Pages

Subscribe:

Sunday, May 24, 2009

ဆယ့်တစ်ပါးမြောက် ပါရမီ

ကဗျာ မည်သော ကဗျာ ..
ငါ့ နှလုံးသားတွင် စူး ၊ နစ် ၊ စိုက် ၊ ၀င် ၏ ။
စုတ်ချက်လွဲ ပန်းချီ / ပန်းနုရောင် တိမ်တိုက် /
စိတ်ဖြစ်စဉ် ၃၄ ရပ် / ပြဌာန်းချက်မဲ့ ရက်ရာဇာ
တိမ်မြူတို့အလား လွင့် ၊ စင် ၊ ပျောက် ၊ ကွယ်
ကွယ်ရာမဲ့ တမ်းချင်း
တစ်ယောက်တည်း ဆို / ညည်း
ငါ ၊ ငါ ၊ ငါ လေတစ်ယောက်တည်း အထီးကျန်
မင်း မသိဘူးလို့ ငါ မစွပ်စွဲဘူး ..
ဒါပေမယ့်
ငါသိသလောက် မင်းမသိဘူး ..
ဝန်ခံလိုက် ..

ကဗျာပြူတင်း ..
တိတ်တဆိတ် ချိုးဖျက်
ကာရန်တွေ သိမ်းဝှက်
ငါ့ မနက်ခင်းတို့ ညည်းညူကြကုန် …
ဝေတေစိမ်းနက် .. ဥသြငှက် တို့ ..
ငါ့ မနက်ခင်းတွင် တေးသီကြကုန် ..
ကွင်းပြင် .. ငါ ၏ ကွင်းပြင်တွင် ..
ရော်ရွက်ဝါတို့ .. နိတ္ထိတံ သည် .. ။
ကြည့် … မဆုံးသော ကွင်းပြင် ..
အရင်အတိုင်းတော့ မလျှောက်ဘူး ..
ပုံစံ ပြောင်းလျှောက်ကြတာပေါ့ ..
နော့ .. ကောင်မလေး ..
နင် / ငါ / လက်တွေ
တွဲယှက် ..
လေပြည်တွေ တစိမ့်စိမ့် တိုက်ခတ် ..
ကောင်းကင်မှာ တိမ်တွေ အဆုပ်လိုက် မည်းနေတုန်း ..
တွဲယှက် ..
နင် / ငါ / လက်တွေ ..
လူသူမနီးတဲ့ လူတွေကြားမှာ ..
လူလိုပဲ ကျင့်သုံးလိုက်ကြပါစို့ ..

လာခဲ့ ..
ပေး ..
နင့် လက် တွေ ..
တစ်ထပ်တည်း ကျအောင် ငါ ပေါင်းစပ်မယ် …
လက်တွေ / နင် / ငါ ..
ဘာရယ် မဟုတ် ..
အဲသည့် ကောင်းကင်တော်မှာ ..
ငါတို့အတွက် ထာဝရ လင်းလက်ခြင်းတွေ ရှိရဲ့ ..
သွားလိုက်ကြ ..
စို့ …
အပြန်လမ်း မသေချာပေမယ့် ..
နင့် ဖြစ်စဉ်တိုင်းအတွက် ..
ငါ့ ခန္ဓာ ကို လမ်းခင်းပေးထားတယ် …

ဆူးခက်မင်း

0 မှတ်ချက်များ:

Post a Comment