စိမ်းစိုနေတဲ့မျက်ဝန်းတစ်စုံ
ခဏလောက်ငှားရမ်းပါလား
ဟောဒီ..ရင်ဘတ်စုတ်ထဲမှာ
မီးထွန်းထားချင်လို့ ။
စိမ်းစိုနေတဲ့မျက်ဝန်းတစ်စုံ
ခဏလောက်ငှားရမ်းပါလား
ဟောဒီ..ရင်ဘတ်စုတ်ထဲမှာ
မီးထွန်းထားချင်လို့ ။
မလင်းပေမယ့် ... ငါ ဆိုတဲ့ အမှောင်ထုမှာ ..
တလဲ့လဲ့ .. မလဲ့တလဲ့ ..
ထွန်းချင်မိ ..
သိပ်မတွေးနဲ့
နာကျင်စရာတွေများလာရင်
နာကျင်ခြင်းတွေဟာသူ့အလိုလိုလျော့ပါးသွားမှာပါ ။
ဟင့်အင်း ..
ငါ ဆိုတာ .. အတွေးတွေ .. အိတ်ကပ်ထဲ ထည့် ..
မတော်တဆ .. တိုက်ဆိုင်ရင်း ..
လမ်းပျောက်နေသူပေါ့ ..
ဒီလိုထင်ရင်မှားသွားမှာပေါ့ကွယ် ။
ငြိမ်သက်နေတာကမှပိုကောင်းမယ်ဆိုရင်
စိတ်ကိုအတတ်နိုင်ဆုံးလျော့ချ
ပိုနေတဲ့လေကို
အားပါးတရ ထုတ်
ငါ ဆိုတဲ့ကောင်က
သွေးနွေးသတ္တ၀ါလား
သွေးအေးသတ္တ၀ါလား
ငါ့ ကိုယ် ငါ မေးခွန်းပြန်ထုတ်
နူးညံ့ပျော့ပြောင်းစွာ
ရီမောချင်ပါသေးတယ်
ငါးတွေက သွေးအေးတယ် ..
နင် ပြောသလိုဆို .. ငါက သွေးဆူလွယ်တဲ့ ငါးတစ်ကောင် ..
နင် / ငါ / ငါး တစ်ကောင်ရဲ့  သွေးအေးမှု ..
တစ်ရစ်ချင်း ... လှိုက်စား ခဲ့ ..
ဒါတွေဟာ
စကားလုံးများသက်သက်မဟုတ်ကြောင်း
ဝိ၀ါဒကွဲလွဲမှုရှိကြောင်း
အနာပေါ်တုတ်ကျသွားတဲ့
တစ်ခန်းရပ်ပြဇာတ်မဟုတ်ကြောင်း
မျက်မြင်သက်သေခိုင်လုံစွာ
Replay ပြန်ပြဖို့လိုပါလိမ့်မယ် ။
တစ်ကပြန်စချင်တိုင်း
ဇာတ်သိမ်းခန်းကိုဖြစ်သလိုဖန်တီးလို့မရ
နောက်ဆုံးတော့ ...
သမားရိုးကျ ပါပဲ ..
ပါးစပ်ထဲက သွေးတွေထွက်တယ် ..
မင်း အမေဆိုတဲ့ အန်တီကြီးက .. နှလုံးရောဂါရှိတယ် ..
ငါ ဆိုတဲ့ ကောင်က .. လမ်းဘေးက အညတြ တစ်ယောက် ..
အားလုံး သမားရိုးကျပါပဲ ..
သမားရိုးကျနေ့ရက်တွေထဲက
နေထိုင်မှုသမားရိုးကျများစွာဟာ
သမားရိုးကျဖြတ်သန်းရမှုတွေနဲ့
နေ့တိုင်းထိတွေ့နေရတဲ့သမားရိုးကျအတွေ့အကြုံကိုသာ
ပိုင်ဆိုင်ခွင့်ရရှိစေခဲ့ပြီး
သမားရိုးကျဘ၀ကိုသာ
သေတစ်ပန်သက်တစ်ဆုံးပေါင်းသင်းခဲ့ကြရတယ်
ရာသီတွေသမားရိုးကျကူးခုန်
ပြီးတော့...
သမားရိုးကျနေထိုင်စားသောက်အသက်ရှင်
ပြီးတော့..
သမားရိုးကျရှင်သန်မှုတွေနဲ့
သေခြင်းကလဲသမားရိုးကျသစ္စာရှိလှပါလား...........
ဒီလိုနဲ့ ..
ငါတို့တွေ မဆုံးနိုင်သော ..
သမားရိုးကျတွေထဲ ..
မယောင်မလည် …
ဆန်းသစ် … သစ်ဆန်း ..
မဆန်းမသစ် .. မသစ်မဆန်း နဲ့ ..
သမားရိုးကျထဲမှာ .. မဖောက်ထွက်နိုင်တော့ ..
မ - ဖောက် - ထွက် - နိုင် - တော့ ….
သိပ်မတွေးနဲ့
နာကျင်စရာတွေများလာရင်
နာကျင်ခြင်းတွေဟာသူ့အလိုလိုလျော့ပါးသွားမှာပါ ။
+++++++++++++++++++++++++++++++++++++++
♥ အမည်မဲ့
♥ ဆူးခက်မင်း
.
Thursday, September 3, 2009
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment