>
>
> မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
> ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
> ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
> အားနည်းချက်လို့  ဆိုရမလားပဲ…။
>
> ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
> ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
> ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
> ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
>့ …။
>
> အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
> ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။
>
> “ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”
>
> ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
> လေးလေးပင်ပင်နဲ့ …
>
> “ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
> ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”
>
> ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
>့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
>့ ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။
>
> “အီးးးးးးး”
> “အူးးးးးးး”
> “အိုးးးးးးး”
>
> ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
> အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …
>
> “ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
> ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”
>
> မယုံမရှိကြပါနဲ့ ။
>
> ‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
> စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
> မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။
>
> လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
> စုပ်…။
>
> ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။
>
> အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
> တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။
>
> “ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
> မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
> ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”
>
> “အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
> လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
> ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
> ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”
>
> “တိန်…”
>
Wednesday, July 29, 2009
Tuesday, July 28, 2009
အိပ်ဆေး / ပြင်ပ / ထို တစ်ည
ထိုည ။
အိပ်မပျော်လို့ အိပ်ဆေးတစ်ခွက် သောက်လိုက်
တယ် ။ ဤခရီး နီးသလား ။
မဝေးလောက်တော့ဘူး .. ။ ရှေ့ မှာ တံခါးနီ
တစ်ချပ် ။ ရောက်အောင်တော့ သွားရမှာပဲ ။
မနေ့တုန်းက ဘေလီတံတားထိပ် ရောက်တယ် ။
ရေတွေ ၊ ရေတွေ ။ ငါ့ ပါးစပ်ထဲ အလျားလိုက် စီးဝင်
အားးးးးးးးးးးးးးးးးးးးးးးး
ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြင်ပ ပါးပြင်ပေါ် ပိတ်ပစ်ပေါ့ ။
မီးသတ်ကား တစ်စီး ၊ ရေတွေ ရောင်းတယ် ။
ငါ့ အိမ်ဘေးက ကောင်မလေး ၊ ဆတ်ကော့လတ်ကော့ လမ်းလျှောက်တယ် ။
သြော် ဒါနဲ့ ... ၊ ရွှေ ဘယ်ဈေးပေါက်လဲ ။
အပေါက်မပါတဲ့ ဈေးထဲ ၊ ဘယ်လိုဝင်ဖို့ စဉ်းစား
ထားလို့လဲ ။ ပြောစမ်းပါဦး ။
ကောင်းရော .. ။
ဒီလိုနဲ့
အိပ်ဆေးတစ်ခွက် သောက်လိုက်လို့ အိပ်ပျော်သွားသော ထိုည ... ။
အိပ်မပျော်လို့ အိပ်ဆေးတစ်ခွက် သောက်လိုက်
တယ် ။ ဤခရီး နီးသလား ။
မဝေးလောက်တော့ဘူး .. ။ ရှေ့ မှာ တံခါးနီ
တစ်ချပ် ။ ရောက်အောင်တော့ သွားရမှာပဲ ။
မနေ့တုန်းက ဘေလီတံတားထိပ် ရောက်တယ် ။
ရေတွေ ၊ ရေတွေ ။ ငါ့ ပါးစပ်ထဲ အလျားလိုက် စီးဝင်
အားးးးးးးးးးးးးးးးးးးးးးးး
ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြင်ပ ပါးပြင်ပေါ် ပိတ်ပစ်ပေါ့ ။
မီးသတ်ကား တစ်စီး ၊ ရေတွေ ရောင်းတယ် ။
ငါ့ အိမ်ဘေးက ကောင်မလေး ၊ ဆတ်ကော့လတ်ကော့ လမ်းလျှောက်တယ် ။
သြော် ဒါနဲ့ ... ၊ ရွှေ ဘယ်ဈေးပေါက်လဲ ။
အပေါက်မပါတဲ့ ဈေးထဲ ၊ ဘယ်လိုဝင်ဖို့ စဉ်းစား
ထားလို့လဲ ။ ပြောစမ်းပါဦး ။
ကောင်းရော .. ။
ဒီလိုနဲ့
အိပ်ဆေးတစ်ခွက် သောက်လိုက်လို့ အိပ်ပျော်သွားသော ထိုည ... ။
အမျိုးအစား
ကဗျာ
Monday, July 27, 2009
အပိုဒ်ခွဲ ( ၅ )
ငါ မပါတဲ့ နေ့ရက်တချို့ မှာ ..
