Pages

Subscribe:

Thursday, March 29, 2012

ရမ်းပစ်တဲ့ကျည်ဆံနဲ့ မသေချင်ဘူး ( လျင်တယ်ထင်ရင် စတော့ Stop )

သိပ်ပြီးတော့ စိတ်ပါစရာမလိုဘူး စမယ်ဟေ့ ဆိုတာနဲ့ နိဒါန်းဟာ ရင်ဘတ်မှာ

မြှားတန်းလန်းနဲ့ သေ တယ် ၁၀၀% သန့်စင်ပြီးမေတ္တာတရားကို စိတ်ချယုံကြည်စွာ

သက်ဝင်ကြပါစို့ နိဒါန်းထဲ တန်းလန်းနဲ့ တက်ကို တချက်ကြည့်တယ် ရွက်ကို တချက်ကြည့်တယ်

တက်ကျိုးရင် လက်ထိုးလှော်ကြတာပေါ့ လျော်ကြတာပေါ့ နိုင်သူစားစတမ်း

ရောက်ပြီလား မေးခွန်းလား အလိုက်သင့်အလျားသင့်လား စိတ်လိုလက်ရ ဘ၀ ဆိုတာကို

ခင်တွယ်ဖူးသလိုလိုပဲ ပြီးမှ စာလုံးပေါင်းသတ်ပုံနဲ့ ကိုက်ကြည့်ပြီး မကြိုက်တော့ဘူး စကားလုံးတွေကို

ပေါင်းလိုက် သင်းလိုက် နှုတ်လိုက် ဆုတ်လိုက် ဒီမြေမှာ ဘယ်အပင်မှ မသန်ဘူး

ငြိတော့မငြိသေးဘူး ခုထိ ဒါပေမယ့် မွေ့လျော်မိ အငွေ့တွေကို ငွေပေးဝယ်ရတဲ့ခေတ်

ဘ၀ကိုက ဆိုးတာလား ဒိုးမှာလား ဒီည လမ်းကြောင်းရှိတယ် ငြိပြီ ဒါပဲ ကြားရင် အကြောင်းပြန်

သေခြင်းဟာ လက်တစ်ကမ်းမှာ စီးကရက်ဟာ လက်တစ်ကမ်းမှာ အရက်ခွက်ဟာ လက်တစ်ကမ်းမှာ

ကဗျာဟာ ကိုယ်နဲ့ အဝေးဆုံးမှာ ဟား တိုက် ရယ် မော ဟော ဟော ဟော ဒီလို လို လို လို နေတဲ့ ကွက် လပ် တွေ

ကိုယ့်အရေပြားပေါ်မှာ သွေးအစို့ခံပြီးထိုးမယ့် ဆေးမင်ကြောင်အတွက်တော့ စိတ်ချသေချာတဲ့ ရုပ်ပုံဖြစ်ဖို့လိုမယ်

တက်ပြီးမှ တူးမှာလား တူးပြီးမှ တက်မှာလား ကိုယ့်အရေပြားပေါ်မှာ ထိုးမယ့် တက်တူးအတွက်တော့ သွေးအစို့ခံရမယ်

လို့ ကိုခင်အောင်အေးက ပြောရဲ့ ဒါကြောင့်လဲ ဆေးမင်ကြောင်လို့ပြောရဲ့ တက်တူးကို ရှောင်ကြဉ်ခဲ့

ဒါကြောင့်လည်း ကဗျာရေးရဲ့ မိုက်ရဲ့ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ခပ်ရိုင်းရိုင်းကဗျာမျိုး

မရေးရင် ပိန်းတယ်လို့ ချာတိတ်တချို့က ထင်ရဲ့ တွင်းဆိုလဲ နက်နက်တူးမိရဲ့ အလွယ်တကူ တက်တူးများ

ဗမာ့သွေး လို့ ထိုးပြီးမှ မှားလဲ ပြန်ပြင်လို့ရတဲ့ တက်တူးများ ကိုယ့်မှာ အသုံးမကျတဲ့ အံသွား တစ်ချောင်းရှိတယ်

ကိုယ့်မှာ ခဏခဏ ကိုက်တဲ့ နောက်ထပ် အံသွားတစ်ချောင်းရှိတယ် အံသွားပေါ်မှာ တက်တူး ထိုးချင်တယ်

အံသွားတွေဟာ တက်တူး ထိုးလို့မရဘူး အံသွားတွေကို အံတု ချင်လိုက်တာ

အံသွားတွေက စားတယ် အံသွားတွေက ၀ါးတယ် အံသွားတွေက ယောင်ယောင်ကန်းကန်းတွေပဲ

အံတိုနေပြီ ဒီတော်ကီလောက်နဲ့ တက်မလာနဲ့ ရန်လိုနေပြီ မြင်သမျှကို ရမ်းပစ်လိုက်ချင်တာ အရမ်းပဲ လမ်းလွဲ

အရင်လိုလို့ လမ်းအိုလိုက်တယ် လမ်းကလွဲတယ် အရမ်းပဲ အိုကေ လမ်းတည့်ပေးပါ ရမ်းပစ်တဲ့ ကျည်ဆံနဲ့ မသေချင်ဘူး

ဒဲ့ချိန်ပစ်တဲ့ ကျည်ဆံနဲ့ပဲ အသက်ထွက်ချင်မိ

5

4

3

2

1

F - I - R - E !!!!!!!!!!!



ခင်အောင်အေး ၊ ဆူးခက်မင်း

171120111230AM

0 မှတ်ချက်များ:

Post a Comment