Pages

Subscribe:

Sunday, May 24, 2009

မအူမလည် ပြဇာတ်

အခန်းလွတ် တစ်လုံးရဲ့
ထောင့်
( တကယ့် ထောင့်ကျကျ )
အလုံပိတ် သေတ္တာတစ်လုံး
သော့မခတ်ထား
အလွယ်တကူ ဖွင့်ကြည့်နိုင်တယ်
ဘာမှ မရှိတာ .. သေ / ချာ
ဒါပေမယ့်
တစုံတခု ရှိနေ
အဲ့ဒါ .. မရှိခြင်း တရား
မရှိခြင်းတွေ ရှိ / ပြည့်နှက် နေ
တဲ့ ၊ သေတ္တာ
ပန်ဒိုရာ ဘောက်စ် တော့ မဟုတ်
အခန်းလွတ်ရဲ့ တကယ့်ထောင့်ကျကျ
မှာ ၊ ရှိ နေ တာ …


တစ်နေ့ – သ၌ / မှာ / တွင် / ၀ယ် / က
က ၊ ခ ၊ ဂ ၊ ဃ ၊ င ၊ ဗျည်း ၊ အက္ခရာ
သိုလှောင်စရာ အိုးမရှိမှတော့
3R System နဲ့ ပြန်သုံးလိုက်
ဘယ်သူမှ မကတဲ့ ဒီဇာတ်
နာ – တယ် ..
နာ / နာ / နာ / နာ / နာကျင်တာတွေကို
မလိုချင်ပါနဲ့တော့ကွာ ..
သံသရာနဲ့ ပန်ကာ ၊ ဘာကွာလဲ ?
လည်တာချင်း အတူတူဆို ၊ ပန်ကာ
လို့ပဲ ၊ သမုတ်ကြစို့ …
နည်းနည်းတော့ အေးမြစေလိမ့်မယ် ။

ဘာလိုလိုနဲ့ ..
နေက တဖြည်းဖြည်း မြင့်
ငါ့ အရိုးတွေတောင်
( မဆီမဆိုင် )
လိုက်ရင့်လို့ရယ် …

ဆူးခက်မင်း

0 မှတ်ချက်များ:

Post a Comment