လိမ္မော်ရောင် နံနက်ခင်းတွေ ..
တိတ်တဆိတ် ပျော်ရွှင်ကြတယ် ..
နွေ ၊ မိုး ၊ ဆောင်း
စောင်းငဲ့ကြည့်တော့ ..
လက်ဖ၀ါးပြင်တစ်ခု ..
ဂြိုလ်ဆိုး နက္ခတ်တွေ ၀န်းရံ ..
ပြဿဒါးတွေသာ လှောင်ပိတ်မိခဲ့ ..
ငါဆိုတာ .. အဆိုးဆုံးတွေနဲ့ ဆိုးယုတ်နေခဲ့သူပေါ့ ..
မာရီယာ နှုတ်ဆက်သွားတဲ့
မိုးတိမ်တချို့  ..
ဗန်ဂိုး ဖူးပွင့်ခဲ့တဲ့ နေကြာခင်းတွေ ..
ငါ့ နံဘေးမှာ လဲပြိုနေတုန်းပဲ ..
အရုပ်မလေး ရေ ..
ငါ့အတွက် နံနက်ခင်းစာ ..
လရောင်တွေ ဆွတ်ဖျန်းပြီး ..
ပို့ပေးစမ်းပါ ..
လိမ္မော်ရောင် နံနက်ခင်းတွေ ..
တိတ်တဆိတ် ပျော်ရွှင်ကြတယ် ..
နွေ ၊ မိုး ၊ ဆောင်း
စောင်းငဲ့ကြည့်တော့ ..
လက်ဖ၀ါးပြင်တစ်ခု ..
ဂြိုလ်ဆိုး နက္ခတ်တွေ ၀န်းရံ ..
ပြဿဒါးတွေသာ လှောင်ပိတ်မိခဲ့ ..
ငါဆိုတာ .. အဆိုးဆုံးတွေနဲ့ ဆိုးယုတ်နေခဲ့သူပေါ့ ..
မာရီယာ နှုတ်ဆက်သွားတဲ့
မိုးတိမ်တချို့  ..
ဗန်ဂိုး ဖူးပွင့်ခဲ့တဲ့ နေကြာခင်းတွေ ..
ငါ့ နံဘေးမှာ လဲပြိုနေတုန်းပဲ ..
အရုပ်မလေး ရေ ..
ငါ့အတွက် နံနက်ခင်းစာ ..
လရောင်တွေ ဆွတ်ဖျန်းပြီး ..
ပို့ပေးစမ်းပါ ..
အမျိုးအစား
ကဗျာ
Thursday, July 23, 2009
အစားမထိုးခဲ့ ( နိုင် ) သော
ချစ်တယ် ကလေးရယ် ..
ငါ သွားခွင့်မပြုနိုင်ဘူး ..
ဒါပေမယ့် ..
ငါ့ မျက်လုံးထဲက လူဟာ ဘယ်သူဆိုတာ ..
မင်း သိသင့်တယ် ..
အချစ်တွေ ၊ အချစ်တွေ
ငါတို့ လုပ်နိုင်တာပေါ့ .. ဘယ်တော့မှ မမှားအောင်လေ ..
ကတိတစ်ခု ပေးလိုက်မယ် ..
ကောင်မလေး ..
မင်း နေရာမှာ ငါ ဘယ်တော့မှ အစားမထိုးဘူး ..
စိတ်ချ ..
ချစ်တယ် ..
သေချာတာပေါ့ ..
ငါ ချစ်တယ် ..
မင်း လိုအပ်နေသရွေ့  .. မင်းနားမှာ ရှိနေမယ် ..
ငါ့ဘ၀ ရဲ့  အဆုံးတစ်နေ့ထိ ..
စတွေ့ ကတည်းက သိခဲ့သားပဲ ..
ငါတို့ တစ်သားတည်း ဆိုတာကိုပေါ့ ..
ခု ထပ်သိသွားခဲ့ ..
ငါ မင်းနဲ့ အမြဲတမ်း ရှိချင်ခဲ့ ..
