Pages

Subscribe:

Tuesday, August 18, 2009

ခေတ်တစ်ခေတ် ၏ လရောင်ပန်သောနှင်းဆီ ( ၂ )

ည ..

ပွဲတော်ည .. ။


လူသား နှင့် စက်ရုပ်တို့ အားပြိုင်သော ..


ည …


မီးရောင်စုံတို့ ပြိုးပြက် ။

ပြိုး ပြိုး ပြက် ပြက် ။

လူသားအပေါင်းတို့ စိတ်လှုပ်ရှားဖွယ်

အတိ ပြီးသော ၊ ထို ပွဲတော်ည ။ ....






အပိုင်း ( ၁ )


ည ..

ပွဲတော်ည .. ။


လူသား နှင့် စက်ရုပ်တို့ အားပြိုင်သော ..


ည …


မီးရောင်စုံတို့ ပြိုးပြက် ။

ပြိုး ပြိုး ပြက် ပြက် ။

လူသားအပေါင်းတို့ စိတ်လှုပ်ရှားဖွယ်

အတိ ပြီးသော ၊ ထို ပွဲတော်ည ။


ယန္တရားတို့ဖြင့် လည်ပတ်အပ်သော ကမ္ဘာ ။

ထိုကမ္ဘာကို ပိုင်စိုးရာ လူသားတို့ တီထွင်အပ်သော ၊

စက်ရုပ် ။

စက် - ရုပ် ။

စက်ဆုတ်ရွံရှာဖွယ် ၊ ထို အရုပ် ။


ထိုထို သော ( သက်မဲ့ ) အရုပ် နှင့်

( သက်ရှိ ) လူသားတို့ အားပြိုင်သော

ပွဲတော် ည ။



ဖျတ် ။



မီးတွေ အားလုံး ငြိမ်း ။

အမှောင်ထုက ရုတ်ခြည်း စိုးမိုး ။

အပ်ကျသံကတောင် ခေါင်းလောင်းသံလောက် ကျယ်ရဲ့  ။



လိုင်ရာ ။

မျက်လုံးစိမ်းတွေ ။

သွေးကြောမပါတဲ့ နုဖန့်ဖန့် ( အေးစက်စက် ) အသားအရည် ။

ဝင်လေ ထွက်လေ မရှိတဲ့ သူမ နားက လေထု ။



မြူနှင်းအတုများကြား ..

မသဲကွဲသေးသော လိုင်ရာ ။

တဖြည်းဖြည်း ၊ တဖြည်းဖြည်း ။

မြူနှင်း အတုများ ၊ ပါး / လျား ။

သပ်ရပ်လှပသော တေးသွား တစ်ခု ၊ ဖြာ / ကျ ။

အလင်းတန်း လဲ့လဲ့ ၊ ယှက် / ဖြာ ။



အိုး …

လှလိုက်တာ လိုင်ရာ ရယ် ..



ဝတ်စားဆင်ယင်မှုက တခြားကမ္ဘာမှ

ဂြိုလ်သူ တစ်ဦးနှယ် ။



ကကွက် အမည်က

" စကြ၀ဠာထဲက လမင်း "



အလင်းတန်းများ တလွှားလွှား ၊ ဖြတ် / ပြေး ။

ဂီတ တေးသွား ၊ တဆင့် ခုန် / တက် ။



အခင်းအကျင်းက သြချလောက် ရဲ့  ။



စကြ၀ဠာ ပတ်လမ်းထဲ ရောက်နေသလိုမျိုး ။



လိုင်ရာက ထိုပတ်လမ်းထဲမှ လမင်း ပေါ့ ။



တခြား တခြားသော ဂြိုလ်တို့၏ ဆွဲငင်မှုကို

တွန်းလှန် ယိမ်းက နေသော လိုင်ရာ ။

သံလိုက်လှိုင်းများကြား ၊ ပင့်သက်လှိုက်မော ။



ကမ္ဘာမြေဆီ ဦးတည်ကခုန် ရင်း ။

ဆုတောင်းတေးသွားနှင့် အတူ ။

သူမထံမှ အလင်းတန်းများ ၊ အစွမ်းကုန်

အ စွမ်း ကုန် ၊ လွှင့် ထုတ် ချ လိုက် တော့ ။

ကြယ်တွေ အားလုံး တပြိုက်ပြိုက် ကြွေ ။

ဆွဲငင်အားတွေ ရပ်တန့်  ။

သူမ ကိုယ်တိုင်လည်း ရပ် / တန့်  ။

မြူနှင်းအတုတို့ ပြန်လည် ဝေ / ဆိုင်း ။

တေးသွားတို့ ဆွံ့  / အ ။



" အို .. လိုင်ရာ ရယ် ..

လှလိုက်တာ ..

ရင်သပ်ရှုမောဖွယ် ကောင်းလိုက်ပါဘိ "



ဤကဲ့သို့ …

ဤကဲ့သို့  …

အားလုံးရဲ့  နှုတ်ဖျားက အာမေဋိတ်သံတွေ ..

ထွက်ပေါ်လာကြ ..



တချိန်တည်းမှာပဲ ..

အားလုံးရဲ့  ရင်တွင်းမှ

စိုးရိမ် ပူပန်စိတ်တွေ

လွန်းထိုး ယှက်ဖြာ နေကြ ..






အပိုင်း ( ၂ )



" ရင်ထဲက အလင်းတစ်ပွင့် "



ကစင် ထက် ၊ အနက်ရောင် အလင်းတန်းတို့

တရိပ်ရိပ် ပြေး ။

လင့်ခ် အဘိုးအိုရဲ့  တေးသွားတို့ က

ဆန်းကြယ် / နက်ရှိုင်းစွာ ၊ ပေါ် / ထွက် လာ ။

အားလုံး ကြည့်နေရင်း ။

မြင်လိုက်ရတာက ၊ အနက်ပြင်ထဲမှ အလင်း တစ်စ ။

မီးတောက်တစ်ခုလို ၊ ယိမ်းလှုပ်ရင်း ။

ပျံ့ စီး ထွက်လာသော ၊ ထို အလင်းစ ။



ဘုရားရေ ။

ဒီ အလင်းက ၊ ဒီအလင်း က

ဂျူနို့  ကိုယ် က လင်းနေတာပဲ ။

ဂျူနို ကိုယ်တိုင်က အလင်းတန်း ဖြစ်နေတာပဲ ။



သူမ ဆီမှ ထွက်ပေါ်လာသော အလင်းဖြင့်

သူမကို ပြန်မြင်နေရ ။

အနက်ပြင်ထဲ အလင်းတစ်စ ပြေးလွှား ကခုန် နေသည်က ..

အေးမြ ညွှတ်ပျောင်းသည့် မီးတောက် တစ်ခုနှယ် ။



" လမင်း ပျောက်ကွယ်ပြီး ၊ နေမင်း ပေါ်ထွက်ခဲ့ပြီ .. "



တေးသွား သံစဉ် ၊ နောက်တစ်ဆင့် မြင့် / တက် ။

ဆန်းကြယ် / နက်ရှိုင်းသော တေးသွား၏ ၊ အမြင့်ဆုံး အပိုင်း ။

ကချေသည် ဂျူနို ။

အနက်ပြင်ထဲမှာ ၊ ကကြိုးကို ထပ်မံ / ဖြန့် ခွဲ ။

ခြူးနွယ်သဏ္ဍာန် ၊ ရွေ့  / လျား ။

သိမ်မွေ့  သော ၊ အနုစိတ် ကကွက်များ ။



" အရှေ့  မြို့ ရိုးမှာ မိုးတွေ ရွာပြီ …

အရှေ့  မြို့ ရိုးမှာ မိုးတွေ ရွာပြီ … "




မီးအိမ်ထွန်းစရာ ၊ မလိုတော့လောက်အောင် ။

ဂျူနို ကိုယ်တိုင်က ၊ အလင်းရှင် ဖြစ်ခဲ့ပေါ့ ။



တေးသွား၏ နောက်ဆုံးအပိုင်း ။

တဖြည်းဖြည်း ငြင်သာ ။

အနက်ရောင် အလင်းတန်းတို့ မှိန် / ၀ပ် ။

အလင်းစလေး တဖျတ်ဖျတ် ၊ ယိုင် / လွင့် ။



ထို့ နောက် ၊ ထို့ - နောက် ။

မီးတောက် တစ်ခု အဖြစ်သို့

ပြောင်းလဲ ပျောက်ကွယ်သွားသော ဂျူနို ။



အို …

မဖြစ်ရဘူး ..

မ ဖြစ် ရ ဘူး ..

ဂျူ နို …

ဂျူ ………… နို …

ပြန်လာခဲ့ပါကွာ ..

အရှေ့ မြို့ ရိုးက မိုးရေစက်တွေကြား ..

ငါတို့ အတူ ကခုန်ကြရအောင်လေ ..



ကကွက်စည်းဝိုင်းနှင့် အနီးကပ်ဆုံး

စားပွဲလေးပေါ်တွင်တော့ ..

ဂျူနို ထားရစ်ခဲ့သော နှင်းဆီ တစ်ပွင့် ..



ထိုစဉ်ခိုက် …

တခမ်းတနား လွင့်ဖြာကျလာသော လရောင်က ..

နှင်းဆီပွင့်လေးကို နမ်းရှိုက်၏ ။





" ထိုတစ်ခေတ်က ..

ဂျူနို မည်သော နှင်းဆီတစ်ပွင့်သည်

လရောင်ဆမ်းသော အရှေ့ မြို့ ရိုးတွင် ..

မိုးရေတစ်စက်အား .. တမေ့တမော ပန်ဆင်ခဲ့ဖူးလေသည် … "




( ဆရာ တာရာမင်းဝေ၏ အရှေ့ မြို့ ရိုးမှ မိုးရေစက်များ အမှတ်တရ )


0 မှတ်ချက်များ:

Post a Comment