်မှု တချို့  ။
ဖောက်ထွက်မှု တချို့  ။
အောက်သက်သက်နဲ့ ထွီခနဲ တစ်ချက် ။
ရွံရှာစွာ ထွေးမိ ။
ပြန်မမြိုတော့ပါဘူး ။ ထွေးပြီးမှတော့ ။
ပြန် မ မြို တော့ ပါ ဘူး ။
အစာခွံ့ တိုင်း အမြီးနန့်တဲ့ သတ္တ၀ါတွေအတွက်
ဒီ တံတွေး ၊ သီးသန့် ထွေးပစ်လိုက်တယ် ။
“ ထွီ ”
ထိုသတ္တ၀ါများကို ရွံကြောင်းပြောဖို့တောင်
ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ရွံတယ် ။
မြေဇာပင်တွေ သွေးစွန်းခဲ့ရတဲ့ ပုံပြင်တစ်ပုဒ် ။
ဧပရယ်လ် လေနဲ့အတူ ပြောပြရဦးမယ် ။
“ ဟိုး ................. ရှေးရှေးတုန်းက ... ”
( ဆူးခက်မင်း )
24.4.2010
Tuesday, April 20, 2010
“ဒုတိယအကြိမ် ကမ္ဘာပျက်၍ ၊ နောက်ဆုံးအကြိမ် ကမ္ဘာပျက်ခြင်း”
“ဒုတိယအကြိမ် ကမ္ဘာပျက်၍ ၊ နောက်ဆုံးအကြိမ် ကမ္ဘာပျက်ခြင်း”
ဒီနေ့က သောကြာနေ့ ဆိုတော့ ၊
သောကြာဂြိုဟ်ဆိုးတွေ ကပ်ငြိတယ် ။
သောကြာကြယ်ကို မြင်နေရပြီးမှ
သောကြာနေ့ ရောက်ဖို့ မျှော်နေရတာ ဆိုးတယ် ။
ဒီနေ့က Black Day ဆိုတော့ ၊
အနက်နာ “နာ” တာပေါ့ ။
မဆန်းပါဘူး ။ အနက်ရောင်အင်္ကျီဝတ်သွားပြီ
ဆိုတည်းက ၊ ကျိန်းသေကို နာတော့မှာပဲလေ ။
ကိုယ့်ကိုယ်ကိုယ် သိနေတယ် ။
မင်းကိုယ်မင်း သိနေတယ် ။
ငါက မျက်ရည်လွယ်တဲ့ကောင်တော့ မဟုတ်ဘူး ။
ခလုတ်တိုက်ပြန်ပြီ ။
ဆေးလိပ်တစ်လိပ်လောက် မီးညှိပေးကြပါ ။
လမ်းလျှောက်ရင်း ၊ လမ်းလျှောက်ရင် မောတယ် ။
ငါ မှားတယ် ။ ငါ မှားတယ် ။ ငါ မှားတယ် ။
ကြယ် တွေ ကြွေ လာ စမ်း ။
အိပ်မက်တွေက ပုပ်စော်နံနေတယ် ။
လေသာဆောင်မှာ လ မသာဘူး ။
ငါက နိမိတ်ဆိုးနဲ့ကောင် ဆိုတော့
ဒီလမ်းတွေက မချိုဘူးလေ ။
ဒီနေ့က ပြဿဒါး ဆိုတော့
ပြဿနာတွေက ဒုနဲ့ဒေးနဲ့ ၀င်တာပေါ့ ။
ပျက်ကပ်ဆိုက်ပြီ ။ ပျက်ကပ်ဆိုက်ပြီ ။ ပျက်ကပ်ဆိုက်ပြီ ။
ငါ့ကို ဆေးလိပ်တစ်လိပ်လို မီးညှိပေးကြပါ ။
ခဏလောက် နေရာလဲကြည့်မလား ။
ဘာ တတ် နိုင် မ လဲ ။
ဘာ မှ ကို မ တတ် နိုင် တော့ ပါ ဘူး ။
ပြီး သွား ပြီ ဆို မှ တော့ လည်း ၊
ပြီး သွား ပြီ ပဲ ပေါ့ ။
အသောက မှတ်တိုင်ကို ခရီးစဉ်မှာ ဖျက်ပစ်ပေးပါ ။
ခလုတ်တိုက်ပြန်ပြီ ။
ငါက နိမိတ်ဆိုးနဲ့ကောင် ဆိုတော့
လေသာဆောင်မှာ လ မသာဘူးလေ ။
ငါမှန်တယ် ။ ငါမှားတယ် ။ ငါမှားတယ် ။
ဒီနေ့က ပြဿဒါး ဆိုတော့
အနက်နာ “နာ” တယ် ။
ဒီနေ့က Black Day ဆိုတော့
ကျိန်းသေ “နာ” တယ် ။
ဒီနေ့က သောကြာနေ့ ဆိုတော့
ယရစ် နဲ့ ရေးချ ပြုတ်ပြီး
သောက ဝေတယ် ။
ဒီနေ့က ...
ဒီနေ့က .....
ဒီနေ့က ဒီနေ့ ဆိုတော့
ပျက် ကပ် ဆိုက် တယ် ............ ။ ။
ဆူးခက်မင်း
20.4.2010
Monday, April 19, 2010
“ ပုံပြင် အစ ၊ ပုံပြင်အဆုံး ”
“ ပုံပြင် အစ ၊ ပုံပြင်အဆုံး ”
အပိုင်းအစတွေကို ပြန်ကောက် ။
တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ။
အိပ်မက်တွေ ၊ အိပ်မက်တွေ ။
ကြယ်တွေ ၊ ကြယ်တွေ ။
မိုးစက်တွေ ၊ မိုးစက်တွေ ။
တိမ်တွေ ၊ တိမ်တွေ ။
ဘာတွေလဲ ၊ ဘာတွေလဲ ။
ဘာတွေ့ လဲ ၊ ဘာတွေ့ လဲ ။
ခရမ်းနုရောင် ၊ ဇာဘော်လီ ။
ခရမ်းနုရောင် ၊ ဆေးလိပ်ငွေ့  ။
ခရမ်းနုရောင် ၊ ရေသန့်ဘူး ။
ခရမ်းနုရောင် ၊ အဲကွန်းလေ သန့်သန့် ။
မြင်သမျှ ၊ ခရမ်းရောင် ၊ ခရမ်းနုရောင်တွေ ။
တိမ်တွေ ၊ တိမ်တွေ ။
မိုးစက်တွေ ၊ မိုးစက်တွေ ။
ကြယ်တွေ ၊ ကြယ်တွေ ။
အိပ်မက်တွေ ၊ အိပ်မက်တွေ ။
မြင်မြင်သမျှ ၊ ခရမ်းရောင်တွေ ။
ဒီနေ့ ၊ ဒီလို ဖြစ်ရမယ် ။
ဖြစ်ကိုဖြစ်ရမယ်လို့ ပညတ်ပြီးပြီ ဆိုတော့လည်း ။
ဒီလိုပဲ ဖြစ်ကြရတော့မှာပေါ့ ။
ကုတင်ဘေးက မျက်မှန်တစ်လက် ။
ဒါက သူမပေါ့ ။
အင်္ကျီဖြူပေါ်က သွေးစွန်းကွက် ။
ဒါက သူမပေါ့ ။
အိုက်စ်ဘယ်ရီက ကော်ဖီခွက် ။
ဒါက သူမပေါ့ ။
ပုသိမ်မြို့ က လူမသိ သူမသိ အနမ်းတစ်ပွင့် ။
ဒါက သူမပေါ့ ။
ဒါတွေ အားလုံးက သူမ ဖြစ်တယ် ။
ဒါ့အပြင် ၊ မန်းမြို့ ရိုးပေါ်မှာ ပွင့်တဲ့ပန်းကလည်း
သူမဖြစ်ကြောင်း ၊ သူမကို ပြောမပြမိခဲ့ ။
....... အ နမ်း ........... တိမ် ...............................
....... အိပ် မက် ......... ကြယ် .............................
............................ ပန်း ...... သွေး .... ကွက် ......
............................. မိုး ........ စက် .................
................................................................
...... ကော် ဖီ ..... မျက်မှန် ....... ခွက် ....................
အားလုံး တစ်စစီ ဆွဲစုတ် ။
တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ..... ။
ဆူးခက်မင်း
18.4.2010
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
Grab this Widget ~ Blogger Accessories
Blogger news
တင်ပြီးခဲ့သမျှပို့စ်များ
▼
2012
(47)
▼
May
(3)
ကတ်ကြေးတစ်ချောင်းနဲ့ တိခနဲ ဖြတ်ချလိုက်သလို .. ပြတ်...
ထရပ်ကားပေါ်က အက်ဆေးများ (၁)
အဖြူရောင် သုဿာန်မှာ စံပယ်တွေ ဖွေးခနဲ ပွင့်
►
March
(44)
►
2010
(23)
►
September
(3)
►
July
(7)
►
June
(2)
►
May
(2)
►
April
(5)
►
March
(2)
►
February
(2)
►
2009
(73)
►
December
(1)
►
November
(8)
►
October
(5)
►
September
(8)
►
August
(14)
►
July
(26)
►
June
(6)
►
May
(5)
Powered by
Blogger
.