ကမ္ဘာ့ ဆွဲအားက ငါ့အတွက် ပုံမှန်ထက် ပိုပြီး မများလွန်းဘူးလို့ ထင်ရတာပဲ ငါက ဘာလဲ ဘယ်သူ့အတွက် ဘယ်သူက ဖန်ဆင်းပေးလိုက်တာလဲ ပြေးစမ်း ခပ်ဝေးဝေးကို ပြေးစမ်း ဒါက မနေ့ကနဲ့ ခပ်ဆင်ဆင်တူနေတယ် တကယ်တမ်းကျ ဒါဟာ မနက်ဖြန်စစ်စစ်ဖြစ်တယ် ငါတို့သာ ခပ်မြန်မြန်ပြေးနိုင်မယ်ဆိုရင် ဒီနေရာကနေ ခပ်ဝေးဝေးတစ်နေရာအထိ ခပ်ကောင်းကောင်း ပြေးနိုင်မယ် ငါ့ရင်ဘတ်မှာ ကျည်ကာနှလုံးသားတပ်ထားတယ် ဟင်းလင်းပွင့်နေတဲ့ အပြုံးတစ်ခုနဲ့ မင်းနဲ့ ငါနဲ့ ဒီနေရာကနေ ပြေးထွက်သွားကြမယ် ဓာတ်ပုံဆန်တဲ့ အိပ်မက်တွေနဲ့ အိပ်မက်ဆန်တဲ့ ဓာတ်ပုံတွေကို မိုင်ပေါင်းများစွာ အဝေးမှာ ပစ်ချထားခဲ့ကြမယ် ဒီမြို့ထဲမှာ တွင်းတစ်ခု တူးခဲ့ကြမယ် စကားလုံးပေါင်း မြောက်များစွာနဲ့ ဘလိတ်ဓားပေါင်း မြောက်များစွာကို မြှုပ်နှံထားခဲ့ကြမယ် ကျည်ဆံတွေကို ပွေ့ ဖက်ထားတဲ့ အဲ့ဒီမြို့ ကို ငါတို့ ပစ်ချထားခဲ့ကြမယ် အဲ့ဒါတွေကို ငါတို့ ထပ်တလဲလဲ လုပ်ဆောင်ကြမယ် သူတို့ ဘာများပြောနိုင်ကြမှာလဲ သူတို့ ဘယ်တော့များမှ အိမ်ပြန်လာနိုင်ကြမှာလဲ လူတိုင်းက မင်းပြန်မလာနိုင်တော့ဘူးဆိုတာ သိနေကြတာပဲ တစ်ယောက်ယောက်ကို ကယ်ဆယ်ဖို့ ငါ့ကို ခွင့်ပြုပါ ငါ့အခန်းတစ်ခုလုံးကို ကျည်ဆန်ရာဗရပွနဲ့ အလှဆင်ထားတယ် ငါ့ကို တရားချမနေနဲ့တော့ ဘာလို့လဲဆိုတော့ ငါ ဘာလုပ်နေတယ်ဆိုတာ ငါကိုယ်တိုင် ဂရုမစိုက်လို့ဖြစ်တယ် ငါ့ရဲ့ သိမှုထဲကနေ လွတ်ထွက်နေတာ ငါကိုယ်တိုင်ပဲဖြစ်တယ် အဆင်သင့်ဖြစ်ပြီလား ငါတို့ အသစ်တဖန် ပြန်လည်ဖြစ်တည်တဲ့ထိ စောင့်နေဦးမှာလား စာရွက်တွေက ပြောတဲ့စကားထဲမှာ မင်းဘယ်တော့ အိမ်ပြန်လာမလဲဆိုတာ အဓိကအချက်အလက် မင်းတကယ်ရော အိမ်ပြန်လာဦးမှာလား ဖွင့်ထားတဲ့တံခါးတွေက မင်းအတွက် အလဟဿပဲလား အမှန်တရားကို ဘယ်သူမှ မသိနိုင်ဘူး ဘုရားသခင် မင်းကို စောင့်ရှောက်ပါလိမ့်မယ် ငါ မင်းကို အရမ်းမုန်းတယ် ဆိုတဲ့စကားကို ဖြတ်နင်းသွားလိုက်ပါ မင်းက ငါ့ကို ကယ်ဆယ်မယ့်ထဲက တစ်ယောက် ဖြစ်ကောင်းဖြစ်လိမ့်မယ် အနက်ရောင်ကို မျှော်လင့်နေခြင်းဟာ တကယ်ကြီးကို အဆုံးသတ်တော့မယ် မင်းရဲ့  နှလုံးသားကို အမှောင်ထုထဲ ပစ်ချထားရစ်ခဲ့ပါ မင်းရဲ့ သွေးကြောမျှင်တွေကို အဆင့်အတန်းနိမ့်ကျစေလိမ့်မယ် ထားရစ်ခဲ့လိမ့်မယ် ဘ၀ကြီးတစ်ခုလုံးစာ မှားယွင်းမှုတွေထဲ ဖြစ်တည်မှုတွေကို ထားရစ်ခဲ့ကြရအောင် ငါတို့ ဘာများတတ်နိုင်ခဲ့လို့လဲ ကမ္ဘာ့ဆွဲအားဟာ မနေ့ကလိုပဲလား ငါတို့ ဆက်ပြေးနေကြတုန်းပဲလား ဘယ်အချိန်ထိ ဆက်ပြေးရမယ်ဆိုတာရယ် ပန်းတိုင်က ဘယ်တော့ရောက်မယ်ဆိုတာရယ် မသိဘဲ ငါတို့ ဆက်ပြေးနေကြတုန်းပဲလား ငါတို့ ရင်ဘတ်မှာ ၀တ်ဆင်ထားတဲ့ ကျည်ကာနှလုံးသားဟာ ဘယ်နှရာစုအထိ တည်မြဲမယ် ဆိုတာ … ။
ဆူး ခ က် မ င်း
110820111015PM
Thursday, March 29, 2012
ဒီကဗျာမှာ လိင် ဆိုတဲ့ စကားလုံး တော်တော်သုံးထားတယ် ၊ ဖတ်ရမှာကြောက်ရင် ကျော်သွားလိုက်ပါ
၂၁ရာစုဖြစ်ပေါ်တိုးတက်မှုဟာ လိင်အရေးအသားကို စောင်း/ဇောင်းပေးတိုးတက်လာခဲ့ခြင်းဖြစ်မယ်ဆိုရင် လိင်အရေးအသားဟာ နေဖို့ညစာရှာတဲ့ လူမှုထုတ်ကုန်တစ်ခု သို့မဟုတ် မြီးကောင်ပေါက်မလေးရဲ့ ဂါဝန်စပေါ်က အနီရောင်သွေးကွက် .. လိင်အရေးအသားကို လူကြားကောင်းအောင်ထုတ်ထုတ်ပြောတဲ့ သူလည်း မီးမှောင်မှောင်မှာ လိင်အရေးအသားတွေစားတယ် လိင်အရေးအသားမှ သည် လိင်အရေးအသားသို့တိုင်အောင် လိမ်လည်လှည့်ဖြားကြ ..
လိင်အရေးအသားဆိုတဲ့အရာကို ယဉ်ကျေးမှုဆိုင်ရာ စကားလုံးတစ်ရပ်အဖြစ် ကျွန်တော်တို့ မိုက်မိုက်ရိုင်းရိုင်း သုံးစွဲကြပါစို့ ခင်ဗျားရဲ့  လိင်အရေးအသားဟာ မိန်းမပျိုတစ်ယောက်ရဲ့  တပ်မက်ဖွယ်ရာ လိင်အရေးအသားကို တွေ့ ရှိလိုက်တာနဲ့ တပြိုင်နက်တည်း လိင်အရေးအသားဖြစ်သွားတယ် ဆိုကြပါစို့ ကျွန်တော်တို့ လိင်အရေးအသားကို ဘယ်လို သတ်မှတ်ကြမလဲ ဘယ်လို တံဆိပ်ကပ်ကြမလဲ ပွင့်လင်းခြင်းလား ရိုင်းစိုင်းခြင်းလား လိင်အရေးအသားလား လိင်ဆက်ဆံမှုကို ပြုလုပ်ကြတဲ့ လူသားများဟာ စက်ဆုပ်ရွံရှာဖွယ် ဖြစ်သွားလား ခင်ဗျားတို့ရဲ့  လိင်အရေးအသားများရော မထကြွကြဘူးလား ဒါဆို လိင်အရေးအသားဟာ လူတိုင်းနဲ့ ဆက်ဆံပတ်သက်နေတယ်ဆိုတာ ခင်ဗျားဝန်ခံဖို့ လွယ်ကူသွားပြီမဟုတ်လား လိင်အရေးအသားမှာ လိင်အရေးအထားထကြွခြင်း လူငယ်ဆန်ဆန် လိင်အရေးအသားကို ပစ်ထုတ်လိုက်တဲ့အခါ လိင်အရေးအသား နှင့်ရေးထားထားသော လိမ်အရေးအသားများ လိင်အရေးအသားတည်ဆောက်ပုံအရ လိင်အရေးအသားပေါ်ရူးသွပ်တပ်မက်ခြင်း နှင့် လိင်အရေးအသားများပြုလုပ်ရာမှ လူနေမှုပတ်ဝန်းကျင် လူနေမှု ယန္တရားအပြင် လူတန်းစားခွဲခြားမှု ထို့ကြောင့် လိင်အရေးအသားဟာ လူတန်းစားဖြစ်ထွန်းအောင်မြင်မှု၏ အဓိကအပိုင်းဖြစ်လာသလို လိင်အရေးအသားပြုလုပ်ရာမှ သူရဲကောင်းများစွာမွေးထုတ်နိုင်သလို လိင်အရေးအသားမှ ကမ္ဘာကျော်ကဗျာဆရာ/မကြီးများစွာမှ အွန်လိုင်းကဗျာဆရာ/မများတိုင်အောင် မွေးထုတ်ပေးလိုက်သဖြင့် ထိုမှ ဒီမှ ထိုသူများကြားသို့ လိင်အရေးအသားများစွား စီးဝင်လာခြင်းကို လိင်အရေးအသားများစွာဖြင့် လိမ်လည်ကာကွယ်ကြရမည်မဟုတ်လား