Pages

Subscribe:

Thursday, March 29, 2012

Pop Art ဟာ ပေါ့ပေါ့ပြီး အက်ရာထင်လာသလို ပေါ့


စလိုက်မိပြီဆိုတာနဲ့ စလိုက်မီးတွေ ထွန်းထားသလို ပေါ့ အေးပေါ့
Electronic ဥပဒေအရ Cyber ယဉ်ကျေးမှုအရ E-mail အကောင့်
တစ်ခု ပိုင်ဆိုင်ရုံနဲ့ ထောင်ဆယ့်ငါးနှစ် ကျခွင့်ရှိတယ်ပေါ့ အေးပေါ့
ဆယ့်ငါးနှစ်ထဲကမှ ဒစ္စကောင့်တွေဘာတွေ ချပေးဦးမယ်ပေါ့ အေးပေါ့
ဒစ္စကိုမြူးဇစ်လေးဖွင့်ပြီး ကလိုက်မှာပေါ့ အေးပေါ့ စလိုက်မီးတွေကြားမှာပေါ့
စလိုက်မိပြီဆိုတာနဲ့ ကြားမှာပေါ့ အသံတွေ ဟိန်းပြီးထွက်လာတာပေါ့ အေးပေါ့
ကိစ္စက ထိပ်ဝကိုရောက်နေပြီဆိုတော့ အေးပေါ့ ၂၀၁၂ ထဲမှာ ဏီအဲY
မိန်းမယူမှာပေါ့ အေးပေါ့ စလစ်ပါစီးပြီး စနိုက်ပါ ထမ်းထားတော့ ကြည့်မကောင်း
ဘူးပေါ့ အေးပေါ့ စစ်ဖိနပ်စီးပြီး *စွာ စွာ စွာ စွာတေးလန် .. နှုတ်ခမ်းပေါ်မှာ မှဲ့နဲ့
ကောင်မလေးက စွာတေးလန်* ပေါ့ အေးပေါ့ လက်လုပ်လာဘ်စား ဆိုတော့
လက်မှတ်ထိုးပေးမှ ပါးစပ်လှုပ်ရတာပေါ့ အေးပေါ့ ဒါမျိုးက ဖြစ်တတ်ပါတယ်ပေါ့
ဖြစ်နေကျပဲပေါ့ အေးပေါ့ pop pop pop pop pop pop pop pop pop pop
pop pop pop pop pop pop pop pop pop pop pop pop pop pop pop
pop pop pop pop pop pop pop pop pop pop pop pop pop pop pop
P.O.P ပေါ့ ။

ဆူးခက်မင်း
စာကြွင်း ။ ။ P.O.P = Purity of Politic
Foot Note - * Bobby Soxer ၏ သီချင်းစာသား

Thursday, March 22, 2012

ပေါင်သားဖွေးဖွေးလေးတွေရဲ့ အေးစက်သွေးခဲမှု ညနက်နက်ထဲ အရောင်ဟာ သွေး တိုး

အောင်မြင်မှု ဆိုတာ .. ဘယ်ခလုတ်နှိပ်နှိပ် မီးလင်းတယ် ။ ( ကြည်ဇော်အေး )
ခလုပ်တွေကြားထဲမှာ ကျွန်တော်တို့တွေ ကွေးကောက်နေအောင် ခံစား ။
ခလုပ်လား ခလုတ်လား ခလုပ်/တ် အမာတွေ ကြား ၊ တရုတ်စာတွေ စား ၊
အဟုတ် ငါလေ ကြားတယ် ။ သူမရဲ့ ပေါင်သားဖွေးဖွေးဟာ မနက်ခင်းစာ
ဘရိတ်ဖတ်စ် ။ နေ့ဖို့ညစာ ချန်မနေပါနဲ့တော့ ။ ခလုပ်ထိမှတော့လဲ မတော်တဆ
ပဲဖြစ်ဖြစ် အားလို့ အော်ပါ ။ အ လို့ အော်ပါ ။ ဖွင့်ဟလိုက်လို့ ပွင့်အာလာတဲ့
မနက်ခင်းတိုင်းမှာ ကိုယ့်အတွက် ဘရိတ်ဖတ်စ်စာ ပေါင်သားဖွေးဖွေးလေးတစ်ယောက်
လိုအပ်နေတဲ့အကြောင်း ။ ၀မ်းဗိုက်အတွင်းက ဆာလောင်မှု ဒါမှမဟုတ် တစ်ခုခုရဲ့
ဆာလောင်မှု တောင့်တမှု ငတ်မွတ်မှု တမ်းတမှု အသက်တစ်ရာမနေရပေမဲ့
အမှုဟာ ရာထောင်ချီမက မနေ့ညက အိပ်မက်မက်တယ် ပေါင်မုန့် မီးကင်လေးတွေ
မှိုတက်သွားကြောင်း ။ ပေါင်သားဖွေးဖွေးလေးပေါ် ပုရွက်ဆိတ်တစ်ကောင် တရွရွတက်လာ ..
ကိုယ် နှုတ်ခမ်းနဲ့ ညင်ညင်သာသာလေး စုပ်ယူဖမ်းပြီး သတ်ပစ်လိုက်တယ် .. ပုရွက်ဆိတ်လေး
တရွရွနဲ့ သေသွား .. အရမ်း နူးညံ့တယ် ။ ဘယ်သူသိလိုက်ပါသလဲ တိတ်တိတ်ကလေး ရူးသွားတယ်
အဲ့ဒီနေ့က မနက်စာ စားမိလိုက်သလား မေ့လျော့သွားသလား တမင်တကာမေ့လျော့ထားခဲ့သလား
ပုရွတ်ဆိတ်လေးရော သိလိုက်မလား အရမ်းနူးညံ့စွာ ရှုပ်ထွေးကုန်တယ် နှုတ်ခမ်းထဲ ချည်မျှင်တွေလို
အပိုင်းအစတွေ နဲ့ ။ ပေါင်သားဖွေးဖွေးဟာ ဂေါ်ဂင်ရဲ့ သစ်သီးလို အရည်တရွှမ်းရွှမ်းနဲ့ .. ချိုအီစူးရှလွန်းတယ်။
တအားကြီး နူးညံ့လွန်းတယ် ။ ပန်းချီကားတစ်ချပ်ထဲမှ ထွက်ကျလာသော
ခရမ်းရောင်ဆေးစက်များ ၊ ပေါင်သားဖွေးဖွေးရဲ့  ရင်ညွန့်ထက်မှ မှဲ့စိမ်းလေးတစ်လုံး ။
ထို့နောက် ၊ ဆက်လက်ဖတ်ရှုရန် ။ မာတိကာမှ တဆင့် အစအဆုံးဖက်ထားဖို့ ရင်ငွေ့နွေးနွေးလေးတွေ
ခရမ်းရောင်ဖြစ်သွားတဲ့ ကင်းဗတ်စပေါ်က မနက်စာ နေ့ဖို့ ညစာ သစ်သီးဟာ အနည်းငယ်ရက်လွန်နေ
သယောင် ။ စိတ်ကူးထဲမှာ ပေါင်သားဖွေးဖွေးဟာ မာရီယာနာချောက်နက်ကြီးထဲ ထိုးဆင်းသွား ။
ကိုယ်ကြေကွဲရပါတယ် ဆိုတာက ပေါင်သားဖွေးဖွေးလေးအတွက် ၊ ကိုယ့်မနက်ခင်းစာအတွက် ၊
ကိုယ် နမ်းရှိုက်ခွင့်မရှိတော့တဲ့ မှဲ့စိမ်းစိမ်းလေးအတွက် ။ ကိုယ်ကြေကွဲရပါတယ် ။
လေတွေ တိုက်လာပြီ ဂေါ်ဂင်ရဲ့ သစ်သီးဟာ နေလောင်ဒဏ်သင့် ရေကြည်တပေါက်လောက်
သောက်ပါရစေ အသံဟာ တိုးသည်ထက် တိုး ။ မနက်စာကို တိတ်တိတ်ကလေး ငေးနေလိုက်တော့တယ်
ဘယ်သူမှ မသိလိုက်ဘာသာ တိုးတိုးလေး ရူး ။ *ရှင်မရှိရင် အသက်မရှင်ချင်ဘူး ဆိုတဲ့ အသံကို
စာကြည့်စားပွဲပေါ် ထောင်ထားတယ်* ကဲ ကိုဖီလာ .. ကျွန်တော်တော့ ပေါင်သားဖွေးဖွေးလေးကို
အဲ့ဒိလိုမျိုး မိုက်မဲပစ်စေချင်တာပဲ ။ အဲ့ဒီသံသယဟာလဲ ကျွန်တော့ရဲ့ မိုက်မဲမှုပဲ ။ သေချာပါတယ်
မိုက်မိုက်မဲမဲ ရူးသွပ်ပစ်လိုက်တဲ့ကောင်နဲ့ .. ရူးရူးသွပ်သွပ် မိုက်မဲပစ်လိုက်တဲ့ကောင်နဲ့ ..
ကမ္ဘာကြီးဟာ လူယဉ်ကျေးတွေနဲ့ချည်းဆို ပျင်းစရာ ။


ဆူး ခ က် < မ င်း > လု လ င်
၀၄၀၃၂၀၁၂

ဝံပုလွေလာဆင်ဟာ ပုလွေမှုတ်ရင်း တယောဦးတင်ရီနဲ့အတူ ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့

မုတ်ဆိတ်တွေက မိတ်စုတ် ဆွေစုတ် တွေလိုပဲ ဟိုဘဲ ဒီဘဲ
လက်ညှိုးလိုက်ထိုးမနေနဲ့ ဟပ်ထိုးလဲရင် ဟက်တက်ကွဲ ကွဲ ကွဲ ကွဲမှာပဲ
ခွဲထားလိုက်တာများ အရက်ဆိုင်အ၀င်ဝက Welcome လို တလူလူလွင့်လို့
အရှေ့မှာ အနောက်မှာ ဘေးမှာ အလယ်မှာ ဟိုမှာ ဒီမှာ မျက်လုံးတွေက စုပြုံကျ
စောက်သည်းတွေ ကွဲသွားသလို စုပြုံပြီး စောက်သည်းတွေကွဲ ကွဲ ကွဲ ကွဲ
အဲ့ဒီ စောက်သည်းကြီး ကွဲသွားမှအေးမှာ ပြန်ဆက်လို့မရတော့လောက်အောင်
ကုန်ကုန်ပြောရရင် ဆူပါဂလူးနဲ့ ပြန်ကပ်လို့ မရတော့လောက်အောင်အထိ
ကျ ကျ ကျ ကွဲသွား မျက်ရည်ကျသွားတယ် မပြောကောင်းမဆိုကောင်း
လွမ်းမိသွားတယ် ပြီးတော့လဲ ပြုံးမိသွားတယ် ဗုံးဆံတွေလို စကားသံတွေကို
ဂရုမစိုက်မိသွားတယ် အသွားအလာ ဆင်ခြင်ရဦးမယ် မတော်တဆ အသည်းကွဲသွားတယ်
အိပ်မက်တွေနဲ့ အဆက်အသွယ် လွဲသွားတယ် သူမခွဲသွားကတည်းက ကိုယ့်မှာ
စောက်တလွဲတွေချည်း ဖြစ်နေ ဖြစ်ဖြစ်နေ ထစ်နေတယ် ဓာတ်ပြားက ထစ်ထစ်ထစ်
ထစ်နေတယ် နေရင်းထိုင်ရင်း ပြစ်ပြစ်နှစ်နှစ်အဆဲခံလိုက်ရသလို လမ်းခွဲကြပါစို့ တဲ့
တည့်တည့်ကို မမြင်ရတော့ဘူး အလွဲ တနေ့စာ တနှစ်စာ တဘ၀စာ အလွဲ
ဘ၀က လက်တစ်ဖျစ်စာ မျက်စိတစ်မှိတ်စာ စာ စာ စာ ဆာလောင်နေတဲ့ ကလေးတွေ
မြို့တော်ရဲ့ အမှိုက်ပုံမှာ ငေးလို့ တွေးလို့ မြို့တော်ရဲ့ လူကြီးတွေမှာ ဒေါသတွေ ဆူလို့ ဝေလို့
အဖြူရောင်ခြင်္သေ့ရဲ့ When the children Cry သီချင်းသံက ဆူဆူညံညံတိုးဝင်လာတယ် နားထဲ
လွဲ လွဲ လွဲ နေတဲ့ လျှပ်စီးကြောင်းတွေ မျက်ရည်တွေ ခွဲကြောင်း ကွဲကြောင်းတွေ မျက်စိမှိတ်လိုက်တယ်
အသည်းကွဲတဲ့အကြောင်း သီချင်းတစ်ပုဒ်လောက်တော့ ဖွင့်ရဦးမယ် အမှိုက်ပုံထဲ ဆွေးဆွေးလေး
ငေးနေတဲ့ ကလေးလေးတွေရဲ့ ဝေးဝေး စစ်ပွဲတွေကို ဆွဲခေါ်သွားရဦးမယ် မပြောကောင်းမဆိုကောင်း
ဓါတ်ပြားက ထစ် ထစ် ထစ် ထစ် နေ တုန်း ။


ဆူးခက်[မင်း]လုလင်
၀၈၀၃၂၀၁၂

သုဏော်စိုင်း ဆူးခက်မင်း ရှိသည် ဖြစ်သည်

ဘာကြောင့် ဘယ်လို ဘယ်ကဲ့သို့ ဘယ်ချမ်းသာ
ဘယ်သူက၊ ဘယ်သူ့ ကို ၊ ဘာ့ကြောင့်၊ ဘယ်တုန်းက၊
ဘယ်လို ၊ ဘာလုပ် ဘာဆိုလား ညာဆိုလား
ဘယ်ဆိုလား ညာဆိုလား ဘာဘာညာညာ ဘယ်ညာဘယ်ညာ
ဘယ်ရယ်ညာရယ်မဟုတ်ဘူး ဘာရယ်ညာရယ်မဟုတ်ဘူး
ဘာညာကြိကြ ကိြစိကြစ ကီြကြီကြီ
ဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီဂြီ
လိုင်းပြောင်းလိုက်စမ်း လိုင်းမိအောင်ဖမ်း လိုင်းလွဲနေတယ်
ဂြဂြီဂြီး ခုဆိုရင် မြန်မာစံတော်ချိန် ဂြီဂြီ ဂေါ်ဂေါ်
ရာသီဥတု ဇောက်ထိုးမိုးမျှော် ဖြစ်နေပါသဖြင့်
မိုးမျှော်တိုက်ကြီးများတွင် မိုးမျှော်ငရုတ်သီးပင်များ
စိုက်ထားကြပါရန် ဂြီဂြီ ဂေါ်ဂေါ်
မိုးမျှော်ငရုတ်သီးထောင်းနဲ့ ရယ် ရေအင်တုံဝယ်
အုံအင် အုံအင် ဖားကလေး တီတီတာ
ဖေဖေ့ အနားလာ ဖွားဖွား ဖက်တော့ ဖိုးဖိုး ပြုံး
သွားတော့မောင်ဂတုံး ဒက်ဒက်ဒက်ဒက် ၀ုန်းဝုန်းဝုန်းဝုန်း
ထိုအကြောင်းကို သင့်အားမည်သူကပြောကြားပါမည်နည်း
အခုဆိုရင် မြ၀တီမှာ ၀ုန်းဒိုင်းကြဲနေပါတယ်
အခုဆိုရင် မြန်မာ့အသံမှာ အုန်းဒိုင်းဂုံးဂွမ်း ဖြစ်နေပါတယ်
အမ် အာ တီ ဗွီ ဖိုး ဖရီးတူအဲ လုပ်လေ လိုင်းပြောင်းလိုက်လေ
ဒိုးတူ ဒိုး စနစ်ဖြင့် ဒိုးပါ သားကြီးရာ ဒိုးဇမ်းဘာကွာ
မင်းကလဲ မင်းပဲ ငါ ကလည်း ငါပဲ သူ ကလည်း သူ
ကျွန်တော်ကလည်း ကျွန်တော် ခင်ဗျားကလည်း ခင်ဗျား
သူမကလည်း သူမ သူမကလည်း သူ မက ကျွန်တော် မကျ
မကလို့ မကျဘူး မရလို့ မရဘူး မရဘူး မရဘူး
မရမက မက မကျ ဟ ဟ ဟ ဟ
ဟ ဟ ဠ ကြီး အ အ အာ အိ အီ အေး အဲ အော့ အော် အံ အား
ဝါးလားလားလားလား ဟေးလားဝါးလား ၀င်ရောက်နေထိုင်ခြင်း
သိမ်းပိုက်ခြင်း ကင်းသော ဆူးခက်သူရ ဘာဝယ်တွေ သရတွေ
သရတွေ ဘာဝယ်တွေ ဒန်တွေ ၀ယ်တွေ ကျီးတွေ ၀ယ်တွေ
ဘာဝယ်ရင်ကောင်းမလဲနဲ့  တစ်ဈေးလုံးလည်း နှံ့ နေပြီ
လူနာ အမဲခြောက်ဖုတ် တောင်းတော့ ကပ္ပလီမကြီးကို
ကိုယ်တုံးလုံးချွတ်ပြီး ပေးလိုက်တယ် ဟ ဟ ဠ အ
ဟ ဟ လကြီး အ အ အ လကြီး ဟ ဟ နည်းနည်းကျယ်ကျယ်
ထပ်ဟ အော်စမ်း စမ်းအော် အစိန်အော် အား အား
ဟယ်လို တက်စတင် ဂယ်ကြီးအော် ဂယ်ကြီးအော်တော့ အား
အော်ဆို ဂျယ်ကြီးအော်တော့ အဘား ပြန်ပြီဆိုပြီး
ကဗျာကိုပိတ်လိုက်ရ ကဗျာမှာ တံခါး ရှိ မရှိ
ဟင်းနော် ထမင်းနော် ထမင်းသိုး ဟင်းသိုး နော်
တံခါးဖွင့်စီးပွားရေးဝါဒ တံခါးပိတ်စီးပွားရေးဝါဒ တံခါးပျက်စီးပွားရေးဝါဒ
တံခါးစိ စီးပွားရေးဝါဒ ဖွင့်မယ် ပိတ်မယ် ပျက်မယ် စိမယ် ဂွိမယ်
စားမယ် သောက်မယ် ၀ါးမယ် ဂေါက်မယ်
မဟုတ်သေးပါဘူးအေ (ဘယ်သူပြောလို့ ကဗျာထဲပါလာရတာလဲ)
မဟုတ်သေးပါဘူး ဘီ ( အဲ့ဒါ ဘယ် ......... သားလဲကွ )
မဟုတ်သေးပါဘူး အေ တူ ဇက် ( ဆဲဆိုသံများ မိုးမွှန်နေသည် )
မိုးလုံးပတ်လည် ဆဲကြမယ် အစီအစဉ်အရ
ဆဲသံဆိုသံများကို ဖေ့ဘွတ်တွင်လည်းကောင်း
ဒေါက်ဒေါက်ဒေါက် ဘယ်သူလဲ အရူးမကြီး မစာဥ ဘယ်သွားမလို့လဲ
ဗိုလ်သုအိမ်ကို ငါတို့လည်း လိုက်မယ် မလိုက်နဲ့ ဗိုလ်သု အဖေ
ရိုက်လိမ့်မယ် ရိုက်ရိုက်သေသေ အဲ့ဒါဆိုရင် ငါ့ကို အရူးမကြီးလို့ မခေါ်နဲ့
မခေါ်ဘူး ဟင့်အင်း မခေါ်ပါဘူး ဆို
ဂယ်ပဲ ဂယ်ပဲ .. မခေါ်ပါဘူး ဆိုနေမှပဲ ဟိတ် စိတ်ကောက်နေတာလား
စိတ်ဖြောင့်ပေးနေသှ် အထူးနှုန်း စပယ်ရှယ် ဒစ်စကောင့်
မရှယ်တရှယ် အထူးနှုန်း/ဒစ်စကောင့် ကောင့် ကောင့် ကောက် ကောက်
ဘယ်အကောင့် ( ) လဲ မသိပါဘူးကွာ ငါတော့ တော်တော်
သုက်ယူလိုက်ရတယ် အင်း အင်း ပြောလေ ကြားတယ် လေလှိုင်းကြားက
အဆင်မပြေမှုများ အစီအစဉ် စတင်နေပါပြီရှင် ဟယ်လို ဟယ်လို ကြားလား
မကြားရင်လည်း တော်ပြီကွာ တစ်မိနစ် ငါးဆယ်တောင် ဆောင်ရတာ
ဒါဆို အင်တာနက်ဖုံးနဲ့ ခေါ်ပါလား စကားမစပ် ဖုံးနဲ့ ခေါ်လို့ ရတာတွေကို
ဘယ်လိုခေါ်သလဲ ပီဖင်းဂိုးဖြင့် ခေါ်ဆိုခ စာရင်းတွင် မြန်မာနိုင်ငံမှာ
ဈေးအကြီးဆုံးအဖြစ် ပြိုင်ဘက်မရှိရပ်တည်နေပါသဖြင့်
ထိုအရာများကို ဇယားဟု ခေါ်သည် မင်းတို့ ခေတ်များတယ်ပေါတာကိုး
ဒါ့ကြောင့် သုဏော်စိုင်းကပြောတာ ဆင်းရဲလာတဲ့အခါ မိန်းကလေးတွေက
ခံ နိုင် တယ် လို့  ယောင်္ကျားလေးတွေကျတော့ ဘယ်လောက်ဆင်းရဲဆင်းရဲ
လုပ်စရာရှိတာ လုပ်တာပဲလို့ ဆူးခက်မင်းက ပြောတာကျ
ဘယ်နား သွားထားမလဲ ညာနား သွားထားမလဲ ဘယ်ဘယ်ညာညာ
ဘာညာဘာညာ သွားထားသွားထား ရောက်တော့မယ်
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကဗျာဟာဖြင့် ခုချိန်ဆိုရင်
လူကြီးမင်းများ၏ လူကူးမျဉ်းကျား၌ ညီလေး အစ်ကိုတို့နဲ့
ခဏလိုက်ခဲ့ပါ ညီလေးက ကဗျာကို လူကူးမျဉ်းကျားမှာ
ထိုင်ဖတ်တဲ့အတွက် ဗျာ မဟုတ်ရပါဘူးဗျာ
ချစ်ချစ်အတွက် ကဗျာတစ်ရွက် ( မင်းသား - ကွမ်းသီး )
မင်းသမီးကဘယ်သူလဲ မင့်သမီးလား တော်နဲ့ မွေးထားတာ
တော့်သမီးပေါ့တော့် ပေါ့တော့တော့နဲ့ ပေါတောတော နဲ့
သွပ်သွပ်သွပ်သွပ် အေး မင်းတို့ က အပြစ်တင်ချင်ရင်တော့
တော့်သမီး တော့်သမီးနဲ့  ဂုဏ်ယူစရာရှိ ဒါမှ ငါ့သမီး ဒါမှ ငါ့သမီးနဲ့ 
ဂုန်နီအိတ်နဲ့ ထည့်ထားတာကျတော့ ငါ့သမီး မဟုတ်ဘူးလေး
ဘာလေးနဲ့ ညာလေးနဲ့ ရီးစားမရှိတဲ့ ငါ့သမီးလေး တော်လိုက်တာနော်
ဘယ်သူပြောတာလဲ အမေ ပြောတာပေါ့ အို ဘာတဲ့ အရပ်ကတို့ ရေ
တော် လိုက် ထှာ နော် တော် ရဲ့ လား နည်းနည်း ကျပ်နေသလားလို့ 
မင်းက နှစ်လုံးတည်းနဲ့ ၀ိလုပ်ချင်နေတာကိုး (၀ိ) ရှစ်ပဲ
ဟေ့ ဟေ့ ကဗျာမှာ ဆဲသံ ဆိုသံ မပါစေနဲ့ တာရိုးကသွား ရင် သွား
ဆဲတော့ မဆဲ နဲ့ eight ကိုပြောတာပါ ကျန်တာပြောရဲပေါင်
ရှင်တို့ ကလည်း အပြောမတတ်တော့ဆဲသလိုတဲ့ အဟင်းးးးးး
ပိဿာလေးနဲ့ ပေါင်ကြားမပစ်ရင် တော်ပါပြီလေ မွေးမေလေ့
မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ အမေ မရှိတော့လေမှ
အမေ့ အိပ်ယာနေရာ အမေ့ ချွေးမ တက်လို့ ခွတာ အမေ့အိမ်ကိုပဲအဲအဲ
ပေါင်သုံးလိုက်ပါတယ် အဲအဲဆိုသည်မှာ အက်ခိုးသံဖြစ်ကြောင်း
ပေါင် ဆိုတာ ဘိလပ်မှာ သုံးတဲ့ ပိုက်ဆံကို ပြောတာလားကွယ်ဟရို့ ရို့ ရို့ 
ဒန်တွေဝယ်ဒေ ကျီးတွေဝယ်ဒေ ရို့ ရို့ ဘိလပ်ပြန်မောင်သောင်းဖေရဲ့ 
ရေချမ်းချမ်းလေးစ် တစ်ခွက်စ်လောက်စ်ရရင် သောက်စ်ချင်ဒယ်စ်ကွာစ်
ပါဆယ်လား အိတ်ဆွဲလား ခုသောက်ချင်တာလား တော်ကြာမှ
သောက်ချင်တာလား ခုသောက်မယ် တော်ကြာသောက်မယ်
သောက်ချင်မှ သောက်မယ် ဂွတ်စ် ဂလု အိုးမိုင်ဂေါ့ဒ်


- သုဏော်စိုင်း ၊ ဆူးခက်မင်း -
2 5 n o v e m b e r 2 0 1 0

သင့်တွင် ရောင်းစရာ ပြဿနာ ရှိပါသလား

ပုံ မှန် အ တိုင်း ဆို ဒါ ပုံ မှန် မ ဟုတ် ဘူး သူ မ ရဲ့ မွေး ညင်း စိမ်း လေး တွေ အ ထိ
ကိုယ် ချစ် တယ် ဖို မ ဆက် ဆံ ခြင်း မ ပါ ဘူး ဆို တာ ကိုယ် ချစ် တယ် သိ လား
Problem Loading Love ! ကွိုင် ပဲ ဘာ ဆက် လုပ် ရ မ လဲ ပြ ဿ နာ တော့
တက် ပြီ အ မှန် တော့ က ဗျာ ဆ ရာ ဆို တဲ့ မျိုး နွယ် စု မ ရှိ ခဲ့ သင့် ဘူး
ခု တော့ ပြ ဿ နာ တက် ပြီ ကွိုင် ပဲ သူ မ ကို က ဗျာ တစ် ပုဒ် လို ချစ် တယ်
ပြ ဿ နာ တော့ ပြ ဿ နာ ပေါ့ ဒါ ပေ မယ့် သူ မ က က ဗျာ တစ် ပုဒ်
မ ဟုတ် ဘူး ဆို တော့ ပြ ဿ နာ တော့ သိပ် မ ရှိ လှ ပါ ဘူး ပေါ့ ဒီ လို ပဲ
ဖြေ တွေး တွေး ရ တာ ပေါ့ ဖြေ ဆေး ပေး ဖို့ တော့ မ လို လောက် ပါ ဘူး
ဆို တော့ မ လုံ လောက် ဘူး လား ပဲ ပေါ့ ဒီ လို ပဲ ထင် ရ တာ ပဲ ပေါ့
ဘယ် လို ပဲ ဖြစ် ဖြစ် ပုံ မှန် သို့ မ ဟုတ် ပုံ မှန် ထက် ပို မယ့် ဒ ဿ န တွေ ပဲ
ပြ ဿ နာ တော့ သိပ် မ ရှိ ပါ ဘူး ဒါ က ပုံ မှန် သွေး ရိုး သား ရိုး ဖြစ် စဉ်
မှ မ ဟုတ် ပဲ အာ တိတ် လေ အေး စီး ကြောင်း မှာ အ တိတ် လေ အေး စီး ကြောင်း
တွေ များ ပါ လာ မ လား လို့ အာ တိတ် ကို အ တိတ် မှာ ရောက် ခဲ့ ဖူး သ လား လို့
ပြ ဿ နာ ထပ် တက် ပြန် ပြီ လား ဒါ ဆို ရင် တော့ ကွိုင် ပဲ ဒါ တွေ အ ကုန် လုံး
ရ ရင် တော့ နိုင် ပြီ ဆို တော့ ပြ ဿ နာ အ ကြီး ကြီး တက် ပြီ ပေါ့ ကွိုင် ပဲ
ဆုံး ဖြတ် ရ တာ မ ခက် ပါ ဘူး ဆုံး ဖြတ် ချက် ကို တ ဖြည်း ဖြည်း အ ကောင် အ ထည်
ဖော် တော့ မှ တ ဖြည်း ဖြည်း ချင်း ပြ ဿ နာ အ ကြီး ကြီး တက် တာ ဒီ ည က တော့
ဘယ် လို ဖြစ် မှန်း မ သိ ဘူး ပြ ဿ နာ က ပိုး စိုး ပက် စက် ကြီး တယ် ကွိုင် ပဲ
ပုံ မှန် မ ဟုတ် တော့ ဘူး ဆို ရင် ဒါ ပုံ မှန် ပဲ လို့ ပြော လို့ ရ တယ် တ ကယ် တော့
က ဗျာ ဆို တဲ့ အ ရာ မ ပေါ် ပေါက် ခဲ့ သင့် ဘူး က ဗျာ မျိုး နွယ် စု ပျက် သုဉ်း ပါ စေ
က ဗျာ ဆ ရာ ဆို သူ များ သွေး အ လိမ်း လိမ်း အန် ပါ စေ လို့ ဆု တောင်း လိုက် ရင်
ပြ ဿ နာ အ ကြီး ကြီး တက် သွား မ လား ဆို တော့ ဒါ ပုံ မှန် ပါ ပဲ လို့ ဆို တော့
ဒါ ပုံ မှန် မ ဟုတ် တော့ ဘူး ပြ ဿ နာ ရဲ့ အ ကြောင်း တ ရား ဟာ လော ဘ ဒေါ သ
မော ဟ ဆို တဲ့ အ ကောင် တွေ ဖြစ် တယ် ဆို ပြီး ပြော လိုက် ရင် တ ရား သ ဘော
ဆန် သွား မ လား လို့ တွေး မိ တော့ တ ကယ် က ပြ ဿ နာ က တက် ချင် လို့ တက်
တာ တ ရား သ ဘော နဲ့ ဘာ မှ မ ဆိုင် ဘူး ဆို ပေ မယ့် ကွိုင် ပဲ ပြ ဿ နာ တော့
တက် ပြီ ပြ ဿ နာ မ ဟုတ် တာ ကို ပြ ဿ နာ လုပ် နေ ရင် စိတ် ပင် ပန်း တာ ပဲ
ရှိ မှာ ပေါ့ စိတ် ပင် ပန်း ရင် လည်း ပင် ပန်း ပါ စေ ပေါ့ ပြ ဿ နာ လုပ် တာ မ ဟုတ်
ပေ မယ့် ပြ ဿ နာ က တော့ အ ချိန် တန် ရင် တက် နေ ဦး မှာ ပဲ ပေါ့ ဆို တော့
ပြ ဿ နာ ပဲ Memory Stick က Write-Protected ဖြစ် နေ တဲ့ ပြ ဿ နာ မြန် မာ နိုင် ငံ
နှင့် စီး ပွား ရေး ပိတ် ဆို့ မှု ပြ ဿ နာ ဘု ရား သုံး ဆူ နယ် စပ် ပြ ဿ နာ အင် တာ နက်
နှင့် ဗိုင်း ရပ်စ် ပြ ဿ နာ မေး ခွန်း နည်း ခြင်း ပြ ဿ နာ မွေး ခန်း နည်း ခြင်း ပြ ဿ နာ
လူ ဦး ရေ ထူ ထပ် မှု ပြ ဿ နာ စား နပ် ရိ က္ခာ မ လုံ လောက် မှု ပြ ဿ နာ ယုံ ကြည်
လက် ခံ နိုင် မှု ခက် ခဲ ခြင်း ပြ ဿ နာ ပြ ဿ နာ ဆို တာ မ သေ သေး တဲ့ လူ တွေ ဆီ
မှာ ပဲ ရှိ တယ် ဆို တဲ့ ပြ ဿ နာ စိုး ရိမ် စိတ် လွန် ကဲ မှု ပြ ဿ နာ ကွန် နက် ရှင် ကျ
တတ် သည့် ပြ ဿ နာ Apple ၏ နောက် ဆုံး မျိုး ဆက် ဖြစ် သော iPhone-4 သည်
လိုင်း ပျောက် တတ် သော ပြ ဿ နာ လူ့ အ ခွင့် အ ရေး ပြ ဿ နာ က ဗျာ ဆ ရာ နှင့်
က ဗျာ ၀ါ ဒ ပြ ဿ နာ Window Genuine ပြ ဿ နာ စ သည် ဖြင့် ပြ ဿ နာ ပေါင်း
များ စွာ အ စ ရှိ သ ဖြင့် ထို ထို သော ပြ ဿ နာ ပေါင်း သောင်း ခြောက် ထောင် တို့ မှ
ကင်း လွတ် ရာ သေ ခြင်း တ ရား အား လျင် မြန် စွာ မျက် မှောက် ပြု နိုင် ရ ပါ လို ၏
လို့ က ယောင် က တမ်း ဆု တောင်း လိုက် တော့ . . .ဟာ . . ပြ ဿ နာ ပဲ ကွိုင် တက် ပြီ ။


- ဆူး ခ က် မ င်း -
၂ ၉ ဇန် န ၀ါ ရီ ၂ ၀ ၁ ၁

ခေတ်ယန္တရားက ကိုယ်အတုထဲ အသက်ရှူသံမြှုပ်ရင်း ရေး/ဖျက်ခဲ့ ကဗျာလည်း ထိုနည်းလည်းကောင်း

ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့အတွက် ငြိမ်းချမ်းမှုတစ်ခုပဲလိုတယ် ။
ဘာတွေ ထပ်ပြီး လိုအပ်မလဲ ။ အရာအားလုံးကို ငြင်းပယ်ခွင့်ရှိတယ် ။
အရာအားလုံးကို ငြင်းပယ်နေပါတယ် ။
အရာအားလုံးဆိုတာကြီးကို စာရင်းအရင်ပြုစုနေရတယ် ။
အရာအားလုံးကို ငြင်းပယ်ပါမယ်။
ဒါဟာ ကိုယ့်လက်မှာကိုင်ထားတဲ့ ပုတီးတစ်ကုံးမှ မဟုတ်ပဲ ။
လွှင့်ပစ်ချင်လည်း အလိုက်သင့်ပဲ ၊ ဖြစ်တယ် ။
နောက်ထပ်ဆိုတဲ့အရာတစ်ခုရှိနေသေးတယ်လို့ ခင်ဗျားမထင်ဘူးလား
အဲ့လောက်ကြီးလွယ်ကူပါ့မလား ။
အရာတစ်ခုကို ကျွန်တော်လိုအပ်နေတယ်။
လိုချင်တာထက် ၊ လိုအပ်နေတယ် ။
လွယ်ကူတယ်ဆိုတာထက် ရိုးစင်းတယ် ။
လိုအပ်ချက်တွေ အရမ်းများရင် ၊ လူဆိုတာ လူမဟုတ်တော့ဘူး ။
ကျွန်တော် လူတစ်ယောက်ဆိုတာ သေချာရဲ့လား ။
ကျွန်တော်တောင် သံသယဖြစ်နေတာကြာပြီ ။
ရုပ်အစိုင်အခဲအရတော့ လူပေါ့ ။
ဒါပေမဲ့ .. ကျွန်တော် လူတစ်ယောက်ဟုတ်ပါ့မလား ။
မနေ့က ခင်ဗျား လူတစ်ယောက်ဖြစ်ခဲ့တယ် ဆိုရင် ၊
ဒီနေ့မှာလည်း သေချာပေါက် လူတစ်ယောက်ပဲ ။
မနက်ဖြန်တော့ မသေချာဘူး ။
မနက်ဖြန်ဆိုတာ မသေချာဘူး ။
မနေ့ကလည်း မသေချာခဲ့ပါဘူး ။
ကမ္ဘာကြီးမှာ ဖန်တီးထားတဲ့ များစွာသော ပရိုဂရမ်တွေထဲမှာ
ကျွန်တော်ဟာလည်း ပရိုဂရမ် တစ်ခုပဲဖြစ်မှာပါ ။
ဒါ ရုပ်ဝတ္ထုပစ္စည်းပဲ ၊ ဒါ သဘာဝလွန်ဖြစ်ရပ်ပဲ ။
ကျွန်တော်တို့ဟာ
ကမ္ဘာကြီးပေါ်ကို ဘယ်လောက် နယူတန်နဲ့ ပို့လွှတ်တင်လိုက်တဲ့ အက်တမ်တွေလဲ
အက်တမ်တစ်ကောင်ရဲ့ငိုနေတဲ့အသံဟာ တိုးတိုးလေးပါပဲ ။
ကမ္ဘာကြီးက အသိအမှတ်မပြုခဲ့ဘူး ။ ကျွန်တော် ရူးနေတာမဟုတ်ဘူးသိလား ။
ကျွန်တော်ဟာ ပျောက်ဆုံးတော့မယ် ။ အက်တမ်လေး ။
လွင့် ......
လိပ်ပြာအတောင်ပံခတ်သံမှာ မုန်တိုင်းတွေ နောက်ဆက်တွဲ ပါကောင်းပါနိုင်မယ် ။
ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး ဘာကိုမှ ဖန်တီးခွင့် ပြုပြင်ခွင့် မရှိခဲ့ကြဘူး ။
စိတ်မကောင်းဘူးလို့ပဲ လမ်းထိပ်က ပိုက်ဆံကျပျောက်ခဲ့တဲ့ လူငယ်တစ်ယောက်ဆီက
စကားကို ခဏငှားပြီး သုံးလိုက်ဦးမယ် ။ ကျွန်တော်လေ သိပ်စိတ်မကောင်းဖြစ်တာပဲ ။
ကျွန်တော် သိတယ် ။ ကျွန်တော်သာ သေသွားရင် ၊ တကယ်တော့ ကျွန်တော်သာ
တစ်ဦးတည်းသော ဝမ်းနည်းနေသူ ။ ကိုယ့်ကိုယ်ကိုယ် ကျပျောက်ရင် ရှာရအခက်ဆုံးပဲ
ရာသီဥတုက ညှီစော်နံတယ် ။ ကျုပ်တို့ ဘာများ လုပ်ပေးနိုင်မလဲ ။
ပျော်ရွှင်မှုဟာ မီးပလက်ပေါက်ထဲ ခင်ဗျား လက်နှိုက်သလိုပဲဆို သိပ်ကောင်းမှာပဲ ။
ကိုယ် လူဖြစ်ရကျိုး မနပ်သေးဘူး ။ ကိုယ် လူ့အဖြစ်က ကျိုးပဲ့သွားပြီ ။
ဝါးးးး ။ အောက်ဆီဂျင်ဟာ ပိုးလိုးပက်လက်ပါပဲ ။ဘယ်လို လူကုန်ထည်များထံ စီးမျောသွားသလဲ ။
ပတ္တာတွေ ဆီမထည့်ရသေးဘူး ။ ကိုယ့်ကို တံခါးတစ်ချပ် ၀ယ်ပေးနိုင်မလား ။
အပြင်မှာ ... ပျောက်ဆုံး
အပြင်မှာ ... ပျောက်ဆုံး
သိလား ၊ ကျွန်တော် မရှိခဲ့တာ ကြာပြီပဲ ။
ကိုယ် မသိဘူး ။ ကိုယ် မရှိဘူး ။ ကိုယ် ဘယ်ရောက်နေသလဲ ။
အိတ်ကပ်ထဲက ဒင်္ဂါးတစ်စေ့နဲ့ မိုက်လုံးကြီးခဲ့တယ် ။
ပျောက်နေတဲ့ တံခါးဝမှာ ရပ်မနေပါနဲ့ ။ နောက်ထပ် နှစ်မိနစ်လောက်ပဲ
အချိန်ရမယ်ဆိုလည်းဖြစ်ပါတယ် ။ သိပ်အများကြီး မလိုပါဘူး ။ ခင်ဗျားကို ကျူပ်ချစ်တာပဲ ။
မယုံဘူး ။ အမှန်တရားဆိုတာ မုသားတွေ ။ ခင်ဗျားလျှာ အတုက ထွက်လာသမျှ အသံစနစ်တွေကို
မယုံကြည်ဘူး ။ Search Engine ထဲမှာ ရိုက်ထည့်လိုက်တယ် ။
I am not human I am program .
သူမဟာ စနစ်တကျအလုပ်လုပ်ပုံ ။
ခင်ဗျားအပေါ်မှာ ငြင်သာနူးညံ့စွာ လှုပ်ရမ်းနေသော emotional robot
သူမဆီက ချစ်တယ်လို့ကြားရဖို့ code နံပါတ်တစ်ချို့ကိုနှိပ်ပါ
သူမ အသားဟာ Touch Screen
အရသာ... အရသာ ဟာ Touch Screen
အစာမျိုပြွန်ထဲမှာ ပြဿနာအစိုင်အခဲတွေ တစ်ဆို့
အာနိသင် မပျယ်သေးတဲ့ သေနတ်တစ်လက်နဲ့ နားထင်ကို တေ့ဖြုတ်လိုက်ပါ ။
ကိုယ် ဘာမသိ ညာမသိ အသက်ဆက်မရှင်ချင်တော့ဘူး ။
အသက်ဟာ သေနေပါတယ် ။ အသက်ဟာ ငြိတွယ်နေတယ် ။
လူသားတွေလား ဟေးးး ကိုယ်ဘယ်သူ့ကိုအော်ခေါ်နေမိတာလဲ ။
မလေးသို့ ၁၃ မိနစ်လောက် စကားပြောချင်တယ် ။ သမီးလေး ဟဲလို မလေးသို့ ၁၃ မိနစ် ။
တော်ပါပြီ လွှတ်ချမိတာတွေကို ပြန်ကောက်နေတာပါပဲ ။
အသံတွေလည်း ပြုတ်ကျကုန်တယ် မလေး ။
မလေးက သမီးလေး ကလေးတစ်ယောက် ပြုတ်ကျသွားတယ် ။ နွေရာသီလိုမောတယ် ။
ကျွန်တော်တို့ဟာ ကိုယ့်ဘာသာကိုယ် ပြန်မေ့နေကြတဲ့ သောကြာနေ့တွေပဲ
အသက်ရှူရတာ အသက်ရှူကြပ်တယ် ။ အသစ်စက်စက် အောက်ဆီဂျင်ကဘာလဲ ။
အီဂျစ်တွေရဲ့ ပိရမစ်တွေမှာ ကျွန်တော်တို့လို ဘယ်သူတွေ တရားကျင့်ခဲ့ပါသလဲ ။
ငါးတွေလို တိုးလျှိုးခဲ့တယ် ။ လူစင်စစ်ကနေ ငါးဖြစ်ခဲ့တဲ့ ပုံပြင်အသစ်တွေထဲမှာ
ကျွန်တော်တို့က အရုပ်ဆန်ဆန် ကူးသန်းသွားလာခဲ့ ။ ကျွန်တော့်ရဲ့ငါးမလေး ။
တစ်ဖြည်းဖြည်း နဲ့ဝေးဝေးသွားသော ငါးမလေး ။ မူးယစ်ဆေးဝါးမလေးပါပဲ ။
သူကတစ်ခါတွေ့ပြီးတိုင်း သွေးကြောထဲမှာ ၄၈ ရက်ကြာအောင်နေတယ် ။
အဆင်ပြေပါတယ် တဲ့ ။ မလေးက လူတွေနဲ့ အဆင်ပြေပါတယ် တဲ့ ။
ပြည်ပကလူတွေနဲ့ အဆင်ပြေပါတယ်တဲ့ ။ အားတိုင်းကဗျာ ထထမရွတ်တတ်တဲ့လူတွေနဲ့ ။
အနုပညာဟာ နွေးနေအောင် ၀တ်ထားတဲ့ ဖလံထည် မဟုတ်ကြောင်း ။
အပေါ်ယံအရေပြားယားယံမှုမှာ သူမဟာ scan reader တခုဖြစ်တယ် ။
သံသရာမှ လွတ်မြောက်သွားအောင်လည်း မကြိုးစားချင်တော့ဘူး ။
အဲဒီ သီအိုရီ ပုပုလေးထဲမှာပဲ အဓိပ္ပာယ်မဲ့ တရားများနဲ့ပျော်မွေ့နေပြီ ။
သမီးရေ ဒီလ ပိုက် ပိုက် ပိုက် ဆံ
What's on your mind?
RECENT ACTIVITY အား ကောင်း တယ်
မောင့်ကိုလည်း မလွမ်းတာပါပဲကွာ ။ ဒါပေမဲ့ မက မလေးမှာ လေ ။
မလေးမှာ မပေါ့မပါးကြီးဖြစ်မှာစိုးလို့ ဖျက်လိုက်တာပါ ။
မောင်ရယ် မ ... လေ မလေးမှာမပျော်ဘူး ။
ဟေးးးးးးးးးးးးးးးးးးးး
မလေးသို့ ၁၃ မိနစ်လောက် စကားပြောတဲ့အချိန်လေးမှာတော့
ခင်ဗျားယောက်ျားတစ်ယောက် လိင်ဆက်ဆံခြင်းကိစ္စကို
ရှောင်ရှားပေးပါ မ ကံ့ကော် ။
မေလ လေမ တိုက်ဘူး ဒီလိုပဲ ပျော်တယ် ။
ကျွန်တော် စမ်းမိတဲ့ အိတ်ကပ်ဟာ သူမ ဖြစ်နေတာကလွဲရင် ပျော်တယ် ။
မေမေ သားလေ အခုတလော ဓမ္မတာ မမှန်ဘူး ။ သူမ သွေးဆုံးသွားပြီလား ။
........@gmail.com is now offline because she is mating with a guy.You can leave fucking message . Ok ????
ဘာတွေလဲ ဘာ တွေ လဲ ဘာ တွေ လဲ
ဟဲလို မလေးကပါလား ။ ကျွန်တော် ရန်ကုန်ကပါ ။
ကျနော် ခုန်ချတဲ့ ပြတင်းပေါက်က ၂၄ နာရီ ပွင့်နေတယ် ။
ဒါက ကလေးတယောက်ဖျက်ချလိုက်တဲ့ သူမ ရဲ့ လုံလောက်တဲ့အကြောင်းပြချက်ပဲ ။
၂၀၁၁ ဟာ နူမလိုလို နဲ့ အ နေတယ် ။ ဒကာကြီးက တရားဓမ္မမှ မလိုက်စားတာ ။
ဦးဇင်းတို့ဆို ဘယ်ရောက်တရားနဲ့ဆိုတော့ ငြိမ်းချမ်းတယ် ။
သေသွားပြီလား ။ ဖုန်း ၊ အဲဒီဖုန်းက သေသွားသလား ။
သားလေးကြည့်ရတာ အားမရဘူး ။ ထမင်းလည်းကောင်းကောင်းမစားဘူး ။
ဒါဆိုရင် အောကားတွေ ကြည့်လို့ပဲဖြစ်ရမယ်
တံခါးပိတ်လိုက်ပါ ဦးဇင်း ။ ပြင်ပပေါ့ပါးမှုတွေက ကျနော်တို့ရဲ့ ဗလာတွေကို ခဏတာ ပေါင်းသင်းသွားမှာ စိုးတယ် ၊
ကျနော်တို့ဟာ ပြန်လာခြင်းတွေဖြစ်ကြောင်း ၊ ကဗျာတွေဆိုတာ သွေးအေးလူသတ်သမားတွေဖြစ်ကြောင်း ၊
၂၁ ရာစုမှာ လူအပီအသဆုံးအပြုအမူဟာ ထမင်းစားခြင်းခြင်းဖြစ်ကြောင်း ၊၊



- ဆူးခက်မင်း ၊ မောနွေ ၊ အေးချမ်း -