လက်ထပ်ခွင့်ရချင်တယ် ..
ငါတို့ ရဲ့  အနာဂတ်သစ်တွေ အတွက် ..
ဘယ်တော့မှ မပြီးဆုံးမယ့် အနမ်းတွေအကြောင်းတွေးနေတုန်း ..
ငါ အမှန်တကယ် ပျော်ရွှင်မိရင်း
ချီတုံချတုံ နဲ့ ငါ သေသွားခဲ့ရင်တောင် ..
သံသယ ဆိုတာ စိုးစဉ်းမျှ ဖြစ်မှာ မဟုတ် ..
ဒါပေမယ့် ..
မင်း ငါ့နားမှာ အမြဲ ရှိနေခြင်းဟာ ..
ငါ့ကို နောင်တတွေ နဲ့ ရစ်နှောင်စေတယ် ..
မင်းကို ခွဲရမယ့် တစ်နေ့ဆိုတာ ..
ရောက် .... ခဲ့ ... ရင် ..
တစုံတခု ကို မင်းသိမှာ သေချာသလောက်ပဲ ..
ငါ့ရဲ့  အရာတိုင်းကို မင်းအတွက် ကုန်လွန်စေခဲ့တယ် ..
ငါ လွမ်းနေမှာပါ ..
ငါ ...
လွမ်း နေ မှာ ပါ ..
ဘာလို့လဲ ဆိုတော့ ..
မင်းကို ပိုင်ဆိုင်ခွင့်ရပြီး ..
ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တချို့ ကြောင့်လေ ..
( 1st lady ၏ Never Be Replaced သီချင်းကို ကဗျာအဖြစ် အသက်သွင်းသည် ။ )
ငါ သွားခွင့်မပြုနိုင်ဘူး ..
ဒါပေမယ့် ..
ငါ့ မျက်လုံးထဲက လူဟာ ဘယ်သူဆိုတာ ..
မင်း သိသင့်တယ် ..
အချစ်တွေ ၊ အချစ်တွေ
ငါတို့ လုပ်နိုင်တာပေါ့ .. ဘယ်တော့မှ မမှားအောင်လေ ..
ကတိတစ်ခု ပေးလိုက်မယ် ..
ကောင်မလေး ..
မင်း နေရာမှာ ငါ ဘယ်တော့မှ အစားမထိုးဘူး ..
စိတ်ချ ..
ချစ်တယ် ..
သေချာတာပေါ့ ..
ငါ ချစ်တယ် ..
မင်း လိုအပ်နေသရွေ့  .. မင်းနားမှာ ရှိနေမယ် ..
ငါ့ဘ၀ ရဲ့  အဆုံးတစ်နေ့ထိ ..
စတွေ့ ကတည်းက သိခဲ့သားပဲ ..
ငါတို့ တစ်သားတည်း ဆိုတာကိုပေါ့ ..
ခု ထပ်သိသွားခဲ့ ..
ငါ မင်းနဲ့ အမြဲတမ်း ရှိချင်ခဲ့ ..
လက်ထပ်ခွင့်ရချင်တယ် ..
ငါတို့ ရဲ့  အနာဂတ်သစ်တွေ အတွက် ..
ဘယ်တော့မှ မပြီးဆုံးမယ့် အနမ်းတွေအကြောင်းတွေးနေတုန်း ..
ငါ အမှန်တကယ် ပျော်ရွှင်မိရင်း
ချီတုံချတုံ နဲ့ ငါ သေသွားခဲ့ရင်တောင် ..
သံသယ ဆိုတာ စိုးစဉ်းမျှ ဖြစ်မှာ မဟုတ် ..
ဒါပေမယ့် ..
မင်း ငါ့နားမှာ အမြဲ ရှိနေခြင်းဟာ ..
ငါ့ကို နောင်တတွေ နဲ့ ရစ်နှောင်စေတယ် ..
မင်းကို ခွဲရမယ့် တစ်နေ့ဆိုတာ ..
ရောက် .... ခဲ့ ... ရင် ..
တစုံတခု ကို မင်းသိမှာ သေချာသလောက်ပဲ ..
ငါ့ရဲ့  အရာတိုင်းကို မင်းအတွက် ကုန်လွန်စေခဲ့တယ် ..
ငါ လွမ်းနေမှာပါ ..
ငါ ...
လွမ်း နေ မှာ ပါ ..
ဘာလို့လဲ ဆိုတော့ ..
မင်းကို ပိုင်ဆိုင်ခွင့်ရပြီး ..
ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တချို့ ကြောင့်လေ ..
( 1st lady ၏ Never Be Replaced သီချင်းကို ကဗျာအဖြစ် အသက်သွင်းသည် ။ )
အမျိုးအစား
ကဗျာ
သရ / အက္ခရာ တို့ ခုန်ပေါက်မြူးထူးရာ ကဗျာ
သော့ခတ်သိမ်းထားတဲ့ အက္ခရာ
ဖွင့်ကြည့်မိတော့
ဂ ဃ န ဏ .. မကွဲပြား
သေချာ ထပ်ကြည့်တော့
ဒ ဓ လ ဠ .. မကွဲပြား ( ပြန် )
အားးးးးးးးးးးးးးးးးးးးး
ရူး ချင် တယ် ...
( ခ ) လို ခပ်ကွေးကွေးလေး အိပ်
နေတာပဲ ကောင်းတယ် ။
( လ ) တစ်လုံး နဲ့ အိပ်မက်မြစ်
ထဲ ( စ ) တွေ မျှားလို့ .... ပေါ့ ..
ဂ ဃ န ဏ အက္ခရာ ဟာ
လေးလုံးစပ်လား ၊ ကာရန်လား ၊ နစ်ရှေးလား ၊
ကလီယိုပတ်ထရာလား ၊ ရောမမြို့လား ၊
a e i o u
အိပ် အိမ် အ အိုး ယိုင်
တန်း င်္ကျီ ပေါ်
တက် မ
နေ ပါ
သော သော
အာ ................... သောက်ကမြင်းမ
နင် ပြောပြောနေတဲ့ သရ က
အထီးလား ၊ အမ လား
ကဲ .... ခု ပြော လေ ...
a = apple
e = escape
i = I.Q
o = opinion
u = universal
a , e , i , o , u
ပန်းသီးတစ်လုံး၏
လွတ်မြောက်ရာ
ဥာဏ်ရည် ဥာဏ်သွေးကို
ထင်မြင်ယူဆသော
စကြ၀ဠာ ။
" ထို စကြ၀ဠာ၏ ထင်မြင်ယူဆချက်သည် ထိုပန်းသီး၏ ဥာဏ်ရည်ဥာဏ်သွေးကို လွတ်မြောက်စေရာတည်း "
အို ... အေ့ .. အေ့ .. အေ .. အေ .. အေ့ .. အို
အိမ်အိုအုတ်အောက် အော့အန် ၊ အန်ချင် အန်လိုက်
ထိုပန်းသီးကို တစ်နေကုန် ထိုင်ပြီး ကြည့်လို့
နင်သိထားတဲ့ သရတွေ ဖိတ်လျှံကျလာပါ့မလား
ငါ ပြော ပြ မယ် ..
လျှာခင်နှစ်ခုပါတဲ့ လျှာခင်ကို လျှာခင်တစ်ခု
အပိုစု ပေးလိုက်မယ် ။ အာသီးမှ ရှတတ အန်ဖတ်တွေ
ကပ်ငြိကုန်ပြီ ။ သရတွေ တဖြုတ်ဖြုတ် ကြွေနေပြီ
ဂ ဃ န ဏ .. ကို ... ဂ ဃ န ဏ သိလိုက်ပြီ
သောက်ကမြင်းမ
နင်မသိတာ သရတွေ ခုန်ပေါက်မြူးထူးနေသော
လွတ်မြောက်ခြင်း စကြ၀ဠာ ပဲ .... ။ ။
ဆူးခက်မင်း နှင့် ဏီအဲY ပေါင်းစပ် ရေးဖွဲ့သည် ။
ဖွင့်ကြည့်မိတော့
ဂ ဃ န ဏ .. မကွဲပြား
သေချာ ထပ်ကြည့်တော့
ဒ ဓ လ ဠ .. မကွဲပြား ( ပြန် )
အားးးးးးးးးးးးးးးးးးးးး
ရူး ချင် တယ် ...
( ခ ) လို ခပ်ကွေးကွေးလေး အိပ်
နေတာပဲ ကောင်းတယ် ။
( လ ) တစ်လုံး နဲ့ အိပ်မက်မြစ်
ထဲ ( စ ) တွေ မျှားလို့ .... ပေါ့ ..
ဂ ဃ န ဏ အက္ခရာ ဟာ
လေးလုံးစပ်လား ၊ ကာရန်လား ၊ နစ်ရှေးလား ၊
ကလီယိုပတ်ထရာလား ၊ ရောမမြို့လား ၊
a e i o u
အိပ် အိမ် အ အိုး ယိုင်
တန်း င်္ကျီ ပေါ်
တက် မ
နေ ပါ
သော သော
အာ ................... သောက်ကမြင်းမ
နင် ပြောပြောနေတဲ့ သရ က
အထီးလား ၊ အမ လား
ကဲ .... ခု ပြော လေ ...
a = apple
e = escape
i = I.Q
o = opinion
u = universal
a , e , i , o , u
ပန်းသီးတစ်လုံး၏
လွတ်မြောက်ရာ
ဥာဏ်ရည် ဥာဏ်သွေးကို
ထင်မြင်ယူဆသော
စကြ၀ဠာ ။
" ထို စကြ၀ဠာ၏ ထင်မြင်ယူဆချက်သည် ထိုပန်းသီး၏ ဥာဏ်ရည်ဥာဏ်သွေးကို လွတ်မြောက်စေရာတည်း "
အို ... အေ့ .. အေ့ .. အေ .. အေ .. အေ့ .. အို
အိမ်အိုအုတ်အောက် အော့အန် ၊ အန်ချင် အန်လိုက်
ထိုပန်းသီးကို တစ်နေကုန် ထိုင်ပြီး ကြည့်လို့
နင်သိထားတဲ့ သရတွေ ဖိတ်လျှံကျလာပါ့မလား
ငါ ပြော ပြ မယ် ..
လျှာခင်နှစ်ခုပါတဲ့ လျှာခင်ကို လျှာခင်တစ်ခု
အပိုစု ပေးလိုက်မယ် ။ အာသီးမှ ရှတတ အန်ဖတ်တွေ
ကပ်ငြိကုန်ပြီ ။ သရတွေ တဖြုတ်ဖြုတ် ကြွေနေပြီ
ဂ ဃ န ဏ .. ကို ... ဂ ဃ န ဏ သိလိုက်ပြီ
သောက်ကမြင်းမ
နင်မသိတာ သရတွေ ခုန်ပေါက်မြူးထူးနေသော
လွတ်မြောက်ခြင်း စကြ၀ဠာ ပဲ .... ။ ။
ဆူးခက်မင်း နှင့် ဏီအဲY ပေါင်းစပ် ရေးဖွဲ့သည် ။
အမျိုးအစား
ကဗျာ
Wednesday, July 22, 2009
တစုံတခုကို မလွမ်းချင်သော
မင်းရဲ့  အသက်ရှူသံတွေ မပါတဲ့ တစ်နံနက်ခင်းမှာ ..
ငါ နိုးထလာတယ် ..
မင်း အိပ်နေစဉ် ပြုံးတဲ့အပြုံးကို စောင့်ကြည့်ပါရစေ ..
ကြည့်နေရင်း .. ကြည့်နေရင်း ..
မင်း အိပ်မက်တွေနဲ့ .. ဝေး .... ဝေး သွား တယ် ..
တစ်ဘ၀စာ .. ချိုမြိန်စွာ လက်နက်ချလိုက်ရဲ့  ..
အမြဲတမ်း ရှုံးနေနိုင်ပါတယ် ..
အဲသည့် အချိန်တွေကို ..
အမြတ်တနိုး ကုန်လွန်ရင်းနဲ့ ပေါ့ ...
ငါ့မျက်လုံးတွေကို မမှိတ်လိုက်နဲ့ ..
မမှိတ်လိုက်ပါနဲ့ ..
ငါ မအိပ်ဘူး .. မအိပ်ချင်ဘူး .. မအိပ်ချင်သေးဘူး ..
လွမ်းနေပါရစေ ကလေးရေ ..
တစုံတခုကိုတော့ မလွမ်းချင်ဘူး ..
ဘာမှန်းမသိတဲ့ တစုံတခုကိုပေါ့ ..
အဲသည့် တစုံတခုကို ..
မင်းအကြောင်း အိပ်မက်နေရင်းတောင် မလွမ်းချင်ဘူး ..
အိပ်မက်တွေ ခါးကုန်လိမ့်မယ် ..
တစုံတခုကို မလွမ်းချင်ပေမယ့် ..
ငါ မင်းကို လွမ်းနေတုန်းပဲ ကလေးရေ ..
မင်း ရင်ခုန်သံတွေနဲ့ ..
အနီးကပ်ဆုံး လှဲလျောင်း ..
ငါဆိုတာ .. မင်း အိပ်မက်နေတာကို အံ့သြငေးမောနေမိတဲ့ကောင်ပေါ့ ..
မင်းကို ကြည့်နေရင်းနဲ့ .. ပို ပို အံ့သြလာတယ် ..
ငါ့ အနမ်းတွေ မင်းမျက်ဝန်းထက် ခိုနားရဲ့  ..
ကျေးဇူးပါ ဘုရားသခင် ..
အတူရှိနေခွင့် ပေးတဲ့အတွက် ..
သူနဲ့ အတူ နေခွင့်ရရုံလေးအတွက် ..
ဒီအချိန်လေး ..
အမြဲတမ်း .. ထာဝရ ..
( I don't want to miss a thing ကို ကဗျာအဖြစ် အသက်သွင်းသည် )
ငါ နိုးထလာတယ် ..
မင်း အိပ်နေစဉ် ပြုံးတဲ့အပြုံးကို စောင့်ကြည့်ပါရစေ ..
ကြည့်နေရင်း .. ကြည့်နေရင်း ..
မင်း အိပ်မက်တွေနဲ့ .. ဝေး .... ဝေး သွား တယ် ..
တစ်ဘ၀စာ .. ချိုမြိန်စွာ လက်နက်ချလိုက်ရဲ့  ..
အမြဲတမ်း ရှုံးနေနိုင်ပါတယ် ..
အဲသည့် အချိန်တွေကို ..
အမြတ်တနိုး ကုန်လွန်ရင်းနဲ့ ပေါ့ ...
ငါ့မျက်လုံးတွေကို မမှိတ်လိုက်နဲ့ ..
မမှိတ်လိုက်ပါနဲ့ ..
ငါ မအိပ်ဘူး .. မအိပ်ချင်ဘူး .. မအိပ်ချင်သေးဘူး ..
လွမ်းနေပါရစေ ကလေးရေ ..
တစုံတခုကိုတော့ မလွမ်းချင်ဘူး ..
ဘာမှန်းမသိတဲ့ တစုံတခုကိုပေါ့ ..
အဲသည့် တစုံတခုကို ..
မင်းအကြောင်း အိပ်မက်နေရင်းတောင် မလွမ်းချင်ဘူး ..
အိပ်မက်တွေ ခါးကုန်လိမ့်မယ် ..
တစုံတခုကို မလွမ်းချင်ပေမယ့် ..
ငါ မင်းကို လွမ်းနေတုန်းပဲ ကလေးရေ ..
မင်း ရင်ခုန်သံတွေနဲ့ ..
အနီးကပ်ဆုံး လှဲလျောင်း ..
ငါဆိုတာ .. မင်း အိပ်မက်နေတာကို အံ့သြငေးမောနေမိတဲ့ကောင်ပေါ့ ..
မင်းကို ကြည့်နေရင်းနဲ့ .. ပို ပို အံ့သြလာတယ် ..
ငါ့ အနမ်းတွေ မင်းမျက်ဝန်းထက် ခိုနားရဲ့  ..
ကျေးဇူးပါ ဘုရားသခင် ..
အတူရှိနေခွင့် ပေးတဲ့အတွက် ..
သူနဲ့ အတူ နေခွင့်ရရုံလေးအတွက် ..
ဒီအချိန်လေး ..
အမြဲတမ်း .. ထာဝရ ..
( I don't want to miss a thing ကို ကဗျာအဖြစ် အသက်သွင်းသည် )
အမျိုးအစား
ကဗျာ
Subscribe to:
Posts (Atom)