ဒီကဗျာမှာ လိင်ဆိုတဲ့ စကားလုံး ထပ်ခါတလဲလဲ ပါနေပြီလား အစောကြီးကတည်းက လိင်နဲ့ပတ်သက်ပြီး လိင်အရေးအသားတွေ ရေးမယ်ဆိုတာ ကြိုသိခဲ့ရင် / လိင်ကိစ္စကို အရှက်အကြောက်ကြီးမယ်ဆိုရင် ဖတ်ဖြစ်ခဲ့မှာမဟုတ်ဘူးလို့ နောင်တရနေပြီထင်တယ် ဒီလိုပြောလိုက်လို့ လိင်အရေးအသားဟာ လိင်အရေးအသားကို လိင်အရေးအသားဖြစ်လိုက်ရင် လိင်အရေးအသားပေါင်းမြောက်မြားစွာ ပေါ်ထွန်းထွက်ပေါ်လာမယ်လို့ ခင်ဗျားထင်ရင် မှားမှာပေါ့ ခင်ဗျားရဲ့  ချစ်သူဟာ ခင်ဗျားရဲ့  လိင်အရေးအသားကို ထိတွေ့ မယ် ဆိုပါစို့ ခင်ဗျားရဲ့ လိင်အရေးအသားမှာ လိင်အရေးအသားတွေ ထွက်လာမှာအသေအချာပဲမဟုတ်လား ဒါကို ခင်ဗျားက ခင်ဗျားရဲ့  လိင်အရေးအသားမှာ လိင်အရေးအသားတွေ ထွက်မလာပါဘူးလို့ ညာမယ်ဆိုရင် ခင်ဗျားကိုယ်တိုင်ကို ညာတာဖြစ်သလို လိင်အရေးအသားကို စိတ်ဝင်တစားဖတ်နေတဲ့ လူထုတစ်ရပ်လုံးကို လိမ်ညာပစ်လိုက်ခြင်းပဲဖြစ်လိမ့်မယ် လိင်အရေးအသားကို လိင်မှုကိစ္စမှ နောက်လိင်မှုကိစ္စသို့ အသွင်ပြောင်းလဲလိုက်ရာ လိင်အရေးအသားသည် ပိုမိုကြီးကျယ်ခမ်းနားသော လိင်အရေးအသားအဖြစ် ပြောင်းလဲလာသည် ခင်ဗျားရဲ့ လိင်အရေးအသားဟာ ခင်ဗျားနှင့်သက်ဆိုင်သော လိင်အရေးအသားတော်တော်များများဆီကို လိင်အရေးအသားအဖြစ်ရောက်ရှိသွားတဲ့အခါ လိင်နေမှုအဆင့်အတန်း လိင်နေမှုအထားအသို လိင်နေမှုအလွှာ လိင်ငတ်မွတ်ခေါင်းပါးမှု ထို့အတူ လိင်ကူညီမှုများပေါ်ပေါက်လာရန်ရှိသဖြင့် ခင်ဗျားရဲ့ လိင်အရေးအသားကို လိင်အရေးအသားမဖြစ်ပေါ်စေရန် သို့မဟုတ် မိမိတစ်ကိုယ်တည်း လိင်အရေးအသားအဖြစ်သို့ ပြောင်းလဲအသုံးပြုနိုင်စေရန် လိင်အရေးအသားများစွာ ၀ယ်ယူအသုံးပြုခြင်းဖြင့် ခင်ဗျားရဲ့ လိင်အရေးအသားမှာ ကျုပ်ပြောခဲ့သလို လိင်နေမှုအဆင့်အတန်းခွဲခြားမှု ပပျောက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာရောက်ပါလိမ့်မယ် ။
ဆူး ခ က် မ င်း ၊ေ မာ င် မိုး ချို
140820111230AM

အမျိုးအစား
တွဲရေးကဗျာ
နေမပူ ၊ ရင်ပူ ၊ မြေပဲတစ်စိ ၊ ပြောင်းတစ်စိ
*NAY*
မပြစ်မှားဘဲ ဆုတောင်းနေခဲ့ .... ရာသီဆာ(စာ)
ဆားမပါတဲ့ညက ပြူတစ်ပြူတစ်
ဝေလငါးတစ်ချို့ / တစ်ကောင် / တစ်လုံး
ကြက်ဖခွပ်တမ်း ကစားနေသော မနက်၌
"ငါသည် သူတလူ ငါတမင်း ကာဗျအား ရွတ်/ရှလွတ်"
ညီနောင်တို့ ..... သခင်မျိုးဟေ့ ဒို့ဗမာ / မြန် .... မာ
ငါ့အလှည့်ရောက်ပြီး ငါ ဆိုတဲ့ ပြဌာန်းချက်
သိဒ္ဓိတင်ဖို့ မေ့ခဲ့ပြီး ..... Don't Stop, Go On !
