Pages
Subscribe:
Sunday, September 19, 2010
ရာ စု နှ စ် ၏ သူ ရူး မေ လး
သူ မ က ပ န်း တ စ် ပွ င့် ပ န် ထား တ ယ်
ေ ဖာ က် လွှဲေ ဖာ က် ပြ န် ဖြ စ်ေ န တဲ့ ရာ သီ ဥ တု ကို
ကြိုး တ စ်ေ ချာ င်း နဲ့ေ ခါ င်း မှာ ထိုး လို့
တ ခါ တ ေ လ ေ န ရ ာ စံု ေ အာ င္ ေ လွ် ာ က် သွား တ ယ်
တ ခါ တ ေ လ က ဗ်ာ အ ပို င္ း အ စ ေ တြ
စိ တ် လွ တ် ကို ယ် လွ တ် ရွ တ် လို့
ယ ဉ် ေ က် း မႈ ေ တြ က ေ သ ာ င်း က န င်း ဖြ စ်ေ န တဲ့
မြို့ေ တာ် ရဲ့  အ င်္ဂါ ရ ပ် ထဲ မှာ သူ မ မ ပါ ရ င်
မ ပြီး ဘူး ရ ယ် လို့ ခံ ယူ ထား တ တ် သူ
ရွာ ရိုး ကိုးေ ပါ က်ေ လျှာ က် သွား မ ယ်
ေ တွ့  သ မျှ လူ ကို မ ပွ င့် တ ပွင့် မျ က် လုံး နဲ့
လို က် ပြုံး ပြ မ ယ်
ဒါ က သူ မ ရဲ့  တ စ်ေ န့ စာ လု ပ် င န်းေ ဆာ င် တာေ တွ ဖြ စ် ရဲ့ 
ဘ ယ် သူ ဘာေ ပြာ မ လဲ
သူ မ အ တွ က် အ မှ န် တ ရား ဟာ
သူ မ ကို ယ် တို င် ပဲ ဖြ စ် တ ယ်
တ ခါ တ ေ လ ေ ခါ င္ း ကို ေ န ာ က် လှ ည့် ပြီး မ သိ မ သာ ငို မ ယ်
အ ေ လ့ က် ရြ ာ တဲ့ မို း ရ ာ သီ လို
သ ည်း သ ည်း ထ န် ထ န် ငို မ ယ်
တ ခါ တ ေ လ က ေ လး င ယ် တ စ်ေ ယာ က် လို
ဖြူ ဖြူ စ င် စ င် ပြုံး မ ယ်
ဒီေ လာ က် ပါ ပဲ ဒီေ လာ က် ပါ ပဲ
သူ မ က ကို ယ့် ၀ မ်း နာ ကို ယ် သာ သိ တဲ့
ရာ စု နှ စ် ရဲ့  သူ ရူး မေ လး ဖြ စ် တ ယ်
သူ မ နာ မ ည် ဘာ လဲ လို့ေ မး ရ င်
ေ ခါ င်း မှာ ပ န် ထား တဲ့ ဟ မ်းေ လာ့ ခ် ပ န်း ကို
လ က် ညှိုး ညွှ န် ပြ မ ယ့်
ေ စာ က် ကြီးေ စာ က် ကျ ယ် နို င် လှ စွာ ေ သ ာ
သူ ရူ း မ ေ လ း ဖြ စ် တ ယ်
စိ တ် လို လ က် ရ ရှိ ရ င်ေ ခါ င်း မှာ ထိုး ထား တဲ့
ရာ သီ ဥ တုေ တွ ကို ဖြု တ် ချ ပြီး
ထ ပ်ေ ပြာ ရ ရ င် သူ မ က
“ ၂ ၁ ရာ စု ရဲ့  အ ခ မ်း နား ဆုံး
သူ ရူး မေ လး ” ဖြ စ် တ ယ် ။ . . . . . . . . . . ။
- ဆူး ခ က် မ င်း -
တချို့ ကျတော့လည်း ဒါမျိုးမှ လူရာဝင်တယ်
ရေငတ်တုန်း ရေတွင်းထဲ ကျသလို ရေမကူးတတ်တော့ ခက်သား
ဇီးသား မန်ကျည်းသား တချို့  ဆဲသလို (xxx)သား သားမွေးထားတော့
သမီးရတာပေါ့ ဒီလောက်ကတော့ ရတာပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား
စားစားသောက်သောက် သောက်သောက်စားစား လူ့မင်းသား
လူမင်းသား ဧရာဝတီလူမင်း ဘာလူမင်း ညာလူမင်း မင်းလူ ငါ့လူ
သူတစ်လူ ငါတစ်မင်း ဟိုဒင်း သည်ဒင်း ရဲဒင်းကို အရိုးချွတ်ပြီး ဆန်ပြုတ်
လုပ်သောက် ပုံပြင်တစ်ပုဒ်မှာ ဖတ်ဖူးတယ် ငယ်ငယ်တုန်းက ငယ်ငယ်လေး
ငယ်လေး ကိုကြီး ကို ကို ကို ကြီး သွားလိုက် သေးသွားလိုက် ၀မ်းသွားလိုက်
တူးသွားလိုက် ကျက်သွားလိုက် လိုက်လျောရတာနဲ့ လိုက်ရောရတာနဲ့
အကြိုက်ပြောဖို့ ဆိုဖို့ သွားဖို့ လာဖို့ ဟိုဖို့ ဒီဖို့ ပိုက်ဆံလည်း ကုန်တာများပြီ
ခုရေတွင်းတူး ခုရေကြည်ရာ မြက်နုရာ နွားအိုကြိုက် မင်းကြိုက် စိုးကြိုက်
အိုး .. နိုက်စ် ကောင်းတယ်ဘေဘီ ခပ်မြန်မြန်လေး ခပ်မြန်မြန်လေး
ကားကထွက်တော့မှာ ကားလိုက်ရင် ထွက်တော့မှာ ၀င်တော့မှာ
ဝင်လိုက်ထွက်လိုက် ဖြစ်တော့မှာ ပျက်တော့မှာ ပြတ်တော့မှာ ကိစ္စက
ဒီနားတင် ပြတ်တော့မှာ ပြန်ဆက်ဖို့ ကော်လိုမယ် ကော်လိုက်ဖို့ လိုမယ်
လိုလိုမယ်မယ် လိုလိုမည်မည် လိုရမည်ရ လိုရင် မည်ရ မလိုချင်ပါဘူး
မင်းရဲ့  တုံ့ပြန်မှု တစ်နေ့နေ့ တစ်ညည တစ်နေ့နဲ့ တစ်ည တစ်ထောင့်နဲ့
တစ်ည နှစ်ည သန်းခေါင်ထက် နက်တဲ့ ည ဒါမှမဟုတ်လည်း ညဥ့်
တစ် နှစ် တစ်တစ်နှစ်နှစ် ပျစ်ပျစ်နှစ်နှစ် ဆဲစမ်းကွာ ဆဲလိုက် စမ်းလိုက်
ဘယ်လိုမျိုးလေးလဲ ကောင်း မကောင်း ပြန်ပြောပြ သေချာမှတ်ထား
ဒီလက်ညှိုးကွေးဖို့ ဆယ်နှစ် အချိန်ယူရတယ် အချိန်ပြန်ပေးရတယ်
ရော့ ပတ္တမြား ရော့ နဂါး မီးမှုတ်တတ်ရင် နဂါးဖြစ်ပြီလား ဒါမှမဟုတ်
ရေတက်နေတက်မှာ မွေးဖို့ လိုမလား ဒီခေတ်ကြီးမှာ မီးရဖွားရ
ခက်ပါဘိသနဲ့ ဘိသိက်သွန်းတုန်းက ဒီစကား ဘာလို့ မကြားလိုက်မိလဲ
နားပင်းနေတာလား ပြောနေရင် မသိသလိုနဲ့ နင်ဘာကောင်လဲ
နင်ဘာကောင်းလဲ ပြောပြရရင် ဇာတ်လမ်းတွေက ရှုပ်ကုန်တော့မယ်
ကြာလာရင် ခက်မယ် ကြာတိုင်းကောင်းတာ တစ်နေရာပဲရှိမယ်
ကြာမျိုးငါးပါး ကြာညိုနံ့လေးကို သင်းလို့ ငါ ရင့်ရင့်သီးသီး မသုံးနှုန်းချင်ပါဘူး
သင်းကိုက အရိပ်သုံးပါး နားမလည်တာ နားလည်တာ အပထား
အပမှီရင် ဒီရေမန်းလေး ဖြန်းပေးပါ ကြက်သီးတောင်ထတယ်
ဖြန်းခနဲ ဖြန်းခနဲ ဆို လန့်လိုက်တာရှင် ဖြန်းလိုက်တာ ပက်လိုက်တာ
ရေရေတွေ ရွှဲကုန်ပြီ အရည်တွေ ရွှဲကုန်ပြီ ဟောတော့ ရပြီဆရာ
စဟောပါတော့ ဒါက ထီးရိုးလေ ဟုတ်တယ် ဟုတ်တယ်
အသက်ရှည်မယ် အနာကင်းမယ် ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်
ရပြီ ဒီလောက်ဆို ရပါပြီ စိတ်ကုန်တဲ့ထဲမှာ အဲ့ဒီ ဟိုကကြား
ဒီကမြင်တာတွေကို လျှောက်ပြောနေတဲ့ မုတ်ဆိတ်ဖွားဖွားတွေ ပါတယ်
ဒါနဲ့ စကားမစပ် ကျုပ်ပြောနေတာ ဘယ်ရောက်သွားပြီလဲ ။ ...... ။
ဆူးခက်မင်း
Tuesday, September 14, 2010
အပ်ရာရှိ အပ်ချလောင်း ငါထောင်း
အပ်ရာရှိ အပ်ချလောင်း ငါထောင်း
ကကြီးနဲ့ ပတ်သက်ရင်
ကြိမ်လုံးတောင် မရှိဘူး ။
ယမထာနဲ့ တူတာဆိုလို့ ယမကာပဲ ရှိမယ် ။
ကိုယ်တွေမှာ အယူမရှိဘူး
သောက်သော် မူး၏ ။
မူးသော် ပြဲ၏ ။
ပြဲနေတယ်
ဟိုကောင်မလေး အကျီ င်္ ပြဲနေတယ်
အနီရောင်လေး ၊ အ၀ါရောင်လေး
ရောင်စုံပျိုမေတွေရယ် လှလို့ငေး
ဟိုချာတိတ်လိုက်ကြည့်နေတယ်
တစ်ဖက်ကိုလှည့် ၊ တခြားတစ်ဖက်ကို မြင်ရလိမ့်မယ် ။
မြင်တတ်ရင် မင်းအတွက်ချည်းပဲ ငါ့ကောင် ။
မှန်ပါ့
ကြေးမုံဟူ၍ နောက်တစ်မည် ခေါ်တွင်လတ္တံ့  ။
သတင်းထူးတွေ သတင်းထူးတွေ
လူနှစ်ယောက် ပေါင်းလိမ်တော့မယ့်သတင်းထူးတွေ
ဘယ်သူတွေလဲ ။
ခင်ဗျားနဲ့ ကျွန်တော်လေ ။
လာ ၊ လုပ်ငန်း စရအောင် ။
အချဉ်တစ်ကောင်တော့မိပြီဟေ့
အဲ့ဘက်က တစ်လုံး ၂၀ ပါ ။
သံပုရာသီးတွေ ၊ သံပုရာသီးတွေ ။
တိုက်ကြီးသံပုရာတွေ
မှော်ဘီ တိုက်ကြီး ၊ မှော်ဘီ တိုက်ကြီး ၊ နှစ်ယောက်လို ။
တစ်ခါတည်းထွက်မှာ
နောက်ဆုံးကားနော်
လိုက်လာလိုက်လာ
နေအိမ်မှ နေ့လည် ၁ နာရီ နောက်ဆုံးထွက်မည် ဖြစ်ပါသည် ။
ပုံ - ကျန်ရစ်သူ မိစုသား
မိစုသားနဲ့ ကိုသောင်းတင်သမီးနဲ့ က
ဘာဆိုလားတဲ့အေ့
လင်နဲ့ မယားဆိုတော့ လျှာနဲ့သွားပေါ့ အေ
ခြေထောက်မရှိတော့လည်း ခက်သားလား
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ စလုံး လက်ခတ်သံ
အဲ့ကောင်မကို ချေးပြီးရင် ပြန်တောင်းရတာ လက်ခက်ပါတယ်အေ
ယနေ့ အကြွေး မရောင်းပါ
မနက်ဖြန်ကျလျင် ဤစာသားကို တစ်ခေါက်လာထပ်ဖတ်ပါ ။
အကြွေးယူရမဲ့သူက ဘာကိုသည်းခံရမှာလဲ
သည်းခံခြင်းသည် အောင်မြင်ရာ၏ ချစ်သား တို့ (ဘုရားဟော)
တွံ။ ။ သင်သည်။ ဂဏှာဟိ။ ။ မှတ်လော့ ။
-သုဏော်စိုင်း ၊ ဆူးခက်မင်း-
Saturday, July 31, 2010
ပြတိုက် ထဲ/ရှေ့ က အရုပ်
ပြတိုက် ထဲ/ရှေ့ က အရုပ်
သူမက ဓားတစ်ချောင်း ကမ်းပေးတယ် ။ မျက်ရည်တွေ “လွင့်” .. “လွင့်”
ကျလာလိုက်ပုံများ ။ ကျွန်တော် နှုတ်ခမ်းကို ကိုက်ထားမိသလား ။ ပထမဆုံး
အကြိမ် နမ်းခဲ့တုန်းကလိုမျိုး ပြန်ခံစားမိရတယ် ။ သူမက ဓားတစ်ချောင်းလို
“မြ” နေအောင် ပြုံးတယ် ။ ကြယ်တွေ အိပ်တန်းတက်တော့မယ် အရုပ်မ ရဲ့ ။
ကျွန်တော် ဓားသွေးကျောက်ပေါ် ကျောခင်း အိပ်လိုက်တယ် ။ ကျနော့်ကို
“သွေး” ပါ အရုပ်မ ရေ ။ သွေးတွေ ဖြိုင်ဖြိုင် ရွာတဲ့ထိ “သွေး” ပါ ။ ခင်ဗျားက
ပြတိုက်ထဲက အရုပ်မ ဖြစ်တယ် ။ အရင်စိတ်မျိုးနဲ့ဆို သူ နေရာမှာတင် ငိုချလိုက်
မိမှာ အမှန်ပဲ ။ ခုတော့ ကျွန်တော် မငိုဘူး အရုပ်မ ရေ ။ သူမက ပြတိုက်မှူးရဲ့
ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ဖုန်တစ်မျှင်မျှ ကပ်ငြိခြင်း မရှိ ။ ၀ံ့ဝံ့ကြွားကြွားလေး
လှနေတယ် ။ သူ ဘာလုပ်သင့်သလဲ ။ ကျွန်တော် မသိတော့ဘူး အရုပ်မရယ် ။
သူမ အရာရာ အဆင်ပြေပါစေ ။ ပြတိုက်မှူးက သူမကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတယ် ။
ကျွန်တော်က ယဉ်ကျေးမှု အငွေ့အသက် မကောင်းတဲ့ကောင် ဆိုတော့ ပြတိုက်
အပြင်ဘက်မှာပဲ နေတယ် ။ ဓားကို ပြန်သိမ်းထားလိုက်ပါ အရုပ်မရေ ။ သူမ ဓားတစ်ချောင်း
လို “မြ” နေအောင် ပြုံးပြန်တယ် ။ “သွေး” ပါ ။ ကျွန်တော့်ကိုယ်ထဲက ဗီဇအရိုင်းတွေ
“ပါး” သွားတဲ့ထိ “သွေး” ပါ ။ သူ အရူးတစ်ယောက်လို အော်ဟစ်နေတယ် ။
သူမ ကြားသလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ ကျွန်တော့် အသံစနစ်က
ပြတိုက်နံရံတွေကို ဖောက်ထွင်းသွားနိုင်မယ် မထင်ဘူး ။ လေလုံမိုးလုံ အခန်းထဲ
အရုပ်မ အသက်ရှူ ၀ပါ့မလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။
အဲသည့် ဓားကို ကျွန်တော့် နောက်ကျောမှာ ၀ှက်ထားပေးပါ ။ သူ တောင်စဉ်ရေမရ
ရေရွတ်နေမိတယ် ။ သူမ သူ့နောက်နားမှာ ပုန်းလျှိုးကွယ်လျှိုး ရပ်ရင်း ပြုံးတယ် ။
ခင်ဗျား ဘယ်မှာလဲ အရုပ်မ ။ ပြတိုက်နံရံတွေပေါ် ပန်းချီကား တစ်ချပ်လို တွယ်ကပ်နေမှာလား ။
ဒါမှမဟုတ် ၊ ပါရီမြို့ရဲ့ အေးအေးချမ်းချမ်း ညနေခင်းမှာ ကော်ဖီဆိုင်ထဲ အေးအေးချမ်းချမ်း
ထိုင်နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျားရဲ့ မက်လက်စ အိပ်မက်တွေကို ရေလောင်းပေါင်းသင်
နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျား ဘယ်မှာလဲ အရုပ်မ ရေ ။ သူ့ အရုပ်မက ပြတိုက်မှာနေတယ် ။
ကျွန်တော်က ပြတိုက်ရဲ့ သန့်စင်ခန်းသာသာ ကျယ်ဝန်းတဲ့ အခန်းစုတ်လေးထဲ နေတယ် ။
သူ ပြတိုက်ရှေ့ အုတ်ခုံလေးမှာထိုင်ရင်း တစ်နေ့တာ ကုန်ဆုံးတယ် ။ ခင်ဗျားက ပြတိုက်ထဲ
(ပြုံးပြုံးလေး) ခါးထောက် ရပ်နေတယ် ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။
သူ ခင်ဗျားကို မတော်တဆ မြင်ရမယ့် တစ်နေရာရာကနေ ငေးကြည့်နေပါလိမ့်မယ် ။
ပြတိုက် ဘယ်အချိန် ပိတ်မှာလဲ လို့ ကျွန်တော် အရုပ်မကို မေးလိုက်တယ် ။
သူ ညည ဆို ခင်ဗျားကို သီချင်း ဆိုပြလိမ့်မယ် ။ ကျွန်တော် ဂစ်တာ မတီးတတ်ဘူး အရုပ်မရဲ့ ။
သူ သူမကို အိပ်မက်လှလှ မက်ပါစေလို့ ဆုတောင်းပေးတယ် ။ အရုပ်မ အိပ်ရင်ရော
ပြုံးနေတတ်လား ။ ခင်ဗျား ပြောလေ ။ ဟင့်အင်း ၊ သူ မသိဘူး ။ ကျွန်တော် မသိလို့ မေးတာပါ ။
အရုပ်မ ၊ ခင်ဗျား ဆံပင်တွေ အရမ်းလှတယ် ။ နောက်ပြီး သူမ မျက်နှာထားတင်းတင်း က တော်တော်
ကြည့်ကောင်းတယ် ။ ဟင့်အင်း မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ကျွန်တော် သူမကို ငေးကြည့်နေချင်တာ
သက်သက်ပါ ။ သူ အရုပ်မကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် ။ ကျေးဇူးပြုပြီး ပြောပါရစေ ။
ကျွန်တော် ခင်ဗျားကို ချစ်တယ် ။ သူ သူမကို ချစ်တယ် ။ ကျွန်တော် အရုပ်မကို ချစ်တယ် ။
သူ ခင်ဗျားကို ချစ်တယ် ။ ကျွန်တော် သူမကို ချစ်တယ် ။ သူ အရုပ်မကို ချစ်တယ် ။ ကျွန်တော်
သူမကို ချစ်တယ် ။ အရင်လိုပဲ ပြုံးနေပါ ။ သူ့ကြောင့် သူမ စိတ်ညစ်သွားပြီလား ။ ကျွန်တော်
ပြန်မရုပ်သိမ်းပေးနိုင်ဘူး အရုပ်မ ။ သူ အခန်းကျဉ်းလေးထဲက ပြူတင်းပေါက်တွေ တွန်းဖွင့်လိုက်တယ် ။
ကျွန်တော် ခင်ဗျားကို အသက် ၀၀ ရှူစေချင်တယ် ။ လိုက်ခဲ့ အရုပ်မ ၊ လိုက်ခဲ့ ။ သူ သူမကို
ကမ္ဘာအသေးစားလေး တစ်ခုထဲ ဆွဲခေါ် ရှင်သန်စေဖို့ သိမ်ငယ်စွာ တွေးတောနေတယ် ။
အရုပ်မ ပြတိုက်ထဲကနေ ကပိုကရို ၊ လှလှပပလေး ထွက်လာတယ် ။ ကျွန်တော့်နား ရောက်လာတယ် ။
သူ ဘယ်လို ခံစားမှုမျိုးနဲ့မှ နှိုင်းယှဉ်မရအောင် တလှပ်လှပ် ပျော်သွားတယ် ။ လာပါ အရုပ်မ ၊
ကျွန်တော့်နား လာပါ ။ သေးငယ်သိမ်နုပ်တဲ့ ကမ္ဘာအသေးစားလေးထဲ ပျော်ဝင်လှည့်ပါ ။
သူမ သူ့အနား ရောက်လာတယ် ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓားတစ်ချောင်း နဲ့ ။
အရုပ်မ မထေမဲ့မြင် ပြုံးလိုက်တယ် (ထင်တယ်) ။ ကျွန်တော် တစ်ခုခုကို စိုးရွံ့စွာ ဘုရား “တ” မိလိုက်တယ် ။
ရင်ဘတ်ထဲမှာ ပူခနဲ ။ သူ့နောက်ကျောဘက်က (သူမကိုယ်တိုင်) နှုတ်ခဲ့တဲ့ ဓားနဲ့ ၊ သူ့ရင်ဘတ်ကို
(သူမကိုယ်တိုင်) ထိုးစိုက်ပစ်လိုက်တယ် ။ ပြီးသွားပါပြီ အရုပ်မ ။ ပြီးသွားပါပြီ ။ ခင်ဗျား တိုက်ခဲ့တဲ့
ကျိန်စာအတိုင်း ကျွန်တော် ခင်ဗျားပြတိုက်ရှေ့မှာ စောင့်တဲ့ အရုပ်တစ်ခု ဖြစ်နေပါပြီ ။
လာရာလမ်းအတိုင်း ကပိုကရို ၊ လှလှပပလေး ပြန်ဝင်သွားပါ ။ သူမရဲ့ ပြတိုက်ရှေ့မှာ သူ အရုပ်တစ်ရုပ်
အဖြစ်နဲ့ အမြဲ ရှိနေမှာ သေချာပါတယ် ။ ကျွန်တော် ကတိပေးပါတယ် အရုပ်မ ။ ခင်ဗျားရဲ့
ပြတိုက် ဂေဟာ ရှေ့မှာ အမြဲ ရှိနေမယ် ဆိုတာ .......................... ...... ။
ဆူးခက်မင်း
Sunday, July 25, 2010
လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ
11.7.2010 မှာ ပြုလုပ်ခဲ့တဲ့ လင်းပွင့်လက်များရဲ့  တစ်နှစ်ပြည့်
ကဗျာရွတ်ပွဲမှာ
ကျနော်နဲ့ နေ့သစ် ညီအစ်ကို နှစ်ဦး ရွတ်ဆိုခဲ့တဲ့ ကဗျာလေး ဖြစ်ပါတယ် ။
ကဗျာဆရာ ဘာလဲ/ဘယ်လဲ ဆိုတာ ၊ ညီအစ်ကို နှစ်ယောက် ဆွေးနွေးကြပုံလေးနဲ့
ရေးသား ဖြစ်ခဲ့တာပါ ။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ထိုင်ရင်း
လမ်းဘေးစကားအဖြစ်နဲ့ လမ်းဘေးကဗျာဆရာတွေ ဘာတွေ ပြောဖြစ်ခဲ့ကြသလဲ ဆိုတာ ..
.................................................................................................
လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ
မီးတစ်ပွင့်လင်းဖို့ စတေးခံလိုက်ရတဲ့
အစမ်းသပ်ခံပစ္စည်းစာရင်းထဲမှာ
ငါတို့ ညီအစ်ကိုတွေ မပါစေရဘူး ညီလေး ။
အစ်ကိုရေ ... ကျွန်တော်တို့ လျှောက်နေတာ
အေးအေးဆေးဆေး လမ်း ။
လွယ်လွယ်နဲ့တော့ ပန်းတွေ ပွင့်မလာကြဘူးဆိုပေမယ့်
ငါတို့ဟာ ဥယျာဉ်မှူး စစ်စစ်တွေ ဖြစ်တယ် ။
ရှေ့ မှာက ဂငယ်ကွေ့ တွေအများကြီး
အစ်ကိုရေ ...
ကျွန်တော်တို့ လည်း နွေရာသီကို ကြုံရဦးမယ်။
ဒီမယ် ငါ့ညီ ၊ ကဗျာဆရာဆိုတဲ့ ဘ၀က
ထင်သလောက် မချိုမှန်း ၊ ဖက်ကြမ်းကောက်ဖွာရင်း
ဆွေးနွေးကြည့်ရအောင်လား ။
ကဗျာဆရာဆိုတာ
လက်ဖက်ရည်ဆိုင်ပုပု
ခွေးခြေပုပု၊ဂုဏ်သိက္ခာပုပုတွေနဲ့ 
လောကတရားကို လက်တည့်စမ်းနေတဲ့သူတွေများလား အစ်ကို။
မဟုတ်သေးဘူး ညီလေး ရေ ၊ လွယ်အိတ်တစ်လုံးထဲ
ဂုဏ်သိက္ခာတွေ ထိုးထည့် ၊ မော့တော့မော့တော့နဲ့
ဖိနပ်ပါးအောင် လမ်းလျှောက်နေတတ်တဲ့ လူတန်းစားတစ်ရပ် ။
ဒါဆိုရင်
သူတို့ ဟာ ရပ်နေတဲ့ မော်တော်ကားတွေ မဟုတ်ကြဘူးပေါ့။
ဤခရီး နီးသလား ပေါ့ ညီလေးရာ ။
လမ်းလျှောက်တွေးခေါ်ခြင်းဆိုတာက ဖွံ့ဖြိုးဆဲရင်ဘတ်တွေအတွက်
ကျန်းမာရေးနဲ့ ညီညွတ်စေတယ်လေ ။
အစ်ကိုရေ
မြို့ ပြမှာအမေ့နို့ ကို ပြန်စို့ ရဖို့ 
ကျွန်တော်တို့ မှာ လရောင်ချို့ တဲ့နေသလား။
လေထဲလမ်းလျှောက်နေကျ ဆိုတော့လည်း
ခလုတ်တိုက်မှာ မပူရဘူး ညီလေးရေ ။
ဖိနပ်တွေလိုမျိုး အစာအိမ်တွေက လိုက် “ပါး” ။
ဒီအချိန်ဆို အမေ တို့ကို မျှော်နေမလားပဲ ။
ခက်တယ် အစ်ကိုရယ်
လူတွေက ဘာလို့ များ
အဆင်လှတဲ့ပစ္စည်းကိုမှ ၀ယ်ကြတာလဲ။
အမေ၀ယ်ပေးထားတဲ့ စက္ကူနွားရုပ်လေး
မှတ်မိသေးလား ညီလေး ။
တို့ ညီအစ်ကို ဆော့နေကျလေ ။
ခုတော့လည်း ရီမုကွန်ထရိုးနဲ့
မောင်းရတဲ့ ကားလှလှလေးတွေကြားမှာ
စက္ကူနွားရုပ်လေး မှိုစော်နံနေလောက်ပြီ ။
ငါတို့လည်း
ကိုယ့်အင်္ကျီ ကိုယ်ငုံ့ နမ်းကြည့်ဖို့ လိုနေပြီထင်တယ် ညီလေးရေ ။
ကျွန်တော့် အင်္ကျီမှာတော့
ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ ကြယ်သီးတွေ ရှိနေပြီ
စက္ကူနွားလေးနဲ့ သွားရတဲ့ ဒီခရီး
မနီးသေးဘူး အစ်ကို။
ကော်လာပေါ်က နှုတ်ခမ်းနီရာတွေ
သုတ်လိုက်ပါဦး ငါ့ညီရာ ။
ဒါမျိုးတွေ ဆိုတာက ငါတို့လို လူတန်းစားတွေနဲ့
ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တယ် ။
သံသေလို့ ပြဒါးဖြစ်မယ့်နေ့ကို
ဖိနပ်ပါးပါးလေးတွေ ကိုယ်စီ စီးရင်း
စောင့်နေကြရုံပေါ့ ။
ကျွန်တော် ခေါင်းမမော့ချင်ဘူး
ရင်မကော့ချင်ဘူး၊
ဖြစ်နိုင်ရင် ငရဲမီးတွေကြား ဆော့နေလိုက်ချင်တယ်၊
ကဗျာဆရာ ဆိုတာ
ကိုယ့်ကိုယ်ကို စိတ်နာနေတဲ့လူမဟုတ်လား။
တစ်ခုခုတော့ လွဲနေပြီ ။
ကဗျာဆရာ ဆိုတာက ကိုယ့်ကိုယ်ကိုယ်
ပြန် ညှဉ်းဆဲနေတတ်တဲ့ သတ္တ၀ါတစ်မျိုးဆိုတာ
အတိုက်အခံလုပ်ပြီး ငြင်းမနေတော့ဘူး ။
ဟုတ်တယ်
ကိုယ်လျှောက်တဲ့လမ်းမှာ
ကိုယ့်လိပ်ပြာနဲ့ ကိုယ် ခမ်းနားနေဖို့ သာ အဓိက။
ဒါပေါ့ ညီလေးရယ် ။
ဖောင်တိန်ကိုင်ပြီး လမ်းဘေးအုတ်ခုံထိုင်နေရုံနဲ့လည်း
ကိုယ့်ပရိသတ်နဲ့ကိုယ် ဘုရင်ဖြစ်တယ် ။
ကဗျာဟာ ငွေဝယ်ကျွန်မဟုတ်ဘူး
ကဗျာဟာ အပျင်းပြေစကားပုံမဟုတ်ဘူး
ကဗျာဟာ ထွေရာလေးပါးရေနွေးကြမ်းတစ်ခွက်မဟုတ်ဘူး
အစ်ကိုရေ တကယ်တော့
ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူးလေ။
ဟုတ်တယ် ညီလေးရေ ။
ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူး။
ဒါ့အပြင် ကဗျာဟာ အရာအားလုံးလည်း ဖြစ်တယ် ။
အရာအားလုံး နဲ့ ဘာဆိုဘာမှမဟုတ် ဆိုတဲ့
ကမ်းပါးစွန်း နှစ်ဖက်မှာ
ညီတူမျှတူ ရပ်ကြတာပေါ့ ငါ့ညီ ။
လမ်းပေါ်မှာ
လမ်းသွားလမ်းလာတွေ အများကြီး
ခရီးတူတာရှိမယ်၊မတူတာရှိမယ်၊
အပါယ်တံခါးမပိတ်နိုင်တဲ့ လူ့ ဘ၀မှာ
တစ်ချို့ က ဘာလို့ များ
တစ်ယောက်ကိုတစ်ယောက်
ဇယ်တောက်တမ်းကစားချင်ရတာလဲ အစ်ကို။
အစ်ကို နှာစေးနေတယ် ညီလေးရေ ။
နှာခေါင်းသံ တရွှီရွှီနဲ့ ပြောရရင်တော့
လောကဓမ္မတာ ဆိုတာကြီးကိုပဲ
အပြစ်ပုံချရမယ် ထင်တယ် ။
ထားပါလေ
လူဆိုတာ ...
ကိုယ့်ဈာပနကိုယ်လိုက်ပို့ နိုင်တဲ့သူတွေမှမဟုတ်တာ
ကျွန်တော်ကတော့
ခေါင်းကို ကျော့နေအောင်ဖြီးပြီး
လောကဓံကို လေထီးလုပ်စီးနေလိုက်မယ်။
ဖြစ်တတ်ပါတယ် ငါ့ညီ ။
ဖြစ်ချင်တာတွေ ဖြစ်ချင်သလိုဖြစ်နေတဲ့
လောက ဆိုတဲ့ အိမ်အိုကြီးက
အဟောင်းအမြေ့တွေကို အရာမသွင်းတတ်တဲ့
တို့ ညီအစ်ကိုတွေနဲ့ သိပ်တော့အဆင်မပြေလှဘူး ။
အဆင်မပြေလှပါဘူး အစ်ကိုရယ်
ရာစုသစ်ခရီးက
စွန့် ပစ်ပစ္စည်းတွေ များသထက်များလာတယ်
တစ်ချို့ များ ညနေစာကို
စာရိတ္တနဲ့ ဝယ်စားကြသတဲ့။
လူတိုင်း ကဗျာဆရာ ဖြစ်နေကြမယ်ဆိုရင်
လူတိုင်း အစာအိမ်ဟောင်းလောင်းနဲ့
နေနိုင်ကြမယ် ထင်တယ် ။
စာရိတ္တပါးမှာကို အစာအိမ်ပါးမှာထက်
ပိုကြောက်တတ်ကြတဲ့ ၊ ကဗျာဆရာတွေရဲ့ ဓလေ့က
ချစ်ဖို့ကောင်းပါတယ် ငါ့ညီ ။
ဒါဟာ ပီပြင်တဲ့ စစ်မက်ပေါ့
တကယ်တော့
ကျွန်တော်က လောကဓမ္မတာကို
လက်ခုပ်တီးပြီး အားပေးနေချင်တာ။
လေကို ဓားနဲ့ ခုတ်ရတာ ပင်ပန်းပါတယ်ကွာ ။
ငါတို့ ပတ်ဝန်းကျင်မှာ ဝေ့၀ဲနေတဲ့
လိုချင်တပ်မက်မှုတွေကို လေလို ရှူသွင်း ။
သက်ပြင်းပါးပါးလေး ချလိုက်ကြရအောင် ။
မဟုတ်ဘူး အစ်ကို
ကျွန်တော်ကတော့ အသော့နှင်နေတဲ့တိမ်တိုက်တွေကြား
နေရောင်ကို စားနေဦးမှာပဲ၊
လေရှူပုံမှားရင် မှားနေလိမ့်မယ်။
ဟော ...
ပြောရင်းဆိုရင်း လေနီကြမ်းတွေ တိုက်လာပြီ ။
အမေ စိတ်ပူနေရော့မယ် ။
ကျောမှာ ပိုးထားတဲ့ ဗျာပါဒတွေ ပစ်ချ ။
လက်ချင်းတွဲပြီး အိမ်ပြန်ကြစို့ကွာ ။
--ဆူးခက်မင်း၊နေ့ သစ်-
အုံ့ပုန်း
“အုံ့ပုန်း”
ညည ဆိုဆိုနေကြ သီချင်းလေးရေ .....
ပေးစရာ နာမည်
ကိုယ် မသိခဲ့ . . . . ၊၊
မင်းကိုရှာဖွေတွေ့ရှိပါစေ
လွှင့်ထုတ်လိုက်တဲ့ မီးခိုးတွေသာ
ပြာဖြစ်သွားတယ်
ရင်ထဲက မီးလေးတော့ မငြိမ်းနိုင်ခဲ့ပေါ့ ၊၊
တစ်စက္ကန့်မှာ
ဘယ်လောက်တောင် ရှည်လျားခဲ့လဲ ..
အ
လွမ်း
မိုင် ... ... ၊၊
- ဇာတိ -
======================
ငါ့လက်ဖျံပေါ်ကျလာတဲ့ အေးစက်စက်မိုးစက်တွေထဲမှာ
မင်းရီသံတွေပါပါလာတာ ဘယ်နှစ်စက်ရှိပြီလဲ
မတွေ့ရတော့ဘူး ရင်တခုလုံးပြိုကျ
ငါ့မျက်နှာပေါ်က အာဟာရချို့တဲ့ လက္ခဏာနဲ့
တူးဆွထားတဲ့ အနာပေါ်မှာ ယင်တွေ အုံနေတယ်
ပခြုပ်ထဲက လိပ်ပြာကလေးရေ
ငါ့နာမည်ကို မကြားဘူးလား
ငါ့အရိပ်ကို မမြင်ဘူးလား
ငါ့ရနံ့ကို မရဘူးလား
ငါ့လက်ဖျံပေါ်က ရီသံတချို့ကို
သိုဝှက်ထားတဲ့ နာကျင်မှုနဲ့ ဖြတ်စီး
ငါ့သွေးတွေ ပြောင်းပြန်စီးကုန်ပြီလေ ။
- နီလေး -
==========================
ခဏခဏမက်ဖြစ်တဲ့ အိပ်မက်ကို
အိပ်မက်ထဲ ပြန်သွင်းလိုက်တယ်
တကူးတကကြီး ပြန်သွင်းကြည့်လိုက်တာ
အနားသတ်မျဉ်းတစ်ကြောင်းအတွက်
ရင်နဲ့ဖြိုချလိုက်ရတာကလည်း
ညတွေ သက်သေပဲ
မင်းပြုံးတာ ငါမမြင်ရတာကြာပြီ
သိပ်သည်းဆ သိပ်များနေတာလည်းမဟုတ်ဘူး
ဟင်း ကနဲ ချလိုက်တဲ့ သက်ပြင်းတွေမှာ
ပြန်မရလိုက်တဲ့ ရောင်နီတွေပါတယ်
မပြောဖြစ်လိုက်တဲ့ ဒဏ်ရာတွေ ပါတယ်
ကျိန်စာပြယ်ဖို့ ကျိန်စာတစ်ပုဒ် ထပ်ရွတ်ရမှာလား
ဒီလိုဆိုရင်တော့
ထိုးစရာလက်ညှိုး ဘယ်ဖက်လှည့်ရမလဲ ။
- အမည်မဲ့ -
========================
သေတ္တာထဲမှာ ဘာတွေ ရှိမလဲ ။
ပန်းသီးတစ်လုံး ၊ ဒါမှမဟုတ်
ပန်းတစ်ပွင့် ၊ ဒါမှမဟုတ်
အခွံသင်/ဆူးနွှင် ဖို့ ဓားတစ်ချောင်းလား ။
နင်လား ၊ ငါလား ။
နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာမိုးတွေရွာနေတယ် ။
မသိချင်တော့ဘူး ။ ( မဟုတ်သေးဘူး )
မသိချင်သေးဘူး ။ ( တခြားလူတွေ တွေ့မှာစိုးတယ် )
အဲ့လိုနဲ့ ၊ သော့ကို ခေါင်းအုံးအောက်ထဲ ထိုးထည့် ။
နှိုးစက်ကို မနက် ၂ နာရီ ပေးထားလိုက်တယ် ။
- ဆူးခက်မင်း -
=============================
နတ်သမီးရာသီ ပြောင်းတိုင်း
ဗြဟ္မာကြီး ဦးခေါင်း
ဆတ်..ဆတ်..ခါ
မီးတောင် အဟောင်းကြီး
ဂစ်တာ..တီးနေပြီ
ငုံကြည့်မနေပါနဲ့ ...'သူမ'
'ငါ'
လက် ခုပ် ထဲ က ရေ
'ငါ'
ပလက်ဖေါင်းပေါ်က..ပက်လက်ကျွဲ
'ငါ'
ကြားခံမပါတဲ့ ကဗျာ
ငါ့ကို သောက်ပါ
ငါ့ကို သုံးပါ
ငါ့ကို မြိုချလိုက်ပါ
- အနော်မာ -