Pages

Subscribe:

Thursday, March 22, 2012

စိတ်လေတယ် ဝေါ်လ်တာ ၊ ကမ္ဘာကြီး ကျရှုံးပါစေ

ဒါ ပိန်ရှုံ့ရှုံ့ မိုးပျံပူဖောင်း
"ဖောင်း" ခနဲ မြည်သံတစ်ချက်နဲ့
နာမည်ကျော် ပြက်လုံးတွေ ထွက် ကျ လာ တယ် ။
ကိုယ်နဲ့ မတည့်တဲ့ခေတ် ဆိုတော့
မနက်ခင်းတိုင်း လေထုကို စိမ်းနေတယ် ။
ရယ်လိုက်စမ်း ဝေါ်လ်တာ ..
ခင်ဗျားအတွက် မနက်ခင်းစာ ဆိုတာ
သောကနဲ့ မျက်ရည်တွေပဲ မဖြစ်သင့်ဘူး ။
ထုံးစံအတိုင်း အရမ်း ရိုး စင်း တယ် ။
လမ်းတွေ ၊ လူတွေ ၊ သစ်ပင်တွေ
သံလိုက်အိမ်မြှောင်လို အကြည့်တွေ ၊
နာရေးကြော်ငြာလို အနာဂတ်တွေ ၊
စိတ်ကို စိတ်လို သိနေရတာ မောလွန်းတယ် ။
ကမ္ဘာမြေ စိမ်းလန်းပါစေ ဝေါ်လ်တာ ။
စစ်ခွာသံတွေ ထပ်မကြားချင်တော့ဘူး ။
တောင်ပံတွေ ဖြန့်ချထားရုံနဲ့
ဆယ်စုနှစ်တစ်ခုစာ မျက်ခြေပြတ်ဖူးတယ် ။
ဒါ ဒုတိယ င ရဲ ပဲ ။
ပေါင်ငွေ အနည်းငယ်လောက် ပမာဏအတွက်
ကိုယ်ကျင့်တရားကို ဈေးပေါပေါနဲ့ ချရောင်းရဲတာ ၊
ကျုပ် လက်ခုပ်တီးမိတယ် ဝေါ်လ်တာ ။
ကျုပ် အယူအဆအရတော့
လန်ဒန်ကို ရောက်အောင် သွားမယ် ။
ယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးမယ် ။
မာလ်တီနီပဲ ပေးပါ ဝေါ်လ်တာ ။
ခင်ဗျားကတော့ မိန်းမပျက်တွေနဲ့
ညအိပ်မယ် မဟုတ်လား ။
ကိုယ့်ဘ၀အကြောင်း ကိုယ် တွေး ကြ တာ ပေါ့ ။
ဒီအဖြစ်အပျက်မှာ မျက်နှာဖုံးတွေပါမှန်း ရိပ်မိတယ် ။
ဟေး . . . ဝေါ်လ်တာ
ခင်ဗျား ငြင်းဖို့ ကြိုးစားမလို့လား ။
ဒီသေနတ်ဟာ ကျုပ်ရဲ့ ခရစ္စမတ်လက်ဆောင် ။
ကုတ်အင်္ကျီအတွင်းအိတ်ထဲမှာ သိမ်း ထား ။
ခင်ဗျားပါးစပ်က ထွက်ကျလာမယ့်
ဆဲရေးတိုင်းထွာခြင်းတွေကို
ကျည်ကဒ်ထဲ အပြည့်ဖြည့်ထား ဝေါ်လ်တာ ။
ဟောဒီပင်လယ်မှာ ကိုယ်ပိုင်ဒဿန ရှိတယ် ဆိုတဲ့အကြောင်း
မိုင်တိုင်တွေက သိ တယ် ။
သေ လိုက် တော့ . . . ဝေါ်လ်တာ ။
ခင်ဗျားက ကမ္ဘာကြီးတစ်ခုစာ ကိုယ်ဝန်ထည့်လွယ်ထားတာပဲ ။
ကျုပ်တကယ် စိတ်မကောင်းဘူး ။
တစ်ယောက်တစ်ပေါက် စကားမှာ . . သူတို့ နားတွေ လမ်းမှားနေကြပြီ ။
ဟော . . ကလေးငိုသံ . . ကြားလား ဝေါ်လ်တာ
အဲ့ဒါ . . . အဲ့ ဒါ . . .
တမာန်တော် စေလွှတ်လိုက်တဲ့ နိမိတ်ဆိုးတွေ ။
ကျုပ် မယုံကြည်ပါဘူး ။
သွေးကြောထဲက မျှော်စင်တွေအကြောင်းကို ၊
ကျုပ် မ ယုံ ဘူး ။
ခေါင်းတလားနဲ့အပြည့် နှင်းဆီပန်းတွေ ။
ဖွေးဖွေးလှုပ်အောင် ရွာနေတဲ့ မြေပြိုမိုးတွေ ။
အရမ်း မသတီချင်စရာ ကောင်းနေမလားပဲ ။
အခြေချနေထိုင်မှုဟာ မြက်ခင်းစိမ်းတွေနဲ့ ဆန့်ကျင်ရာအရပ် ။
မြို့တော်တစ်ခုမှာ ကျိန်စာတွေ အထပ်ထပ် ရွာ တယ် ။
ခင်ဗျားရဲ့ ပွဲတက်မယားဟာ ပြည့်တန်ဆာမတစ်ယောက်ဖြစ်တယ်
ဆိုတဲ့အကြောင်း ၊ သတင်းစာခေါင်းကြီးပိုင်းမှာ ပါလာတာ
ဂုဏ်ယူစရာမဟုတ်ဘူး ဝေါ်လ်တာ ။
ဝီစကီ သုံးပက်လောက် သောက်ပြီး
မကောင်းမှုတွေ လုပ်ကြမယ် ။
အခန်းကျဉ်းလေးထဲက ထွက်ခဲ့ ။
လူ့အထက်တန်းစားတွေဟာ ကျုပ်တို့ရဲ့ ပစ်မှတ်ဖြစ်တယ် ။
ရယ်စရာလို့ပဲ သဘောထားပါ ။
ကျုပ်မှာ လူရမ်းကားစိတ် အပြည့် ရှိတယ် ။
သိမှုနိမ့်ကျနေတဲ့ လူ့အဖွဲ့အစည်းမှာ နေရတာ ပျင်းဖို့ကောင်းတယ် ။
နောက်ကျောဘက်က "စူး" ခနဲပဲ ။
ဝေါ်လ်တာ ရေ . . .
အဲ့ဒီ ဓားဟာ ခင်ဗျားကိုယ်တိုင်လား ။
ပြောကြတာပဲ ၊ ပြောကြတာပဲ ။
ခင်ဗျားတို့ ကျုပ်တို့ အရိပ်တွေကို
သွေးစစ်ကြည့်ဖို့ လိုနေပြီ ဝေါ်လ်တာ ။
ကျုပ်သိလိုက်တယ် ။
ခင်ဗျားရဲ့ လက်ဖျံသွေးကြောထဲမှာ မကောင်းမှုဒုစရိုက်တွေ
စီးဆင်းနေတာ ကျုပ်ကောင်းကောင်းကြီး သိလိုက်ရတယ် ။
ချုံပုတ်ထဲက ခေါ်သံကို ကျုပ်နားမလည်တော့ဘူး ဝေါ်လ်တာ ။
အရိပ်တွေရဲ့ စိတ်တွေကို ရွံ တယ် ။
ကဲ . . လာ . . ဝေါ်လ်တာ . .
ကိုယ်ဝန်ဆိပ် တက်နေတဲ့ ကမ္ဘာကြီးကို
စိတ်လိုလက်ရ ဟားတိုက်ရယ်မောပစ်ကြမယ် ။ . . . ။


- စစ်နိုင် ၊ ဆူးခက်မင်း -
2 8 J A N 2 0 1 1

ဘ ၀ ကူ း ေ က ာ င္ း ေ အ ာ င္ ေ ရ း တဲ့ က ဗ် ာ

လူ ရွှ င်ေ တာ် မျ က် နှာ ဖုံး ရဲ့ေ နာ က် ကွ ယ် မှာ
အေ ပြာ င်း အ လဲ မြ န် တဲ့ မျ က် ရ ည် စေ တွ ရှိ မ ယ်
ဘာ သာ တ ရား က . . န ယ် န မိ တ် မျ ဉ်း
တံ တို င်း ၊ ပြီးေ တာ့ . . အ စိ မ်း ပု တ်ေ ရာ င် နှု တ် ခ မ်း နီ
ရု ပ် ရှ င် အေ နှး ပြ ကွ က် လို . . တ စ် ခ န်း ပြီး တ စ် ခ န်း
အ ရူး တ စ်ေ ယာ က်ေ ရ ရွ တ်ေ န သ လို . . . ၊ ရ ပ် !
ကံ ၾက မၼ ာ ကို ေ လ ထဲ ေ မြှာ က် တ င် လို က် တ ယ်
ေ အာ င် ချိ မ့် စာ အု ပ် ထဲ မှာ . . အိ ပ်ေ န တဲ့
ဝ တ် လ စ် စ လ စ် ဆံ ပ င်ေ မွှး တ စ်ေ ချာ င်း
ရာ စု နှ စ် ဘ ယ်ေ လာ က် ကြာေ အာ င် သိ မ်း ထား ရ မ ယ်
ကို ယ် က တ စ် ကွ က် ကာ တွ န်း မ ဟု တ် ဘူး
ရူး တ ယ် ဆို တာ မ ရူး တဲ့ လူေ တွ ရဲ့ လ က် သုံး စ ကား
ကို ယ် ရူးေ န တ ယ်
မေ တာ် တဲ့ အ င်္ကျီ ကို အ သ က် ရှူ ကြ ပ် ခံ ပြီး
ဝ တ် ထား ရ တာေ မာ တ ယ်
ေ လ ယာ ဉ် ပျံ သံေ တွ စိ တ် ပျ က် စ ရာေ ကာ င်းေ လာ က်ေ အာ င်
ကြား ရ ဦး မ ယ်
ေ န ထွ က် တာ မြ င် ရ မှာေ ကြာ က် တ ယ်
ဘာ မှ န်း မ သိ ပဲ လွ မ်း ရ မှာေ ကြာ က် တ ယ်
သူ မ နဲ့ ကို ယ် . . ရှ စ် ကြိ မ် တိ တိ
နှု တ် ခ မ်း ချ င်း ရ န် ဖြ စ် ဖူး တ ယ်
သူ မ က ရ ယ် သံ စ က် လ က် အ မျှေ ၀ တ ယ်
ကို ယ့် မှာ ဘ ယ် ပါး စ ပ် နဲ့ သာ ဓုေ ခါ် ရ မ ယ်
ဘ ၀ ကူ း မ ေ က ာ င္ း ေ သ း ဘူ း ။ . . . ။


ဆူး ခ က် မ င်း
2 8 J A N 2 0 1 1

သူ မ ဆီ က ကူး စ က် ခံ လို က် ရ တဲ့ ကိုး မား

အဆင်မပြေဘူး ဆိုတာတွေနဲ့
အ ဆင် မ ပြေ ဘူး
အ,သုံးလုံး မကြေတဲ့ အိပ်မက်တွေကို
ဘောင်ဝင်အောင် မက်ရတာ
ပျင်း စ ရာ ကောင်း တယ်
အောင့်သီးအောက်သက်နဲ့ အဆင်မပြေဘူး
အသက်အောင့်ထားရတာ မောတယ်
မြင်ကွင်းက တဖြည်းဖြည်းေ၀၀ါးလာ
ရင်တွေဘာတွေ မောရတယ်
ကြည့်ရုံသက်သက်လောက်ပါပဲ
မြင်ရရုံသက်သက်လောက်ပါပဲ
အညိုရောင်ဘယ်ရီသီးတွေအကြောင်း
ထပ်/ထည့် မစဉ်းစားတော့ဖို့
သူမ ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး
လေရှူသံတွေ တိုး ညှင်း လာ
ခုနစ် သုံး တစ် တစ် ...................
ပြီးတော့ မေ့ သွား တယ်
မဟုတ်ဘူး မေ့ပစ်လိုက်တယ်
မေ့တယ်ဆိုတာ ညာ တာ ပဲ
လိုအပ်ရင် ရူးဖို့ အသင့်ပဲ
ခု ကိုးမား ရနေတယ်
တန်ပြန်သက်ရောက်မှုလား
ပါးစပ်စီးတာလား
ဒီလိုဖြစ်တာ လေးကြိမ်ရှိပြီ ဆိုတော့
တိုက်ဆိုင်မှု မဟုတ်တော့ဘူး
သေသေချာချာ သိမ်းထားရင်း
နတ်သမီးရုပ်လေး ပျောက်သွားတယ်
ဗုဒ္ဓဟူးထောင့်မှာ ပန်းလှူဖို့
ချက်စ်ထိုးဖို့ .. ပါရီသွားဖို့
ဆံပင်ရှည်တွေ သွားညှပ်ပစ်ဖို့
ခု ကိုယ်ပဲ ကိုးမား ရနေတယ်
ဘယ်သူ့ကိုမှ လက်ညှိုးထိုးမနေချင်တော့ဘူး
ဘယ်သူ့ကိုမှ တိုင်တည်မနေချင်တော့ဘူး
ဘယ် သူ့ ကို မှ .....
ဟူး ....
နေရထိုင်ရတာ အဆင်မပြေလှဘူး
ဘေးနားမှာ ညီနှစ်ယောက်ရှိတယ်
နတ်သမီးရုပ်လေး ကိုယ့်ဆီမှာ
ဘာလို့ မပျော်မွေ့ရပါသလဲ ?
အဆင်မပြေတဲ့ ဖြစ်ရပ်တွေက
တိုက်ဆိုင်ပါများလာတော့ အဆင်မပြေလှဘူး
သူမကို မပေးဖြစ်ခဲ့တဲ့ ချောကလက်တွေ
ကိုယ့်ရင်ဘတ်ထဲ တဖြည်းဖြည်း ပျော်ကျ
ဘုရားဝတ်ပြုနေတဲ့ နတ်သမီးရုပ်လေး
ခရမ်းရောင်တွေ ... ခရမ်းရောင်တွေ
အိုး ......
ဘုရားရေ .... ...... ရူးတာပဲ ။။။

ဆူး ခ က် မ င်း

ငါ/ကျွန်တော် ပိုင်ဆိုင်မှုပြ သို့တည်းမဟုတ်ခြင်းများ

ငါ့ကိုယ်ငါ စူး/အက် ဖို့
ငါ့ကိုယ်ငါ တူးမြောင်းဖောက်ခဲ့ရ
ငါ ညစ်ညမ်းတဲ့ ရေထုထဲမှာ မျောလွင့်နေတယ်
တိမ်တွေက အချည်းနှီးပဲ
လဲယူခဲ့ရသမျှ ငါ့ကို ချနင်းသွားတယ်
ဖြစ်ချင်တော့ ငါက ဖိနပ်တစ်ရံ
တိတိကျကျ ပြောရရင် ထောင့်ငါးရာတန် ဖိနပ်တစ်ရံ
ငါက တိတိကျကျ မဟုတ်ဘူး
ပုံသေနည်း မဟုတ်ဘူး
တွက်ထုတ်စရာ ညီမျှခြင်းတွေ မရှိဘူး
ငါက ဖိနပ်တစ်ရံ
ချနင်းတယ် ... လိုအပ်ရင် ထိုင်ရှိခိုးတယ်
ကာလံဒေသံ မကွဲတဲ့ ဖိနပ်တစ်ရံ
ဘုရား ဘုရား .. ငါ တစ်ခုခုတော့ ...
အင်း ... တစ်ခုခုတော့ ....
ငါမှားတယ် ငါမှန်တယ်
မှန်ခြင်းမှားခြင်းရဲ့တစ်ဖက်စွန်းမှာ
ငါ့ကိုယ်ငါ ကြိုးစားရပ်တည်တယ်
ငါ နည်းနည်း လူးလွန့်သွားတယ်
လရောင်ရဲ့ ညှို့ငင်မှုကြောင့် ထင်တယ်
ဒီနှစ်ဆောင်းရာသီမှာ အနွေးထည် မလိုဘူး
ငါ့အတွက် နွေရာသီ ခပ်ပါးပါးလေး ကျနေတယ်
တယ် တွေ သိပ် များ လွန်း နေ ပြီ
ငါသည် ငါ့ရဲ့ အစွန်းတစ်ဖက်မှာ ရပ်သည် ။
၏ က ရိုက်ရတာ အဆင်မပြေလို့ ငါ လျစ်လျူရှုထားတာဖြစ်သည် ။
ပုဒ်မတွေ ငါချချင်လျှင် ချသည် ။
ချရမှာ ပျင်းလျှင် ဒီတိုင်း ခပ်တည်တည် ထားလိုက်သည် ။
ဟော.... ခု ပုဒ်မ ချမိသည် ။
ဟယ်ရီ ဆိုသော ဘိလပ်ပြည်မှ မင်းသားက
အက်စတန်ဗီလာ ဆိုသော ဘောလုံးအသင်းကို ကြိုက်သည် ။
ကျွန်တော်က ဟယ်ရီပေါ်တာ ကို မကြိုက် ။
နည်းနည်း ( မဆိုစလောက် ) ခေါင်းမူး၍ ဖြစ်သည် ။
ကျွန်တော့်တွင် သို့မဟုတ် ငါ့တွင် တံမြက်စည်းတစ်ချောင်း ရှိပါသလား ။
လိုအပ်လျှင် ခွဖို့ရန် အသင့်ရှိသည် ။
ကျွန်တော် မျက်လုံး မှိတ်လိုက်မိသည် ။
မှိတ် လိုက် ချင် ပြီ ။
မကြာခင် ကျွန်တော် ၊ ငါ ၊ အိပ်ပျော်သွားတော့မည် ။
အားလုံးကို တလေးတစား နှုတ်ဆက်ပါသည် ။
တာ့တာ ။ သို့မဟုတ် (ခေတ်နှင့်အညီ) ဂွတ်ဒ်ဘိုင် ။ ။ ။