*LPA*
ဈေးနှုန်းအမှန် ဘယ်လောက်လဲ ဆိုတာ ကြည့်သင့်တယ်
တိမ်တွေကို မျှောချထားတဲ့အရောင်
ငါမင်းကိုပြောမယ့် အရာ ဆိုတာ
အဲ့ဒါကို ငါတို့ကြိုက်တာ
Pillow Talk ခေါ် ခေါင်းအုံးပေါ်က စကားများ
မဟုတ် ။
*TSW*
ဆူညံညံအသံများထဲ လွှမ်းအောင် အော်အော်ပြောရ
ပယင်းရောင်လွှမ်းတဲ့ခွက် ကိုယ်စီ ကိုယ်စီ
တူတစ်စုံနဲ့ အတင်းကော်ရတဲ့ မြေပဲတစ်စိ ပြောင်းတစ်စိ
ပြောကြည့်စမ်း မင်းနားထောင်ချင်တဲ့စကား
စိန်ခေါ်ရာ အတင်း ပြေးလိုက်မယ် တိမ်ပေါ်မဟုတ်
Side Road မှာရှိတဲ့ သုခဆိုင်ထဲ
*KTM*
ညောင်းညာ / ကိုက်ခဲ / ထုံကျင်
ဒါတွေအားလုံး "အမှု"တွေ "ပြဿနာ"တွေ
“အနိစ္စ” ကွယ်ပျောက်ခြင်းသဘော
“အနတ္တ” မတည်မြဲခြင်းသဘော
သို့လော .. သို့လော
“မိုး” ရွာနေ ၊ “နေ” မပူ ၊ “ရင်” မပူ
ဘေးမှာ ချစ်သူ
“ကြောင့်” ၊ “မဟုတ်” ၊
“ကြောင့်” ၊ “ဟုတ်”
“၏” သည် “ယမကာ”
“မိုး” ရွာ၏ ။
“စိတ်” ရွှင်၏ ။
“ကြွေး” “ကြော်” ၏ ။
အိုဘယ့် …..
“ယမထာ ရွှေကြိမ်လုံးရယ်နဲ့
ထွန်တုံးကိုတဲ့ ….
နောက်တစ်နေ့အတွက်
ပျိုး ရ ဦး မယ် …. ”
*MTO*
ဝိညာဉ်မဲ့တဲ့ လက်တစ်ဖက်
မှိတ်တုပ်တုပ် လတစ်ခြမ်း
မရောက်တော့တဲ့ ပြဇာတ်
မကျက်တကျက် အလွမ်းတွေထဲ
အားလုံးဟာ စိတ်နဲ့ထိတွေ့  ခံစား သိမြင် ပျော်ရွှင် ခံစား ကြေကွဲ
…………… ဒိတ်ခနဲ ပျော်ဝင်နေပါတယ် ………….
*ZYL*
ဘ၀တွေ လိုအပ်မယ် ထင်လို့
ဘ၀တွေ ၀ယ်ဝယ်စုခဲ့တာ များပြီ
ဘ၀ကို မဟာဘုတ်တိုင်ထူကာ
စပိဘုတ်ကိုစီးကာ ထွက်ခဲ့ပြီ
ဖွတ်ချက် ဖွတ်ချက် ဖွတ်ချက်
အခု သွားနေတုန်း လာမယ့်ဘေး
ဘေး ခဏ ဖယ်
တံဆိပ်ကပ်ထားတဲ့ ဈေးနှုန်းတွေ
ခွာကြည့်မယ်ဆိုရင်
ဘ၀ဟာ သုညတစ်လုံးပဲလွဲတယ်
*-Z*
လွဲ၏ အကြိမ်တစ်ထောင်တစ်သောင်း ( ဒီ့ထက်ပိုမယ် )
လောင်း၍ ။ ပြောရဲသည်/ဟောရဲသည်
စိတ်နဲ့ခန္ဓာကြားက စကားသံ / စကားပြော
အက္ခရာ ။ နေ့နဲ့နေ့ကြား ပေါ်လာ ၊
ယနေ့နဲ့ ယနေ့ခြင်းထပ်တဲ့ကြားက
အဖော်ဆိုတာ ပေါ်လာ / Aphaw ဆိုတာ ပေါ်လာ
ဒီထက် ပြောဆိုခြင်း စိတ်မှတ်အသိများလာ
ထင်တစ်လုံးစိတ်နဲ့ တိုင်းတာတာတွေ / ရိုင်းလာ
တာတွေ ။ သိပြီ ။ အသိအားကွန့်သော စကားလုံး
တွေ / တွေဝေ ၊ မှိုင်းမိ ၊ မှိန်းမော ၊ မူးမော ၊
မိုက်မာ ၊ မာန်မဲ ၊ မေ့မိ ။ ဟုတ်တယ် မေ့မိ
မလိုနဲ့ အမေ့တရားအား သတိထားရတာတွေ /
သိထားရတာတွေ ။
*SKM*
သုညတစ်လုံးဟာ ကြားခံနယ်ထဲမှာ ပိတ်မိနေ
ဖွင့်မိနေ // တဲ့ // တံခါးတစ်ချပ်ဟာ တစ်ချက်ချက်
မြည်နေသော နာရီအိုတစ်လုံး အချိန်မှန်ခြင်း
မမှန်ခြင်းဟာ ပညတ် ၊ အဖြစ်အပျက်တွေ အားလုံးကို
လေဟာနယ်ထဲ လွှင့်တင် လွှတ် ပစ် လိုက် တယ်
ကမ္ဘာကြီးဟာ ဘယ်နှစ်ဒီဂရီ တိမ်းစောင်းခဲ့
ကျွန်တော်တို့ အမှား ဘယ်နှစ်လက်မစာ ကျူးလွန်ခဲ့
ချစ်ခြင်းမေတ္တာနဲ့ ယေဘုယျတရားကြားမှာ
ဆင်းရဲမွဲတေခြင်းဟာ ဓားစာခံဖြစ်သွား ။
ကျွန်တော်တို့ ဘယ်လောက်သောက်ခဲ့ကြတယ် ။
ကျွန်တော်တို့ ဘယ်လောက် ပလပ်ကျွတ်ကြမယ် ။
ရူးသွပ်ခြင်းဟာ လက်တစ်ကမ်းမှာ ။
ကဲ ……. ပန်းကုံး ထ စွပ် လိုက် ပါ ။
*ACN*
မပြောတော့ပါဘူး ဆိုလိုတာက
နာမည်တစ်ခုကို တိုးလိုတိုး ကျယ်လိုကျယ်
နားဖျားတွေကို လျှာဖျားတွေကို အကြိမ်ကြိမ်
မိုးရွာသလား နေပူသလား အလျားရှည်သလား
သုညကိုသိသလား အားလုံးကောင်းပါတယ်
အခုသောက်တဲ့ ရမ်လည်း ကောင်းပါတယ်
နေကောင်းပါတယ် / နေလို့ကောင်းပါတယ်
နေ၍ကောင်းပါတယ်
နဖားကြိုးထိုး၍ အရာအားလုံး အခု ခဏထား
ဆားနဲ့သကြားပါလည်း (၆) နာရီ
မပါလည်း အဲ့သည့်ဆီက (၆) နာရီ
ရွှေဗဟိုရ်စည်သံများကိုလ မကြားရ ကြာချေပြီ ..
ယ ခု ရာ သီ …. ။
*PTG*
ကျွန်တော် ဒီလမ်းမှာ ထပ်ပြီးစောင့်လိုက်ဦးမယ်
မင်းထက်ရေ .. ငါစောင့်လိုက်မယ်
နေမိုးဝေရေ .. ငါ စောင့်လိုက်တော့မယ်
ဒီသုံးရာသီမကုန်ခင် ငါ စောင့်လိုက်တော့မယ်
တခါက ဒီလမ်းမှာ ပန်းတွေ ပွင့်
FTSOL တို့ရေ … ငါ စောင့် လိုက် တော့ မယ်
မနေ့ကအထိ ၊ ဒီနေ့အထိ
ဘ၀ကို လော့ခ်မချခင်အထိ
သော့မပိတ်ခင်အထိ
သူငယ်ချင်းတို့ ရေ ……..
ဆရာအောင်ချိမ့် ပြောသလိုပဲ
ငါေ စာ င့် လို က်ေ တာ့ မ ယ် ။
ဏီအဲY ၊ လင်းပျိုးအိမ် ၊ သဲစုဝေ ၊ ကျော်သူမြင့် ၊ မောင်သက်အိုး ၊ ဇော်ရဲလေး ၊ -ဇော် ၊ ဆူးခက်မင်း ၊ အောင်ချမ်းငဲ ၊ ဖိုးသင်္ကြန်
FTSOL
၁၉/၈/၂၀၁၁/သောကြာနေ့ ။
PS. ဆရာသစ္စာနီ A.F ၌ “ပြင်သစ်မော်ဒန်ကဗျာနိဒါန်း” ဟောပြောပွဲ အမှတ်တရ

လူမိုက်သုံးဦး ၊ ရေနည်းငါး သုံးကောင် နှင့် အရည်ပျော်သွားသော အိပ်မက်များ
အမေ့သွေးက ချိုသလောက်
ကျွန်တော်သောက်နေတဲ့ အရက်က ခါး တယ် ။
သား .. နင် ဒီအရည်တွေ သောက်လာရင်
ငါ့ အိမ်ရိပ် မ နင်း နဲ့ ။
နင်တို့အဖေ အရက်သောက်တာ နင့်တစ်သက် ကျော် ပြီ ။
နင်သောက်လာရင် အိမ်ပေါ်လေးဘက်ကုန်းပြီး မတက်ခဲ့နဲ့ ။
လမ်း ၄၀ ထိပ်မှာ ၊ ပိတောက်ရိပ်မှာ
အမေ မရှိတော့တဲ့ အမေ့အိမ်မှာ
ကျွန်တော်သောက်နေတာ အမေကျခဲ့တဲ့ မျက် ရည် တွေ ။
တခါတခါ လွမ်းလာရင် သတိရလာရင်
သားမျက်ရည်တွေက မြေ မ ခ ။
စိတ်မှာ ငိုနေတာ ဘယ်သူသိလဲ ။
အမေမရှိတော့တဲ့လမ်းက မှောင် ၊ လူကလည်း နဂိုက ခပ်ကြောင်ကြောင် ၊
အမေ့အတွက်တော့ သား သတ္တိရှိချင်ယောင် ဆောင် နေ လိုက် တယ် ။
မျက်ရည်ကတော့ သက် သေ ပေါ့ ။
ကျွန်တော်က အမေ မစားသွားတဲ့ သစ် သီး ။
ဒိုင်ယာရီ လှန်လိုက်မိတိုင်း အတိတ်ဟာ
အမြန်ရထားတစ်စင်းလို ဆိုက် ရောက် လာ တယ် ။
အမေသုံးနေကျပစ္စည်းတွေ -
အရက်ပျံမီးခွက် ၊ သွေး/ဆီးချိုတိုင်း ကိရိယာ ၊
အေးစက်နေတဲ့လက်က အမေလား ၊ ကျွန်တော်လား ။
Hypo ရတိုင်း အမေသောက်တဲ့ စပါကလင် ၊
အစာမစားဘဲသောက်တဲ့ အလွန်အကျွံ မက်ဖော်မင် ၊
အမေ ပြန်မလာပေမဲ့ သား မျှော် နေ သေး တယ် ။
အမေ မကြိုက်တဲ့အရက် သား သောက်နေတယ် ။
အမေ မကြိုက်တဲ့ ကဗျာလမ်း သား လျှောက်နေတယ် ။
ကဗျာဆရာတိုင်း အရက်မသောက်သလို ၊
အရက်သမားတိုင်း ကဗျာမရေးဘူး မေမေ ။
သောကြာကြယ်တွေနဲ့ မိုး ထား တဲ့ သားတို့အိမ်လေးမှာ
သနပ်ခါးရနံ့တွေ မရတာ ကြာ ပြီ ။
အမေ့ရဲ့ ဒုက္ခအိုးလေးတွေပေါ့ ၊
သားမှာရောင်းစရာ ဂုဏ်သိက္ခာ မ ရှိ ဘူး ။
သားရဲ့ ဂုဏ်သိက္ခာက အမေပဲ ။
သားရဲ့ စိတ်စုဗူးထဲ အမေဟာ နေ့ စဉ် ရက် ဆက် ၊
လွင့် ပျံ့ လာ တုန်း ။
အမေမပါတဲ့ ဘွဲ့နှင်းသဘင် ၊ စာသင်ဖို့သွားတဲ့ လေဆိပ် ၊
အမေ့ဆန္ဒတွေ ဖြစ်လာတဲ့ အ ချိန် ၊
သားရဲ့ ချုပ်တည်းနိုင်မှုမှာ ဂဏှာမငြိမ်နိုင်ဘူး ။
သားဘ၀ကိုက ရေနည်းတော့မှ ကူးခတ်နိုင်ခဲ့မိတာ ။
ကျွန်တော့်ကို ပေါင် ၁၀၀ ကျော်တဲ့ထိ အမေ ကျွေး ခဲ့ တယ် ၊
အမေ့ရဲ့ ပေါင် ၄၀၀ ကျော် ရုပ်အလောင်းကို မ ပြီး ၊
ကျွန်တော် ပြေး ခဲ့ တယ် ။
ကျွန်တော့် ညာဘက်လက်ဖျံမှာ ၊ အမေ့ရဲ့ ထွက်သက်တွေ
ေ ႏြ း ေ ထြ း ေ န တု န်း ပဲ ။
ဘ၀မှာ ကောင်းမွန်စွာနေဖို့ မြေဘယ်နှဧက လိုသလဲ ။
ကျွန်တော့်အတွက် ခြေနှစ်ဖက်စာ ၊
အမေ့အတွက် မြေတစ်ကွက်စာ ၊
ရေချိုးပြီး သန့်စင်ချိန် ရုပ်ခန္ဓာ ။
ငြိ မ်းေ အး စွာ အိ ပ် ပါေ လာ့ ။
ဘုရား ၊ တရား ၊ သံဃာရှိလည်း အမေ့လောက် သူတို့ မနွေးထွေးဘူး ။
ဘ၀ ဆိုတာ ဆေးလိပ်မီးခိုးတွေလို ခ ဏ ။
ပြန်မရတာက ပျော်နေခဲ့တဲ့ အ ခိုက် အ တန့် ။
အမေရေ ......... ပျော်သည်ဖြစ်စေ ၊ မပျော်သည်ဖြစ်စေ ၊
သား နေတတ်အောင် နေ ပါ့ မယ် ။
ဆူး ခ က် မ င်း / ဖိုး သ င်္ကြ န် /ေ မာ င် သ က် အိုး
F T S O L
၂ ၂ ၀ ၈ ၂ ၀ ၁ ၁
PS: ဆူးခက်မင်းရယ် ဖိုးသင်္ကြန်ရယ် မောင်သက်အိုးရယ် လမ်း ၄၀ ထိပ်က
ပိတောက်ရိပ် ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ သောက်ဖြစ်ကြတယ် ။
သုံးယောက်လုံးက အမေ မရှိတော့ဘူး ။ သုံးယောက်လုံးရဲ့ အမေတွေက
ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ပျက်ပြီး ဆုံးသွားခဲ့ပြီ ။
သုံးယောက်လုံးမှာ အစ်ကိုတစ်ယောက် အစ်မတစ်ယောက်ရှိတယ် ။
သုံးယောက်လုံးက တော်တော် တိုက်ဆိုင်တဲ့ အဖြစ်အပျက်တွေ ။
သုံးယောက်လုံးပေါင်းပြီး နာကျင်နေတဲ့ ရင်ဘတ်တွေနဲ့ ရေးထားတဲ့ကဗျာ ။
ခင်ဗျားတို့ ဖတ်ကြည့်ပြီး သဘောပေါက်မှာပါ ။

နေညိုချိန်အသွေးအသား ၀တ်မှုန်ကူး နင်းခဲ့တဲ့ ခြေရာ
အရိပ်တွေ လွှမ်း လာ တုန်း ၊
ဝရုန်းသုန်းကား စိတ် တွေ ၊ တခါတခါ လွင့် တာ ။
ညနက်ချိန် ကျွန်တော် အိပ်မရတာ ကြာ ပြီ ၊
အမရေ ...
ရေစီးတိမ်ပြို နေညိုချိန်ဆို ၊ ကျွန်တော့် သိစိတ်ထဲမှာ
သောင်မတင် ရေမကျ ။
ကျွန်တော်တစ်ယောက်တည်း ၊ အလွမ်းထဲ နိမ့်နိမ့်လာရင်
တစ်ယောက်တည်း တမ်းတမိတာ ၊ အမ တစ်ယောက်ပဲ ။
မခင်မိရဲ့ အသွေးအသားတွေထဲမှာ ..
ကျွန်တော် ဘယ်နှရာခိုင်နှုန်း ဆူ ပွက် ခွင့် ရ ခဲ့ သ လဲ ။
နီယွန်မီးရောင်ပြာလဲ့လဲ့ ဖြာ ကျ နေ တဲ့
ကတ္တရာလမ်း မည်းမည်းတွေပေါ်မှာ
မခင်မိရဲ့ လက်ဖဝါးတွေ ချွေးစို့နေတဲ့ အ ထိ အ တွေ့  ။
မလွမ်းဘူး ..... ဆိုပေမယ့် ၊ လွမ်းရပါတယ် မ ခင် မိ ။
မခင်မိရဲ့ ချွေးနံ့လေးတွေကအစ ၊
ကျွန်တော့်အတွက် မွှေး ပျံ့ တယ် ။
အလွမ်းဆိုတာ လူကြားလို့မကောင်းတဲ့ ဘာ သာ စ ကား ပဲ ။
သက်ရေ .... ခါးနေပေမယ့် ချိုတယ် .... ချစ် တယ် ။
ဘ၀ကို မူးယစ်နေနိုင်တာက မင်းနဲ့ W-H-I-S-K-Y ..
မပီပြင်တာက အ နာ ဂတ်
အပျက်ပျက်နဲ့ နှာခေါင်းသွေးတော့ မထွက်ချင်
ရင်ဘတ်ထဲ ၀င်ကြည့်ရင် အချစ်တွေချည်းပါပဲ
မင်း နင်းခဲ့တဲံ ခြေရာတွေချည်းပဲပေါ့ .....
တစ်နေ့လုံး တစ်ညလုံးဟာ သက်အတွက်နဲ့ပဲ
လှုပ် ခါ ရမ်း ခဲ့ ပေါ့ .... ။ ။
ငါ့ဘ၀ကို မင်းပဲ ခေါင်း စဉ် တပ် ခဲ့ တာ ... ။ ။
မ ....... မထင်မြင်သော ည မဟုတ်တဲ့ အကာလအခါ
မှာ မမြင်ဘဲ ဆုံ တယ် ။
"မောင်လေး .. ကလေးအတွေးတွေက တစ်ခါတစ်ခါ
လှပသလိုပဲ လို့ .. တွေးမိတယ်ကွယ်"
သူမသုံးနေကျ "ကွယ်" ၊ သူမပြောနေကျ "ကွယ်"
အခု .... ၊ အခုည .... ၊ အခုမြည်သံမြဲနေတဲ့ ည မှာ
သက်ရှိချစ်သူ ဖုန်းမက်ဆေ့ခ်ျက ရောက် လာ ခဲ့ ၊
မ ရေ ....
ပန်းတွေ ၀တ်မှုန်ကူးခဲ့ ၊ ခ အက္ခရာတစ်စု တော်သလင်း
မရောက်ဘဲ ကူးလူး ဆက် ဆံ ကြ
ကျွန်တော်တို့ အတိတ်မှာ ၀တ်မှုန် / တော်သလင်း
မရောက်ခဲ့ဘူး (ကွယ်) ။
ဖိုး သ င်္ကြ န် / ဆူး ခ က် မ င်း /ေ မာ င် သ က် အိုး / ဏီ အဲ Y
F T S O L
2 2 0 8 2 0 1 1
p a d a u k y e i k

Status Poetry
ငါ မငိုတော့ဘူး မင်းလည်း မသွားနဲ့ ဆုလာဘ်ကလေးရယ် တစ်ခါပြန် အသစ်ကစမယ်
ငါ ရှင်သန်နေသမျှ တစ်သက်မှာ တစ်ခေါက်သာ ရနိုင်မယ့်အချစ်ကို ငါတန်ဖိုးထားပါ့မယ်
ကျွန်တော့်အနုပညာကို ခင်ဗျားတို့ စော်ကားပါ
http://www.kawkanyaw.blogspot.com/ gaming cant reply ~ ;)
ပန်းပွင့်ချည်းသက်သက် ဘုရားမှာတင်ထားတယ် အနမ်းတွေစုစည်းပြီး သီချင်းတစ်ပုဒ်
စပ်လိုက်ရမလား လေထုထဲမှာ ကံဆိုးမှုရနံ့တွေ ပျံ့လွင့်နေ ကိုယ်က ကံဆိုးရာသီ
ဘယ်လိုနက္ခတ်နဲ့မှ ရှောင်လွှဲလို့မရတော့ဘူး Be A Lady... Not A Bitch
ကျုပ် တိုးတိုးတိတ်တိတ်လေးနဲ့ပဲ ပျောက်ကွယ်ပေးသွားမှာပါ art for sake
အလင်းရောင်တွေ ၀င်လာဖို့သက်သက်နဲ့ ပြတင်းတံခါးကို ဖွင့်ထားလိုက်တယ်
sick :( sick :( sick :( ချစ်သူကောင်မလေးရေ လွမ်းရဲမှ.......လမ်းခွဲပါနော်.......
တော်ကြာခံစားနေရဦးမယ်.... http://www.elyrics.net/song/n/nirvana-lyrics.html
Do you like music? Listen at http://www.mixmuzit.com
အပေါစား အနမ်းတွေ ထပ်ပြီး အပေါစား ကတိတွေ ထပ်ပြီး အပေါစား ဘဝ ကို
ငါ ထပ်ပြီးတော့မရချင်ဘူး....အပေါစား အနမ်းတွေ ထပ်ပြီး အပေါစား ကတိတွေ
ထပ်ပြီး အပေါစား မင်းကို မင်းကို မင်းကို ........... တော်ပြီ... Art For Sex
ဒီမှာ....မင်းလိုရာသုံး...မင်းအမုန်းကိုခံ...မင်းလိုအပ်မှပြန်လာခိုင်းတာလား...
ဆောရီးပဲ....တစ်မြို့လုံးစားတဲ့ပန်းကန်ငါတစ်ယောက်တည်းမဆေးနိုင်ဘူး..အိုကေ
achit so tar ma kg bu naw လွတ်လပ်မှုသုဉ်း အခွင့်အရေးသုဉ်း ပျော်ရွှင်မှုသုဉ်း
သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ် သုဉ်းသည့်ခေတ်တွင် ဖြစ်လာရလေ
တို့နည်းပညာကျောင်းသားတတွေမှာ သေသော်မှတည့် သြော်ကောင်း၏.......
ဆုံဆည်းနိုင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတာ သိရက်နဲ့များ ရင်ထဲမွန်းကြပ်အောင်
တမ်းတနေမိတာ ရူးသွပ်ခြင်းပဲလား...။
~~Oh na na...what's my name.... နာကျင်မှုတွေရောစပ်ထားတဲ့ ငါ့မျက်ရည်တွေကို
နင်သောက်သုံးဖို့အတွက် ငါ့ပါးပြင်ပေါ်စီးဆင်းလိုက်မယ်
အမုန်းသောက်စမ်းကွာ သောက်ပြီးရင်အငန်ဓာတ်မိပြီး သွေးတိုးရောဂါဖြစ်ပါစေ
There is no true love without jealousy(သ၀န်တိုမှုမ၇ှိလျှင် အချစ်စစ်ဟု မမည်နိုင်)
ဟူးးးး ငါ့ဘ၀ က တစိမ့်စိမ့်ကြည့်စရာဆိုလို့ Monitor ရယ် တယုတယကိုင်စရာဆိုလို့
Keyboard ရယ်.. လက်ဆုပ်လက်ကိုင် ပြစရာဆိုလို့ Mouse ရယ်.. တီတီတာတာလေးဆိုလို့
မီးပျက်ရင်အော်တဲ့ UPS ... ပဲရှိတော့တယ်
Please ! Don't spend my times , every minute counts for me !
ယောင်္ကျားတစ်ယောက်စိတ်ညစ်ခြင်းအစက မိန်းမတစ်ယောက်ကို စပြီးချစ်မိတဲ့အခါပဲ
The beautiful word is ALLAH. Most beautiful song is AZAN. BEST exercise is NAMAZ.
World perfect book is QURAN. And you are so lucky if your are a MUSALMAN.:)
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့ ကျွန်တော်လည်း တောက်လျှောက်ကြီး ကောင်းမပြနိုင်ဘူးပေါ့..
ဘဝဆိုတာ ၂ နာရီစာ ကောင်းကွက်ချည်းရွေးပြနေတာ မှမဟုတ်တာ...
How can I spell S_CCESS without "U"? I can't even have F_N or any good L_CK without "U".
Look like I just can't S_RVIVE without "U".
♥ I̶ ̶c̶a̶n̶'̶t̶ ̶l̶i̶v̶e̶ w̶i̶t̶h̶o̶u̶t̶ y̶o̶u̶. Sorry I Can !!!
ဝမ်းနည်းတယ်... ကြေကွဲတယ်... နာကျင်တယ် ... အထီးကျန်စွာနဲ့...အားငယ်ရင်း ငါ ရိုးသားဆဲပါပဲ....
ma shi bu ငါ ဒီ မှာ . . မ င်း နဲ့ နီး ဖို့ ကြိုး စားေ န တ ယ် i think i should forget everything about u..
Too tired.. heeee
ကိုရီးယားကြည့်နေပါတယ် An honest man will never tell a lie
http://www.youtube.com/watch?v=sf9dUaATAxY&feature=fvst
အဟမ်း ဟမ်း ကိုလွင်ပြင် လာပါ လာပါ ဟွန်းဟွန်း ငါ့ ဝက်ဆိုက် ကိုပါ လုပ်သွားတယ် ဝါး ဝါး ဝါး ငိုပြီ
blogger ပြန်ပွင့်လို့ www.hallinhtay.com ပြန်ရပြီ Almost everything that is great has been
done by youth. အကျယ်ပြန့်ဆုံးသော နေရာသည် ထောင့်ချိုးများ မရှိ…။
ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ထောင့်ချိုးများသည်… ကျွန်တော့် မကျယ်ပြန့်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မည်။
I risk my life .. to feel ... အစိုးရအပေါ် ဝေဖန်ရှုတ်ချ၊ တိုက်ခိုက်ထိုးနှက်၊ မကောင်းပြောတာတွေကို
ကျနော်တို့ နည်းနည်းတော့ လျှော့ဖို့သင့်နေပြီ။ တွားချင်ဘူး ခီညားတို့ညက်နှာဒွေလဲ ကြည့်ချင်ဘူး
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆူး ခ က် မ င်း
- ကျွန်တော့် Gtalk Friend(s) များ၏ Gtalk Status များကို စုစည်းတင်ပြထားခြင်းမျှသာ -

ကဗျာ
Subscribe to:
Posts (Atom)