ပါးစပ်ထဲက ဒေါင်လိုက်ထွက်ကျလာတဲ့
စကားလုံးတွေ ... လုံးကားစ စကားလုံးတွေ ..
လေထုထဲ .. ဆောက်တည်ရာမဲ့ ..
လွင့် / ထွက် ..
ထွက်လွင့်ဖို့  တည်ဆောက်နေကြ ..
အယောင်ယောင် အမှားမှားနဲ့ ကောက်စွပ်လိုက်တဲ့
အဓိပ္ပာယ်တွေကလည်း အဓိပ္ပာယ်သက်သက်ပဲ
မိမွန် ...
နင် ထားရစ်ခဲ့တဲ့ .. တိမ်တိုက်တွေ ..
တိုက် / တိုက် / တိုက် ရင်း ..
အလဲလဲ အပြိုပြို နဲ့  ..
ပြို ပြို ပြီး လဲ ခဲ့ ..
ဒီလိုဆို ငါ့မှာ
ကိုယ်ပိုင် ဆိုတာ ဘာဖြစ်နိုင်လဲ
ဖြစ်နိုင်တာကတော့ င့ါကိုယ်ပိုင်ဆိုတာ
ဒီလိုပဲ
ကိုယ်ကိုယ်တိုင် ပိုင်နိုင်ပြီ ထင်ခဲ့ ..
သို့ သော် ..
ငါ ပိုင်ဆိုင်တာ ဆိုလို့  ..
ငါ ပိုင်ပစ္စည်းတောင် မရှိခဲ့ ..
ရှိ / မရှိ / မသေချာ ..
ထို့  အတူ ..
ငါ့ကိုယ်ငါလည်း မသေချာ ...
မသေချာခြင်းသာသေချာခဲ့တော့
ဝေးရတာပဲကောင်းသလိုလိုနဲ့ လိုအပ်ချက်တွေများလာခဲ့
လိုနေတဲ့ အပ်တစ်ချောင်းကို ..
ကောက်ရိုးပုံထဲ .. မီးထွန်းရှာ ..
ငါ ဆိုတာ .. အနေအထိုင် မတတ်တဲ့ .. ကောင် ..
လို့ လူပြောသူပြောများလာပေမဲ့
လူပြောသူပြောထဲမှာ လူးလူးလိမ့်လိမ့်နဲ့ 
လိမ်ဖယ်လိမ်ဖယ် ဖြစ်ရပြီ
ငါက လိမ်လို့  ..
ငါ့ကို ဖယ်ကြတာလား ..
ငါက ဖယ်ထားလိုက်လို့  ..
ငါ့ကို လိမ်နေကြတာလား ..
မသဲကွဲ ..
မသဲမကွဲနဲ့ပဲ .. ဆက်လိမ်လိုက်တယ် ..
မသဲမကွဲနဲ့ပဲ .. ဆက်ဖယ်လိုက်တယ် ..
နောက်ဆုံး …
သဲကွဲသွားတာက ..
အိပ်မက်မြစ်ရဲ့  တစ်ဖက်ကမ်းက ..
ပြေလျော့လျော့ ကမ်းပါးစွန်း တစ်ခုပေါ့ ..
( သုဏော်စိုင်း နှင့် ပေါင်းစပ်ရေးသားသည် )
Wednesday, September 23, 2009
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment