ကောင်းကင် ..
sky ...
s = secrete
k = kite
y = yellow
လျှို့ဝှက်တတ်သော အ၀ါရောင် စွန် ..
ဖွင့်ဆိုချက်
` ငါ၏ အလွမ်းတို့သည် စွန်တစ်ကောင်အလား
ကောင်းကင်ထက် တိတ်တဆိတ် ၀ဲပျံကုန်၏ ။ ´
စီဒီ တစ်ချပ်စာ စကားလုံးတွေ မလိုအပ်
ဘူး .. ။
ဖောင်း .. ပွ .. တယ် ..
ဖောင်း / ပွ / တယ် ...
လိုနေတာ ... ဘာ ... လဲ ?
ကာရန် လား / ကာဗျ လား /
နစ်ရှေး လား / သစ္စာနီ လား /
မာယာကော့စကီး လား / တာရာမင်းဝေ လား
သူတို့ ၊ သူ / တို့ - တွေ ... ပါလည်း / မပါလည်း
ငါ / နင့်ကို / နင် / ငါ့ကို / လွမ်းတယ် ( ထင်တယ် ) ... ။
လွမ်းတယ် ..
သေလောက်အောင် .. လွမ်း - တယ် ..
` တောက် ´
နတ်ဆိုးမ ..
ဘာလို့ .. ပလ္လင်တော်ထက် ခစားနေလဲ ..
ဆင်း ......... ခဲ့ ...
တကယ် တော့ ........
နင်ဆိုတာ ၊ ငါ့ လက်ခုပ်ထဲက နတ်ဆိုး ..
ခိုးနမ်းခွင့် မရှိတဲ့ ကောင်းကင် ..
သက်ဆင်းခွင့် မရှိတဲ့ ချိုင့်ဝှမ်း
ကောင်မလေး ..
နင် / ငါ / ထိုမည်သော ကောင်းကင်တော်ထက်
ချိုင့်ဝှမ်းတစ်ပြင် တူးဆွကြစို့ရဲ့ ..
အိပ်မက်တွေ သွန်ဆင်း ..
ခရမ်းနုရောင် တိမ်တိုက်တွေ ဖြန့်ခင်း ..
ကိုယ့်ရင်ဘတ်ပေါ် ကိုယ်ပြန်ရပ် လို့ ..
နင် / ငါ / တစ်ခန်းရပ် နိတ္ထိတံ ခဲ့ ပေါ့ ....
Saturday, June 27, 2009
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment