Pages

Subscribe:

Sunday, May 31, 2009

ခေါင်းစဉ် ပေးမထားသော ကဗျာဟု သတ်မှတ်နိုင်သည့် ကဗျာတစ်ပုဒ်

*
ဒွါရ ၊ ဒွါရ မဟုတ်သော ဒွါရပေါင်း မြောက်များစွာ
ချစ် ကြောက် ရိုသေ မှု တွေ ငါ့ကို လာပြီး
ဝါးမမြိုလိုက် နဲ့ ၊
Shut Up ၊ သောက် ကောင်မ
နင်သိတဲ့ လောကဓံဆိုတာ ငါ့ရဲ့ ဒွါရပေါက်မှ
စီးဆင်းလာတဲ့ ချော်ရည်တွေလောက် မသားနားဘူး
သနားတယ် ၊ သနားတယ် ၊ သနားတယ်
မာယာကော့စကီး ပြောတဲ့ ဘောင်းဘီဝတ်မိုးတိမ်
ထက်က စာသား တချို့လောက် နင်သာ ရိုကျိုးခဲ့
မယ် ဆိုရင်
ငါလေ ၊ ငါလေ ၊ ငါလေ ၊ ငါဆိုတဲ့ ငါဟာလေ
ပြတိုက်မဟုတ်တဲ့ ပြတိုက်ထဲ ခေါင်းဝင်လျှိုလိုက်မယ်
စိတ်ချ ၊ ထာဝရ ၊ ဖြစ်တည်မှု ၊ ဒိဌ၀ါဒီ ....

**
သနား / စာနာ / မုဒိတာ
ရှိလား ၊ နင့်မှာ
နင့်မှာ ၊ ရှိလား
တွေး ..............
ငါ ပြန်တွေး ..............................................
သိ ၊ မသိ ၊ သိသိ ၊ မသိသိ ၊ မသိခဲ့
ခွေးတစ်ကောင်လောက်သာ
(ငါ့ကို) တန်ဖိုးထား ခဲ့ ရင်
နင် ... လက်ဖြောက်တီး
တိုင်း ၊ ငါ အမြီးနန့်တယ်
နင့် ရင်တစ်ပြင်စာ အပိုင်စား မရရင်တောင်
ထောင့် ၊ တစ်နေရာ
မှာ ၊ ထိုးသိပ် ထည့် ............ လိုက်
ကျေ - နပ် - တယ်
ချေပခွင့် မရှိတဲ့ ခန္တီဝါဒ
ငါ့ နှလုံးအိမ်
မှာ ၊ အာရုံပြု - လျက် ............... ။

***
ခုနစ်လွှာမှ ခုန်ချခြင်း
ရောင်ပွေမမြူး တစ်ပျိုးထဲက၏ ။
လွင့်ထွက် ... တက်ပြီး ... လွင့်စရာ မရှိအောင် ... လွင့်
ညတစ်ခု .. နေအပြည့်ဆိုးထား ..
တန်ရာတန်ကြေး မပေးခဲ့
မရကြောင်းကို ရနိုင်ခဲ့ကြောင်း
တစ်ထွာတစ်မိုက် .. ပေမမှီ ထောင့်မမှီခဲ့
လက်မထောင်စရာ ..
“ မ ” ပေါင်းတစ်ထောင် တစ်ကောင်တည်း ရှ .. တ
သူမသည် သူမ ..
သူ .. မရှိကြောင်း .. သူမရှိကြောင်း ..
အိပ်ရာမဲ့ သုတေသန တို့
ရောရီလက်ဖွဲ့မှု ရာခိုင်နှုန်း ပုံ
အိပ်လျက်လှဲ အလင်းနဲ့ လူ
သူမ ..... သူ
မခေါ် တော့ ....................
လှိုင်းကွေးမှာ ကွင်းဆက်ဖြတ်ကြောင်း
တောက်ထုတ်ခဲ့သော အထွာများ သက်သေ ..
အထပ်များ ဖဲ့၍ ..
ခုနစ်လွှာမှ ခုန်ချခြင်း ..
နောက် .......... ထပ် ...
လျှာကိုက်ဖြတ်သော ကဝေ ဖြစ်စေ ..


****
ကိုယ့်လျှာကိုယ် ပြန်ကိုက်သတ်တဲ့
မြွေတစ်ကောင် အကြောင်း နင်ကြားဖူးလား
ငါ ဆိုတဲ့ ကောင်မှာလည်း
အသွား ထက်ထက် ဓားတစ်လက် ရှိတယ်
ရင်ဘတ်မရွေးဘူး ၊ နောက်ကျော မရွေးဘူး ။
ဓားဦးလှည့်ရာ သွေးစက်ထင်တယ် ။
ပြောရဦးမယ် ။
အဖြူရောင်အတ္တနဲ့ သတ္တ၀ါတစ်ကောင်
ခွေးတစ်ကောင် ၊ စုန်းတစ်ကောင် ၊ မြွေတစ်ကောင်
ဖြစ်ချင်ရာ ဖြစ်မယ် ၊ ဖြစ်ချင်မှလည်း ဖြစ်မယ် ။
ဒီကောင်တွေ ထွက်လာဖို့ တောကို
ခြောက်စရာမလိုဘူး ။
အသက်ရှုသံ ပြင်းပြင်း ၊ စကားသံ ကျယ်ကျယ်
ဘာတွေ ၊ ဘာတွေ ၊ ဘာတွေ လဲ ။
နင်သိထားတဲ့ လောကဓံ ၊
နင်သတ်မှတ်တဲ့ အထက်တန်းစား ၊
ငါ့ရဲ့ စံချိန်စံညွှန်းတွေမှာ အရာမထင်ဘူး ။
ဒီလမ်းလျှောက်မယ်ဆိုရင်
ဒီမျက်လုံးတွေ သယ်လာခဲ့
အမြင်ကြည်ဖို့တော့ ပြဒါးနည်းနည်းလိုမယ် ။


*****
လက်တစ်ဖက်နှင့် မိုးကောင်းကင်တစ်ခု
ကြယ်များ ခုန်ဆင်းခြင်း
အလျားလိုက် ၊ ဒေါင်လိုက်
သောကြာတွေ သေသောနေ့က
ငါ့အား လက်တစ်ဖက်နှင့် မိုးကောင်းကင်တစ်ခုက ခေါ်တယ် ။
စက္ကန့်များ နိုးထခြင်း
ဖွင့်လိုက် ၊ ပိတ်လိုက်
အချိုးကျ၏ ။
နံရံများ စာဖတ်၏ ။
နီးလျက် ဝေးသော အိပ်စက်ခြင်းများ
ငါ့ကို ဖက်တွယ်၏ ။
သေသင့်ပါတယ် ကောင်းကင်
လက်ဖျားမှာ ခိုးချိတ်ထားတဲ့ ပျိုးရာသီကို
တစ်လွှာချင်းဖွင့်လျှက်
သွေးပျက်သွားမှာလား ဧဒင်
ဒီအရောင်တွေမှာ နိမိတ်တွေရှိမယ်
ဓားရိုးထိုးထားတဲ့ ၁၂ နာရီ
တံခါးခေါက်သံ ကြားမှ နိုးလာတဲ့ မိတ်ဆွေ
ထလော့ .......... ထ လော့ ...
ကြားနာမှု မပြီးဆုံးခင်
တမာန်တော်ဆီ ပြန်လော့ ..... ။
လပြည့်ည လမ်းထလျှောက်၏ ။
ပန်းများပွင့်လာသံ ကြားရ၏ ။
သူမ နှစ်သက်သော လေပြည်အား
ကျွန်ုပ် အပိုင်စားရလာသော အခါ
နတ်ဆိုး ကျင့်စဉ် နှင့် လဲလှယ်ရွှေ့
မရေးသားနိုင်သေးသော
မျက်ရည်များကို တစ်ချပ်ခြင်း ခွာချကာ
ဒီ ည ............. မိုး ........ လင်း ......... ၏ ။ .......... ။


* ဏီအဲ Y
** ဆူးခက်မင်း
*** ဗလာဆုံမှတ်
**** သဲမိုး
***** ရုပ်သေး

0 မှတ်ချက်များ:

Post a Comment