ဆူး ခ က် မ င်း

အဲ့ ဒါ န က္ခ တ် လား ဇာ တာ လား

ကျွန်တော့်နက္ခတ်တွေ အဆိုးဘက် ရောက်နေတယ် ပေါက်နေတယ်
ဂေါက်နေတယ် တစ်ချက်တည်းနဲ့ ကျင်းဝင်တယ် တစ်သက်လုံးစာ
ရူးနေတယ် ယူဖို့ ပြီးရင်ပြန်ပေးဖို့ အပြန်ပြန်အလှန်လှန် ပြန်လှန်
သင်ခန်းစာ လေ့ကျင့်ခန်း ကျွန်တော် တော်တော်လေး သင်ယူခဲ့
ပြီးပြီ ဆိုပါတော့ ပြန်ရုံပေါ့ ဒါမှမဟုတ် ပြန်လှန်ရုံပေါ့ အပြန်ပြန်
အလှန်လှန် လှန့် လှန်း အ၀တ်တွေလား ငါးခြောက်တွေလား ခွန်ရှစ်
တွေလား တွေ့လား တွေ့လား အဲ့ကောင် ကျွန်တော့်ရင်ဘတ်ကြီးကို
ဓားမြတိုက်သွားတာ ဒါမှမဟုတ်လည်း ဓားပြတိုက်သွားတာ ပြနေတာ
လား မြ နေတာလား တောလား တောင်လား မြောက်လား ဂေါက်လား
ခင်ဗျားဂေါက်နေတာ ကျွန်တော်ဂေါက်နေတာ ပြီးတော့ ရောက်ရာ
ပေါက်ရာ သစ်ပင်စိုက်နေတာ မဟုတ်ရင် ပေါက်တူးရာ ပေးနေတာ
ဘိသံတွေက အရမ်းကြမ်းတယ် ဘေ့စ်နည်းနည်းလျှော့ ဒုတ် ဒုတ် ဒုတ်
ရင်ဘတ်ကြီးက မြင်မကောင်း ရှုမကောင်း ဆိုတော့ အောက်စလွတ်
နေသလိုလို ထိုင်သလိုလို ငိုင်သလိုလို ယိုင်သလိုလို လိုလိုလိုလိုနေတယ်
အကောင်းဆုံး ဆိုတာတွေပဲ ချပြချင်တော့ ငိုတာတွေကို သိမ်းထားချင်
သလိုလို ဟလိုလို ဠလိုလို အလိုလို နေရင်း ဇာတာက အကျဘက်ရောက်နေ
ဒါမှမဟုတ်ရင်လည်း သိဟ်ရာသီဖွား အောက်တန်းစားက ဘိသံတွေ အရမ်း
ကြမ်းတယ် အဲ့ဒီဘိက မိုက်တယ် ဈေးသက်သာတယ် အယ်လ်ဘမ်ထုတ်ပြ
ပြီး ကြိုက်ရာဝယ်စားလို့ရမယ် ရောဂါတော့ရမယ် လိုချင်တာတွေ အဆုံးထိ
ရမယ် ရှာပြီး ငါ့ကို ဖြတ်ချင်နေတာလား သူတောင်းစားမ သွားစမ်းပါကွာ
ခုခေတ်မှာက စိုင်းစိုင်းခမ်းလှိုင်လည်း ဒဂုံစင်တာပေါ် တက်တောင်းစားနေတာ
ဝတ်ထားတဲ့ဖိနပ်က အကောင်းစား ဒီလိုအကောင်စားတွေ ဟောင်သွားတော့
ဟော ဟော ဟော ဘိသံတွေက အရမ်းကြမ်းတယ် အဲ့ဒါ ကျွန်တော်ဂေါက်နေတာ
ကျွန်းတောလမ်းမှာ ကျွန်တော်ဂေါက်နေတာ အဲ့ဒါ စမ်းချောင်းအထာ စမ်းချောင်း ဖာ
တွေရမယ် ဖာတွေ အညာက စမ်းချောင်းထိ တိုက်ရိုက်လာရောင်းပေးတဲ့ အညာက
တက်လာတဲ့ စမ်းချောင်းဖာတွေ ရမယ် ဟော ဟော ဟော ဘိသံတွေ ဘိသံတွေ
အရမ်းကြမ်းတယ် ဒီဘဲကြီးက ဘီးကြဲကြီး ဆိုတော့ ခေါင်းဖြီးရတာ သိပ် အဆင်
မပြေလှ မပြေတော့ မလျော့ မသေတော့ မလျှော့ ဝေါ့ ဝေါ့ ဝေါ့ ထွီ အဟမ်း
ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတော့ ဘာပြောကောင်းမလဲ ဘာမှကို
ပြောမကောင်းတော့ပါဘူး ဟုတ်ကဲ့ အဟမ်း ကျေးဇူးတင်ပါတယ်ဗျ သွားစမ်းပါ
သေခြင်းဆိုးမရယ် သူလိုကိုယ်လို သွားရင်းလာရင်း သူမကို ကျွန်တော် သွေးနဲ့
သားနဲ့ သမီးနဲ့ ဇနီးနဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ နဲ နဲ နဲ နဲ န န န န နဲ ။ ။ ။

ဆူး ခ က် မ င်း

လျှောက်ထုံးထားသော လျှောက်ထုံးများ

လူစွမ်းကောင်းများ သူတို့ဟာ ကမ္ဘာမြေကြီးအတွက် တေးသီချင်းများ စုဝေးရာ အဖြူရောင်သံစဉ် တေးဥယျာဉ် ကမ္ဘာမြေကို သူမထမ်းရပေမယ့် လေးလံရှုပ်ပွ မသပ် မရပ် နှစ်ချို့အလွမ်းများ ပြန်လာခြင်းနဲ့အတူ ဘယ်အချိန် အိပ်အိပ် အကြောင်းအရာတစ်ခုထဲကိုပဲ ညတွေမှာ လှိုက်စားနေတဲ့ နှလုံးသားဒဏ်ရာတွေတောင် ဖောင်းပွနေပြီ လှိုက်လှိုက်ပြီး နာနေတဲ့ အနာ အများသိ နေတဲ့ အတိုင်း ဂုဏ်ရှိတာကို သိက္ခာလို့ ခေါ်တယ် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ဆောက်တည်ရာ၏ အချောမသပ်ရသေးတဲ့ ခပ်ကြမ်းကြမ်း သစ်သားတန်းလေးလို ဖန်ချောင်းနဲ့ လုပ်ထားတဲ့ မိုးအတု ပရိသတ်အများ ကြိုတင်ခန့်မှန်းထားသလိုပဲ မည်သူမည်ဝါ ဖြစ်ပါသည်ဟု အတိအကျ ထုတ်ဖော် ပြောကြားနိုင်ခြင်း ၏ ကံကြမ္မာ ဒဏ်ချက်များက သူမ ရဲ့ကျဆုံးခန်းကို ယိုစုံ တစ်ထုပ်စားရင်း လက်ဖက်ရည်တစ်ခွက် Red ruby တစ်လိပ်ဖြင့် ပိုနေသော အချိန်တို့ကို သတ္တ၀ါ တဦးတယောက်ချင်းစီအတွက် ပိုင်ဆိုင်တဲ့ အချိန်တွေက Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ဟုတ်ကဲ့ ဆိုပြီး ၀တ်ကျေတန်းကျေ လည်ရုံသက်သက်ဖြစ်ပြီး တချို့တော့လည်း တကယ်ကို စာဖတ်ချင်လို့ အချိန်တန် အိမ်ထောင်ပြုတာ နားလည်ပေးဖို့ ဘာဘာညာညာ သေချာမသိပဲ ဒီကျောင်းတော်မှာဘာလုပ်မယ်စိတ်ကူးထားလဲ အပြားအားဖြင့် ရောပြွမ်းသော စေတသိက် ကို ပကိဏ်းစေတသိက်ဟုခေါ်သည် ခေတ်ပေါ်ကဗျာ ဂုရုကြီးသုံးဦးသည် ခရေပင် ရိပ်ဝယ်ထိုင်၍ HIV ပညာပေးနဲ့ပတ်သက်တဲ့ စာအုပ်လေးပြန်ထုတ်ချင်တယ်ပြောလို့ သူငယ်ချင်းတစ်ယောက်ပို့လိုက်တာပါ ဆန္ဒ လွတ်မြောက်ခြင်း လျှောက်နေဆဲ ခြေလှမ်းတွေ ထိတွေ့  ပွတ်သပ် ကြည့် မိမှ ထီလက်မှတ်ရဲ့ ပိုင်ရှင်က လက်ဆောင်ရသော ပစ္စည်းကို ကြည့်၍ ပြသရန် အဆင်သင့်ဖြစ်နေတဲ့ ၁၉၉၀ ရလဒ် ဟာ တကယ့် အတိတ် ဖြစ်သွားပြီ ဆိုတာ နေကောင်းတဲ့ အချိန်လေးမှာ ကိုယ့် ဘလော့ဂ်ထဲ ၀င်ကြည့်လိုက်တိုင်း ဆရာတော် ဗေဒင် မမေးဖူးသလောက်ပဲ အဆွေတို့ရေ ဒါလေးလဲ စိတ်ဝင်စားကြမယ်ထင်ပါတယ် ယောင်္ကျားက ပန်းရံလုပ် မိန်းမက အုတ်သယ် နားရတယ် ရှိဘူး ဥုံ အရဟံ သစ္စာ ဂတိတွေနဲ့ ဂဠုန်သရဏံ မိမိ ယုံကြည်ချက်ဖြင့် ဘယ်ခေတ်ကို မဆို သစ္စာ ဖောက်ဝံ့သူ မဲခေါင် ငါလာတယ် မင်းဆီကို ဝေါ်လ်တာက ညနေခင်းကျရင် သူနဲ့ အဖော် လိုက်ဖို့ ထပ်ခေါ်ချင်ခေါ်ဦးမှာ ဒီတော့ Zodiac Sign ရာသီကို ၁၃ ရာသီသို့ အရီဇိုးနား ပစ်ခတ်မှု သေဆုံးသူတွေအနက် ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဈာပန အခမ်းအနား အပရိဟာနိယ တရား ၇ ပါးမှာ ငါတစ်ခုစဉ်းစားမိတယ် ။



- သုဏော်စိုင်း ၊ ဆူးခက်မင်း -