သား ..
သားအတွက် ..
အဖေ့အတွက် .. ညဥ့်နက်တွေ ထုပ်ပိုးထားတယ် ..
အလိုက်သင့်ပဲ .. ကောက်ဆွဲ .. ထွက်သွားနိုင်ရဲ့  ..
ဒီလိုပါပဲ ..
ဘ၀က .. မလှမပ .. ခါးသက် ..
မင်းအတွက် .. အဖေ က ..
ဓားးတစ်လက် ဖြစ်နိုင်တယ် ..
ကော်ဇောတစ်ချပ် ဖြစ်နိုင်တယ် ..
လှေကားတစ်စင်း ဖြစ်နိုင်တယ် ..
ဓူဝံကြယ် ဖြစ်နိုင်တယ် ..
အဖေ ဆိုတဲ့ ..
ဓားကို ကိုင်ဆွဲ ၊ ဘ၀ တိုက်ပွဲ
တွေ ၊ နွှဲလိုက် သားငယ် ။
အဖေဆိုတဲ့ ကော်ဇော တစ်ချပ်
ကို ၊ ချ / ခင်း ။
ခရောင်းလမ်းတွေ နင်းလျှောက်
လိုက် ၊ သားငယ် ။
အဖေ ဆိုတဲ့
လှေကား တစ်စင်းကို ၊ ဖြတ် / နင်း ။
မင်း ဘ၀ / မြင့်မားအောင်
နင်းဖြတ် လိုက် ၊ သားငယ် ။
အဖေ ဆိုတဲ့ ဓူဝံကြယ် အားကိုး
နဲ့ ၊ ညနက်တွေ
ထဲ ၊ မကြောက်မရွံ့  ၊ ဖြတ်သန်း
လိုက် ၊ သားငယ် ။
ဒီလိုပါပဲ ..
ပုခုံးတွေ အသားမာ တက်
တဲ့ အထိ ၊ မင်းကို ထမ်း / ပိုး ။
အချိန်တန်တော့လည်း ..
ရင်ခွင်ကို စုံကန်
ပြီး ၊ ပျံသန်း သွားလိုက်ပါ့ သားငယ် ။
နောက်ဆုံးတော့ ။
လှေကားရင်း မှာ
ကော်ဇောစုတ် တစ်ချပ် ၊ ခင်း ။
ဓားတစ်လက် ဖက်တွယ်
ပြီး ၊ ဓူဝံကြယ် ကို မော့ / ကြည့်
အဖေ တစ်ယောက်တည်း ၊ ဆေးလိပ်
ထိုင် ဖွာ နေ မိ ။
ဟော ...
အခန်းထဲက ချောင်းဆိုးသံ
သဲ့ / သဲ့ / သံ ။
အမေကြီး ရေ ...
ဒီ လကုန်တော့ ၊
မင်း သားငယ် ၊ အလည် တစ်ခေါက်
ရောက်နိုင်ကောင်းရဲ့ ကွယ် ။
Wednesday, September 23, 2009
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment