Pages

Subscribe:

Saturday, August 8, 2009

မင်းစိတ်တိုင်းကျ - ပူစူး

IMP အဖွဲ့ က ပူစူး ရဲ့  မင်းစိတ်တိုင်းကျ ဆိုတဲ့ သီချင်းလေးပါ ..

ပေါ့ပ် သီချင်း ချိုချိုအေးအေးလေးတွေ နှစ်သက်သူတွေအဖို့ အဆင်ပြေစေမယ့် သီချင်းလေးတစ်ပုဒ်ပါပဲ ..




Friday, August 7, 2009

ကိန်းဂဏန်းတချို့  / မသက်ဆိုင် / အပိုင်းအစ

တစ်စုံတစ်ခုကို ...
နှစ်အချိုး တစ် ..
သုံးစား မရတဲ့ လောကဓံ ..





(၁)


တစ်စုံတစ်ခုကို / တခမ်းတနား / ကြိုဆို / တမေ့တမော / ငံ့လင့် /
တခုတ်တရ လွမ်း ၊ လွမ်း ၊ လွမ်း တယ် ။

(၂)

နှစ် အချိုး တစ် ( ၂း၁ ) / နင် ၊ ငါ ၊ တစုံတယောက် / နွေရာသီ ၃၄ ။

(၃)

သုံးစားမရတဲ့ လောကဓံ / ချုပ်ရိုးပြေ ကောင်းကင် / စေတန် အိပ်မက် အပိုဒ်ခွဲ (၅) ။

(၄)

လေးသည်တော် တမ်းချင်း / တိုက်ပွဲဝင် ပတ်ပျိုး / သွေးနဲ့ ရေးတဲ့ လကာင်္ ။

(၅)

ငါးသေတစ်ကောင် ရဲ့  မာန / စမ်းချောင်း မရှိတဲ့ စမ်းချောင်း / အလျားလိုက် စီးမျော ။

(၆)

ခြောက်ကပ်ကပ် မြူခိုး / နှင်းဝေ ကကြိုး / အေးစက်မှုန်မှိုင်း လင်းချင်း ။

(၇)

ခွန်အားတွေ ယုတ်လျော့ / အတိဿယ နှောင်ကြိုး / တစ်ထပ်ထပ် ရစ်ခွဲ ။

(၈)

ရှစ်လောင်းပြိုင် သေခဲ့သော / ပန်းတစ်ခင်း ၏ မဉ္ဇူရီ / AM 8.8888888 ။

(၉)

ကိုးမရှိတဲ့ န၀င်း / ကြေလွယ် ညက်လွယ် ပဒေသရာဇ် / ကဝေပျိုမ သွေးတစ်ခွက် ။

(၁၀)

ဆယ်ကွေ့  တစ်ကွေ့  / မျဉ်းကွေးတစ်ခု၏ အနားသတ် / ဆာကူရာ ပန်းတစ်ပွင့် ။


------------------------------------------------------------------------------


ထိုထိုသော မသက်ဆိုင်မှုထဲ ..
ငါ ဆိုတဲ့ကောင်က .. ပတ် ပတ် သက် သက်
ပတ်ပတ် ၊ သက်သက် ။
ဝင်ပတ်သက်နေမိ ။

ကောင်းကင်မရှိတဲ့ တိမ်တိုက်မှာ ..
ကူကယ်ရာမဲ့ ..
တစ်ယောက်တည်း ...
လင်း မှောင် ဝေ ရီ ခဲ့ ...
လင်းလင်း ၊ မှောင်မှောင် ၊
ဝေ ၊ ဝေ ၊ ဝေ ၊ ရီ ၊ ခဲ့ ... ။

Thursday, August 6, 2009

စိန်အလွမ်း - မင်းလူ

ဆရာ မင်းလူရဲ့  စိန်အလွမ်းဆိုတဲ့ စာစုလေးကို တင်ပေးလိုက်ပါတယ် ..

PDF Format လေးပါ ..

အောက်မှာ Download ရယူနိုင်ပါကြောင်း ..


Download ( စိန်အလွမ်း - မင်းလူ )

Heart Break Station - Cinderella

ကိုလေးဖြူ ဆိုထားတဲ့ နောက်ဆုံးရထား သီချင်းရဲ့  Original သီချင်းလေးပါ ..

ဆိုထားတဲ့လူက Cinderella ..

Rock သီချင်းတွေ ကြိုက်နှစ်သက်သူတွေ အတွက် တင်ပေးလိုက်ပါတယ် ..



Tuesday, August 4, 2009

ခေတ် တစ်ခေတ်၏ လရောင်ပန်သော နှင်းဆီ

ည ..
Nuclear ဓာတ်ငွေ့ တို့ဖြင့် ဆွတ်ပျံ့ သော ..
ထိုည..



( AD – 3009 )

ည ။
Nuclear ဓာတ်ငွေ့ တို့ ဖြင့် ဆွတ်ပျံ့ သော
ထိုည ။
Robot ကမ္ဘာသစ်တွင် ၊ စက်ရုပ်ဆန်သော ယန္တရား
တို့ ၊ တိတ်တဆိတ် ရွေ့ လျား ။
ဟိုးးးးးးးး ၊ ရှေ့ မှာ
ဓာတ်ပေါင်းဖို တစ်ခု လှုပ်
လှုပ် ၊ လှုပ် ၊ လှုပ် ၊ လှုပ်
နီ ၊ ၀ါ ၊ ပြာ ၊ စိမ်း ၊ နက် ၊ ဖြူ ၊
( ဘာရယ် မသဲကွဲသော အရောင်တချို့  ) ။
လွင့် ဖြာ လှုပ် ခတ် ။

မျက်လုံးသေတွေတောင် ၀ိုင်းစက် ။
ဝိုင်း / စက် ။ စက် / ၀ိုင်း ။
စက်ဝိုင်း သဏ္ဍာန် ၊ ၀ိုင်းစက်စက် မျက်လုံးသေတွေ
အစိမ်းလိုက် ၊ လိုက်စိမ်းကြ ။

လွန်းပျံယာဉ်တွေ ၊ ရုတ်တရက်
တစ်ရက် ၊ တစ်ရက် ၊ တစ်ရက် ပြီး တစ်ရက်
စကြ၀ဠာ အပြင်ဘက် တိုးထွက် ။
ထိုးထွက် ၊ ဖောက်ထွက် ။

ဘေးတိုက်ရွေ့ လျားနေတဲ့ …
အက်ဆစ်မိုးတွေ ..
တစ်ပေါက်ချင်း ၊ တစ်ပေါက်ချင်း
ရွာချ / ရွာကျ ။

ည ။
သတ္ထုရနံ့တို့ မွှမ်းထုံသော ကမ္ဘာ၏ နောက်ဆုံးည ။


အားလုံး ၊ အား ……….. လုံး ။
တမလွန် တံခါးဝမှာ ၊ စောင့်ဆိုင်းနေကြ ။
( ကိုယ်တိုင် အပါအ၀င် )

ထိုစဉ် ။
ထို - စဉ် ။
ထို / စဉ် ။

အားကောင်းမောင်းသန် Black Hole တို့ ။
အနီးကပ်ဆုံး နီးကပ်လာကြ ။
နီး - ကပ် - လာ - ကြ ။
ဘုရားသခင် ။
သေခြင်းတရားမှ လွတ်ကင်းအောင်
အရှင့် ဂုဏ်တော်တွေနဲ့ ချီးမွမ်းလှည့်ခြင်းငှာ ..
မစွမ်းတော့ဘူးလား သခင် ။

ရုတ်ခြည်း ။
အမှောင်ထုတို့ ကြီးစိုး ။
အားလုံး ၊ အား …….. လုံး ..
တွင်းနက်ကြီးရဲ့  ဆွဲငင်မှုကို လွန်ဆန်ဖို့ အားမရှိ ။
အားးးးးးးးးးးးးးးးးးးးး
မရှိ ၊ မရှိ ၊ မရှိခဲ့ ။

ထိုအခိုက် ။
နစ်ရှေး မသိလိုက်တဲ့ လရောင်တချို့ 
ဖြာ ကျ ၊ ဖြာ - ကျ ၊ ဖြာ/ကျ
ခဲ့ ။
ကမ္ဘာ နှစ်ခြမ်း အက် ။
ထို အက်ကွဲကြောင်းကြားမှ ထိုးထွက်လာသော ။
ထိုး ထွက် လာ သော ။
နှင်းဆီ တစ်ပွင့် ။
ငြိမ်းချမ်းရေး နှင်းဆီ လား ?
သေမင်းတမာန် နှင်းဆီ လား ?
မကွဲပြား ။
မ / ကွဲ ပြား ။

လရောင် ဖြာကျနေသော သတ္ထုကမ္ဘာရဲ့ 
အက်ကွဲကြောင်းကြားမှ ထိုနှင်းဆီ
ငွားငွားစွင့်စွင့် ပွင့် ၊ ပွင့် ၊ ပွင့် လန်း ၏ ။

အားလုံး ၊ အား ………. လုံး
လရောင်ဆမ်းသော နှင်းဆီရဲ့  ညှို့ ငင်မှုကြား
ရီဝေ တိမ်းမူး ။

Black Hole ကို တဆိတ် မေ့သွားကြ ။

ကစင့်ကလျား ပြေးလွှား ….

နှင်းဆီ ရဲ့  လူသားဆန်တဲ့ ရနံ့ ကို ငတ်မွတ်တောင့်တ ..

အတ္တတစ်ပိုင်း လွှမ်းခြုံထားတဲ့ ခြေလှမ်းတွေနဲ့
Black Hole ထဲ စိတ်လိုလက်ရ ပြေးဝင်သွားကြ ။

ထိုည ။
နှင်းဆီ တစ်ပွင့်၏ ညှို့ ငင်မှုဖြင့်
ကမ္ဘာတစ်ခု အဆုံးသတ်ခဲ့၏ ။

သရုပ်ဆောင်တစ်ယောက် ၏ ဖွင့်ဟ ၀န်ခံချက်

ဝမ်း ..
တူး ..
သရီး ..
ဖိုး ..

အက်ရှင် ..




ဝမ်း
တူး

သရီး
ဖိုး

အက်ရှင် ….

ပြုံးတယ် ။ မဲ့တယ် ။
ချစ်တယ် ။ မုန်းတယ် ။
ဆင်းရဲတယ် ။ ချမ်းသာတယ် ။
ရုပ်ချောတယ် ။ အကျည်းတန်တယ် ။
တက္ကသိုလ်တက်တယ် ။ အင်းလျားမှာ ထိုင်တယ် ။
ကားအကောင်းစား စီးတယ် ။
ဆိုက်ကားခ မရှိဘူး ။
ဒိုးနပ်တွေ စားတယ် ။
မုန့်လက်ကောက်သည်ကို မျှော်ငေးတယ် ။
ပိုက်ဆံတွေ အထုပ်လိုက် ရေတယ် ။
အကြွေတွေ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်တယ် ။
ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တယ် ။
ငါးစိမ်းသည်တောင် လှည့်မကြည့်ဘူး ။
ဂူချီ လက်ကိုင်အိတ်လေးနဲ့ ။
ကြိုးပြတ်သွားတဲ့ လွယ်အိတ်အစုတ်လေးကို ပုခုံးမှာလွယ်လို့ ။

အဲ့ဒါ ၊ အဲ့ဒါ ။ ဘ၀တွေ ။
ဆန့် ကျင်ဘက်တွေ နဲ့ နေသားကျနေတဲ့ ဘ၀တွေ ။

တကယ့် ဘ၀ မဟုတ်ပေမယ့် ..

အဲ့ဒါ ငါ့ ဘ၀ ( တွေ ) လေ ။


ဝါသနာ နဲ့ ပါရမီကို ဦးထိပ်တင်ပြီး

ငွေကြေးနောက်ကို ကောက်ကောက်လိုက်ရင်း ..

ငါက သရုပ်ဆောင် တစ်ယောက်ပေါ့ ..


မီးတွေ မှန်တွေကြား ..
ငါ့ဘ၀ကို လင်းချင်းအောင် တည်ဆောက် ။

တည် / ဆောက် ။ တည် / ဆောက် ။
ဆောက်တည်ရာမဲ့ အနာဂတ်တွေ မေ့ ထား ရင်း ..
ငါက သရုပ်ဆောင်တစ်ယောက်ပေါ့ ..


ပရိုဂျူဆာတွေ ဖားတဲ့ ..

ဒါရိုက်တာတွေ ကြောက်တဲ့ ..

မီဒီယာတွေ စိတ်ကြိုက် ( ဖွလို့ကောင်းတဲ့ )

သရုပ်ဆောင်တစ်ယောက်ပေါ့ ..


ဟော .. ဟော .. ဟော .. ဟော ..

မီးတွေ မှိတ်တယ် ..
မှန်တွေ သိမ်းတယ် ..
ငါလည်း အိမ်ပြန်ချိန်ရောက်ပြီ ..

ကဲ ..

ပရိသတ်တို့ ရေ ..

ဘိုင့် ..


ကဒ် !!!!!!!!